အာရှ ဘောလုံးအဖွဲ့ချုပ်
အာရှ ဘောလုံးအဖွဲ့ချုပ် (အင်္ဂလိပ်: Asian Football Confederation; အတိုကောက် AFC) သည် အာရှနှင့် ဩစတြေးလျဒေသအတွင်းရှိ ဘောလုံးအဖွဲ့အစည်းများကို ထိန်းချုပ်နေသည့် အဖွဲ့အစည်းကြီးဖြစ်သည်။ ၎င်းအဖွဲ့ချုပ်ကြီးတွင် နိုင်ငံပေါင်း ၄၇ နိုင်ငံပါဝင်ကာ အများစုမှာ အာရှရှိနိုင်ငံများဖြစ်ကြသည်။ သို့သော်လည်း အာရှတိုက်နှင့် ဥရောပတိုက်တို့ကို ခြားနားထားသည့် နယ်မြေများအရ တူရကီနှင့် ရုရှားနိုင်ငံ ၊ အာရှအတွင်း (အလယ်ပိုင်း သို့မဟုတ် ဥရောပအာရှ) ရှိ ကာဇက်စတန်၊ အဇာဘိုင်ဂျန်၊ အာမေးနီးယား၊ ဂျော်ဂျီယာနှင့် အစ္စရေးနိုင်ငံများမှာ ဥရောပဘောလုံးအဖွဲ့ချုပ်ကြီးတွင် ပါဝင်နေသည်။ အခြားတစ်ဖက်တွင်ကား ဩစတြေးလျနိုင်ငံဖြစ်သည်။ ၎င်းသည် ယခင်က သမုဒ္ဒရာပိုင်းဇုန်ဘောလုံးအဖွဲ့ချုပ်တွင် ပါဝင်ပြီး ၂၀၀၆ ခုနှစ်တွင် အာရှဘောလုံးအဖွဲ့ချုပ်၏အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့သည်။ အလားတူ တရုတ်တိုင်ပေ (ထိုင်ဝမ်)၊ အမေရိကန်ပိုင်ကျွန်းများဖြစ်သော ဂူအမ်၊ မြောက်ပိုင်းမာရီယာနာကျွန်းများ နှင့် တရုတ်နိုင်ငံ၏အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သော ဟောင်ကောင် နှင့် မကာအို တို့သည် သီးခြားနိုင်ငံများမဟုတ်သော်လည်း အာရှဘောလုံးအဖွဲ့ချုပ်၏ အဖွဲ့ဝင်များအဖြစ်ပါဝင်ကြသည်။
အတိုကောက် | အေအက်ဖ်စီ (AFC) |
---|---|
ဆောင်ပုဒ် | အာရှလည်း တစ်ခုတည်း၊ ရည်မှန်းချက်လည်း တစ်ခုတည်း |
ဖွဲ့စည်းခြင်း | ၇ မေ ၁၉၅၄ |
အမျိုးအစား | အားကစားအဖွဲ့အစည်း |
ဌာနချုပ် | မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ |
ဝန်ဆောင်မှုဒေသ | အာရှ နှင့် ဩစတြေးလျ |
အဖွဲ့ဝင်များ | အဖွဲ့ဝင် (၄၇)နိုင်ငံ |
ရုံးသုံးဘာသာစကား | အင်္ဂလိပ်၊ အာရဘီ[၁] |
en:Salman bin Ibrahim Al Khalifa | |
ဒုတိယ-ဥက္ကဋ္ဌများ | See list
|
အထွေထွေအတွင်းရေးမှူး | Datuk Seri Windsor John[၂][၃] |
မိခင်အဖွဲ့အစည်း | ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် |
ဌာနခွဲများ |
|
ဝက်ဘ်ဆိုဒ် | the-afc.com |
အာရှဘောလုံးအဖွဲ့ချုပ်ကို ၁၉၅၄ ခုနှစ် မေလ ၇ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ဖွဲ့စည်းခဲ့ကြသည့်ပြင် ၎င်းသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကြီး ၏ ခြောက်ခုမြောက် အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်၏ ရုံးချုပ်ကြီးကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ဘူကစ်ဂျလီတွင် တည်ဆောက်ထားရှိသည်။
သမိုင်း
ပြင်ဆင်ရန်အာရှဘောလုံးအဖွဲ့ချုပ်ကို ၁၉၅၄ ခုနှစ် မေလ ၈ ရက်နေ့တွင် အာဖဂန်နစ္စတန်၊ မြန်မာ (ယခင်: ဘားမား)၊ ထိုင်ဝမ် (ယခင်: တရုတ်သမ္မတနိုင်ငံ)၊ ဟောင်ကောင်၊ အိန္ဒိယ၊ အစ္စရေး၊ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တောင်ဗီယက်နမ်တို့နှင့် စတင်ဖွဲ့စည်းခဲ့သည်။
ယခင်အဖွဲ့ဝင်နိုင်ငံများ
ပြင်ဆင်ရန်- အစ္စရေးဘောလုံးအဖွဲ့ချုပ် (၁၉၅၄–၁၉၇၄) ; ၁၉၇၄ ခုနှစ်တွင်ထုတ်ပယ်ခံခဲ့ရသည်။ ၁၉၉၄ ခုနှစ်တွင် ဥရောပဘောလုံးအဖွဲ့ချုပ်၏ အဖွဲ့ဝင်စစ်စစ်ဖြစ်လာသည်။
- နယူးဇီလန်ဘောလုံးအဖွဲ့ချုပ် (၁၉၆၄) ; သမုဒ္ဒရာပိုင်းဇုန်ဘောလုံးအဖွဲ့ချုပ်၏အဖွဲ့ဝင်အဖြစ် ၁၉၆၆ ခုနှစ်တွင်ပါဝင်ခဲ့သည်။
- ကာဇက်စတန်ဘောလုံးအဖွဲ့ချုပ် (၁၉၉၃–၂၀၀၂) ; ၂၀၀၂ ခုနှစ်တွင် ဥရောပဘောလုံးအဖွဲ့ချုပ်သို့ ပါဝင်ခဲ့သည်။
ကြီးမှူးကျင်းပသော ပြိုင်ပွဲများ
ပြင်ဆင်ရန်အာရှဘောလုံးအဖွဲ့ချုပ်၏ ပြိုင်ပွဲများ
ပြင်ဆင်ရန်
ကလပ်ပြိုင်ပွဲများ
|
လက်ရွေးစင်နှင့် သက်တမ်းအလိုက်ပြိုင်ပွဲများ
|
- ၂၀၀၂-၂၀၀၃ ဘောလုံးရာသီတွင် *** ပြထားသောပြိုင်ပွဲ ၂ မျိုးပေါင်း၍ အာရှချန်ပီယံလိဂ် နှင့် ၂၀၀၄ ခုနှစ်တွင် အာရှချန်ပီယံလိဂ်မှ ခွဲထွက်၍ အာရှဘောလုံးအဖွဲ့ချုပ်ဖလားနှင့် အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလားပြိုင်ပွဲများအဖြစ် ပြိုင်ပွဲ ၃ မျိုးပြောင်းလဲကျင်းပခဲ့သည်။ ၂၀၁၅ ခုနှစ်တွင်မူ အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလားကို ဖျက်သိမ်းပြီး အာရှဘောလုံးအဖွဲ့ချုပ်ဖလားထဲသို့ ကလပ်များအား ပူးပေါင်းယှဉ်ပြိုင်စေသည်။
- ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှစ၍ အာရှချန်ပီယံလိဂ်မှ အထက်တန်းအာရှချန်ပီယံလိဂ် သို့လည်းကောင်း အာရှဘောလုံးအဖွဲ့ချုပ်ဖလားမှ အာရှချန်ပီယံလိဂ် ၂ သို့လည်းကောင်း ပြောင်းလဲကျင်းပမည်ဖြစ်သည်။ ထို့အတူ တတိယတန်းကလပ်ပြိုင်ပွဲဖြစ်သည့် အာရှစိန်ခေါ် ခြင်းလိဂ်ပါ ထပ်မံကျင်းပမည်ဖြစ်သည်။
အလုပ်အမှုဆောင်ကော်မတီ
ပြင်ဆင်ရန်- အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ နှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ကောင်စီအဖွဲ့ဝင်များ
ပြင်ဆင်ရန်- Yasser H. Almisehal
- Kanya Keomany
- Kohzo Tashima
- Mariano Araneta
- Hamad bin Khalifa Al Thani
- Datuk Haji Hamidin Bin Haji Mohd Amin
- အာရှဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများ
- Hachem Haidar
- Mehdi Taj
- Ugen Tsechup
- ဦးဇော်ဇော်
- Ganbaatar Amgalanbaatar
- အထွေထွေအတွင်းရေးမှူး
ကိုးကား
ပြင်ဆင်ရန်- ↑ AFC STATUTES Edition 2017။ AFC (8 May 2017)။ 27 December 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 January 2018 တွင် ပြန်စစ်ပြီး။
- ↑ AFC GENERAL SECRETARY: DATO' WINDSOR JOHN။ Arabian Football Confederation။ 4 February 2019 တွင် ပြန်စစ်ပြီး။
- ↑ Christopher Raj (3 December 2015)။ Prime choice to lead FIFA။ The Star။ 25 March 2016 တွင် ပြန်စစ်ပြီး။