== မြန်မာစာအကြောင်း

Bold text စာလုံးပေါင်း

   မြန်မာဘာသာစကားအကြောင်းတွေကို အထူးအားစိုက်ပြီး လေ့လာဖြစ်ခဲ့တာ တော်တော်ကြာပါပြီ။လေ့လာ လို့ တွေ့ရှိသမျှတွေကိုလည်း ဆောင်းပါးအတန်တန်နဲ့ ရေးသားဖြစ်ခဲ့ပါတယ်။အဲ့ဒီလိုရေးသားခဲ့တဲ့ ဆောင်းပါးအ များစုဟာဆိုရင်လည်း ဘာသာစကားရဲ့ ပြဿနာတွေကို ခြေရာကောက် တင်ပြခဲ့တာတွေချည်းပါပဲ။လေ့လာမိသ မျှမှာ အဓိက တွေ့ရတဲ့ ပြဿနာတွေက အပင့်၊အရစ် မှားယွင်းတာတွေ၊အသတ်လွဲမှားတာတွေ၊အသံစွဲ အနက်စွဲ ထွေပြားနေတာတွေ၊ဌာန်တူ အသံတူနေတာတွေကြောင့် ဗျည်းလွဲမှားရတာတွေ၊အဓိပ္ပာယ်အနက် မမှန်းဆနိုင်တာ တွေပါပဲ။
   အဲ့ဒီလို မြန်မာဘာသာစကားရဲ့ အခက်အခဲ ပြဿနာတွေကို လေ့လာဖော်ထုတ်ကြည့်နေပေမယ့် ဖြေရှင်းလို့ ရ နိုင်မယ့် နည်းလမ်းကိုတော့ မရေးဖြစ်ခဲ့သေးပါဘူး။ဘာလို့လဲဆိုတော့ မြန်မာစာလုံးပေါင်းပုံဟာ သတ်သတ်မှတ် မှတ် မရှိဘူးဆိုတဲ့ အမြင်ကြောင့်ပဲ ဖြစ်ပါတယ်။ဒါပေမယ့်လည်း တတ်နိုင်ကမျှ ဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေကို ရှာဖွေနေတာကိုတော့ ရပ်မပစ်ပါဘူး။။ကြောင်းအလှူရှင်လို့ ရေးထားတာကို ဘယ်သူ မှ ဇရပ်အလှူရှင် လို့ မဖတ် ကြဘူးဆိုပေမယ့်၊အရေးမှန်မှ အနက်မှန်မယ်ဆိုတဲ့ အသိကြောင့် မြန်မာဘာသာစကားရဲ့ အပြော(အသံ)နဲ့ အပြ ဟန် (ဗျည်း၊ဗျည်းတွဲ၊သရစွဲ)တွေကို ဘယ်လို ပေါင်းစပ်ရေးသားခဲ့ကြသလဲဆိုတာ စူးစိုက်လေ့လာဖြစ်ခဲ့ပါတယ်။ 
   တကယ်တော့ မြန်မာဝေါဟာရ တစ်ခုကို ရေးလိုက်တယ်ဆိုတာ အသံကို မြင်ရအောင် ဗျည်းတွေ၊ဗျည်းတွဲ စ နစ်တွေ၊သရတွေနဲ့ သင်္ကေတ ပြုလိုက်တာပဲဖြစ်ပါတယ်။ဒီတော့ ဝေါဟာရတစ်လုံးကို ရေးပြီဆိုရင် အဲ့ဒီ့ဝေါဟာ ရမှာ အဓိပ္ပာယ်ရယ်၊အသံရယ်၊ရေးနည်းစနစ်တွေရယ် ပါဝင်နေပါတယ်။သိစေချင်တဲ့ အနက်အဓိပ္ပာယ်တွေကို အသံကို အသုံးပြုပြီး သိစေတယ်။အသံကိုကျတော့ ဗျည်းအက္ခရာတွေ သုံးပြီး ဗျည်းတွဲ၊အသတ်၊သရတွေနဲ့ တွဲ စပ် မြင်စေပါတယ်။

သံစွဲ၊နက်စွဲနည်း

   အဲ့ဒီ့ထဲကမှ ပထမဆုံးအနေနဲ့ အနက်စွဲနဲ့အသံစွဲ ရေးသားနည်းဆိုတာကို ချဉ်းကပ်ကြည့်ချင်ပါတယ်။ အဲ့ဒီ့နည်း မှာ ဗျည်းအက္ခရာတွေကို အနက်အဓိပ္ပာယ်ကို ဖော်ပြတဲ့အက္ခရာနဲ့ အသံကို ဖော်ပြတဲ့အက္ခ ရာဆိုပြီး ခွဲခြားဆင် ခြင်ထားတာကို တွေ့ရပါတယ်။ က ခ စ ဆ တ ထ ပ ဖ တွေဟာ အနက်အဓိပ္ပာယ်ကို ဖော်ပြပေးတဲ့ ဗျည်းအက္ခ ရာတွေ ဖြစ်ပြီးတော့၊ ဂ ဃ ဇ ဈ ဒ ဓ ဗ ဘ တွေကတော့ အသံကိုပဲ ဖော်ပြတဲ့ဗျည်းအက္ခရာတွေပဲ ဖြစ်ပါတယ်။ အဲ့ဒီ့ အနက်နဲ့ အသံစွဲတွေမှာ ဘယ်လို အသုံးပြုပြီးရေးကြသလဲဆိုရင် က ၊ခ အနက်စွဲကို ဂ၊ ဃ အသံစွဲနဲ့ ရေး တတ်သလို၊စ၊ ဆ အနက်စွဲကို ဇ၊ ဈ နဲ့ရေးတတ်တယ်။ တ-ထ အနက်စွဲကို ဒ၊ ဓ နဲ့ရေးတယ်။။ ပ၊ ဖ အနက်စွဲကို ဗ၊ ဘ တွေနဲ့ ရေးလေ့ရှိတဲ့စကားလုံးတွေ တွေ့ရတဲ့အတွက်၊အဲ့ဒီ့ ဗျည်းတွေနဲ့ ရေးကြတော့မယ်ဆိုရင် အနက်နဲ့ အ သံကို ယှဉ်ထိုးချင့်ချိန်ကြည့်သင့်ပါတယ်။
     ဂတ်ထူ၊ဂတ်ပြား၊ဒု၊ဒေါင့်မှန်၊ဒယ်အိုး၊ဇောက်ထိုး၊စတွေကို ရေးတော့မယ်ဆိုရင် ဂတ်ထူ၊ဂတ်ထူပြားဆိုတဲ့ အသံစွဲအရေးက ဂတ်ဟာ ကတ်အနက်ကို အသံစွဲနဲ့ ရေးထားတာ ဖြစ်တယ်။ ဒုတ်တိုဆိုတာ တုတ်တို ။ ဒုဆိုတာ ထု။ ဒေါင့်မှန်ဆိုတာ ထောင့်မှန်။ဒယ်အိုး ဆိုတာ တည်အိုး။ဇောက်ထိုးဆိုတာ စောက်ထိုး။ ဇောင်းတန်းဆို တာ စောင်းတန်း။ဘူးသီးဆိုတာ ဖူးသီး။အဘွားဆိုတာ အဖွား။အဘိုးဆိုတာ အဖိုး။ ဇရက်ဆိုတာ ဆက်ရက်။နဂို ဆို တာက နကို၊ပင်ကို လို့ ယှဉ်တွဲ သိနေရမှာ ဖြစ်ပါတယ်။အဲ့ဒီလိုသိပြီး ချင့်ချိန်ရမှာက အသံစွဲဗျည်းတွေနဲ့ရေးသား ကြတဲ့အခါ အနက်စွဲဗျည်းနဲ့ပါ ယှဉ်တွဲပြီး အနက်ဖော်ကာ ရေးသားရပါမယ်။ဒါမှလည်း အမှားနည်းနိုင်သမျှ နည်း လိမ့်မယ်ထင်ပါတယ်။အသံစွဲ အားကောင်းရင် အသံစွဲနဲ့ရေးကြ။အနက်စွဲ အားကောင်းရင် အနက်စွဲနဲ့ ရေးကြဆို တာမျိးတော့ သတ်သတ်မှတ်မှတ် ပြုပေးထားရင် ပိုကောင်းပါလိမ့် မယ်။
   အဲ့ဒီလိုမှ မဟုတ်ရင် အသံစွဲနဲ့ရေးဖို့ ခွင့်ပြုထားတဲ့ စကားလုံးလား၊အနက်စွဲနဲ့ပဲ ရေးရမယ့်စကားလုံး လားဆို တာတွေကို မြန်မာစာအဖွဲ့က တစ်နိုင်ငံလုံးအတွက် သတ်မှတ်ပြဌာန်းထားတဲ့ မြန်မာသတ်ပုံကျမ်းနဲ့ မြန်မာအဘိ ဓာန်ကျမ်းတွေကို မကိုး မဖြစ်၊ကိုးရတော့မှာပဲ ဖြစ်ပါတယ်။ဥပမာ တန်ဘိုးလို့ အသံစွဲရှိတဲ့ စကားလုံးကို ရေး တော့မယ်ဆိုရင် ဘိုးအသံစွဲဟာ ဖိုး အနက်စွဲက လာတာဖြစ်တယ်။ဒါကို သိပြီးမှ ဘိုးနဲ့ ရေးမှာလား၊ဖိုး နဲ့ရေးမှာ လားဆိုတာ ချင့်ချိန်ရပါလိမ့်မယ်။ဘာလို့လဲဆိုတော့ အထက်မှာ ရေးခဲ့သလို အသံစွဲအားကောင်းရင် အသံစွဲ နဲ့ ရေး၊အနက်စွဲ အားကောင်းရင် အနက်စွဲနဲ့ရေးလို့ တစ်သမတ်တည်း ပြဌာန်းထားတာ မတွေ့လို့ပဲဖြစ်ပါတယ်။
   အဘိုးအဘွား တွေကို ရေးသားတဲ့အခါ အကြီးအမှူးဆိုတဲ့ အနက်စွဲ ဖိုးဖွား တွေလို့ ရေးခွင့်မပြုဘဲ အသံစွဲ အ ဘိုးအဘွား ကိုပဲ ရေးသားခွင့် ပြုထားတာ တွေ့ရပါတယ်။နဂို နဲ့ ဒယ်အိုးတွေမှာလည်း အသံစွဲ ဂို နဲ့ ဒယ် ကိုပဲ ရေး တာ တွေ့ရှိရပါတယ်။ဇောက်ထိုး၊ဇရက်၊ဒုတ်၊ဇောင်းတန်း၊ဒေါင့် တွေမှာကျတော့ အသံစွဲနဲ့ ရေးတာကို ခွင့်ပြုပေး ထားတာ မတွေ့ရပါဘူး။ဘူးသီ ကို အသံစွဲနဲ့ ရေးခဲ့ကြသလို၊ ဒု နဲ့ ထု ကိုတော့ နှစ်မျိုးစလုံးနဲ့ သုံးခွင့်ရှိပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရေးသားမယ့်စကားလုံးဟာ အသံစွဲဗျည်းတွေဖြစ်တဲ့ ဂ ဃ ဇ ဈ ဒ ဓ ဗ ဘ တွေ ဖြစ်နေတယ် ဆိုရင် အနက်စွဲဗျည်း တွေဖြစ်တဲ့  က ခ စ  ဆ တ ထ ပ ဖ တွေနဲ့ပါ နှိုင်းချင့်သုံးစွဲကြမယ်ဆိုရင်တော့ အကောင်း ဆုံးပါပဲ။

ဖြစ်ဗျည်း၊ပြုဗျည်းနည်း

        နောက်ထပ် လေ့လာတွေ့ရှိရတဲ့ မြန်မာစာရေးထုံးတစ်ခုက အဖြစ်သက်သက်ပြတာနဲ့ ပြုလုပ်တာကို ပြတဲ့ ကြိယာတွေပဲ ဖြစ်ပါတယ်။စကားလုံးဟာ  အဖြစ်သက်သက်ကြိယာလား၊အပြုကြိယာလားဆိုတာကို ခွဲခြားသိဖို့ အဖြစ်သက်သက်ဗျည်း(သုဒ္ဓ) တွေနဲ့ အပြုဗျည်းတွေ(ကာရိုက်)တွေကို အရင်ဦးဆုံး သိထားရပါမယ်။ဒီနည်းလမ်း ကို ဖြစ်ဗျည်း၊ပြုဗျည်းနည်းလို့ ခေါ်ဆိုနိုင်ပါတယ်။အဖြစ်သက်သက်ကို ပြတဲ့ဗျည်းတွေက က စ တ ပ င ည န မ ယ ရ လ ဝ ဆိုပြီး ၁၂ လုံးရှိ ပါတယ်။အပြုပြတဲ့စကားလုံးက ခ ဆ ထ ဖ နဲ့ ငှ ညှ နှ မှ ယှ ရှ လှ ဝှ တွေဆိုပြီး ၁၂ လုံးပါပဲ။အဲ့ဒီ့ထဲက အသံလည်း မတူ၊မှာလည်း မမှားနိုင်တာတွေကို ထည့်မပြောတော့ဘဲ အသံတူတဲ့ စ နဲ့ ဆ ကိုပဲ အဓိကထား ပြောချင်ပါတယ်။ဘာလို့လဲဆိုတော့ စလုံးနဲ့ ဆလိမ်ကို အမြဲလိုလို လွဲမှားတတ်ကြလို့ပါပဲ ဖြစ်ပါ တယ်။
   အိုးထဲက ရေတွေ တစ်စက်စက်ကျနေတာမျိုးဟာ ဖြစ်နေတာဖြစ်တဲ့အတွက် အဖြစ်သက်သက်ထဲက စလုံးကို ပဲသုံးပြီး စိမ့် တယ်လို့ ရေးသားရမှာပါ။ဆလိမ်နဲ့ ဆိမ့်လို့ မရပါဘူး။အဝတ်စကို အပိုင်းအစဖြစ်အောင် ပြုလုပ် လိုက်တယ်ဆိုရင် အပြုပြတဲ့ ဆလိမ်နဲ့ ဆုတ်ဖြဲရပါလိမ့်မယ်။ဆီဆမ်းတာ၊ဆွဲယူတာ၊လက်နဲ့ဆိတ်တာ၊ဆုပ်ကိုင် ထားတာ၊ဆူငေါက်တာ၊ဆန့်ထုတ်တာ၊ဆွတ်ခူးတာ၊ဆောင့်ချတာ။ဒီလို အပြုအဓိပ္ပါယ်သက်ရောက်တဲ့ ကြိယာ အ ဖြစ် သုံးကြမယ်ဆိုရင် အပြုပြဗျည်း ဆ လိမ်နဲ့ပဲ ရေးလေ့ရှိတာ တွေ့ရပါတယ်။
   ချက်စူတာ၊စုတ်ပြဲတာ၊စူးသွားတာ၊စန့်တန်းသွားတာဆိုတဲ့ အဖြစ်သက်သက်ကိုပြတဲ့ ကြိယာတွေဆိုရင် စ လုံး ကိုပဲ အများဆုံး အသုံးပြုကြတာ တွေ့ရပါတယ်။ဒါပေမယ့်လည်း အဖြစ်ပြနဲ့အပြုပြကြိယာအသုံးသဘော သုဒ္ဓ ကာရိုက်နည်းဟာ အကြွင်းမဲ့အမှန်လားဆိုတော့ မဟုတ်ပါဘူး။ချို့ယွင်းချက်တွေတော့ ရှိနေပါတယ်။စားတာ၊နို့ စို့တာ၊စိတ်ဖြာတာမျိုးတွေမှာ အပြုသဘောဖြစ်ပေမယ့် အဖြစ်သဘော စလုံးကို သုံးစွဲထားတာ တွေ့ရပါတယ်။ ချိုးလို့ ကျိုးတာ။ဆန့်လို့ စန့်တာတွေမှာ သုဒ္ဓကာရိုက်နည်းကျပေမယ့်၊ ဆာလို့ စားတယ်ဆိုတာကတော့ ဖြောင့် ဖြောင့် ကြီး ဆန့်ကျင်ပြနေတာ တွေ့ရပါတယ်။ဒါကို ပြေလည်ဖို့ဆိုရင်တော့ တိကျရေရာတဲ့ မြန်မာစာလုံးပေါင်း စနစ်ကို သတ်သတ်မှတ်မှတ် ပြဌာန်းကြဖို့ ကြိုးစားရမယ်ထင်ပါတယ်။တကယ်လို့ သုဒ္ဓကာရိုက်နည်းကို တစ်သ မတ်တည်း ပြဌာန်းလိုက်မယ်ဆိုရင် စလုံး၊ဆလိမ် လွဲမှားနေတာတွေဟာ ရပ်တန်းကရပ်သွားကြမယ်လို့ မျှော်လင့် မိပါတယ်။

