ချင်းတောင်ပေါ်ခွေး - ချင်းခွေး

မြန်မာနိုင်ငံ ချင်းပြည်နယ်ဘက်တွင် တွေ့မြင်နိုင်တဲ့ တောင်ပေါ်ခွေးမျိုးပါ ချင်းပြည်နယ်မှာတွေ့လို့ အလွယ်တကူ ချင်းခွေးမှတ်ယူပြီး သူတို့ရဲ့အကြမ်းခံမှု အမဲလိုက်ကောင်းမှုတို့ကြောင့် နာမည်ကြီးကြပါတယ်။ သူတို့ရဲ့ အသွေးအမွှေးအရောင် နဲ့ ပုံစံက ဆွဲဆောင်မှုရှိပြီး ရဲရင့်တဲ့ပုံစံကို မြင်ရုံနဲ့တင် ခံစားနိုင်မှာပါ။

Spitz Breed အမျိုးအစားထဲမှာပါဝင်တဲ့ မြန်မာမျိုးရင်းတစ်ခုလိုပြောလို့ရပါတယ် သဘာဝအရ ချင်းတောင်တန်းတွေမှာ ကျင်လည်ကျက်စားပြီး အိမ်မွေးခွေး အဖော်အဖြစ်မွေးမြူရုံသာမက အမဲလိုက်တဲ့နေရာများမှာပါ အသုံးဝင်တဲ့အတွက် ချင်းတောင်တန်းတလျှောက်မှာတော့ ကျယ်ကျယ်ပျံပျံအများဆုံးတွေ့ရတက်ပါတယ် ။

တမ်းပလိတ်:Infobox dog breed

Appearance ပြင်ဆင်ရန်

The Chin Mountain Dog is compactly built and square in profile. It is well proportioned, with a smooth gait. The double coat consists of a short undercoat, with longer guard hairs growing through it forming the outer coat. The coat is thicker and longer around the neck, chest, and back forming a lion-like ruff, which is more noticeable on male dogs than on female dogs. The plumed tail is carried with moderate upward curve over the back. The breed comes in white with shades of red, gray, brown, and black in a wide variety of patterns. There are some that have white coats.


Origin History ပြင်ဆင်ရန်

Chin State
ချင်းပြည်နယ်
State
Myanma transcription(s)
 • Burmesehkyang: pranynai
 
အလံတော်
 
Location of Chin state, Myanmar
ကိုဩဒိနိတ်: 22°0′N 93°30′E / 22.000°N 93.500°E / 22.000; 93.500ကိုဩဒိနိတ်: 22°0′N 93°30′E / 22.000°N 93.500°E / 22.000; 93.500
Country  မြန်မာ
RegionWestern Myanmar
CapitalHakha
အစိုးရ
 • Chief MinisterSalai Lian Luai (NLD)
 • CabinetChin State Government
 • LegislatureChin State Hluttaw
 • JudiciaryChin State High Court
ဧရိယာ[၁]
 • စုစုပေါင်း၃၆၀၁၈.၈ စတုရန်းကီလိုမီတာ (၁၃၉၀၆.၉ စတုရန်းမိုင်)
ဧရိယာအဆင့်9th
လူဦးရေ (2014)[၂]
 • စုစုပေါင်း၄၇၈,၈၀၁
 • အဆင့်14th
 • သိပ်သည်းမှု၁၃/km (၃၄/sq mi)
Demonym(s)Chinian
Demographics
 • EthnicitiesChin
 • ReligionsChristianity 85.4%
Theravada Buddhism 13.0%
Laipian 1.1%
Animism 0.4%
Islam 0.1%
အချိန်ဇုန်MST (UTC+06:30)
HDI (2015)0.556[၃]
medium · 7th

