အသက် ၂၂ နှစ်အောက် အာရှဖလား

အသက် ၂၃ နှစ်​အောက် အာရှဖလားဘောလုံးပြိုင်ပွဲ (၂၀၁၆–၂၀၂၀ : အာရှအသက် ၂၃ နှစ်​အောက်ချန်ပီယံရှစ်​ဘောလုံးပြိုင်ပွဲ၊ ၂၀၁၃ : အာရှအသက် ၂၂ နှစ်အောက်ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ) သည် အာရှဘောလုံးအဖွဲ့ချုပ် မှကြီးမှူးကျင်းပ​​သော အာရှအဆင့် သက်တမ်းအလိုက်လူငယ်​ဘောလုံးပြိုင်ပွဲဖြစ်သည်။ ပထမဆုံးအကြိမ်ကျင်းပ​သော ၂၀၁၃ အသက် ၂၂ နှစ်အောက် အာရှဖလား ကို ၂၀၁၁ ခုနှစ် တွင်စတင်ရန်ဆုံးဖြတ်ခဲ့သည်။ သို့သော် ၂၀၁၃ ခုနှစ် မှစ၍သာ ပြိုင်ပွဲများကို ကျင်းပခဲ့သည်။ ၂၀၁၂ ခုနှစ် တွင် ခြေစစ်ပြိုင်ပွဲ(အရည်ချင်းစစ်ပြိုင်ပွဲ) များစွာကို အုပ်စု အလိုက် စ​တင်၍ ကျင်းပခဲ့သည်။ ထိုပြိုင်ပွဲများကို ၂ နှစ် တစ်ခါကျင်းပ ရန် ဆုံးဖြတ်ထား​သည်။ ထူးခြားချက်မှာ ၂၀၁၆ ခုနှစ်မှစ၍ ​ပြိုင်ပွဲ၏အသက်ကန့်သတ်ချက်အား အသက် ၂၃ နှစ်အောက်အဖြစ် ​ပြောင်းလဲသတ်မှတ်ကာ ​နွေရာသီအိုလံပစ်ပြိုင်ပွဲကျင်းပသည့် နှစ်များတွင် ပြုလုပ်​သော အသက် ၂၃ နှစ်​​အောက်အာရှဖလားပြိုင်ပွဲကို ​​ထိုနှစ်၏နွေရာသီအိုလံပစ်အားကစားပွဲ အမျိုးသား​ဘောလုံးပြိုင်ပွဲအတွက် ခြေစစ်ပွဲ အဖြစ်ကျင်းပရန်ဆုံးဖြတ်ခဲ့သည်။

ပြိုင်ပွဲပုံစံ ပြင်ဆင်ရန်

အသက် ၂၃ နှစ်အောက် အာရှဖလား ပြိုင်ပွဲပုံစံ မှာ အောက်ပါအတိုင်းဖြစ်သည်။

  • အိမ်ရှင်အသင်း အပါအဝင် အသင်းပေါင်း ၁၆ သင်း ခြေစစ်ပွဲအောင်မည်။
  • နောက်ဆုံးပွဲ များကို ၁၈ ရက်အတွင်း အပြီးကျင်းပသွားမည်ဖြစ်သည်။
  • နောက်ဆုံးပွဲ များအတွက် ဘောလုံးကွင်း ၃ ကွင်း (သို့မဟုတ်) ၄ ကွင်း နှင့် မြို့ ၁ မြို့ အများဆုံး ၂ မြို့တွင် ကျင်းပမည်ဖြစ်သည်။


ရလဒ်များ ပြင်ဆင်ရန်

နှစ် အိမ်ရှင် ဗိုလ်လုပွဲ တတိယလုပွဲ
အနိုင်ရအသင်း ဂိုးရလဒ် ဒုတိယရအသင်း တတိယရအသင်း ဂိုးရလဒ် စတုတ္တရအသင်း
အာရှ အသက် ၂၂ နှစ်အောက် ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ
၂၀၁၃
အသေးစိတ်
  အိုမန်   အီရတ် ၁–၀   ဆော်ဒီအာရေဗျ   ဂျော်ဒန် ၀–၀ (ပင်နယ်တီ:၃–၂)   တောင်ကိုရီးယား
အာရှ အသက် ၂၃ နှစ်အောက် ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ
၂၀၁၆   ကာတာ   ဂျပန် ၃–၂   တောင်ကိုရီးယား   အီရတ် ၂–၁ (အချိန်ပို:၁–၀)   ကာတာ
၂၀၁၈   တရုတ်   ဥဇဘက်ကစ္စတန် ၂–၁ (အချိန်ပို:၁–၀)   ဗီယက်နမ်   ကာတာ ၁–၀   တောင်ကိုရီးယား
၂၀၂၀   ထိုင်း   တောင်ကိုရီးယား ၁–၀ (အချိန်ပို:၁–၀)   ဆော်ဒီအာရေဗျ   ဩစတြေးလျ ၁–၀   ဥဇဘက်ကစ္စတန်
အသက် ၂၃ နှစ်အောက် အာရှဖလားဘောလုံးပြိုင်ပွဲ
၂၀၂၂   ဥဇဘက်ကစ္စတန်   ဆော်ဒီအာရေဗျ ၂–၀   ဥဇဘက်ကစ္စတန်   ဂျပန် ၃–၀   ဩစတြေးလျ
၂၀၂၄   ကာတာ
၂၀၂၆   ဆော်ဒီအာရေဗျ

အခြားကြည့်ရန် ပြင်ဆင်ရန်