ပင့်မန်၊ရစ်ကြီးနည်း

   ဒါပေမယ့်လည်း သုဒ္ဓကာရိုက်နည်းက မြန်မာဝေါဟာရတွေထဲက အချို့အဝက်ရဲ့ ပြဿနာကိုတော့ အထိုက်အ လျောက် ပြေလည်အောင် ဖြေရှင်းပေးနိုင်မှာပါပဲ။ဒီလိုပဲ ယပင့်နဲ့ရရစ် ပြေလည်ဖို့ဆိုရင်လည်း အပင့်အရစ်သ ဘောတွေကို သိရှိနား လည်ထားရမယ်ဆိုတဲ့ နည်းလမ်းတစ်ခုကို တွေ့ရှိထားပါတယ်။အပင့်နဲ့အရစ်ရဲ့ အဓိပ္ပာယ် သွားတွေက အပင့်ဟာ သာမန်လုပ်ရိုးလုပ်စဉ်တွေကို ပြုမူတဲ့သဘောသာကို ပြပြီး၊အရစ်က အပင့်ထက် ပိုမိုတဲ့ သဘောဘက်ကို ပြနေတယ်ဆိုတာတွေ့ ရပါတယ်။သာဓကအနေနဲ့ ကျူး နဲ့ ကြူး/ချဲ နဲ့ ခြား တွေကို ကြည့်ပြီး ဆင်ခြင်ကြည့်နိုင်ပါလိမ့်မယ်။
   ဗုဒ္ဓဘုရားရှင်ဟာ ဥဒါန်းကျူးရင့်လိုက်တယ်။နယ်ချဲ့တွေက ကျူးကျော်လာတယ်။နွားရှေ့ ထွန်ကျူးတယ်ဆို တာ တွေထဲက ကျူးရဲ့အနက်တွေဟာ သာမန်လုပ်ရိုးလုပ်စဉ်နဲ့ ပြုမူလုပ်ဆောင်တဲ့ သဘောတွေချည်းပါပဲ။ ဒါ ကြောင့် အဲဲဒီ့ထဲက ကျူးတွေကို ယပင့်နဲ့ ကျူးထားတာဖြစ်ပါတယ်။ဒါပေမယ့် ကထာဂုရုတွေက အလွန်အကြူး ဖွင့်ဆိုပြလိုက်ကြတယ်။ဒီလူက သေသောက်ကြူးတယ် ဆိုတာတွေထဲက ကြူးကတော့ သာမန်လုပ်ရိုးလုပ်စဉ် ပြုရိုးပြုစဉ် ဖြစ်ရပ်တွေထက် ပိုမိုအားကြီးတဲ့ သဘောကို ဆောင်နေတာ တွေ့ရပါတယ်။အဲ့ဒီလို အားကြီးတဲ့ သ ဘော ဆောင်နေရင်တော့ ရရစ်နဲ့ ရစ်ကြရမယ်ဆိုပါတယ်။ဒီအသိ ဒီနည်းနဲ့ ဖြေရှင်းမယ်ဆိုရင် အလွန်ချွေတာတာ ကို ဖော်ပြတဲ့ ခြစ်ခြစ်ခြုတ်ခြုတ် ဆိုတာမျိုး၊ထိုက်သင့်တာထက် ပိုပြီးရခဲ့တာမျိုးကို သုံးတဲ့ မြိုးမြိုးမြက်မြက်ဆို တာမျိုးတွေမှာ ရစ်ရမှာလား၊ပင့်မှာလားတွေ ဝေဝါးနေမှာ မဟုတ်တော့ဘဲ ချက်ချင်းပဲ ရရစ်နဲ့ ရစ်နိုင်ကြလိမ့်မယ် ထင်ပါတယ်။
   တစ်ခုနဲ့တစ်ခုကို ကျဲအောင် သာမန်ပြုရိုးပြုစဉ်အတိုင်း ပြုလုပ်လိုက်တယ်။လွန်တယ် ပိုတယ်ဆိုတဲ့ သဘော ကို မဖော်ပြဘူးဆိုရင် ယပင့်နဲ့ ချဲ တယ်။ကျဲအောင်ထက်ပိုပြီး အပိုင်းအခြားတစ်ခုနဲ့ ခြားနားထားတယ်ဆိုရင် တော့ ပိုမိုတဲ့သဘောကို ဖော်ပြနေတာဖြစ်လို့ ရရစ်နဲ့ ခြား ရတာကို လေ့လာတွေ့ရှိနိုင်ပါသေးတယ်။လူ တစ် ယောက်ရဲ့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ပျင်းရိတယ်ဆိုတာမျိုးကို ယပင့်နဲ့ ပျင်းပြီးတော့၊အရှိန်အဟုန်ပိုတဲ့ လေပြင်းတို့ ပြင်းပြတာတို့မှာ ကျတော့ ပြင်းကို ရရစ်နဲ့ ပြင်း တာတွေလည်း လေ့လာမိတယ်။ဒါကို ကြည့်ရင် သာမန်ဖြစ်ရိုး ဖြစ်စဉ်၊ပြုရိုးပြုစဉ်တွေကို ယပင့် နဲ့ ပင့်ကြ၊ပိုမိုအားကြီးတဲ့သဘောဆီသက်ရောက်တယ်ဆိုရင်တော့ ရရစ် နဲ့ ရစ်ကြဆိုတဲ့ အပင့်နဲ့အရစ် နည်းလမ်းလေးဟာ အထိုက်အလျောက်တော့ အဆင်ပြေကြမှာပါပဲ။
   ဒါပေမယ့်လည်း ပင့်မန်-ရစ်ကြီး(ယပင့်ဟာ သာမန်၊ရရစ်ဟာ ပိုမိုအားကြီး)နည်းလမ်းဟာ ပင့်ရစ်နဲ့ရေးတဲ့ ဝေါဟာရတိုင်းအတွက်တော့ ချို့ယွင်းချက်မရှိ မှန်ကန်နေမှာ မဟုတ်ပါဘူး။နေအလွန်ပူတာကို ဖော်ပြတဲ့ ချစ်ချစ် တောက် ကို ကြည့်ရင် ချစ်ချစ်တောက်ဆိုတာ ပိုမိုသာလွန်တဲ့သဘောကို ဖော်ပြနေပေမယ့် ရေးထုံးမှာက ယပင့် နဲ့ ရေးထုံး ပြုထားတာ တွေ့ရှိရပါတယ်။ဒီလိုပဲ အလွန်ချမ်းသာကြွယ်ဝတာကို ဖော်ပြတဲ့ ကျိကျိတက်မှာဆိုရင် လည်း ယပင့်နဲ့ပဲ စာလုံးပေါင်းထားပါတယ်။
   အဲ့ဒီ့တော့ မြန်မာဝေါဟာရ စာလုံးပေါင်းတာတွေကို ခိုင်မာသေချာ ရေရာစေချင်တယ်ဆိုရင်တော့ ရေးထုံးတွေ ကို ပြန်လည်တည်ဆောက်ကြဖို့လိုအပ်မှာ အမှန်ပါပဲ။ဒါပေမယ့်လည်း ဒါဟာ တော်လှန်းရေးကြီး တစ်ရပ်လို ဖြစ် နေလို့ ရဲကြမယ်တော့ မထင်ပါဘူး။ထပ်ပြီး မြန်မာစာခရီး ဆက်ရဦးမှာပါပဲ။
                                                                                                                  ကျော်ထင်---ကျော်ထင် (ဆွေးနွေး)  ၁၂:၁၈၊ ၁၄ မေ ၂၀၂၀ (UTC)အကြောင်းပြန်ရန်
   
   
   
   
   

' — ကျော်ထင် (ဆွေးနွေးပံ့ပိုး) ၏ လက်မှတ်မရေးထိုးထားသော ဆွေးနွေးချက်။ 11:22, 14 May 2020

== မြန်မာစာအကြောင်း

                                                   အရှေ့၊အနောက်၊တောင်နှင့်မြောက်တွေ
   ဆရာဒေါက်တာညီညီဖေနဲ့ ထမင်းစားရင်း ဆရာ့ဆီကနေ မြန်မာစကားလုံး အသုံးတွေနဲ့ ပတ်သက်တဲ့ မကျေ မချမ်းသံတွေကို နားစွင့်မိခဲ့ပါတယ်။အရှေ့၊အနောက် အသုံးနဲ့ ပတ်သက်ပြီး ချွတ်ချော်နေကြတာတွေကို ညည်း ချင်းထုတ်ပြပါတယ်။ဟုတ်လည်း ဟုတ်နေပါတယ်။ဆရာပြောသလိုလည်း ရှေ့နဲ့ အရှေ့၊နောက်နဲ့ အနောက် အ သုံးတွေမှာ လွဲမှား သုံးနေကြတာကို ကြားနေရ၊မြင်နေရပါတယ်။ရိုးတောင် ရိုးနေပါပြီလို့ ဆိုရပါဦးမယ်။
   ကျနော့် ရှေ့က လူလို့ သုံးရမှာကို ကျနော့်အရှေ့က လူလို့ သုံးနေတာမျိုး။ကျနော့် နောက်မှာ လူတစ်ယောက်လို့ ပြောရမှာကို ကျနော့် အနောက်မှာ လူတစ်ယောက် လို့ ပြောနေကြတာမျိုးတွေဟာ ချွတ်ချော်လွဲမှားနေတဲ့ အသုံး အနှုန်းတွေပါ။တကယ်တော့ အရှေ့နဲ့အနောက်ဆိုတာ အရပ်မျက်နှာတွေကို ဆိုလိုတာပါ။အရှေ့ဆိုတာ နေထွက် ရာ အရပ်၊အနောက်ဆိုတာက နေဝင်ရာ အရပ်တွေပါ။ဆရာကြီး ဦးဖိုးလတ်ရဲ့ မြန်မာစကား အဖွင့်ကျမ်း မှာက တော့အဲ့ဒီ့အရှေ့နဲ့အနောက် စကားလုံးတွေဟာ တိဗက်ဘာသာစကားကနေ ဆင်းသက်လာတယ်လို့ ယုတ္တိယုတ္တာ ထုတ်ပြထားတာ တွေ့ရပါတယ်။
   အရှေ့ဆိုတာ တိဗက် ရှရ်ကနေ ဆင်းသက်လာတယ်။တိဗက် ရှရ်ဆိုတာကလည်း နေထွက်တယ်ဆိုတဲ့ အဓိပ္ပါယ် ရပါတယ်။အနောက်ဆိုတာကတော့ တိဗက်ဘာသာစကား နုဗ်ကနေ အဆင့်ဆင့် ပြောင်းလဲလာတယ်။နုဗ် ဆိုတာ ကလည်း နေလဝင်တယ်ဆိုတဲ့ အနက်ထွက်နေတယ်။ဒါကြောင့် အရှေ့၊အနောက်ဆိုတဲ့ စကားလုံးတွေဟာ တိ ဗက်ဘာသာစကားကနေ ဆင်းသက်လာတယ်လို့ ဆိုထားပါတယ်။ဒီအဆိုကို မဖြစ်နိုင်ဘူးလို့လည်း ယတိပြတ် ငြင်းပယ်ဖို့ မရဲသလို၊ဟုတ်ပါတယ်လို့ လက်ခံဖို့ကလည်း နှစ်ကာလပေါင်းက အများကြီး ဝေးကွာခဲ့တာဖြစ်လို့ ဉာဏ်မကွန့်နိုင်ပါဘူး။
   ကျနော်တို့ဟာ တိဗက်တို-ဘာမင်အုပ်စုကနေ ပေါက်ဖွားဆင်းသက်လာတဲ့ မျိုးနွယ်စုတွေ ဖြစ်ခဲ့ရိုး မှန်ရင်တော့ ဘာသာဗေဒအမြင်အရဆရာကြီး ဦးဖိုးလတ်ရဲ့ အဆိုဟာ ယုတ္တိကျတယ်လို့ ဆိုရမှာပါပဲ။ဒါပေမယ့်လည်း စကား လုံးတစ်လုံးရဲ့ မူလရင်းမြစ်ကို တိတိကျကျသိအောင်လိုက်ဖို့ဆိုတာ ခက်ခဲလွန်းလှပါတယ်။အထူးသဖြင့် စကား ဦးစကားဖျားတွေဖြစ်တဲ့ ဝေါဟာရအိုကြီးတွေကို ဘယ်က ဆင်းသက်သလဲဆိုတာမျိုးက ပိုလို့တောင် ဆိုးလိမ့် မယ်ထင်ပါတယ်။ဒါတွေကို ဝေါဟာရ မုဆိုး လုပ်ပြီး ရှာဖွေဖော်ထုတ်နိုင်မှသာ ဂဃနဏသိရှိနိုင်တာပါ။လှေသင်း အတွင်းဝန်မင်းကြီး ပြုစုတဲ့ဝေါဟာရ လီ နတ္ထ ဒီပနီကျမ်းကို လေ့လာကြည့်ရင် တောင်မြောက်အရပ်တွေနဲ့ ပတ် သက်တဲ့ အခြားအခေါ်အဝေါ်တွေကို ထပ်ပြီး လေ့လာလို့ ရဦးမှာပါ။
   ကျောင်းသုံးစာအုပ်မှာမောင်းထောင်ဦးကျော်လှရဲ့ ကောက်စိုက်သမ (၈) ဦး အလှူသံချိုတစ်ပုဒ် ပြဋ္ဌာန်းထားတာ ရှိပါတယ်။အဲ့ဒီ့သံချိုမှာ မြေဝရံ ဧသာန်ရပ်တွင်လို့ ဖွဲ့ဆိုထားတာပါတယ်။ဧသာန်ကိုလည်း ခက်ဆစ်အဖွင့်မှာ အရှေ့ မြောက်အရပ်လို့ ဖွင့်ဆိုပေးထားပါတယ်။တစ်ခါတုန်းကတော့ ဧသာန်ဆိုတာကို မောင်းထောင်ရွာရဲ့ ရပ်ကွက်တစ် ခုအမည်လို့ ပေါ့ပေါ့ပါးပါးဖွင့်ဆိုပြခဲ့ကြဖူးပါတယ်။ဧသာန်ဆိုတာ အရှေ့မြောက်အရပ်ပါပဲ။ဒီအခေါ်အဝေါ်တွေဟာ အရှေ့ ပုပ္ပ၊မြောက် ဥတ္တရ၊တောင် ဒက္ခိဏဆိုတဲ့ အခေါ်အဝေါ်တွေနဲ့ မတူဘဲ တစ်မူခြားနေပါလိမ့်မယ်။
   အရှေ့အရပ်ကို ဣန္ဒ။အရှေ့တောင်ထောင့်အရပ်ကို အဂ္ဂိ။တောင်အရပ်ကိုယမ။အနောက်တောင်ကို နရတိ။ အ နောက်အရပ်ကျတော့ ဝရုဏ။အနောက်မြောက်ထောင့်ကို ဗာယပ်။မြောက်အရပ်ကို ကုဝေရ။ အရှေ့မြောက် အရပ်ကို ဧသာန်လို့ ခေါ်ဝေါ်ကြောင်းနဲ့ ဒီအမည်တွေဟာ အရပ်မျက်နှာကို စောင့်ရှောက်ကြတဲ့ ဆိုင်ရာ နတ်မင်း တွေရဲ့ အမည်နာမတွေသာ ဖြစ်ကြောင်းကိုတော့ လှေသင်းအတွင်းဝန်မင်းကြီး ပြုစုတဲ့ဝေါဟာရလီနတ္ထ ဒီပနီကို ဖတ်မိရင် သိရှိနိုင်ပါလိမ့်မယ်။
  ဣန္ဒဆိုတာ အရှေ့အရပ်ကိုစောင့်တဲ့သိကြားမင်း။အဂ္ဂိဆိုတာ အရှေ့တောင်ထောင့်ကိုစောင့်တဲ့ မီးနတ်မင်း။ ယမ ဆိုတာ တောင်အရပ်စောင့်ယမမင်း။နရတိဆိုတာ အနောက်တောင်ထောင့်စောင့် ရေနတ်မင်း။ဝရဏဆိုတာ အ နောက်အရပ်စောင့်မိုးနတ်မင်း။ဗာယပ်ဆိုတာ အနောက်မြောက်ထောင့်ကို စောင့်တဲ့ လေနတ်မင်း။ကုဝေရဆိုတာ မြောက်အရပ်ကို စောင့်တဲ့ ဝေဿဝဏ်နတ်မင်း။ဧသာန်ဆိုတာကတော့ အရှေ့မြောက်ထောင့်ကို စောင့်ရှောက်တဲ့ ပရမေ သုရာနတ်မင်းပါတဲ့။
   ဒီအထဲက အချို့နတ်တွေကတော့ ပါဠိဗုဒ္ဓဘာသာစာပေတွေမှာ ပါဝင်ခဲ့ကြတာတွေ မဟုတ်ပါဘူး။ဗေဒင်ကျမ်း တွေကနေယူငင်ထားတာတွေပဲ ဖြစ်မှာပါ။အထူးသဖြင့်အဂ္ဂိ မီးနတ်၊နရတိယျ ရေနတ်နဲ့ဗာယပ် လေနတ်ဆိုတာ တွေဟာ ဗုဒ္ဓဘာသာစာပေတွေထဲမှာ မတွေ့ဖူးတဲ့ နတ်တွေပါပဲတဲ့။ဣန္ဒ သိကြား၊ကုဝေရ(ဝေဿ ဝဏ်)၊ယမ(ယမ မင်း)၊ဤသာန (ဧသာန်နတ်)တွေကတော့ ပိဋကနဲ့သာသနာဝင်ကျမ်းတွေမှာ ပါဝင်နေတာ တွေ့ရပါတယ်။သံချို ဆရာမောင်းထောင်ဦးကျော်လှရဲ့ကဗျာထဲကဧသာန်အရပ်က ဧသာန်နတ်ဆိုရင် သိကြားဣန္ဒရဲ့ လက်ရုံးတစ် ယောက်ပါပဲ။
   ဒါကြောင့်လည်း အသုရာတွေနဲ့ စစ်ခင်းတဲ့အခါ သူ့နတ်စစ်သည်တွေကို ကြောက်စိတ်ဝင်လာရင် ကြောက်စိတ် ပြေအောင် ကြည့်ခိုင်းတဲ့ အောင်လံတံခွန်တွေထဲမှာဤသနနတ်မင်း(ဧသာန်)ရဲ့ အောင်လံလည်း ပါဝင်နေတာကို လေ့လာတွေ့ရှိရပါတယ်။ပေတဝတ္ထုနဲ့နေတ္တိအဋ္ဌကထာတွေမှာတော့ နတ်နဲ့အရပ်မျက်နှာဖော်ပြထားတာတွေက စတုလောကပါလ နတ်လေးပါးထဲက ဝိရူဠကနတ်မင်းက မြင့်မိုရ်တောင်ရဲ့အလယ် တောင်မျက်နှာမှာ နေတယ်။မ တရဋ္ဌ နတ်မင်းက မြင့်မိုရ်တောင်ရဲ့အလယ် အရှေ့မျက်နှာ၊ဝိရူပက္ခ နတ်မင်းက အနောက်မျက်နှာ၊ကုဝေရ နတ်မင်း ကတော့ မြောက်မျက်နှာပါ။
   ဒါပေမယ့်လည်းဒီအစောင့်အရှောက် နတ်မင်းတွဟာ တနင်္လာ အရှေ့အရပ်။အင်္ဂါ အရှေ့တောင်။ဗုဒ္ဓဟူး တောင် အရပ်။စနေ အနောက်တောင်။ကြာသပတေး အနောက်။ရာဟူး အနောက်မြောက်။သောကြာ မြောက်။တနင်္ဂနွေ အရှေ့မြောက်ဆိုတာတွေနဲ့ယှဉ်မိတဲ့အခါကျတော့ တိုးလျှိုငုပ်ကွယ်သွားကြရတာကို တွေ့ရပါတယ်။ရပ်ထဲ ရွာထဲ ပြောကြတဲ့ မိုး စနေ၊လေရာဟူးဆိုတဲ့ ဆိုရိုးစကားလေးလောက်သာ ပညတ်နဲ့ ဓာတ်သက် တွဲနေသေးတယ်လို့ ပြောရမယ်။ဒါတောင် မိုး စနေဆိုတာကို အနောက်တောင်ထောင့်က မိုးတိမ်တက်လာရင် မိုးရွာတယ်လို့ပဲ အသိ များကြပြီး၊ရေပါအောင် မိုးကြီးကြီး ရွာတတ်တယ်ဆိုတာကိုတော့ မေ့လျော့နေကြမယ် ထင်ပါတယ်။
   တကယ်တော့ တောင်မြောက်အသိတွေဘက်မှာ ဝေဝါးနေတာတွေဟာဒီလောက်လေးတင် မကပါဘူး။ ဗုဒ္ဓ ဘာသာစာပေနဲ့ပတ်သက်ပြီး ပြောနေကြ၊ရေးနေကြတဲ့ တောင်ပိုင်း ဗုဒ္ဓဘာသာစာပေ၊မြောက်ပိုင်း ဗုဒ္ဓဘာသာ စာပေဆိုတဲ့ထဲက တောင်မြောက်ဗျုပ္ပတ္တိနိမိတ်တွေဟာလည်း စဉ်းစားစရာကောင်းတဲ့အကြောင်း ဆရာမကြီး ဒေါ်အုန်းရဲ့ ပါဠိစာပေသမိုင်းစာအုပ်ကို လှန်ဖတ်မိမှ သိရှိရပြန်ပါတယ်။ဆရာမကြီးက ပိဋက ပါဠိစာပေဟာ အိန္ဒိယပြည် တောင်ပိုင်းနဲ့ ဘယ်လိုမှ အဆက်အစပ် မရှိဘဲ၊ပိဋက ပါဠိစာပေကော၊ပိဋကဝင် မဟုတ်တဲ့ ပါဠိစာ ပေတွေကောဟာ အိန္ဒယမြောက်ပိုင်းက ပေါ်ထွက်လာတဲ့ စာပေတွေသာ ဖြစ်ပါတယ်တဲ့။
   တကယ်တော့ ဒီအခေါ်အဝေါ်တွေဟာဗုဒ္ဓဘာသာ ပြန့်ပွားရာ အရပ်ဒေသပေါ်မူတည်ပြီး မှည့်ခေါ်ခဲ့ကြတယ်လို့ ထင်ပါတယ်။အိန္ဒိယတောင်ပိုင်း သီရိလင်္ကာ၊မြန်မာ၊ထိုင်း၊ကမ္ဘောဒီးယား၊ဗီယက်နန်၊မလေးရှား၊အင်ဒိုနီးရှား စတဲ့ အရှေ့တောင်အာရှဒေသတွေမှာ ပြန့်ပွားခဲ့တာရယ်၊အိန္ဒိယ မြောက်ပိုင်းနဲ့အနောက်မြောက်ဘက်တွေဖြစ်တဲ့ နီပေါ၊ တိဗက်၊အာဖဂန်နီစတန်နဲ့ အာရှအလယ်ပိုင်း၊တရုတ်၊ကိုရီးယား၊ဂျပန်တွေမှာ ပြန့်ပွားခဲ့တာတွေကို အမှီပြုပြီး တောင်၊မြောက်ခွဲခြားခဲ့တာ ဖြစ်ပါလိမ့်မယ်။ဆရာမကြီး ဒေါ်အုန်းကတော့ ဟိနယာနဂိုဏ်းကို တောင်ပိုင်း ဗုဒ္ဓဘာ သာလို့ ခေါ်တဲ့အခေါ်ဟာလည်းမှားယွင်းနေတယ်လို့ ဆိုပါတယ်။ဘာလို့လဲဆိုတော့ ထေရဝါဒဂိုဏ်းနဲ့ အခြားဟိန ယာနဂိုဏ်းတွေဟာ အိန္ဒိယတောင်ပိုင်းဒေသက ပေါက်ဖွားလာတာ မဟုတ်ဘဲ အိန္ဒိယ မြောက်ပိုင်းဒေသတစ်ဝိုက် ကသာ ပေါ်ထွက်ခဲ့လို့လို့ ဆိုပါတယ်။ဒါကြောင့် တောင်ပိုင်းဗုဒ္ဓဘာသာဆိုတာထက်၊ခေါ်ချင်း ခေါ်ရင် ပါဠိဗုဒ္ဓသာ သာလို့ခေါ်ဆိုတာဟာ အသင့်တော်ဆုံးပဲလို့ထောက်ပြဆွေးနွေးထားပါတယ်။
   ဆရာမကြီးဒေါ်အုန်းရဲ့ ယူဆချက်ကို ဖတ်မိတော့ ပုဂံသွားခဲ့တုန်းက အဖြစ်အပျက်လေးကိုတောင် သတိရမိပါ တယ်။ရွှေစည်းခုံက ဘယ်နားလဲဗျဆိုတော့ အရှေ့မှာတဲ့။ကျနော်က နေထွက်ရာ အရပ်ကို အရှေ့ဟုခေါ်သည်ဆိုတဲ့ သူမျိုးဆိုတော့ ဟာ-သောက်ကျိုးနည်း ညကြီးမင်းကြီး အရှေ့အရပ်ကို ဘယ်လိုရှာမလဲဆိုတဲ့ အတွေးနဲ့ ဖုန်းဖွင့်ပြီး ရှာမယ် အလုပ်မှာ အိမ်သူက တော်ကလည်း ဒီကနေ ရှေ့ကို ဆက်သွားရင် တွေ့မယ်လို့ပြောသွားပြီပဲ။ဘာလို့ ဖုန်း ဖွင့် ရှာနေဦးမှာလဲ။ဆက်မောင်းကြည့်တဲ့။ကျနော်လည်းအရှေ့အရပ်ကို မရှာတော့ဘဲ ဆက်မောင်းလိုက်တော့ ရွှေ စည်းခုံစေတီကြီးကို တွေ့ရတယ်ဗျာ။ဒီလိုဆိုတော့လည်းသူ့အရပ်နဲ့သူ့ဇာတ်တွေကြားမှာ ကျနော်တို့ပဲ အရှေ့ အ နောက် မှားနေကြတယ် ထင်ပါရဲ့ ဆရာကြီး၊ဆရာမကြီးတို့ရေ--။
                                                                                                                                              ကျော်ထင် — ကျော်ထင် (ဆွေးနွေးပံ့ပိုး) ၏ လက်မှတ်မရေးထိုးထားသော ဆွေးနွေးချက်။ 11:30, 14 May 2020