Chin State (တမ်းပလိတ်:MYname, အသံထွက်: [tɕʰɪ́ɰ̃ pjìnɛ̀]) is a state in western Myanmar. The ၃၆,၀၁၉-စတုရန်း-ကီလိုမီတာ (၁၃,၉၀၇-စတုရန်းမိုင်) Chin State is bordered by Sagaing Division and Magway Division to the east, Rakhine State to the south, Bangladesh to the south-west, and the Indian states of Mizoram to the west and Manipur to the north. The population of Chin state is about 478,801 in 2014 census.[၄] The capital of the state is Hakha. The state is a mountainous region with few transportation links. Chin State is sparsely populated and remains one of the least developed areas of the country. Chin State has the highest poverty rate of 73% as per the released figures from the first official survey.[၅] The official radio broadcasting dialect of Chin is Falam. There are 53 different subtribes and languages in Chin State. There are nine townships in Chin State. Hakha, Thantlang, Falam, Tedim, Tonzang, Matupi, Mindat, Kanpetlet and Paletwa townships. In 1896, it became a part of Pakokku Hill Tracts Districts of British Burma until January 4, 1948. Only Paletwa township became a part of Arakan Hill Tracts District of British Burma.


Health and temperament ပြင်ဆင်ရန်

This is an intelligent, athletic, agile and robust breed. It will be a loyal and protective family companion as well as an excellent watchdog. The Chin Mountain Dog is a loving, intelligent and alert dog that makes an excellent and devoted family companion as well as a good working and hunting dog. This breed will be affectionate with its family, will get along well with children and a properly socialized dog will be gentle with smaller children.

The Chin Mountain Dog is not an aggressive breed but can be aloof with strangers and is very territorial and protective. However, this breed is more likely to threaten than bite and attack. It makes a great guardian and watchdog that will loudly announce arrival of any visitor (friend or stranger).

The Chin Mountain Dog is a breed that is known to be very aggressive towards other dogs. With other animals your dog will get along well if you start socialization from a very young age. This breed is definitely for an experienced owner.

The Chin Mountain Dog is an intelligent breed, but is independent and can be stubborn. Therefore, it's not always easy to train. This breed needs consistent training in short sessions with many rewards such as treats or praise. Avoid repetitive tasks, as this dog gets bored quickly.

In summary, the Chin Mountain Dog needs a confident and experienced owner who can earn the dog's trust and respect. Socialization must start from a very young age.


Interview ပြင်ဆင်ရန်

Interview with Ko Tun Min Aung ,

ချင်းခွေးလေးတွေ အကြောင်းပြောပြခဲ့ပြီး မြေပြန့်ဒေသမှာ ချင်းခွေးလေးတွေ ပျံပွားလာဖို့ လူသိများလာဖို့အတွက်ကြိုးစားခဲ့သူတစ်ယောက်လဲဖြစ်ပါတယ်။ သူပြောခဲ့တဲ့ ချငိးခွေးလေးတွေအကြောင်းဆိုသည်မှာ....

ဒီ Post ကိုတင်ရတဲ့အဓိကရည်ရွယ်ချက်ကတော့ မသိနားမလည်သူတွေချင်းခွေးနဲ့ပက်သက်လို့ ဂျင်းမမိစေဖို့ရယ် ကိုယ်မွေးမယ်လို့ဆုံးဖြတ်ထားတဲ့ခွေးရဲ့ စိတ်နေစရိုက်အချို့ရယ် ကိုကိုယ့်ပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်နိုင်မဖြစ်နိုင်ကို စဉ်းစားချင့်ချိန်နိုင်အောင်ဆိုပြီးကျွန်တော်ရည်ရွယ်ပါတယ် အမြင်မတူသူများရှိခဲ့ရင်လည်းဝင်ရောက်ဆွေးနွေးပေါ့လေ ချင်းခွေးတစ်ကောင်စစ်ခြင်း မစစ်ခြင်းကို ကျွန်တော်ကတော့ဒီလိုဖြင့်သတ်မှတ်ပြီးမွေးတယ်ခင်ဗျ မျက်လုံး အညိုရောင်ရှိရမယ် လည်ဆံမွှေး ခွေးထီးဖြစ်စေ ခွေးမဖြစ်စေ ထိုက်သင့်သလောက်ရှိရမည်(အထီးတွေကပိုသည်)နှုတ်အိုးသည် အသင့် အသင့်ကြည့်ကောင်းရမည် နှုတ်ရှည်လွန်းနေတာမျိုးမဖြစ်သင့် နားရွက်ထောင်ကိုထောင်ရမည်(နားမထောင်လို့မစစ်ဘူးမဟုတ် ချင်းခွေးသည်နားထောင်မှသာလှပါသည် ဒီနေရာမှာအချို့ချင်းခွေးလေးတွေနားမထောင်တာသည် အစဉ်အဆက်က Generation False ကြောင့်လို့ကျွန်တော်မှတ်ယူပါသည်)ဂုတ်မွှေးသိသိသာသာထူရမည်(ဥပမာ အသင့်အနေအထားမျိုး အခြားခွေးတစ်ကောင်ကိုရန်လိုတိုက်ခိုက်တော့မည့်အနေအထားမျိုးတွေမှာ ပုခုံးနှစ်ဖက်အကြားကအမွှေးတွေဟာ ထောင်တက်လာသည် အဲ့ဒါသည်ဂုတ်မွှေးဖြစ်သည်) ချင်းခွေးနှင့်ရုပ်ထွက်ချင်းနီးစပ်သည့် အများအခေါ်ရှမ်းခွေးတွေမှာလည်း ဒီအချက်ဟာရှိပါသည် ရှမ်းခွေးအကြောင်းတော့နောင်အလျင်းသင့်မှဆက်ပါဦးမည်) အမြှီးမွှေး သိသိသာသာ ထူထဲရမည်(အမြှီးမွှေးမထူ မလှပါက မျိုးညံ့သည်ဟုကျွန်တော်ယူဆပါသည်) အမြှီးသည် အောက်သို့တန်းပြီးကျမနေရပါ ဘေးတစ်ဖက်ဖက်ကိုယိုင်ပြီးကျနေရမည် ကွေးပြီးလိပ်နေတာမျိုးဆိုကျွန်တော်ကိုယ်တိုင်မမွေးပါ ကြိုက်တဲ့တစ်ဖက်ဖက်ကို ယိုင်ပြီးကျနေခွင့်ရှိသည် တင်ပါးနှစ်ဖက်အမွှေးသည်လည်းထူထဲစွာရှိရမည် ကြိုက်သလောက်ထူ ထူလေကောင်းလေလို့မှတ်ပါလေ ရှေ့လက် နှစ်ဖက်နောက် တစ်တောင်ဆစ်နားကနေ လက်ကောက်ဝစ်ထိ အမွှေးသည် သိသာစွာရှည်ရမည်(ဒီအချက်သည် Spitz Type ခွေးမျိုးစိပ်အတော်များများမှာပါသည် ချင်းခွေးအများစုတွင်လည်းပါသည် အချို့လည်းမပါတာတွေရှိသည် ကျွန်တော်ကတော့အဲ့ဒီအချက်ပါကြည့်ပြီးမွေးပါသည်) အများစု 90% သောချင်းခွေးတွေမှာ နောက်ခြေချောင်းအပွား တွေပါတတ်သည် ဒါကတော့ ကိုယ်အဆင်ပြေသလို ကိုယ့်အကြိုက်လိုက်ပြီးရွေးချယ်ပါ အရွယ်အစားအနေနဲ့ကတော့ Madium ဆိုဒ်သာလျှင်ဖြစ်ရမည် အရပ်မြင့်နေတာမျိုး အရပ်နိမ့်နေတာမျိုးဆို ကျွန်တော်မကြိုက်နှစ်သက်ပါဘူး (ပွင့်ပွင့်လင်းလင်းပြောရရင် မစစ်ဘူးပေါ့ဗျာ ဒဲ့ပဲ) ဒီနေရာမှာအရပ်အမြင့်ဘယ်လောက်ပဲရှိသင့်တယ်လို့ကျွန်တော်မပြောပါဘူး အခြေနေနဲ့အချိန်ခါအရကျွန်တော့်အနေနဲ့ဒါကိုပြောလည်းမပြောသင့်ပါဘူး Body Weight အနေနဲ့ ပျမ်းမျှ 20 Kg နဲ့ 25 Kg ကြားရှိပါသည်(ကျွန်တော့်အိမ်ကချင်းခွေးတွေကိုအဲ့ Weight တန်းမှာထိမ်းထားပါသည်) အရောင်အနေနဲ့သတ်မှတ်ချက်မရှိပါ အရောင်အမျိုးမျိုး တွေ့နေရသည်(တစ်ရောင်တည်း One Color သီးသန့်က အခြားအရောင်တွေထက်ပိုရှားသည် ကိုယ့်အကြိုက်ကိုယ်ရွေးမွေးပါ) နှာသီးအရောင် သွားဖုန်းအရောင်တွေ ဘာဖြစ်ရမယ် ညာဖြစ်ရမယ်ဆိုပြီးတော့ ကျွန်တော်ကြည့်ပြီးမမွေးပါ(ဒါတွေကြည့်ဖို့ ခုချိန်ကအလွန်စောသေးသည်လို့ ယူဆပါသည်) ခုပြောနေသည့်အချက်တွေသည် မည်သူတစ်ဦးတစ်ယောက်ဆီကမှ Copy ယူထားတာမဟုတ်ဘဲ ကျွန်တော့်ကိုယ်တွေ့ လက်ရှိမွေးထားသည့်ချင်းခွေးတွေနှင့် ချင်းပြည်နည်တစ်ကြော ပြဲပြဲစင်အောင်မွှေခဲ့နှောက်ခဲ့သည့်ကိုတွေ့အတွေ့အကြုံများအပေါ်အခြေခံပြီးပြောပြတာတွေဖြစ်ပါသည် ပြောသည့်သူကအမုန်းခံပြီးပြောပြလိုက်ပါပြီ အဲ့ဒီတော့ ယေဘုယျ ချင်းခွေးလှလှ ချောချော(စစ်စစ်လို့မသုံးနှုန်းသင့်သေး စစ်ဖို့ဆိုအများကြီးကြိုးစားလုပ်ယူရပါဦးမည်) တစ်ကောင်ကိုဘယ်လိုရွေးချယ် ဝယ်ယူသင့်သလဲဆိုတာ ကာယကံရှင်ပေါ်မှာသာလျင်မူတည်ပါတော့သည်