မြန်မာစာအကြောင်း

ပြင်ဆင်ရန်

မြန်မာစာအခက်

၁။

  အခန်းထဲက ထွက်မယ်အလုပ်မှာ တွဲဘက် ရေးရမှာလား၊တွဲဖက် ရေးရမှာလားလို့ အမေးရှိလာတာကြောင့် ဖက်နဲ့ရေး။ ကြိယာနဲ့တွဲရင် ဖက်နဲ့ရေးလို့ ပြောဖြစ်ခဲ့ပေမယ့် သိပ်တော့ ပြည့်စုံလှတဲ့ အဖြေ မဟုတ်ပါဘူး။ အဲ့ဒီ အဖြေဟာ မေးလိုက်တဲ့ မေးခွန်းအတွက်ပြည့်စုံလုံလောက်ချင် လုံလောက်နိုင်ပေမယ့်၊အဖြေအနေနဲ့ ကြည့်ရင် တော့ ပြည့်စုံလုံလောက်ပုံ မပေါ်သေးပါဘူး။ဖက်နဲ့ဘက် အသုံးကို အကြောင်းပြုလို့ မြန်မာစာအခက်တွေကို ထပ်ပြီး ချဉ်းကပ်ကြည့်ချင်ပါသေးတယ်။
  မြန်မာစာအဖွဲ့က ထုတ်ဝေတဲ့မြန်မာစာ မြန်မာစကားမှာကြိယာ ဖြစ်ရင်၊သချၤာနဲ့တွဲရင်၊အဖော်ဖြစ်ရင် ဖ-ဦးထုပ် ဖက်နဲ့ ရေးရမယ်။အစ စကားလုံးတွေနဲ့ ရပ်တည်ချက်တွေမှာဆို ဘ-ကုန်း ဘက်နဲ့ ရေးရမယ်လို့ ဖက်နဲ့ဘက် ကို ခွဲခြားပေးထားပါတယ်။ဒါပေမယ့် ဒီရေးညွှန်းတွေမှာ ချွင်းချက်တွေ ရှိနေတာကို တွေ့ရပြန်ပါတယ်။ဖက်ပြိုင်ကို ကြည့်ကြည့်ပါ။ဖက်ပြိုင်ဟာ ကြိယာသဘောဖြစ်လို့ ဖနဲ့ဖက်တာ မှန်ပေမယ့်၊အစ စာလုံးကို ဘနဲ့ ဘက်ရမယ် ဆို တာနဲ့ ဆန့်ကျင်နေပြန်ပါတယ်။
  ပြီးတော့ ဘက်ပဲ့၊ဘက်လိုက်ဆိုတာတွေကလည်း ကြိယာတွေပါပဲ။ဒါပေမယ့် ညွှန်းသလို ဖနဲ့ မဖက်ဘဲ၊ဘနဲ့ ဘက်နေတာ တွေ့ရပါတယ်။ဒါကြောင့် ဖက်နဲ့ဘက် အစစာလုံး မဟုတ်တဲ့ ပြိုင်ဖက်နဲ့ပြိုင်ဘက် ဆိုတဲ့စကား လုံး တွေကို ယှဉ်ကြည့်မိပါတယ်။ပြိုင်ဖက်ဟာ ကြိယာသဘောဖြစ်လို့ ဖ-ဦးထုပ်နဲ့ ဖက်ကြောင်း။နာမ်သဘောဆောင် တဲ့ ပြိုင်ဘက်ကျတော့ ဘ-ကုန်း နဲ့ ဘက်ကြောင်း၊ကြိယာသဘော၊နာမ်သဘောဆိုတာကို တွေ့မြင်နိုင်ပါ လိမ့် မယ်။ယှဉ်ဖက်ကို ကြည့်ရင်လည်း ကြိယာသဘောဖြစ်လို့ ဖ-ဦးထုပ်နဲ့ ဖက်တာကို တွေ့မြင်နိုင်ပါတယ်။
  ယှဉ်ဘက်၊ပြိုင်ဘက်တွေမှာကျတော့ နာမ်သဘောဆောင်တာဖြစ်လို့ ဘ-ကုန်းနဲ့ ဘက်ကြတာ ဖြစ်ပါတယ်။ ဒီတော့ ကြိယာသဘောဆို ဖက်။နာမ်သဘောဆို ဘက်ကြပါလို့ ပြောချင်မိတယ်။ဒါပေမယ့် ခက်တာက အဲ့ဒီ့မှာ လည်းချွင်းချက်တွေ ရှိနေပြန်တယ်။ယှဉ်တွဲဖက်၊သွားဖော်သွားဖက်၊ဆိုးဖော်ဆိုးဖက်၊စားဖော်စားဖက်တွေဟာ နာမ်သဘော ဖြစ်ပေမယ့် ဖဦးထုပ်နဲ့ ဖက်ရေးကြတယ်။ရဲဘော်ရဲဘက် ကျတော့ အသုံးများတာကို လိုက်ပြီး ဘ -ကုန်းနဲ့ဘက်တယ်လို့ဆိုပြန်ပါတယ်။ဒီတော့ ဖက်နဲ့ဘက်ကို မှန်မှန်ကန်ကန်သုံးနိုင်ဖို့ဆိုရင် ဘယ်လိုလုပ်ကြမှာ လဲ။နည်းစနစ် မရှိဘဲ ပုံသေပဲမှတ်ကြရမှာလား။ဒါမှမဟုတ် ဖက်နဲ့ဘက်တွေရဲ့အဓိပ္ပါယ်ကို ဂဃနဏသိအောင် လုပ်ကြရတော့ မှာလား။စည်းနဲ့ကမ်းနဲ့ မဟုတ်ဘဲ အသေမှတ်ရတာမျိုးကိုတော့ ကိုယ့်စာပေအတွက် အလို မရှိ ရိုး အမှန်ပါ။
  ဒါပေမယ့်လည်း ကြိယာဆိုရင် ဖက်၊နာမ်ဆိုရင် ဘက်ဆိုတာမျိုး တိတိကျကျ မလုပ်နိုင်ပြန်ပါဘူး။ဒ့ါကြောင့်မို့ ဖက်နဲ့ ဘက်ကို တူးဆွကြည့်ဖြစ်ပါတယ်။ဖက်ရဲ့နာမ်သဘော ထည့်စရာ အင်ဖက်၊ငှက်ပျောရွက် စတဲ့ဖက်ကို တော့ မှားနိုင်စရာ မရှိတာကြောင့် မပြောလိုပါဘူး။ကြိယာသဘော ပြတဲ့ ဖက်ဆိုတာက သိမ်းကျုံးပိုက်ယူတာ၊ ယှဉ်တွဲတာ၊ညီညွတ်တာ၊လိုက်တာ တွေပါ။အဲ့ဒီလို ကြိယာသဘောဖြစ်မယ်၊ဒါမှ မဟုတ် အခြားကြိယာတစ်ခုခုနဲ့ တွဲမယ် ဆိုရင် ဖ-ဦးထုပ် က-သတ် ဖက်ရပါတယ်။ယှဉ်ဖက်သည်ဆိုတာ အပြိုင်ပြုတာ ဖြစ်လို့ ကြိယာသဘော။ တွဲဖက်၊စားဖက်၊ဆိုးဖက်တွေမှာကျတော့ တွဲ၊စား၊ဆိုးဆိုတဲ့ ကြိယာတွေနဲ့ တွွဲတာ၊ဒါ့ကြောင့်ဖ-ဦးထုပ် က-သတ် ဖက်ပါ တယ်။
  ဒါ့အပြင် ဖက်ကို ယှဉ်လျက်။ပြိုင်လျက်ဆိုတဲ့ ကြိယာဝိသေသန အနေနဲ့လည်း သုံးကြတာ တွေ့ရတယ်။ဖက် ပြိုင်၊ဖက်ယှဉ်တွေမှာ ပါတဲ့ ဖက်ဟာ ပြိုင်နဲ့ယှဉ်ဆိုတဲ့ ကြိယာတွေကို အထူးပြုသလို ရှိတာမို့ ကြိယာဝိသေ သန သဘောဆောင်နေပါတယ်။အဲ့ဒီလို ကြိယာဝိသေသနသဘော ဆောင်နေတယ်ဆိုရင်လည်း ဖဦးထုပ်နဲ့ ဖက်ရ မယ်။ထူးခြားတာက ဖက်နဲ့ ဘက်ဟာ ရှေ့ကတွဲမယ့် နာမ်နဲ့လိုက်ဖက်အောင်လည်း ရေးတတ်ကြပါသေးတယ်။
  အဖော်နဲ့တွဲရင် ဖက်။ရဲဘော်နဲ့ တွဲရင် ဘက်။ဒ့ါကြောင့်လည်း အဖော်အဖက်နဲ့ ရဲဘော်ရဲဘက်ဆိုပြီး သီးခြား ထူးခြားစွာရေးနေတာပဲ ဖြစ်ပါတယ်။နောက်ထပ်မျိုးပြ ပစ္စည်းအဖြစ် သုံးနိုင်သေးတာလည်း ရှိပါသေးတယ်။ ဖိနပ် တစ်ဖက်၊နားကပ်တစ်ဖက်ဆိုတဲ့ မျိုးပြပစ္စည်းတွေမှာ ကျတော့ ဖက်ကိုပဲ သုံးကြပါတယ်။