စိတ်နေစရိုက်လက္ခဏာ

ချင်းခွေးတွေဟာ အချို့သောခွေးမျိုးစိပ်တွေထက်သခင်ကိုပိုချစ်ကြတယ် သခင်ကိုတော်လှန်ပုန်ကန်တဲ့အစားထဲမပါ အမိန့်နာခံမှုပိုင်းနဲ့ဥာဏ်ရည်ကောင်းသည့်အတွက် သေချာ Train ပေးရင် ပေးနိုင်သလောက် တတ်မြောက်နိုင်စွမ်းအားလျင်မြန်ကြသည် အခြေခံစိတ်ဓာတ်ကောင်းသည် လျင်မြန်တက်ကြွပြီးနိုးကြားသည် လွှတ်မွေးလျင်ပိုပြီးဖြစ်ထွန်းသည် (လုံခြုံသည့်ခြံဝန်းနှင့် လွှတ်မွေးဖို့အကြံပြုပါသည်) တိုက်ခန်းဖြင့်မွှေးလည်းရသည် မကြာခဏအပြင်ထွက်ကျောင်း ပေးဖို့တော့လိုမည် (ဥပမာ တစ်ပတ်ကို သုံး လေး ရက်မျိုး) လှောင်အိမ်ဖြင့်အမြဲတမ်းချုပ်ချယ်လှောင်ပိတ်ထားတာမျိုးကိုမကြိုက်နှစ်သက်ပါ လှောင်အိမ်ပါကိုက်ဖြတ်ပါသည်(နေ့ဘက်လှောင် ညဘက်လွှတ်မွေး ဘာမှမဖြစ် အချိန်ကြာကြာလှောင်ထားလျင်လက်မခံကြပါ) လွတ်လွတ်လပ်လပ်နေရ သွားရသည်ကိုပိုမြတ်နိုးကြသည် အကောင်သေးသလောက် လျင်မြန်ပေါ့ပါးသည် အခုန်အပျံ အကျော်အခွတွေပိုင်နိုင်တတ်ကျွမ်းသည် သန့်သန့်ရှင်းရှင်းနေထိုင်တတ်သည် ညစ်တီးညစ်ပတ်မျိုးမရှိ တစ်ခုခုပေကျံသွားလျင်တောင် လျှာဖြင့်လျက်လို့မဆုံးနိုင်အောင် သူတို့ဟာသူတို့ ပြန်သန့်ရှင်းတတ်သည် ကျင်ကြီး ကျင်ငယ်စွန့်တာစည်းကမ်းရှိသည် တွေ့ကရာနေရာမစွန့်တတ်(တိုက်ခန်းဖြင့်မွေးသူများအတွက်ဆို သခင်ကသွန်ပြဆုံးမထားဖို့တော့လိုမည် ခြံဝန်းနှင့်မွေးမည့်သူများအတွက်တော့အထွေအထူးမလိုအပ်) အိမ်ရှိမိသားစု ကလေးသူငယ်များနှင့်အဆင်ပြေသည် မိသားစုကိုရန်လို တိုက်ခိုက် တော်လှန်သည့်စိတ်ထားမျိုးချင်းခွေးတွေမှာမရှိ လူစိမ်းနှင့်အခြားသောတစိမ်းဘေးခွေး ကျွဲ နွား မြင်း မြင်လျင်ဟောင်သည်(ချင်းခွေးမဟောင်ဘူးဆိုတာသည်လွဲမှားသည့် မှတ်ယူမှုဖြစ်သည်)လူမကိုက်တတ်ပါ ပတ်ဝန်းကျင်နှင့်အဆင်ပြေသည့်ခွေးအမျိုးအစားထဲပါသည် (လူကိုက်ဖို့အတွက်ရည်ရွယ်ချက်ထားလျှင်ချင်းခွေးမမွေးသင့်ပါ လူစိမ်းမြင်လျှင်ဟောင်ယုံသာဟောင်သည်) သတ္တိအရာမှာပြောင်မြောက်သည် အပြင်ခွေးထွက်ကျောင်းလို့ အခြားခွေးများနှင့်တွေ့နေပါစေ မင်းခွေးကငကြောက်ပါကွာ ခွေးငပေါပါကွာဆိုပြီးအပြောခံရလောက်အောင် သခင်အနေဖြင့်ဂုဏ်မငယ်ပါ ကြိုးသာဖြည်ပေးလိုက် One One ,One Two, One Three လည်းမကြောက်မရွံ့စွဲတယ် အမြှီးကုတ်ပြီးကြောက်စိတ်ဝင်သည့်ခွေးအမျိုးအစားထဲမပါ တော်ယုံဆိုဒ်တူ ဂိုက်တူဗမာခွေးလောက်တော့ တစ်ကောင် တစ်ကောင်ခြင်းဆို အသာလေးပါ နှစ်ကောင် သုံးကောင်လည်းမကြောက်ပါ သခင်ဘေးနားရှိနေလျှင် ပို၍စွာပါသည် အချားသော ခွေးမျိုးစိပ်တွေနှင့် အတူယှဉ်တွဲမွေးမြူနိုင်သည် တစ်ခုသတိထားရမှာက သခင်အရမ်းလုပါသည် အဲ့အခါမျိုးတွေမှာ တစ်ကောင်နဲ့တစ်ကောင်အသေအကျေကိုက်တတ်ပါသည် ငယ်ကတည်းကသေချာထိမ်းကျောင်းပေးဖို့လိုအပ်ပါမည် ရေကူးရတာကိုနှစ်သက်သည် အနံ့ခံမှုအပိုင်းကောင်းမွန်သည် (မူရင်းဒေသချင်းတောင်မှာ အချို့ဒေသခံတွေချင်းခွေးတွေကို အမဲလိုက်သည့်နေရာမှာသုံးကြတာတွေရှိပါသည်) သားကောင်ငယ်များလိုက်သည့်နေရာမှာပိုပြီးထူးချွန်လောက်သည်ဟုယူဆပါသည် (အိမ်မှာတော့ကြွက်လိုက်ဖမ်းခိုင်းပါသည် မြင်လျှင်မလွတ်ပါ ခွေးအုပ်ကလည်းတောင့်တာကိုး) အုပ်စုနဲ့ဆို ခေါင်းဆောင်နေရာထက် နောက်လိုက်ကောင်းတွေဖြစ်တယ်လို့ လည်းကျွန်တော်တစ်ဦးတစ်ယောက်တည်းအယူအဆအရ ယူဆပါသည် အချို့အများထင်မြင်ယူဆသလို မအူတတ်ပါ လက်ရှိကျွန်တော်မွေးထားသည့် ချင်းခွေးတွေအကုန် တစ်ကောင်မှမအူ ယုတ်စွအဆုံး သူတို့မိတ်လိုက်တဲ့ရာသီမှာတောင်မအူကြပါ အပြင်လမ်းခွေးတွေအူသံကြားလည်း လိုက်မအူ(အဲ့အချက်လေးချစ်ဖို့အလွန်ကောင်း) သားတောင်းသည့်ကာလကတော့ အများစုခွေးမျိုးစိပ်တွေလို တစ်နှစ်ကို နှစ်သားပါ ပေါက်ဖွားမှုကောင်ရေ အရေအတွက်အားဖြင့်တော့ အများဆုံး 7 ကောင်ထိသာ ကျွန်တော်မြင်ဖူးပါသည် သားပေါက်အားကောင်းလွန်းသည့်အထဲမပါတာတော့ဖြင့်သေချာပါသည် ပျမ်းမျှအသက်အနေဖြင့်ကတော့ ကြားသိရသလောက် 15 နှစ်ခန့်ပါ(ကိုယ်တွေ့တော့ဖြင့် မရှိသေးကြောင်းဝန်ခံသည်) ယခုအချက်လက်တွေသည် စာတွေ့ထက် လက်တွေ့သဘောတွေကိုသာ လက်ရှိအကောင် 20 ကျော်သောချင်းခွေးတွေကိုမွေးမြူထားသည့်အပေါ်အခြေခံလို့တမျိုး မြင်ခဲ့ တွေ့ခဲ့ ကြားသိခဲ့ရတဲ့ မူရင်းဒေသချင်းပြည်နယ်ကချင်းခွေးအများစုအပေါ်လေ့လာထားချက်တွေအရ ပြောပြထားခြင်းဖြစ်ပါသည် အမြင်မတူ သဘောထားမတိုက်ဆိုင်သူများရှိက ကြိုက်သလိုဆွေးနွေး ငြင်းခုန်နိုင်ခွင့်ရှိပါသည် အမေးရှိရင် အဖြေရှိအောင် ကြိုးစားဖြေပေးပါမည် ကျွန်တော်ပြန်လည်မေးမြန်းသည့်အခါမျိုးတော့ထွက်မပြေးကြေးပေါ့:):):) ဝါသနာရှင်တွေအနေနဲ့ကတော့ ကျွန်တော်ကစေတနာရှေ့ထားလို့ ခွေးနဲ့ပက်သက်လို့ဂျင်းမမိစေဖို့ရယ် နှင့် ကိုယ်ရွေးချယ်မွေးမြူမည့်ခွေးရဲ့စိတ်အခြေခံစရိုက်လက္ခဏာဟာ ကိုယ့်မိသားစု ကိုယ့်ပတ်ဝန်းကျင် လူနေမှုဘဝနဲ့သဟဇာတကိုက်ညီမှုရှိနိုင်ပါ့မလားဆိုတာလည်း ဝေဖန်ပိုင်းခြားနိုင်ပြီလို့ယူဆပါတယ် ကိုယ်ကြိုက်လို့ရွေးချယ်မွေးမြူလိုက်ပြီးမှ အရွေးမှားရလေခြင်းဆိုတဲ့အဖြစ်မျိုးတွေလည်းမဖြစ်နိုင်လောက်တော့ပါဘူးနော် ကျွန်တော်ကတော့ဖြင့် ချင်းခွေးတွေဟာ မွေးရကျိုးနပ်တဲ့ခွေးအမျိုးအစားထဲမှာပါသည်လို့မှတ်ယူမိပါကြောင်း

ခင်မင်မှုများစွာဖြင့် ကိုတူး

  1. Union of Myanmar။ City Population။ 2009-04-10 တွင် ပြန်စစ်ပြီး။
  2. Census Report။ The 2014 Myanmar Population and Housing Census။ 2။ Naypyitaw: Ministry of Immigration and Population။ May 2015။ p. 17။
  3. Sub-national HDI - Area Database - Global Data Lab (in en)။ 2018-09-13 တွင် ပြန်စစ်ပြီး။
  4. Census Population Dashboard | MIMU။ 2020-02-29 တွင် ပြန်စစ်ပြီး။
  5. "37% jobless in Myanmar, study finds"၊ Investvine.com၊ 2013-01-26။ 2017-11-18 တွင် ပြန်စစ်ပြီး