၂။

  ဘက်ကျတော့ အရပ်မျက်နှာ။ရပ်တည်ရာအပိုင်းအခြားဆိုတဲ့ နာမ်သဘောသက်သက်ပဲ သုံးနိုင်တာ တွေ့ရ တယ်။တောင်ဘက်၊မြောက်ဘက်၊အရှေ့ဘက်ဆိုတာတွေဥစ္စာပေါရုပ်ချော၊ဉာဏ်ပညာပါ မနည်းတဲ့ အဘက် ဘက်က ပြည့်စုံတယ်ဆိုတာမျိုးတွေ။အားကစားဘက်လည်း ရ၊အနုပညာဘက်လည်း ရတဲ့ ဘက်စုံ ပြည့်စုံတာ မျိုးတွေ။သူတို့နှစ်ယောက်က ပြိုင်ဘက်တွေပဲဆိုတာမျိုးတွေမှာ နာမ်သဘောမို့ ဘ-ကုန်းနဲ့ ဘက်ကြတယ်။
  ဒါပေမယ့် ဘက်လိုက်၊ဘက်ညီနဲ့ ဘက်ပဲ့ဆိုတဲ့ ဝေါဟာရတွေမှာကျတော့ ကြိယာသဘောဖြစ်ပေမယ့် ဖဦး ထုပ်နဲ့ မဖက်ဘဲ၊ဘကုန်းနဲ့ ဘက်တယ်။ဒါကလည်း အဲ့ဒီ့ဝေါဟာရတွေမှာ ပါတဲ့ ဘက်ဟာ ဟိုဘက်ဒီဘက်ဆိုတဲ့ ရပ် တည်ရာ ဖြစ်နေလို့ ဘကုန်းနဲ့ ဘက်ရခြင်းဖြစ်ပါတယ်။ဒါကြောင့် ဘက်နဲ့ဖက်အသုံး မှန်ဖို့ဆိုရင် ပုံသေ အ သေ မှတ်ထားတာထက် အနက်အဓိပ္ပာယ်ကို သိအောင် သေချာလေ့လာထားမှပဲ ရပါမယ်။ဒါမှလည်း မှန်မှန် ကန်ကန်နဲ့ တစ်သွေးညီ တစ်ပြေးညီ ရေးနိုင်ကြပါလိမ့်မယ်။
  အဲ့လိုမှ မရေးသားကြရင် မြန်မာစာဟာ သူတစ်မျိုး၊ကိုယ်တစ်ဖုံ ဖြစ်ပြီး၊သူများမလေးမခန့် ပြုရတဲ့အဆင့်ဆီ ရောက်သွားမှာပါပဲ။ဗြိတိသျှဗမာ ခေတ်တုန်းကလည်း အဲ့ဒီလို သူတစ်မျိုး၊ကိုယ်တစ်သွယ် ရေးကြ၊သုံးနှုန်းကြလို့ မြန်မာစာကို စည်းမရှိကမ်းမရှိ ရေးထုံးတွေနဲ့ ရေးကြတဲ့ ဘာသာအဖြစ် အထင်သေးခံခဲ့ရဖူးတာကို ပျဉ်ဖိုးနား လည်မိပါတယ်။မြန်မာစာပေဂုရုကြီးများအနေနဲ့ကလည်းမြန်မာစာ ရေးထုံး၊သတ်ညွှန်းတွေကို အတည်ပြု ပေး ကြ တဲ့အခါအများပြည်သူရဲ့ဉာဏ်ရည်ဉာဏ်သွေးတွေကိုပါ ထည့်တွက်ပြီးသတ်မှတ်ပေးသင့်တာလည်း ပေးရ ပါမယ်။ခေတ်ကို ကြည့်ဖို့လိုအပ်ရင်လည်း ကြည့်ရပါမယ်။ဖြတ်သန်းနေတဲ့ခေတ်ရဲ့ လူတွေက မြန်မာစာ ရေးတာ တွေ ကို သူတစ်မျိုးကိုယ်တစ်ဖုံ ရေးနေကြတဲ့အချိန်မှာ ရှေးဟောင်းထုံးတမ်းတွေထဲမှာ ငိုက်မြည်းအိပ်ပျော်နေ ဖို့ မသင့်ပါဘူး။ခေတ်အဆက်ဆက် ပြောင်းလဲလာတဲ့ မြန်မာစာရေးထုံးတွေဟာ ဒီနေ့လို ခေတ်ကာလမှာ ပြောင်း လဲစရာ မလိုအပ်အောင် ပြီးပြည့်စုံသွားပြီလို့ခံယူလိုက်ကြလို့လား။
  မြန်မာစာဆိုတာ ရှေးတုန်းကလို လူတန်းစား နည်းနည်းလေးလောက်သာသုံးတဲ့စာ မဟုတ်တော့တဲ့အတွက် လူထုလူတန်းစားအသီးသီး ရေးသားသုံးနှုန်းကြတဲ့ လူထုစာ ဖြစ်နေပါပြီ။ထီးသုံးနန်းသုံး နေရာကနေ လမ်းပြင် နေ သည် ဖြည်းဖြည်းမောင်းကစလို့၊ကွမ်းယာဆိုင်အလယ်၊လေထိုးကျွတ်ဖာအဆုံးထိမှာ လူသုံးစရာ ဖြစ်နေပါပြီ။
  ဒ့ါကြောင့်လည်း ပြည်သူလူထုအားလုံး အမှားနည်းနိုင်မယ့်၊တိကျရေရာတဲ့သတ်ထုံးသတ်ညွှန်းမျိုးတွေကို ပိုပြီး မျှော်လင့်မိကြည့်မိတာပါပဲ။အသုံးကိုလည်း ညှိကြ၊ရေးထုံးကိုလည်း တိကျစေချင်မိတာပါပဲ။ဝေါဟာရ တစ်လုံး ချင်းရဲ့ စာလုံးပေါင်းကို လိုက်မှတ်နေရတဲ့ ဗြဟ္မဏနတ်ပူဇော်သလို ရေးထုံးမျိုးကိုတော့ စည်းနဲ့ကမ်းနဲ့မြန်မာစာ ဆိုပြီး ဂုဏ်ယူ မနေချင်ပါဘူး။နတ်ပူဇော်တဲ့အလုပ်ကို ဗြဟ္မဏတွေပဲ လုပ်နိုင်ကြသလို စာလုံးပေါင်းသတ်ပုံအမှန် ကို မြန်မာစာပညာရှိတွေကပဲ သုံးနိုင်တယ်ဆိုတာမျိုးကို ပြန်စဉ်းစားဖို့ လိုမယ်ထင်ပါတယ်။ပေါင်းချင်သလို ပေါင်း ကြတာမျိုး မဖြစ်ဖို့ရယ်၊ပညာရှိစာ ဖြစ်နေတာမျိုးရယ်ဆိုတဲ့ အစွန်းနှစ်ပါးကို ရှောင်ကြဖို့ ဆန္ဒပြုချင်ပါတယ်။

၃။

  တကယ်တော့ မြန်မာစာသတ်ပုံတွေမှာ နားလည်ရခက်ခဲရတာတွေ အများကြီးပါ။ သတ်ပုံသတ်ညွှန်းဆိုရင် လည်း တိကျတဲ့ ပေါင်းနည်းမျိုးနဲ့ မဟုတ်ဘဲ ပင့်ဖို့၊ရစ်ဖို့။ပသတ်ဖို့၊တသတ်ဖို့။စတာတွေကို တစ်လုံးချင်းအပေါ်မှာ အသေမှတ်သားထားနေရတာမျိုးပါ။ဒါကလည်းမြန်မာစာအရေးအသားစနစ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မြန် မာစာရဲ့ အရေးရုပ်သွင်ကို လေ့လာကြည့်တဲ့အခါ အသံတစ်ခုပဲ ပါတဲ့ ဧကဝဏ္ဏစကားလုံးတွေနဲ့ အသံတစ်ခု ထက် ပိုတဲ့ ဗဟုဝဏ္ဏစကားလုံးတွေဆိုတာကို တွေ့ရပါတယ်။အထူးသဖြင့်ကတော့ မြန်မာစကားလုံးတွေဟာ တစ်လုံးနဲ့ တစ်လုံး ပူတွဲအသုံးပြုနိုင်ကြတဲ့အတွက်ရယ် တစ်လုံးချင်းမှာလည်း အဓိပ္ပါယ် ရှိနေတာတွေရယ် ကြောင့် တိကျ သေချတဲ့ စာလုံးပေါင်းစနစ်ကို ဖန်တီးတီထွင်လို့ မရနိုင်တာလည်း ဖြစ်နိုင်ပါတယ်။
  ရှေ့စာလုံးက ရစ်ရင် နောက်စာလုံးကိုလည်း ရစ်ရမယ်ဆိုတာမျိုး၊ရှေ့စာလုံး ပင့်ရင် နောက်စာလုံးလည်း ပင့်ရမယ်ဆိုတာမျိုး မကန့်သတ်နိုင်ဘဲ ရှေ့နဲ့နောက်ဟာ ဘာမှ မသက်မဆိုင် ပေါင်းရတာမျိုးတွေရှိ အများကြီးပါ။ “များ” ဆိုတဲ့ ဝဏ္ဏဟာ ပေါများတာ၊အရေအတွက်မနည်းတာ။ “ပြား”ဝဏ္ဏရဲ့ ကြိယာအနက်က ကွဲပြားတာ၊ ထွေ ပြားတာ။ပြားချပ်တာ။ “မြောက်”ဝဏ္ဏကျတော့ အရပ်မျက်နှာနဲ့ ကြွတက်တာ။မြားဝဏ္ဏက လေးညိုှနဲ့ ပစ်လွှတ်ရတဲ့ မြား တံ။အိမ်အမိုးမှာ ရှိတဲ့ ဒိုင်းတွေပေါ်က ကန့်လန့်တန်း။
  အဲ့ဒီလို အနက်အသီးသီးရှိတဲ့ ဧကဝဏ္ဏတွေကို ဗဟု ဝဏ္ဏလုပ်ထားတဲ့ များပြား နဲ့ မြောက်မြား ရလာတယ်။ ဒါပေမယ့် ဒီဝဏ္ဏနှစ်ခုစီရှိတဲ့ စကားလုံးနှစ်လုံးဟာ ဖွဲ့စည်းပုံခြင်း မတူညီကြဘူးဆိုတာ တွေ့ရပါတယ်။များပြားဟာ အရေအတွက် ပေါများတာနဲ့ကွဲပြားတာဆိုတဲ့ အနက်နှစ်ခုကို ပေါင်းစပ်တာကြောင့် ဖြစ်ပေါ်လာတဲ့စကားလုံး ဖြစ်ပေမယ့်၊မြောက်မြားဆိုတာက အထက်မှာ ဖော်ပြခဲ့တဲ့ မြောက်နဲ့မြားကို ပေါင်းစပ်ထားတာ မဟုတ်ဘဲ၊ ပင်ကို သဘာဝအတိုင်း ရှိနေတဲ့စကားလုံးမျိုးပါ။ဒါပေမယ့် ဒီစကားလုံးနှစ်လုံးကိုအ-အ ဆိုတဲ့ပစ္စည်းနဲ့ဆက်ပြီး ကြိယာ ဝိသေသနအဖြစ် အများအပြား၊အမြောက်အမြားလို့ သုံးတဲ့အခါ အများအပြားက အများအတိုင်း  အမြောက် အ မြားက အမြားကို အများ နဲ့အတူတူပဲလို့ထင်မိတတ်ကြတယ်။ ဒါပေမယ့် များပြားက အများနဲ့ မြောက်မြားက အမြားဟာ မတူညီပါဘူး။ပင်ကို မြောက်မြားကို အ-အ ပစ္စည်း ဆက်ပြီး ဖြစ်လာတဲ့စကားလုံး ဖြစ်လို့ အများလို့ ရေးလို့ မရပါဘူး။အမြားပဲ ရေးရပါတယ်။
  အဲ့ဒီတော့ ရှေ့စာလုံး ရစ်ရင် နောက်စာလုံးလည်း ရစ်ရမယ်။ဥပမာ ကြီးပြင်း၊ကြေမြည့်၊ခြိုးခြံ၊ြ ခစ်ခြစ်ခြုတ် ခြုတ်၊မြောက်မြားစတာမျိုး။ ရှေ့စာလုံးပင့်ရင် နောက်စာလုံးလည်း ပင့်ရမယ်။ဥပမာ ကျစ်လျစ်၊ကျဉ်းကျုတ်၊ ကျိန်းကျေ၊ ချောက်ချား၊ ချစ်ချစ် တောက်၊ဆိုတာမျိုးနဲ့စကားလုံးတိုင်းကို စနစ်တစ်ခုနဲ့ ပင့်ချည်းပဲ၊ရစ်ချည်းပဲ လုပ်လို့ ရနိုင်မှာ မဟုတ် ပါဘူး။
  တော်တော်များများဟာ တစ်ခုထက်ပိုတဲ့ စကားသံတွေရယ်၊တစ်ခုမကတဲ့ အနက်အဓိပ္ပာယ်တွေရယ်ကို ပေါင်းစပ်ဖွဲ့စည်းထားတာကြောင့် ရှေ့ရစ်ပေမယ့်၊နောက်ကို ပင့်ချင်ပင့်တယ်။ရှေ့ပင့်ပေမယ့်လည်း နောက်ကို ရစ်ချင် ရစ်မယ်။ဥပမာ ကျဉ်ကြော၊ ကြာချပ်၊ချဉ်ဖြုံး၊ပျက်ပြယ်၊ဖျန်ဖြေ၊မျဉ်းကြောင်းစတဲ့ဝေါဟာရတွေလို ဝဏ္ဏ တစ်ခု၊အနက်တစ်မျိုးနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာတွေပါ။ဒီလို ပေါင်းစပ်တည်ဆောက်တဲ့ အရေးရုပ်သွင်ကြောင့် လည်း ပင့်ရစ်တွေကို ဝေါဟာရတစ်လုံးချင်းတိုင်းအတွက် လိုက်မှတ်နေရတာ ဖြစ်ပါတယ်။

၄။

  အဲ့ဒီလို ရှုပ်ထွေးပြီး အသေမှတ်ရတဲ့ ရေးဟန်တွေနဲ့ ဖွဲ့စည်းထားရတဲ့အထဲမှာ မွေးစားစကားလုံးတွေကြောင့် လည်း အခက်တွေ့ရပါသေးတယ်။အထူးသဖြင့် ပါဠိစကားလုံးတွေကို ယူငင်မွေးစားတဲ့အခါ မွေးစားသားမှန်း သိ စေချင်တဲ့အတွက် ပါဠိမှာ မောက်ချ၊ရေးချပါရင် မြန်မာမှာလည်း မောက်ချ၊ ရေးချ လိုက်ထည့်ရေးရတာမျိုးပါ။ အဲ့ဒီမှာ ဘာသွားဖြစ်လဲဆိုတော့ မောက်ချ၊ရေးချ ပါလား၊မပါလား ဇဝေဇဝါတွေ ဖြစ်ကုန်ကြပါတယ်။မပါတာကို လည်း ထည့်မိတတ်သလို၊ပါတာမှာလည်း ချန်ထားမိတတ်ပါတယ်။
  တကယ်တော့ မောက်ချ၊ရေးချဆိုတာ မြန်မာစကားသံထွက်ရေးမှာတော့အကျုံးဝင်တယ်လို့ မဆိုနိုင်ပါဘူး။ ဘယ်ပါဠိစကားလုံးက လာတယ်ဆိုတာ သိရုံလောက်ပဲလို့ ထင်ပါတယ်။ဘေးဥပဒ်က ပဒ်နဲ့ ဖြစ်တည်တယ်ဆို တာ ကို ပြောတဲ့ ဥပါဒ်ထဲက ပါဒ်တွေဟာ အရင်းအမြစ်စကားလုံး မတူတာကြောင့် စာလုံးပေါင်းပုံချင်းမှာလည်း မတူကြတာ တွေ့ရတယ်။ ဒါကို ကွဲပြားဖို့ရေးချ၊မောက်ချတွေ ထည့်ကြတာ ဖြစ်လိမ့်မယ်။ဒါပေမယ့် ဒီဘက် ခေတ် ကျနော်တို့အများစုဟာ ပါဠိစာပေဘက်မှာလည်း အရင်လို မတတ်ကြတော့တာကြောင့် အရင်းအမြစ်ကို မသိတော့ဘဲ ကြံဆပြီးပဲ ဖြစ်ဖြစ်၊အလွတ်ကျက်မှတ်ပြီးတော့ပဲ ဖြစ်ဖြစ်ပေါင်းနေကြရတော့တယ်။
  ဥပမာ ပြောရရင် အဓိပ္ပါယ်၊အပါယ်တွေ ရေးတဲ့အခါ အဓိပ္ပါယ၊အပါယတွေက လာလို့ပါယ်မှာ မောက်ချပါ တယ်။တိရစ္ဆာန်၊သဏ္ဌာန်၊သုသာန်၊ပြာသာဒ်တွေထဲက ဆာန်၊ဌာန်၊သာန်တွေမှာကျတော့ ရေးချပါရတယ်။ အဲ့ ဒါ တွေ ကို အရင်းအမြစ် သိကြလို့ မဟုတ်ဘဲ ကျက်ကြ၊မှတ်ကြပြီး ပေါင်းနေကြရတယ်။အဲ့လိုဆိုတော့ ပါဠိသက် မြင်ရင ်မောက်ချတွေ၊ရေးချတွေ ထည့်ရမလား၊မထည့်ရဘူးလားဟာ လူတော်တော်များများအတွက် မသေမချာ ဖြစ် ကြရတယ်။ကိုးကားစရာရှိတဲ့သူက ကိုးကားစရာ အားကိုးနဲ့ရေးနိုင်ပေမယ့် မရှိတဲ့သူတွေကျတော့ ပစ္စုပ္ပန်၊ မဏ္ဍပ်၊ဥပဒ်၊ဒဏ်၊အနာဂတ် စတာတွေမှာလည်း အစိုးရိမ်လွန်ပြီး မောက်ချတွေ ထည့်ရေးမိတတ်ကြတယ်။
  မြန်မာစာပေမှာ အဲ့ဒီ့ပြဿနာတွေဟာ တော်တော့်ကို ခက်ပါတယ်။ဒါပေမယ့် ဒီ့ထက်ပိုခက်တာက ဒီလို အ ခက်တွေကို လွယ်အောင် ဘယ်လိုလုပ်မလဲလို့ စဉ်းစားကြည့်ဖို့က ပိုခက်လိမ့်မယ်လို့ထင်ပါတယ်။
                                                                                                      ကျော်ထင် — ကျော်ထင် (ဆွေးနွေးပံ့ပိုး) ၏ လက်မှတ်မရေးထိုးထားသော ဆွေးနွေးချက်။ 12:01, 14 May 2020---ကျော်ထင် (ဆွေးနွေး)  ၁၂:၂၁၊ ၁၄ မေ ၂၀၂၀ (UTC)အကြောင်းပြန်ရန်

  မင်္ဂလာပါ။ ဝီကီပီးဒီးယားက ကြိုဆိုပါတယ်။ ဆွေးနွေးချက် စာမျက်နှာများနှင့် ဆွေးနွေးချက်များရှိနေသော ဝီကီပီးဒီးယား စာမျက်နှာများမှာ အကြောင်းအရာတွေ ထည့်သွင်းလိုက်တိုင်း ကျေးဇူးပြု၍ သင့်စာစုများကို လက်မှတ်ရေးထိုးပေးပါ။ (ဒါပေမယ့် ဆောင်းပါးတွေ တည်းဖြတ်ရင်တော့ မလုပ်ရပါဘူး။) လက်မှတ်ထိုးနိုင်ဖို့ နည်းလမ်းနှစ်ခုရှိပါတယ်။

  1. tilde သင်္ကေတ လေးခု ( ~~~~ ) ကို သင့်သုံးသပ်ချက်စာစု အဆုံးမှာ ရိုက်ထည့်နိုင်ပါတယ်။ ဒါမှမဟုတ်
  2. သင့်သုံးသပ်ချက်စာစု အဆုံးမှာ cursor ချပြီးတော့ အပေါ်က ဘားတန်းမှာရှိတဲ့ လက်မှတ်ခလုတ် (  သို့မဟုတ်  ) ကို နှိပ်နိုင်ပါတယ်။

အဲဒီလိုလုပ်ခြင်းဖြင့် သင့်အသုံးပြုသူအမည် သို့မဟုတ် အိုင်ပီလိပ်စာနှင့် သုံးသပ်ချက် ထည့်သွင်းသည့် အချိန်တွေကို လက်မှတ်အနေနဲ့ အလိုအလျောက် ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။ သုံးသပ်ချက်တွေ ဘယ်သူက ဘယ်အချိန်မှာ ရေးသွားခဲ့တယ်ဆိုတာကို အခြားတည်းဖြတ်သူတွေက ဒီအချက်အလက်တွေကြည့်ခြင်းဖြင့် အလွယ်တကူ သိနိုင်မှာပါ။

ကျေးဇူးတင်ပါတယ်။ --NjsBot (ဆွေးနွေး) ၁၂:၀၂၊ ၁၄ မေ ၂၀၂၀ (UTC)အကြောင်းပြန်ရန်

မြန်မာစာအကြောင်း

ပြင်ဆင်ရန်

ဝေါဟာရအို၊ပေါရာဏစကား

၁။

  သည်ရင်း  ဆိုတာရဲ့ အဓိပ္ပါယ်အဖွင့်မှာ ကွင်းစ၊ကွင်းပိတ်နဲ့ ပေါရာဏလို့ ထည့်ရေးထားလို့ ပေါရာဏရဲ့ အ ဓိပ္ပါယ်ကို ချဲ့စဉ်းစားကြည့်မိပါတယ်။ပေါရာဏဆိုတာ ဘာလဲ။ပါဠိလားတဲ့။ခုခေတ်မှာ မသုံးတော့တဲ့ စကားလုံး လား တဲ့။တကယ်တော့ ပေါရာဏဆိုတာ ရှေးကတည်းက သုံးစွဲလာခဲ့တဲ့ ရှေးဟောင်းစကားကို ပြောတာပါ။ပါဠိ အဘိဓာန်မှာက ရှေးဟောင်းဖြစ်သော။အဟောင်းဖြစ်သော။ရှေးလူဟောင်း။ရှေးပညာရှိ။ ရှေးဆရာလို့ တွေ့ ရပါ တယ်။
  ဆရာကြီး မင်းသုဝဏ်ရဲ့ မြန်မာစာ၊မြန်မာမှုထဲမှာတော့- ရှေးပျို့လင်္ကာ စာဟောင်း ပေဟောင်းတို့တွင် တွေ့ရ ၍ ယခုအခါ အသိရခက်သော စကားလုံးများ ဖြစ်သည် လို့ ဆိုထားပါတယ်။မြန်မာအဘိဓာန်မှာတော့ ပညာရှင် အဆက်ဆက် ရှေးသုံးအဖြစ် သတ်မှတ်ခဲ့သော ဝေါဟာရလို့ ဖွင့်ပြထားပါတယ်။ဒီတော့ ပေါရာဏစကားဆိုရင် ရှေးလူတွေရဲ့စကား။ရှေးဟောင်းစကား။ရှေးပညာရှိတွေရဲ့စကားလို့ ဆိုနိုင်လိမ့်မယ် ထင်ပါတယ်။
  ပြောရရင်တော့ ပေါရာဏဆိုတာ ဝေါဟာရအိုကြီးတွေပါ။စကားလုံး ဘိုးအေကြီးတွေပါ။ဘိုးဘေးကြီးတွေကို ဒီဘက်ခေတ်မှာ သုံးတာ၊မသုံးတာထက် ဝေါဟာရအိုကြီးတွေဟာ ရှည်လျားတဲ့အချိန်ကာလတွေကို ဖြတ်သန်း ခဲ့ကြရတာကတော့ အသေအချာပါပဲ။ဘယ်လောက်များတောင် ဖြတ်သန်းခဲ့ကြရလဲဆိုရင် မြန်မာစာ ပေါ်စ က တည်းက နှစ်ပေါင်းထောင်ချီ ဖြတ်သန်းခဲ့ကြရတယ်လို့ မှော်ဘီဆရာသိန်းကြီးရဲ့ ပေါရာဏဒီပနီမှာ သုံးသပ်ပြ ထားတာ တွေ့ရပါတယ်။

၂။

  ဒါဆို ဘယ်လို ဝေါဟာရမျိုးဟာဖြင့် ပေါရာဏ ဖြစ်နိုင်သလဲ။ကျနော်တို့ ငယ်ငယ်ကတော့ အဓိပ္ပာယ် မသိရင် ပေါရာဏလို့ ရမ်းတုတ်တော့တာပါပဲ။ကြားဖူးတဲ့ ပခြုပ်သည် ဆိုတာနဲ့ ပတ်သက်ပြီး ငြင်းကြခုန်ကြတော့ ပခြုပ် သည် ဆိုတာကို ဘယ်သူမှ မသိကြလို့ ပေါရာဏဆိုပြီး ရောချခဲ့ကြဖူးတယ်။ခက်တာက အဲ့ဒီ့ ပခြုပ်သည်  ဆိုတဲ့ ဝေါဟာရကို မြန်မာအဘိဓာန်မှာ ရှာတော့လည်း ပခြုပ်  ပဲ တွေ့တယ်။ပခြုပ်သည်  ကို ဖော်ပြထားတာ မတွေ့ရ ဘူး။ မြန်မာ-အင်္ဂလိပ် အဘိဓာန်ကို လှန်ရှာကြည့်မှသာ ပခြုပ်သည် ဆိုတာ ပြည့်တန်ဆာနဲ့ အတူတူပဲလို့ သိကြ ရတယ်။
  ဒီနေ့ခေတ်နဲ့ဆို မဖတ်ဖူး၊မတွေ့ဖူးတိုင်းသာ ပေါရာဏလို့ ရောချကြကြေးဆို မြန်မာဝေါဟာရ အားလုံးနီးပါးလောက်ဟာ ပေါရာဏ ဖြစ်ကုန်ကြတော့မယ့်ကိန်းပါ။စာဖတ်နည်းလာတဲ့ခေတ်မှာ မြန်မာဝေါဟာရ တော်တော်များ များဟာလည်း အနက်ခက်၊အသိခက်တဲ့ စကားလုံးတွေအဖြစ် ရောက်ကုန်ကြတယ်။ကောက်ညှင်းပေါင်းရောင်းတဲ့သူတွေ၊နို့ထမင်းရောင်းတဲ့သူတွေ သုံးလေ့ရှိတဲ့ ခံတောင်းဆိုတာကို မသိလို့ ခံတောင်းလေး ရွက်ပြီး၊မုန့် ဟင်းခါး ရောင်းတယ်ဆိုတာကို၊ခါးတောင်းကျိုက်ပြီး မုန့်ဟင်းခါး ရောင်းတယ်လို့ ပြင်ဖို့ လုပ်တဲ့ခေတ်ပါ။တချို့က ပါဠိဘာသာစကားတွေနဲ့ ညှပ်ပြီး ရေးသားကြလို့ အသိခက်၊အဓိပ္ပါယ်နက်နေပေမယ့် မြန်မာစကား စစ်စစ်ကြီးတွေလည်း အသုံးနည်း၊အဖတ်နည်းကြရင် အသိရ မလွယ်တာတွေ ရှိတတ်ပါတယ်။
  ဟိုဘက်တလောကလည်း လက်ခုပ်လက်ဝါးသိ သိတယ်ဆိုတဲ့ အရေးအသားမှာ လက်ခုပ်လက်ဝါးဆိုတာ မ သိလို့ ဘာလဲအမေး ရှိခဲ့ဖူးတယ်။အပင့်၊အရစ်အသတ်တွေနဲ့ ပတ်သက်တဲ့ ၁၉၆၆ လောက်က အစည်းအဝေး တစ်ခု ရဲ့ သတ်မှတ်ချက်တစ်ခုမှာ-အသတ်လျဉ်းပါးချက်များကို ဆုံးဖြတ်ပြီးသမျှမှ အသုံးမတည့်သည်တို့ကို ချန်၍ ထည့်သွင်းဖော်ပြရန်လို့ ပါပါတယ်။အဲ့ဒီ့ဝါကျထဲက ဝေါဟာရတွေထဲမှာ အနက် မလွယ်၊အသိခက်စေမယ့် ဝေါဟာရ ကတော့ လျဉ်းပါး ပါပဲ။
  တကယ်တော့ လျဉ်းပါးဆိုတာ ပေါရာဏစကားအဖြစ် ပညာရှင်တွေ သတ်မှတ်ထားကြတဲ့ ဝေါဟာရ မဟုတ်ပါဘူး။/လယင်းဗား/လို့အသံထွက်ပြီး ဆက်စပ်သည်။ရောထွေးသည်လို့ အဓိပ္ပါယ်ရှိတဲ့ စကားလုံးပါ။ဒါပေမယ့် ခုခေတ်မှာတော့ လျဉ်းပါးအသုံးဟာ မတွေ့သလောက် ကျဲသွားပြီဖြစ်လို့ သိကြတဲ့သူတွေလည်း နည်းနေလောက်ပါပြီ။ဒီ့ထက် ရိုးရှင်းတဲ့ အယုတ်သဖြင့်၊ဆန၊ စကားဖာ၊အလှိုင်းတကြီးဆိုတဲ့ဝေါဟာရကိုတောင် မမြင်၊မတွေ့ဘူး ကြလို့ ရှင်းပြနေရတဲ့ အနေအထားပါ။
  လူတွေက အဖတ်အပြုနည်းလာတော့ အသုံးအနှုန်းတွေကိုလည်း တည့်တည့်မှန်မှန် သိ မလာကြတော့ပါ ဘူး။ရေသည်ပြဇာတ်ပါ ထီးလိုအုပ်၍၊ချုပ်မည့်သူကိုဆိုရင် ထီးဆိုတာကို အဖတ်အမှတ်နည်းကြတော့ နေမိုးလုံအောင် အရိပ်အာဝါသ ပေးတဲ့ထီးနဲ့ လွဲကြတယ်။တကယ်က အဲ့ဒီ့ထီးက ဘုရင်ကို ဆိုလိုတာပါ။ရေသည်မက သူ့ဘဝကို ချုပ်ကိုင်ထိန်းကွပ်မယ့် ဘုရင်တစ်ပါးကို မျှော်လင့်နေတဲ့အကြောင်း နန်းထဲ၊ကြငှန်းထဲမှာ ရယ်စရာ အဖြစ် ဖွဲ့ဆို လိုက်တာပါ။

၃။

  အမှန်က ပေါရာဏစကားဆိုတာ အဲ့ဒီလို လူမသုံး၊လူမသိတော့တဲ့ ဝေါဟာရမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ အထက်တစ်နေရာမှာ ပြောခဲ့သလို ရှေးဟောင်းစကားကိုသာ ဆိုလိုတာပါ။အဲ့ဒီ့ထဲက အချို့ကိုလည်း ယနေ့ ထက် တိုင် သုံးချင်သုံးနေဦးမှာပါ။ဒါပေမယ့် ဒီနေရာမှာ ဘယ်လို ဝေါဟာရမျိုးကို ပေါရာဏအဖြစ် သတ်မှတ်သလဲကတော့ ဝိဝါဒကွဲနေဦးမှာပါပဲ။လက်ရှိ ပြုစုထားတဲ့ မြန်မာအဘိဓာန်မှာတော့ ပေါရာဏနဲ့ ရှေးသုံးဆိုပြီ ခွဲခြားထား တာကို လေ့လာတွေ့ရှိရပါတယ်။
  ရှေးကတည်းက သုံးလာပြီး ခုထက်ထိ အသုံးရှိနေသေးတဲ့ စကားလုံးကို ရှေးသုံးလို့ သတ်မှတ်ပြီး၊ရှေးတုန်းက သုံးခဲ့ကြပြီး ခုခေတ်မှာ အသုံး မရှိတော့ရင် ပေါရာဏလို့ သတ်မှတ်သလား။မြန်မာစကားဦး ပေါ်ဦးပေါ်ဖျား အက္ခ ရာတွေနဲ့ရေးပြီး၊နှစ်ထောင်ချီရှိရင် ပေါရာဏလား၊အဲ့ဒီ့ထက် လျော့ရင် ရှေးသုံးလား။မြန်မာအဘိဓာန်ထဲက ဝေါ ဟာရ အချို့ကို ဆင်ခြင်ကြည့်တော့ တစ်လှည့်စီ လို့အနက်ထွက်တဲ့ (အလော်အလဲ)ဲ ဆိုတဲ့ဝေါဟာရကို ရှေး သုံး လို့ သတ်မှတ်ထားတာ တွေ့ရတယ်။ နောင်တပူပန်မှု လို့ အဓိပ္ပါယ်ရှိတဲ့ (အလို့လို့) ကို ပေါရာဏလို့ သတ်မှတ်ထားတယ်။ စာရေးစာချီ ဖြစ်တဲ့ (စချီစမာ)ကို ရှေးသုံး။ စင်စစ်၊ဧကန် လို့ အဓိပ္ပါယ်ဆောင်တဲ့(စတေ) ကို ပေါရာ ဏ အဖြစ်သတ်မှတ်ပါတယ်။
  ပြောရရင်တော့ အဲ့ဒီ့ ရှေးသုံးကော၊ပေါရာဏကောဖြစ်တဲ့ အလော်အလဲ၊ အလို့လို့၊ စချီစမာ၊ စတေ တွေကို ကျနော် တစ်ခါမှ မသုံးဖူးသလို၊ယနေ့ခေတ် အရေးအသားတွေထဲမှာလည်း တစ်ရံတစ်ဆစ်မျှတောင် မဖတ်ဖူးပါ ဘူး။ဒါပေမယ့် ကျနော် မတွေ့ဖူးရုံ၊ကျနော် မရေးဖူးရုံ သက်သက်နဲ့တော့ ပေါရာဏနဲ့ရှေးသုံးအပေါ် ကောက်ချက် မချနိုင်ပါဘူး။ရှေးဆရာကြီးအချို့ကတော့ ပေါရာဏစကားဖြစ်ဖို့၊ ဂ-ဃ-ဇ-ဈ-ဒ-ဓ-ဗ-ဘ-ဋ-ဌ-ဍ-ဎ-ဏ-ဠ ဆို တဲ့ ဗျည်းအက္ခရာ ၁၄ လုံးနဲ့ လွတ်ကင်းရမယ်လို့ဆိုပါတယ်။ဘာ့ကြောင့်လည်းဆိုတော့မြန်မာစကားကို စာ အရေး အသားဖြစ်အောင် စခဲ့ကြတုန်းက အဲ့ဒီ့ဗျည်း ၁၄ လုံး မပါဝင်ခဲ့ကြသေးပါဘူး။အဲ့ဒီ့ ၁၄ လုံးက ပါဠ၊သက္က တနဲ့ ဘာသာခြားစကားတွေကို ရေးသားမှသာ အသုံးပြုခဲ့ကြတယ်လို့ဆိုပါတယ်။
  ဒါကြောင့် မြန်မာစာ အရုဏ်ဦးတုန်းက ဗျည်းအက္ခရာဆိုတာက ခုလောက်စုံစေ့တာ မဟုတ်ပါဘူး။မြန်မာဗျည်း အက္ခရာကို ၁၉ လုံးနဲ့ ဟိုး-လွန်ခဲ့တဲ့ နှစ်ထောင်ချီကတည်းက စတင်ခဲ့ကြတာပါ။အဲ့ဒီ့ ၁၉ လုံးကတော့ က-ခ-င- စ-ဆ-ည-တ-ထ-န-ပ-ဖ-မ-ယ-ရ-လ-ဝ-သ-ဟ-အံ တွေပါ။ဒီဘက်ခေတ် သုတေသနအရတော့ အံ မပါဘဲ ၁၈ လုံးကို သာ မြန်မာစကားစစ်စစ်အတွက် အသုံးပြုခဲ့ကြတယ်လို့ဆိုပါတယ်။(ဒါပေမယ့် ဝေါဟာရတ္ထပကာ သနီ ကျမ်းမှာ တော့ က-ခ- င-စ-ဆ-ည-တ-ထ-န-ပ-ဖ-မ ဆိုတဲ့ ၁၂ လုံးကိုပဲ ပေါ်ဦးပေါ်ပေါ်ဖျားဗျည်း အက္ခရာတွေ အဖြစ် ပြထားပါတယ်။)
  ဗျည်း ၁၄ လုံးကတော့ အသုံး သိပ်မရှိသေး ပါဘူးတဲ့။ဒါကြောင့် ဗျည်း ၁၄ လုံး ပါဝင်တဲ့ ဝေါဟာရတွေဟာ နှစ်ပေါင်း ထောင်ချီ မရှိလို့ပေါရာဏ မဖြစ်နိုင်ဘူး။

၄။

  ဒါကြောင့် ပေါရာဏစကားကို သတ်မှတ်ရာမှာ အထက်မှာရေးပြခဲ့တဲ့ အက္ခရာ ၁၄ လုံးနဲ့ ကင်းရမယ်။နှစ်အရေအတွက်အရလည်း ထောင်ချီ ရှိရမယ်။ဒါဆို အဲ့ဒီ့ဝေါဟာရမျိုးကို ပေါ ရာဏစကားအဖြစ် သတ်မှတ်ပါတယ်။ လက်ရှိအချိန်မှာ သုံးစွဲသေးတယ်၊မသုံးစွဲဘူးကတော့ ခေတ်လူတွေနဲ့ ပဲ သက်ဆိုင်လိမ့်မယ် ထင်ပါတယ်။မြန်မာအဘိဓာန်အနေနဲ့တော့ ဘယ်လိုမူ၊ဘယ်လိုထုံးကို အသုံး ပြု လို့ ပေါရာဏစကား အဖြစ်ခွဲခြားတယ်ဆိုတာ မသိ ပါဘူး။
  မှော်ဘီဆရာသိန်းကြီးရဲ့ ပေါရာဏဒီပနီပေါင်းချုပ်မှာ ပြုစုထားတဲ့ ပေါရာဏတွေထဲက ဝေါဟာရတော်တော် များများကတော့ ယနေ့ခေတ်အထိ အသုံးတွင်နေဆဲဖြစ်တာကို တွေ့နေရပါသေးတယ်။အဲ့ဒီ့ထဲက တော်တော်လေး အသုံးတွင်ကျယ်တဲ့ ဝေါဟာရတွေအဖြစ် အလားအလာ၊အဆောက်အဦ၊အဖြာဖြာ၊အိမ်သူ၊ဥဿုံ၊ ကစဥ့် ကလျား၊ကြက်သရေ၊ကြိမ်း၊စေ့ဆော်၊စောကြော၊ ဆန၊ဆဝါး၊ဆောင်းပါး၊ဇနီး၊တကာ၊တစိုးတစိ၊တစေ့စေ့၊တော်လှန်၊ တွေး တော၊တက်၊တံပိုး၊တံလှပ်၊တန်ဆောင်၊ထူး၊ထောမနာ၊ ထွားကျိုင်း၊ဒွိဟ၊ဓလေ့၊နှမြှော၊နှစ်ထောင်း၊ နှုန်း၊ပလီပလာ၊ ပလုပ်ပလောင်း၊ပုရစ်၊ပုတ်၊ပျော်ပါး၊ပြူတင်း၊ဖက်လဲတကင်း၊ဖြားယောင်း၊ဘနန်း၊မဆွ၊မငြီးမငွေ့၊ မာယာ၊မျက်နှာ မြင်၊မီးဖွား၊မီးနေ၊မူးမူး၊မဲ့၊မျောက်မ၊ုတ်သုန်၊မောင်နှံ၊မများမြောင်၊မတောက်တခေါက်၊မရေမရာ၊ ယခင့်ယခင်၊ယာယီ၊ယဉ်၊ရမ္မက်၊ရိပ်မြုံ၊ရောင်းရင်း၊ရုတ်ခြည်း၊လဟာ၊လူပြိန်း၊လျစ်လျူ၊ဝါသနာ၊ဝေါဟာရ၊ဝန်းကျင်၊ ဝေ့၊ဝှေ့၊ သ မုတ်၊ သမိုင်း၊ သူစိမ်း၊သက်လျာ၊သိုက်မြုံ၊သောင်းသောင်း၊စတာတွေကို တွေ့ရပါတယ်။
  ဒီဝေါဟာရတွေဟာ ယနေ့ထက်ထိ အသုံးပြုနေကြဆဲဖြစ်တဲ့ မှော်ဘီဆရာသိန်းကြီးသတ်မှတ်တဲ့ ပေါရာဏတွေပါ။အဲ့ဒီလို ဖြစ်ရတာက ဘာ့ကြောင့်လဲဆိုတော့ မှော်ဘီဆရာသိန်းကြီးက ရှေးလူဟောင်းတွေက စပြီး ယခု ထက်တိုင် အစဉ်မပြတ် ခေါ်ဝေါ်သုံးစွဲနေကြတဲ့ မြန်မာဝေါဟာရစကားတွေကို ပေါရာဏစကားအဖြစ် သတ်မှတ်ခဲ့လို့ပဲ ဖြစ်ပါတယ်။
  ဒါပေမယ့် ခုလိုအဖတ်အပြုနည်းလာတဲ့ခေတ်မျိုးမှာတော့ ပေါရာဏဆိုတာကိုလည်း ဘယ်လို သတ်မှတ်ကြ မလဲဆိုတာ ပြန်လည်စဉ်းစားဖို့လိုလာပြန်ပါပြီ။
                                                                                                    ကျော်ထင် ---ကျော်ထင် (ဆွေးနွေး)  ၁၂:၁၅၊ ၁၄ မေ ၂၀၂၀ (UTC)အကြောင်းပြန်ရန်

မြန်မာစာအကြောင်း

ပြင်ဆင်ရန်
   မြန်မာသဒ္ဒါအခြေပြုကို ပြန်ကြည့်ခြင်း(၁)

၁-

  မြန်မာသဒ္ဒါတွေ သင်ပေးတိုင်း အားမလို အားမရဖြစ်ရတာ အမှန်ပါပဲ။ငါတို့ သဒ္ဒါတွေ သင်ပေးနေကြတာ သင်ကော သင်သင့်ရဲ့လားလို့ တွေးမိတာလည်း အခါခါပါပဲ။သင်ပေးသလောက်ကော အရာရောက်ကြရဲ့လားလို့ မေး ခွန်း ထုတ်မိတာလည်း အကြိမ်ကြိမ်ပါပဲ။တကယ်တမ်းကတော့ သင်ပေးသလောက် ရ မသွားတဲ့အတွက်သာ ဒီစိတ္တ ဇဝေဒနာ ခံစားနေရတာပါ။ပြန်ကြည့်မိတော့ မြန်မာသဒ္ဒါတွေရဲ့ အမည်တွေက ဝဂ်တဲ့၊ရဿ သရတဲ့၊ဒီဃ သရ တဲ့၊ဃောသ၊သိထိလ၊ဓနိတတဲ့၊လိင်တဲ့၊ဧကဝုစ်တဲ့၊ဗဟုဝုစ်တဲ့၊နာမ်တဲ့၊နာဝိသေသနတဲ့၊ကြိယာတဲ့၊ကြိယာဝိသေသနတဲ့၊ဝိဘတ်တဲ့၊သမ္ဗန္ဓတဲ့၊ပစ္စည်းတဲ့၊ဌာန်၊ကရိုဏ်းတဲ့။အဲ့ဒီ့ထဲက အချို့တွေကတော့ မြန်မာနားမှာ မြန်မာ ဆန်နေ ပေမယ့် အချို့စကားလုံးတွေကျတော့ မြန်မာနားနဲ့ဝေးနေပါသေးတယ်။ဒါတွေကို ဒီ့ထက် မြန်မာဆန်အောင် ပြုလို့ မရတော့ဘူးလားလို့လည်း တွေးဆကြည့်မိပါတယ်။
  လိင်တို့၊ ဧကဝုစ်တို့၊ဗဟုဝုစ်တို့ဆိုရင် ပိုလို့တောင် ဆိုးပါသေးတယ်။မြန်မာစာ ရေးဖွဲ့ပုံမှာ ဧကဝုစ်၊ဗဟုဝုစ် အ သုံးကော၊လိင် အသုံးတွေကော မရှိဘဲနဲ့ ၊(ရှိတယ်ဆိုဦးတောင် ပစ္စည်းဆိုတဲ့အစိတ်အပိုင်းမှာ ကိန်းညွှန်းပစ္စည်း ဆိုတာရှိ သားနဲ့၊ လိင်ညွှန်း ပစ္စည်းဆိုတာ ရှိသားနဲ့)အပိုသက်သက် မှတ်ရသားရ ပိုအောင် ထည့်သွင်းထားလေသလားလို့ ခံစားရပါတယ်။
   သေချာတာကတော့ ဘယ်လိုပဲ ပျော်အောင် သင်ပေးသင်ပေး၊သဒ္ဒါတွေ သင်ချိန်ရောက်ရင် စာသင်သားတွေ စိတ်ပျက်ကြတာ အမှန်ပါပဲ။ဒီသဒ္ဒါတွေ ဘယ်မှာ ဘယ်လိုသုံးသလဲဆိုတာ သူတို့ အားလုံး ဇဝေဇဝါဖြစ်နေကြ တာ ချည်းပါပဲ။ဘယ်လိုနေရာမှာ အသုံးဝင်သလဲဆိုပြီး သဒ္ဒါသင်ကြားရေးအပေါ် မေးခွန်းတွေထုတ်ရင်း ယုံကြည် မှု ကင်းမဲ့နေကြဆဲပါပဲ။သဒ္ဒါ သင်တိုင်း ဒီသဒ္ဒါဟာ ဘယ်နေရာမှာ အသုံးဝင်တယ်ဆိုတာ ပြောပြဖို့ကလည်း အဲ့ဒီ့ အ သုံးဝင်မှုအပိုင်းက လူတော်တော်များများနဲ့လက်လှမ်း မမှီတဲ့နေရာမှာ ဖြစ်နေပြန်တယ်။ဒါကို သဘာပတိကြီး အား နဲ့သဘာပတိကြီး ကို ဆိုတာလောက်နဲ့လည်း အလုပ်ဖြစ်မယ့်ခေတ် မဟုတ်တော့ပါဘူး။
  ၉၀ ရာနှုန်းကျော်ကျော်ဟာ ဒီဃတွေ၊ရဿတွေ မသိလို့အသံရှည်တဲ့နာမ်၊အသံတိုတဲ့နာမ်ဆိုပြီး ရှင်းပြရပါ တယ်။ တချို့ဆို အသံရှည်၊အသံတိုနာမ်ဆိုတာကိုတောင် မသိလို့ သံတို၊သံရှည်ဆိုတာကို အလွယ်လမ်းထွင်ပြီး သင် ပေး နေရတာက လက်တွေ့မျက်တွေ့တွေပါ။ဆယ်တန်းကျောင်းသားကို “ဖို့” ဆိုတဲ့ စကားလုံးပေးပြီး သမ္ဗန္ဓ အဖြစ် ဝါကျဖွဲ့ ခိုင်းရင် နာမ်ဝိဘတ်နဲ့ မကွဲကြတာ အကြိမ်ကြိမ်တွေ့ရတယ်။ “အဖို့”ကို ဝိဘတ်အနေနဲ့ သုံးခိုင်း ရင် လည်း အမြဲပဲ လွဲတတ်ကြတယ်။
  “နှင့်” ကို အကြောင်းပြသမ္ဗန္ဓအနေနဲ့သုံးခိုင်းလိုက်ရင် ဝိဘတ်အဖြစ်နဲ့ဖွဲ့လာတတ်တာလည်း အများအပြားပါပဲ။ ပြောရရင် ဒီလိုဖြစ်ရတာဟာ သဒ္ဒါ မတတ်တာထက် အဖတ်နည်း၊အကြားနည်း၊အသုံးနည်းလို့ဖြစ်ရတာ ပါပဲ ။ တစ်ခါတလေမှာ သတင်းစာတို့၊ဂျာနယ်တို့မှာ ဝါကျဖွဲ့ပုံ မှားနေတာတွေ တွေ့လို့ဝိုင်းဝေဖန်နေကြသူတွေ ရှိ ပါတယ်။ဒါပေမယ့် သူတို့ဟာ ဘယ်ဟာ အချိန်ပြကြိယာဝိသေသန၊ဘယ်ဟာက အချိန်ပြဝိဘတ်၊ဘယ်ဟာက အချိန်ပြ သမ္ဗန္ဓရယ်လို့သိလို့မဟုတ်ဘဲ စာဖတ်များ၊အကြားများလို့အမှားအမှန်သိနေကြတာမျိုးပါ။ဒါကြောင့် မြန်မာစာ ကောင်းကောင်းတတ်စေချင်ရင် သဒ္ဒါထက် စာဖတ်များစေတဲ့လမ်းကို ထွင်ရမှာပါ။ဒါပေမယ့် အခြေခံ မှာ ၅ နှစ်တိ တိ မြန်မာသဒ္ဒါကို သင်ကြားရ တယ်။ငါးနှစ်အတွင်းမှာ တစ်ရစ်ချင်း၊တစ်ခန်းချင်း ပိုင်း ပိုင်းပြီး သင်ကြရတယ်။

၂-

   သေချာစဉ်းစားကြည့်တော့ နိစ္စဓူဝ ပြောနေ၊ဆိုနေကြတဲ့ ပြောစကားတွေထဲမှာ၊နေ့စဉ် ရေးနေ၊ဖတ်နေ၊ပြောနေကြတဲ့ အထဲမှာ ကျောင်းသင်သဒ္ဒါတွေနဲ့စဉ်းစားခန်း ဝင်ခဲ့ကြလို့လား။ကျောင်း မနေခဲ့ရလို့ သဒ္ဒါကို နကန်းတစ် လုံးမှ မသိတဲ့သူတွေ လည်း စကား ကို ကောင်းကောင်း ပြောတတ်တာတွေ့နေရတာပါပဲ။(သိပ္ပံမောင်၀ လည်း ဒီလို ပြောဖူးပါ တယ်။) ဒါကို အပြောပဲလို့ လုပ်လို့မရပါဘူး။သဒ္ဒါကို သေသေချာချာ ဂဃနဏ မသိဘဲနဲ့ စာတွေ ရေးနိုင်၊ဖတ်နိုင်နေတာတွေက မျက်မြင်တွေပါပဲ။ရှေးရှေး စာဆိုကြီးတွေဆို ကုန်းဘောင်ခေတ်ထိအောင် ရေး ခဲ့ဖွဲ့ခဲ့တဲ့ ဆရာကြီးတွေ အားလုံး ကျနော်တို့ သင်နေကြသလို မြန်မာ သဒ္ဒါတွေ သင်ခဲ့ကြတာ မဟုတ်ပါဘူး။
  အင်းဝခေတ် စကားပြေဆရာကြီး ရှင်မဟာသီလဝံသဆိုရင်လည်း ပါဠိ သဒ္ဒါ ကစ္စည်းကျမ်းကိုပဲ နှုတ်တက်ရွရွ ရွတ်ဆိုခဲ့တာပါ။သဒတ်မတာ စတ်မတာလို့ဆိုခဲ့တဲ့ ရာမရကန်ဦးတိုးရဲ့ သဒ္ဒါ မတတ်၊စာ မတတ်ဆိုတာကလည်း ပါဠိသဒ္ဒါကို တတ်အောင် သင်ကြဖို့သာ ရည်ညွှန်းတာပါ။မြန်မာလူ မျိုးဟာ ကိုယ့်မိခင်ဘာသာစကား မြန်မာစာ အတွက်active တွေ၊ passiveတွေလို သင်ပေးနေဖို့လိုမယ် မထင်ပါဘူး။
  ဒီဘက်ခေတ်သင်ကြားရေးနဲ့ ကြည့်ရင်လည်း စတုတ္ထတန်းထိ ပြောနေ၊ရေးနေ၊ဖတ်နေကြတာဟာ သဒ္ဒါကို သင်သိနဲ့ ပြောနေ၊ရေးနေ၊ဖတ်နေကြတာမှ မဟုတ်ပဲ။နဝမတန်းအထိကိုလည်း မြန်မာသဒ္ဒါကို ကျေကျေညက် ညက် သိကြလို့၊တတ်ကြလို့မြန်မာစာတွေ ရေးနေနိုင်တာ မဟုတ်ပါဘူး။မိခင်သိ သိပြီး ပြောနေ၊ရေးနေ၊ဖတ်နေ ကြတာပဲ ဖြစ်ပါတယ်။ပုဂံဝန်ထောက်ဦးတင်ရဲ့စကားကို ကိုးပြောရရင် “မြန်မာစကားသည် မွေးဖွားလာလျင် တမင် မသင် ရဘဲ ပြောမြဲစကားကို နားလည်ခြင်း၊ပြောတတ်ခြင်း” ဆိုတဲ့ မူလသတ္တိတွေနဲ့တတ်လာကြတာပဲဖြစ် ပါတယ်။
  ပထမ အသံကို ကြားတယ်။ နောက်တော့ စာလုံးပေါင်းတတ်တယ်။အ-အာ-အား ရရင် ကစားမလား ၊နားမ လား ဖတ်တတ်မယ်။ရေးတတ်မယ်။အိ-အီ-အီးအု-အူ-အူး ရရင်၊မီးရထား စီးလာပါတွေ၊ဘူးသီးနုနု၊မခူးရတွေ ဆို တတ်မယ်။ရေးတတ်မယ်။အဲ့ဒီလို နဲ့ မြန်မာစာရေးတတ်၊ဖတ်တတ်အောင် သင်တာပါ။သဒ္ဒါနည်းစနစ်တွေကို အခြေ ပြုပြီး သင်တာ မဟုတ်ပါဘူး။ ဒုတိယဘာ သာစကားကို သင်သလို ကတ္တား+ကြိယာ+ကံတွေနဲ့ သင် တာ မဟုတ်ပါဘူး။မြန်မာလူမျိုးတွေ မြန်မာစာရေးဖို့ ဆိုတာ နားလည်နေတဲ့အသံကို အရေးပြောင်းတဲ့ကိစ္စ ပါ။ နားမလည်တဲ့ ဘာသာရပ်တစ်ခုကို အရေး ပြောင်းတာ မဟုတ်ပါဘူး။ဒါကြောင့် ဝါကျဖွဲ့ထုံး(သဒ္ဒါ)ဆိုတာ အခြေ ခံလို ပညာရေးမှာ လေးလေးကဲကဲ လိုအပ်လှတယ် မထင်မိပါဘူး။သတ်ထုံးသတ်ညွှန်းသိရင် ရေးသားနိုင်ပါ တယ်။ ကစားမလား နားမလား ဖတ်တတ်၊ရေး တတ်တာဟာ ရွတ်ပြလို့ရယ်၊နားလည်လို့ရယ်၊စာလုံးပေါင်း သတ်ပုံရယ်ကြောင့် တတ်မြောက်လာကြတာပါ။
  “ကစား” က ကြိယာ။ “မ”က “မည်”  ဆိုတဲ့ ဝိဘတ်။ “လား” ဆိုတာက အမေးပစ္စည်း။ “မည်”်  ဝိဘတ်ဟာ အမေးပစ္စည်း “လား”  နဲ့ ပေါင်းရင် “မည် ” ကနေ “မ” ပြောင်းသွားတယ်ဆိုတဲ့ သဒ္ဒါနည်းတွေ သိစရာ မလိုဘဲ ရေး တတ်၊ဖတ်တတ်လာတာပါ။ကစား မလား၊နားမလားမှာပါဝင်တဲ့ စကားအစိတ်အပိုင်းတွေကို ခွဲတတ်အောင်သင်ပေးခဲ့လို့မဟုတ်ပါဘူး။
  သဒ္ဒါ သင်လိုက်တဲ့အခါကျမှသာ ပိုပြီးတောင် ခေါင်းရှုပ်သွားကြတာမျိုး ကြုံရပါတယ်။သင်ပုန်းကြီးမှာ အ-အာ-အား၊အု-အူ-အူး၊အေ့-အေ-အေး၊အော့-အော်-အောလို့ သုံးသံဆိုခဲ့ပေမယ့် သဒ္ဒါသင်လိုက်တော့ သရမှာ အ-အာ၊ ဣ-ဤ၊ ဥ-ဦ၊ဧ-အဲ၊သြ-သြော်ဆိုပြီး သံတိုသရနဲ့ သံရှည်သရ၊သရနှစ်မျိုးလုပ်ထားတဲ့အတွက် သရသံ သုံးသံမှာ တစ်သံပျောက်သွားရတယ်။နောက်တော့မှ ဝစ္စနှစ်လုံးဆိုတဲ့ သံပြောင်းသငေ်္ကတကြောင့် သရသံလေးဆိုပြီး ဝေါ ဟာရ သစ်တစ်ခုနဲ့ ထပ်ပေါ်လာတယ်။
  ဒါဆို အခြေခံပညာမှာ မြန်မာသဒ္ဒါက ဘာလဲ။ချဉ်းကပ်ဖို့လုပ်ပေးတာလား။ဝေးအောင် ခွါပေးတာလား။ပြ ဋ္ဌာန်းစာ ဖြစ်ရုံလောက်လား။မြန်မာစာနဲ့ ပတ်သက်တဲ့ အဆင့်မြင့်ပညာဆီ ဆက်လှမ်းဖို့နဲ့၊ဆိုင်ရာဆိုင်ရာ အ သက်မွေး ဝမ်းကျောင်းတွေအတွက် မိတ်ဆက်သိ သိစေဖို့လား။ဘာသာစကားကွဲပေါင်း မြောက်များစွာ ပြော နေကြတဲ့ တိုင်းရင်းသားတွေကြောင့်လား၊ဒါမှ မဟုတ် မြန်မာသဒ္ဒါက မြန်မာစာကို ထိန်း ချုပ်ဖို့အတွက်လား။ ထိန်းချုပ်ရုံသက် သက်နဲ့ဆိုရင်တော့ အခြေခံပညာမှာ မြန်မာသဒ္ဒါကို ဆက်သင်နေဖို့ လို အပ်မယ် မထင်ပါဘူး။

၃-

  တကယ်တော့ သဒ္ဒါဆိုတာ ရွှေအ,ကလွဲရင် လူတိုင်းနဲ့ ကင်းနိုင်တာတော့ မဟုတ်ပါဘူး။သဒ္ဒါဆိုတာ သဒ္ဒက လာတာဖြစ်လို့ အသံလို့ အဓိပ္ပာယ် ရှိပါတယ်။မကင်းနိုင်ဘူးဆိုတာက အဲ့ဒီ့အသံကို ပြောတာပါ။စကားပြောတဲ့ သူ တိုင်းမှာ အဲ့ဒီ့အသံ ရှိပါတယ်။သဒ္ဒါဆိုတာက အဲ့ဒီ့အသံကို အစွဲပြုပြီး ရေးသားထားတဲ့ စကားနဲ့စာကို လေ့လာ တဲ့ပညာပါပဲ။။ဒါကြောင့် အသံက ပထမ၊အဲ့ဒီ့ အသံအတိုင်း အက္ခရာတွေဖန်တီး တီထွင်ပြီး ရေးကြတာက ဒုတိ ယပါ။
  ဒီလို ရေးသားပြီးသားကိုမှ သဒ္ဒါက နောက်ကလိုက်ပြီး စိစစ်ဝေဖန်ပိုင်းခြားပြ၊အဲ့ဒါဟာ သဒ္ဒါ မဟုတ်လား။ဒါဆို ပြဋ္ဌာန်းပါ စာအုပ်ထဲက သဒ္ဒါနည်းတွေအတိုင်း စာတွေကို ရေးခဲ့ကြတာ မဟုတ်ဘူးပေါ့။စကားတွေကို ဖန်တီး ခဲ့ ကြတာ မဟုတ်ဘူးပေါ့။ဝါကျတွေကို တည်ဆောက်ခဲ့ကြတာ မဟုတ်ဘူးပေါ့။သဒ္ဒါတွေ တီထွင်ပြီးမှ စကားကို တီထွင်တာ မဟုတ်ဘဲ၊စကားတွေ အကြာကြီး ပြောဆိုလာခဲ့ပြီးမှ သဒ္ဒါကို ဖန်တီးလာကြတာပါ။သဒ္ဒါဆိုတာ မိုး ရွာ ပြီးမှ မိုးရေချိန်လက်မကို လိုက်တိုင်းတာတဲ့ မိုးဇလပညာလိုပါပဲ။ငလျင် လှုပ်ပြီးမှ လှုပ်အားကို တွက်ချက်လို့ ရတာမျိုးပါပဲ။ နောက်မှ လုပ်ရတဲ့ ပညာရပ်ပါ။
   နောက်တော့မှသာ ပညာဉာဏ်ကြီးရင့်သူတွေက အကောင်းဆုံးစံကို ရွေးချယ်ပြီး၊တညီတညာတည်း ထုံးကို ပြုစုလို့ သဒ္ဒါဆိုတာကို ပြဋ္ဌာန်းလိုက်ကြတာပါ။အကြားအမြင်များတဲ့၊စကားပြောကောင်းတဲ့၊စာရေးကောင်းတဲ့စာ ဆိုတွေရဲ့ ထုံးကို တည်ပြီး ဒါသင့်တယ်၊ဒါ မသင့်ဘူး။ဒါမှန်တယ်၊ဒါ မမှန်ဘူး ပြဋ္ဌာန်းကြတာမျိုးပါ။ဒါကြောင့်စာ မှန်မှန် ရေးတတ်စေချင်ရင်၊စကား မှန်မှန် ပြောတတ်စေချင်ရင် စာကောင်းကို ကောင်းကောင်းဖတ်ခိုင်း ၊စကား ကောင်းကို သေချာ နားထောင်ခိုင်းတာက အကောင်းဆုံးနဲ့ အထိရောက်ဆုံးပဲ ဖြစ်မှာပါ။
  အခြေခံအဆင့်မှာ သတ်ပုံသတ်ညွှန်းနဲ့ စာကောင်းဖတ်တာကို လေးလေးကဲကဲ ပြဋ္ဌာန်းထားလိုက်နိုင်ရင် မြန်မာစာဟာ မြန်မာလူမျိုးတွေအတွက်အပြောမှန်၊အရေးမှန်တဲ့အဆင့်နဲ့ ရပ်တည်နိုင်မှာပါ။အဆင့်မြင့်ပညာကျမှ သာ မြန်မာသဒ္ဒါကို ထဲထဲဝင်ဝင်လေ့လာခွင့်ပေးစေချင်ပါတယ်။ဘာလို့ အဆင့်မြင့်ပညာမှာ မြန်မာသဒ္ဒါကို လေ့ လာစေမှာလဲဆိုတော့ လိုအပ်နေတယ် ထင်လို့ပါပဲ။မြန်မာစာကို ရုံးသုံး ဘာသာစကားဖြစ်တယ်လို့ ပြဋ္ဌာန်းသတ်မှတ် ထားတော့မြန်မာသဒ္ဒါဟာ တခြားနေရာတွေမှာထက် ဥပဒေရေး ရာတွေ ရေးဆွဲကြတဲ့အခါမှာ အရေးပိုပါ လာတယ်။ပြီးတော့ စာပေနဲ့ပတ်သက်တဲ့ အလုပ်အကိုင်းတွေ အတွက်လည်း စံမှီတဲ့အကဲဖြတ်ချက်တွေ အတွက် အခရာ ကျနေတယ်။
  ဥပဒေတွေမှာတော့ အငြင်းပွားတာတွေ၊မသေမချာ ဖြစ်မှုတွေကနေ သတ်မှတ်သဒ္ဒါစံတစ်ခုနဲ့ သေချာစေ တယ်။ အငြင်းပွားတာကို ကျော်လွှားစေတယ်။လေ့လာမိသလောက်မှာတော့ ဝိဘတ်နဲ့ သမ္ဗန္ဓတွေဟာ ဥပဒေတွေ ပြ ဋ္ဌာန်းမှုမှာ တော်တော်လေးကို အခရာကျတယ်ဆိုတာကို လေ့လာတွေ့ရှိရပါတယ်။ကာလပြ ကြိယာ ဝိဘတ်တွေထဲက ပစ္စုပ္ပန်ကာလပြတဲ့ (သည် ၊ ၏ ၊ ပြီ  )တွေထဲကဆိုရင် (သည်)ကိုပဲ ဥပဒေဝါကျတွေမှာ ထည့်သုံးတာ တွေ့ ရတယ်။
  ပစ္စည်းတွေအများကြီး ရှိတဲ့အထဲကဆိုရင်လည်း (နိုင်) နဲ့ (ရ)ကိုပဲ အသုံးချပြီးတော့ ဝိဘတ် (သည် ၊ မည် ) နဲ့ တွဲပါတယ်။ဥပမာ ပေးရရင် မှတ်ပုံတင်ရမည်။ဆိုတာမျိုး။သတ်မှတ်နိုင်သည်။ ဆိုတာမျိုးတွေပါ။နောက်ထပ် 'က ' စာလုံးကိုလည်း အစိတ်အပိုင်းတော်တော်များများအဖြစ် အသုံးပြုတာ တွေ့ရတယ်။ကတ္တားအဖြစ်/ထွက်ခွါရာ ပြ အဖြစ်၊/နေရာပြအဖြစ်/အချိန်ပြ ဝိဘတ်နဲ့သမ္ဗန္ဓတွေအဖြစ် အသုံးပြု ဖော်ပြထားတာကို လေ့လာမိပါ တယ်။

၄-

  ဒါကြောင့် မြန်မာသဒ္ဒါဟာ မြန်မာစကားကို မိခင်ဘာသာအဖြစ် ပြောသူ၊ရေးသူတွေအတွက် မလိုအပ်ဘူးလို့ ဆိုပေမယ့် အထူးပြုသာသာအဖြစ်ရယ်၊မြန်မာစာပေနဲ့အသက်မွေးမယ့် သူတွေအတွက်ရယ်ကတော့ လိုအပ်ပါ တယ်။ပြီးတော့ မြန်မာစကားနဲ့စာကို ဒုတိယဘာသာစကားအဖြစ် ပြောကြ၊ရေးကြမယ့် သူတွေအတွက်လည်း တည်ငြိမ်ခန့်ညားတဲ့ မြန်မာသဒ္ဒါကျမ်း ရှိဖို့ လိုအပ်ပါတယ်။မြန်မာလူ မျိုးတိုင်းဟာ မြန်မာသဒ္ဒါကို သိမထားသင့် ဘူး လားဆိုရင်လည်း သိသင့်တာ မှန်ပါတယ်။ဒါပေမယ့် အခြေခံပညာအဆင့်က အချို့သဒ္ဒါတွေကတော့ ဆေး အတွက်နဲ့လေးနေတယ်ဆိုတာကို ဂရုပြုသင့်ပါတယ်။၊
  ဟိုဘက်တလောကတော့ အထက်တန်း သင်ရိုးသစ်မိတ်ဆက် ဦးဆောင်ပို့ချသူများဆိုင်ရာ သင်တန်းအလုပ်ရုံဆွေးနွေးပွဲက မြန်မာစာနဲ့ ပတ်သက်တဲ့ ပြဋ္ဌာန်းဖို့ရှိတဲ့ ညွှန်းတမ်းမှာ နာမ်၊နာမ်စားစတဲ့ ဝါစင်္ဂဆိုတာတွေကို ခေါင်း

စဉ်အဖြစ် မတွေ့ရဘဲ သဒ္ဒါအသုံးအနှုန်း မှန်ကန်ခြင်းနဲ့ ဝါကျဖွဲ့ထုံး မှန်ကန်ခြင်းဆိုတာတွေပဲ တွေ့ရတဲ့အ တွက် ဝမ်းသာအားရဖြစ်မိပါတယ်။

  ဒါဟာ ဖြစ်သင့်နေတာ ကြာပါပြီ။၁၉၈၀ ကျော်ကနေ၊ယနေ့ထိ အခြေခံပညာမှာ သင်ကြားနေတဲ့ မြန်မာသဒ္ဒါ ဟာ ပြန်စဉ်းစားဖို့ လိုအပ်နေတဲ့အခြေအနေမှာ ရောက်နေပြီလို့ကျနော်ကတော့ ထင်မြင်ယူဆမိပါတယ်။ သဒ္ဒါ သင်ကြားရေးကို အခြေခံအဆင့်မှာ လုံးဝရပ်ပစ်ရင်လည်း ရပ်ပစ်။မရပ်လို့ဆက်သင်မယ်ဆိုရင်လည်း ခေတ်မှီ အောင် ပြန်လည်ပြုစုကြဖို့လိုမယ် ထင်ပါတယ်။ဖယ်တန်တာ ဖယ်၊ပြင်တန်တာ ပြင်ပြီး မြန်မာပိုဆန်တဲ့ မြန်သဒ္ဒါ သစ်ကို ပြန်လည်ပြုစုကြပါစို့လို့တစ်ကိုယ်ရည်ဆန္ဒအရ အပြစ်တင်၊အဆဲခံပြီး ပြောပြလိုက်ပါတယ်။
                                                                                                   ကျော်ထင်---ကျော်ထင် (ဆွေးနွေး)  ၁၅:၀၀၊ ၁၄ မေ ၂၀၂၀ (UTC)အကြောင်းပြန်ရန်

မြန်မာစာအကြောင်း

ပြင်ဆင်ရန်

မြန်မာသဒ္ဒါအခြေပြုကို ပြန်ကြည့်ခြင်း(၂)

၁။

  မြန်မာသဒ္ဒါအကြောင်းတွေကို ထပ်ပြောဖို့ မြန်မာသဒ္ဒါအခြေပြုကျမ်းရဲ့အမှာစာလေးကို ဖတ်ကြည့်မိတယ်။မြန်မာသဒ္ဒါကို လွယ်ကူစွာ လေ့လာသင်ယူနိုင်ဖို့ ကျောင်းသူကျောင်းသားတွေရဲ့ အသက်၊ဉာဏ်ရည်နဲ့ ဆီလျော်မယ့် သဒ္ဒါကျမ်းတွေကို ပြုစုခဲ့တယ်လို့ဆိုထားတာ တွေ့ရပါတယ်။၁၉၈၄ ဇန်နဝါရီမှာ အတွဲ(၁)၊နိုဝင်ဘာမှာ အ တွဲ(၂)၊၁၉၈၈ မတ်လမှာ အတွဲ(၃)ဆိုပြီး ထုတ်ဝေခဲ့ကြောင်းလည်း သိရတယ်။ထုတ်ဝေခဲ့တဲ့ သဒ္ဒါအခြေပြု အတွဲ (၁)ကို အလယ်တန်းမှာ သင်ပြီး၊အတွဲ(၂)ကိုတော့ အထက်တန်းမှာ သင်ပါတယ်။အတွဲ(၃)ကို အဆင့်မြင့် ပညာရေးမှာ သင်ကြားပေးတယ်။
  ကျနော်ကတော့ အမှာမှာ ဆိုထားတဲ့အတိုင်း ကျနော်တို့ကျောင်းသားတွေ လွယ်လွယ်ကူကူမှ လေ့လာနိုင်ပါ့မ လားလို့ စိတ်ပူမိတယ်။ငယ်ငယ်က ရုပ်ရှင်ကားတစ်ကားမှာ ပြောတဲ့ ဇာတ်ဝင်ခန်း စကားကိုလည်း ပြေးသတိ ရမိ လိုက်တယ်။ဇာတ်ဝင်စကားက ရှင်းနေတာကို ရှုပ်အောင်လုပ်၊ရှုပ်ပြီဆိုတော့မှ ရှင်းအောင် ပြန်လုပ်တဲ့။ကျနော့် ရဲ့ကိုယ်ပိုင်စိတ်အတွင်းမှာလည်း အချို့သဒ္ဒါတွေမှာ ရှင်းနေတာကို ရှုပ်အောင် လုပ်၊ပြီးတော့မှ ရှင်းအောင်ပြန်လုပ် လေသလားလို့ ထင်ယောင်နေမိတယ်။မလိုအပ်ဘဲနဲ့ တမင်သက်သက်များ ခက်ထားလေသလားလို့လည်း ကျနော့်ဉာဏ်တိမ်တိမ်လေးမှာ ဆီထဲ ရေထည့် မတော်မတည့် စဉ်းစားခန်းဝင်နေမိတယ်။

၂။

  ဘာလို့လဲဆိုတော့ ပညာရှိဂုရုတွေဆိုတာ လွယ်တာကို ကြိုက်နှစ်သက်ကြရိုး ထုံးစံမှ မရှိကြတာ။ဒီသဘောမျိုး ကို မြန်မာမင်း အုပ်ချုပ်ပုံစာတမ်းမှာ သဘောဉာဏ်ကြီးရင့်၍ မြင့်မြတ်သောစိတ်ထား ရှိကြသည့် ကဝိအသီးသီး တို့သည် လွယ်ကူညံ့ဖျင်းသော စည်းကမ်းနည်းလမ်းထက်၊ ခက်ခဲမှန်ကန်သော စည်းကမ်းနည်းလမ်းကိုသာ လေး နက်စွာလိုက်နာကြသည်လို့ ဆိုတယ် မဟုတ်လား။
  ဒါကြောင့်လည်း မြန်မာသဒ္ဒါအခြေပြုဆိုတဲ့စာအုပ်ကို ဖွင့်လိုက်ရင် ဝဂ်တွေ၊ရဿသရ၊ဒီဃသရတွေ၊ဌာန်၊က ရိုဏ်း၊ပယတ်တွေဆိုပြီး ခက်ခဲမှန်ကန်တဲ့စည်းကမ်းတွေ၊နည်းလမ်းတွေကို တွေ့မြင်နေရတာ မဟုတ်လား။ကြည့် စရာ၊မြင်စရာတွေကတော့ အများကြီးပါပဲ။အဲ့ဒီ့အများကြီးထဲကမှအတွဲ(၁) အခန်း ၂ က၊ဝဂ်ဆိုတာကို စကြည့် ပါ့ မယ်။မြန်မာဗျည်းတွေထဲက အသံထွက်ရာ နေရာတူတဲ့ ဗျည်းအစုတွေကို မိတ်ဆက်သင်ကြားပေးထား ပါတယ်။
  ဝဂ်ဆိုတာ ပါဠိက လာတာ။အစုလို့ အဓိပ္ပာယ်ရတယ်။အသံဖြစ်ရာ နေရာတူတဲ့ အက္ခရတွေကို စုဖွဲ့ထားတယ်။ အဲ့လို နေရာတူ ဝဂ်တွေမှာ ကဝဂ်၊စဝဂ်၊ဋဝဂ်၊တဝဂ်၊ပဝဂ်နဲ့ ဝဂ် မဟုတ်တဲ့ အဝဂ်တွေဆိုတာ ရှိတယ်ဆိုပြီး ရှင်း တယ်။တကယ်တော့ ဝဂ်ဆိုတာ အစုပဲ။ကဝဂ်ဆိုတာ က-ဦးဆောင်တဲ့ ကအစုပါ။က-အစုမှာအသံထွက်ရာ နေ ရာတူတဲ့ က၊ခ၊ဂ၊ဃ၊င တွေ ပါတယ်။င-ဟာ အစုရဲ့နောက်ဆုံးအလုံး၊အစုဆုံး။စ-အစုမှာ စ၊ဆ၊ဇ၊ဈ ပါမယ်။ဈ ဟာ အစုရဲ့ နောက်ဆုံးအလုံး အစုဆုံး။ဋ-အစုမှာကျတော့ ဋ၊ဍ၊ဎ၊ဏ။တ-အစုမှာ တ၊ထ၊ဒ၊ဓ။ပ-အစုမှာ ပ၊ဖ၊ဗ၊ ဘ၊မတွေ ပါတယ်။ဏ၊ဓ၊မ တွေဟာ အစုအသီးသီးရဲ့ အစုဆုံးတွေ။အသံထွက်ရာနေရာ မတူတဲ့ ယ၊ရ၊လ၊ ဝ၊သ၊ ဟလို အက္ခရာတွေကျတော့ အစုမဲ့တွေ။
  ဒါပေမယ့် မြန်မာသဒ္ဒါအခြေပြုမှာ ကဝဂ်၊စဝဂ်၊ဋဝဂ်၊တဝဂ်၊ပဝဂ်တွေဆိုပြီး ပြုစုထားတယ်။အစုနောက်ဆုံးဆို တာကိုလည်း ဝဂ္ဂ န္တ၊အစုဝင် မဟုတ်တဲ့ အစုမဲ့ကိုကျတော့ အဝဂ်လို့ အမည်ပေးထားကြတယ်။အဲ့ဒီ့နေရာမှာ ပါဠိ ဝဂ်ကို မသုံးဘဲမြန်မာလို အစု လို့ပဲ တန်းသုံးလိုက်ရင်မဖြစ်ပေဘူးလားလို့ ကျနော် စဉ်းစားမိတယ်။အစုလို့ပဲ အစ ကတည်းက သုံးနှုန်းလိုက်ရင် ဝဂ်ရဲ့အဓိပ္ပါယ်ကို ဘယ်မှာ ထပ်ဖွင့်ပေးနေစရာ လိုတော့မှာလဲ။
  ဒါဆိုရင် စာသင်သားတွေအတွက် ပို မလွယ်သွားနိုင်ပေဘူးလား။အချိန်တွေ သက်သာ မလာပေဘူးလား။လူတွေ သက်သာမလာပေဘူးလား။အဲ့လိုဆိုရင် မြန်မာသဒ္ဒါဟာလည်း ပိုပြီးမြန်မာ ဆန်သွားလိမ့်မယ် ထင်ပါတယ်။ ဘာ့အတွက်ကြောင့် ဝဂ်လို့ခေါ်ပြီး ဝဂ်ဆိုတာ ဘာပါလို့ မြန်မာလို ထပ်ရှင်းပြနေရတာလဲ။အစကတည်းက အစု လို့ မြန်မာလို ရှင်းရှင်းလေး ရေးရင် ရရက်နဲ့ ဝဂ်လို့ ရေးတယ်။ပြီးတော့ ဝဂ်ဆိုတာ အစုလို့ ပြန်ရှင်းပြန်တယ်။ ရှင်းနေတာကို ရှပ်အောင်လုပ်တယ်။ရှုပ်နေတာကို ပြန်ရှင်းအောင် လုပ်တယ်ဆိုတာ ဒါမျိုးများလားပဲလို့ မအပ်မရာတွေးတောမိပါတယ်။
  ဘာ့ကြောင့် ဝဂ်လို့သုံးနှုန်းကြပါသလဲ။ပါဠိသဒ္ဒါအတွက် အခြေခံဖြစ်ဖို့လား။ကျမ်းဂန်ဆန်ဖို့လား။မြန်မာစာပေ လေ့လာသူဟာ ပါဠိနဲ့သက္ကတဝေါဟာရတွေကိုလည်း အနည်းငယ် သိထားရမယ်ဆိုတာကြောင့်လား။ဘာဆို တာ ကိုတော့ ကျနော့်ရဲ့ ပဒေသဉာဏ် တစ်ထွာတစ်မိုက်လေးက လိုက်မှီအောင် တွေး မကြည့်နိုင်ပါဘူး။

၃။

  အဲ့ဒီလိုပဲ အတွဲ(၁)အခန်း ၃ ရဲ့အခြေခံသရ ၁၁လုံးကို၊၂ မျိုးခွဲရာမှာ ရဿသရ(သံတိုသရ)နဲ့ဒီဃသရ(သံရှည်သရ)ဆိုပြီး လေ့လာစေပါတယ်။ရဿသရ၊ဒီဃသရတို့ရဲ့ နောက်ကမှ ကွင်းစကွင်းပိတ်နဲ့ (သံတိုသရ)၊(သံရှည်သရ)လို့ ထည့်ထားတယ်။အမှန်ကတော့ ကျနော်တို့ လေ့လာကြမှာက မြန်မာသဒ္ဒါ မဟုတ်လား။ဒါဆို သံတို သရ၊သံရှည်သရတို့ကိုသာ ဦးစားပေးအမည်အဖြစ် ဖော်ပြပြီး ကွင်းစကွင်းပိတ်နဲ့ (ရဿသရ)၊(ဒီဃသရ)လို့ သိစေသင့်တယ်လို့ မိကျောင်းမင်း ရေခင်းပြချင်မိတယ်။
  ဒီနေရာမှာ ကျနော့် စကား မသင့်ရင်လည်း ပြင်လို့ရပါတယ်။ကျနော့် အယူအဆမှာတော့ မြန်မာသဒ္ဒါကို သင်ကြမယ်ဆိုရင်လည်းမြန်မာဆန်ဆန် ဖြစ်စေချင်တာပါပဲ။ဒါပေမယ့် မြန်မာသဒ္ဒါမှာ တော်တော်များများက ပါဠိစ ကားလုံးတွေနဲ့ ဆွေရိပ်မျိုးရိပ် ကင်းတယ်လို့ မရှိတော့ မြန်မာသဒ္ဒါခရီးမှာ အဓိပ္ပါယ် ဖွင့်ဆိုနေရတာနဲ့ ကြန့်ကြာ နေကြတော့တာပေါ့။မြန်မာစာရဲ့ ရှေ့ပိုင်းတွေဟာ ဘယ်လိုပဲ၊ဘယ်ကပဲ ဆင်းသက်လာခဲ့၊ဆင်းသက်လာခဲ့ ကျနော် တို့ခေတ်မှာ မြန်မာဆန်ဖို့ ပိုပြီးလုပ်ကြရမှာပါ။ဒါကြောင့်မို့မြန်မာ့ဗျည်းအက္ခရာတွေကို အသံအရ ခွဲခြားပေး တဲ့နေရာမှာလည်း မြန်မာဆန်ဖို့ လိုပါမယ်။ဒါမှသာ မြန်မာကလေးတွေ ချောချောမောမောနားလည်မှာ ဖြစ်ပြီး၊ ရွတ်ရဖတ်ရတာလည်း အဆန်းတကျယ် ဖြစ်တော့မယ် မထင်ပါဘူး။
  ခေါင်းစဉ်ကြည့်ရုံနဲ့ ဘာဆိုတာ ချက်ချင်းသိတော့ ရှင်းပြလိုက်တဲ့အခါ နားလည်မှုမှာ ပိုလာမှာပါ။ဒါပေမယ့် မြန်မာသဒ္ဒါဟာ မြန်မာဆန်အောင် ခေတ်အဆက်ဆက် ပြန်လည်ပြုပြင်ထားတယ်ဆိုပေမယ့် မြန်မာသဒ္ဒါလို့ ဂုဏ်ယူ ဖို့ကတော့ ခက်နေပါသေးတယ်။ဒီနေ့ထိ သင်ကြားနေနဲ့ မြန်မာသဒ္ဒါအခြေပြုမှာဃောသအက္ခရာ(သံပြင်း အက္ခရာ)၊အဃောသအက္ခရာ(သံညင်းအက္ခရာ)၊ဓနိတအက္ခရာ(သံတင်းအက္ခရာ)၊သိထိလအက္ခရာ(သံလျော့ အက္ခ ရာ)ဆို ပြီးတော့ မြန်မာအမည်ကို ဦးဆောင်အမည် မလုပ်ဘဲ ကွင်းစကွင်းပိတ်နဲ့ ဖော်ပြထားတုန်းပဲ ရှိပါ သေး တယ်။
  ဒီတော့ ဃောသ၊အဃောသနဲ့ဓနိတ၊သိထိလတွေက မြန်မာစာအတွက် မသိ မဖြစ်လား။သံပြင်း၊သံညင်းနဲ့သံ တင်း၊သံလျော့တွေကို အဓိကထားပြီး သိရမှာလား။အဲ့ဒီ့ မေးခွန်းမှာ ကျနော် လည်ထွက်နေပါတယ်။

၄။

  အဲ့ဒီ့အသံတွေနဲ့ တစ်ဆက်တည်းအတွဲ ၂၊အခန်း (၆) ကို ကြည့်ရင်လည်း စကားသံတွေအကြောင်း လေ့လာ တဲ့ ဌာန်၊ကရိုဏ်း၊ပယတ်ဆိုတာ တွေ့ရမယ်။အဲ့ဒီ့မှာလည်း ဌာန်၊ကရိုဏ်း၊ပယတ်ဆိုတာတွေက မြန်မာဝေါဟာရ မ ဟုတ်တာကြောင့် အဓိပ္ပာယ်တွေကို ဖွင့်ဆိုဖို့ လိုအပ်နေပြန်တယ်။လိုအပ်တဲ့အတိုင်းလည်း ဖွင့်ဆိုပြီးတော့ ကျက်မှတ်နေကြရတယ်။တကယ်က မြန်မာလို ရှိရက်နဲ့ ပါဠိသက်တွေ ဖြစ်တဲ့ ဌာန်၊ကရိုဏ်း၊ပယတ်လို့ လုပ်လိုက်တာ ဟာ မြန်မာသဒ္ဒါအတွက် အဟန့်အတားတစ်ခုလို ဖြစ်မနေဘူးလား။ဆရာကြီးဦးဖေမောင်တင်ရဲ့ ပါဠိ တစ်ချက်၊မြန်မာတစ်ချက် ဘာသာပြန်တဲ့နိဿယနည်းတွေကြောင့် မြန်မာစာပေဟာ နှစ်ပေါင်း ၇၀၀ လောက် ပုပ်သွား တယ်ဆိုတဲ့ သုံးသပ်ချက်လိုမျိုးပေါ့။
  ဒါကလည်း မြန်မာသဒ္ဒါကို သင်ကြားပေးရေးအနေနဲ့ ဆွေးနွေးပြတာပါ။တကယ်တမ်းက မြန်မာလူမျိုးအတွက် မြန်မာသဒ္ဒါဆိုတာလိုလို့လား။ပဋိသန္ဓေတတ် တတ်နေတဲ့ မြန်မာစာအတွက် အဓိကလိုအပ်တာက သတ်ပုံသတ် ညွှန်း၊စာလုံးပေါင်းနည်းနဲ့အရေးကောင်းကောင်းနဲ့ ရေးထားတဲ့ စာအုပ်ကောင်းတွေ ဖတ်ဖို့မဟုတ်ဘူးလား။ဒီမေး ခွန်းတွေက ဒီနေ့ဒီအချိန်မှာ ကျနော် အမေးချင်ဆုံး မေးခွန်းတွေပါ။ဒါမှ မဟုတ် မြန်မာပြည်မှာ တိုင်းရင်းသား ဘာ သာစကားကွဲပေါင်း မြောက်မြားစွာ ပြောနေကြတာမို့မြန်မာသဒ္ဒါဟာ ရှိဖို့ လိုအပ်နေတာလား။လူမျိုးရေး အတွက်လား။သဒ္ဒါ မတတ်၊စာမတတ်ဆိုတဲ့ အယူအဆကြောင့်လား။
  ကျနော့် ကိုယ်ပိုင်ခံစားချက်အရပြောရင်တော့ အခြေခံပညာမှာ ဒီလိုအခြေအနေမျိုးနဲ့မြန်မာသဒ္ဒါ သင်နေစရာ မလိုအပ်ပါဘူး။ကျောင်းသူ၊ကျောင်းသားတွေအတွက် အချိန်ကုန်၊လူပန်းပြီး ခက်ခဲလွန်းပါတယ်။အထူးသဖြင့်က တော့ မြန်မာသဒ္ဒါဟာ မြန်မာ မဆန်တဲ့အကြောင်းကြောင့်ပါပဲ။သင်မှ ဖြစ်မယ်ဆိုရင်လည်း လက်ရှိမြန်မာသဒ္ဒါကို မြန်မာဆန်အောင် ပြန်လည်ပြုစုကြဖို့ အနူးညွတ်တောင်းပန်လိုပါတယ်။
  ဥပမာ ပြောရရင် ဌာန်ကို-နေရာဆိုရင်ကော။ထပ်ရှင်းရရင် နေရာဆိုတာစကားသံဖြစ်ပေါ်တဲ့နေရာ။ကရိုဏ်း ကို- ကြားခံအသုံးပြုတဲ့အရာ။ဘယ်လို အ ရာလည်းဆိုတော့စကားသံ ဖြစ်အောင် အသုံးပြုတဲ့အရာ။ပယတ်ကို-အားထုတ်မှု။စကားသံ ထွက်အောင်အား ထုတ်ရွတ်ဆိုမှု။
  ဒီလိုတွေပဲ အမည်ပေးလိုက်ရင် မြန်မာသဒ္ဒါဟာ ပိုပြီးမြန်မာဆန်သွားမှာ ဖြစ်ပေမယ့်၊စကားသံဆိုတာ နေရာ၊ အသုံးခံနဲ့အားထုတ်မှုတွေ ပါမှ ဖြစ်ပေါ်တယ်ဆိုရင် ဖြစ်ပေမယ့် မြန်မာသဒ္ဒါအခြေပြုကျမ်းမှာက-စကားသံသည် ဌာန်၊ကရိုဏ်း၊ပယတ်တို့ ပါမှသာ ဖြစ်ပေါ်သည်လို့ လုပ်ထားတဲ့တာအတွက် နားလည်မှုနဲ့ ဝေးသွားစေပါတယ်။ဒါတောင် တောင်တွင်းဆရာတော်ခင်ကြီးဖျော်ရဲ့သဒ္ဒဗျူဟာကျမ်းထဲကလို ကဏ္ဍဌာန်၊တာလုဌာန်၊မုဒ္ဓဌာန်၊ဒန္တဌာန် တွေ မလုပ်ကြလို့ တော်သေးတယ်လို့ပဲပြောရပါတော့မယ်။

၅။

  တကယ်တော့ စကားသံဖြစ်ပေါ်လာပုံကိုသင်ရတာဟာ စကားအစိတ်အပိုင်း(သဒ္ဒါ)တွေကို သင်ရတာထက် ပိုပြီး အကျိုးထူး ရရမှာပါ။ဘာလို့လဲဆိုတော့ မြန်မာစာအရေးအသားစနစ်ဟာ စကားသံကို အခြေပြုတဲ့အရေး အ သား ဖြစ်နေလို့ပါပဲ။မြန်မာစာလုံး တစ်လုံးချင်းဟာ စကားသံတစ်လုံးချင်းကို ကိုယ်စားပြုဖော်ပြပေးနေတာ ဖြစ်လို့ စကားသံ ထွက်ပေါ်လာပုံဟာ သိပ်ကို အရေးပါတာပါ။အဲ့ဒီလို ကိုယ်စားပြုဖော်ပြပေးဖို့အတွက်ကိုတော့ မြန် မာစာအရေးမှာ ဗျည်းနဲ့သရကို အသုံးပြုပါတယ်။
  စကားသံဖြစ်ပေါ်ပုံဟာ အဲ့ဒီ့ဗျည်း၊အဲ့ဒီ့သရတွေ ဘယ်က၊ဘယ်လို ထွက်တယ်ဆိုတာ ပြသထားတာပါ။တချို့သောကေစိတွေကတော့ စကားသံဖြစ်ပေါ်လာပုံတွေကို ကြေညက်ရင် သတ်ပုံတောင် မှားစရာ မရှိဘူးလို့ ယုံ ကြည်ကြပါတယ်။ဒါကြောင့်လည်းသတ်ပုံအငြင်းပွားတာတွေ မဖြစ်ဖို့၊စကားသံဖြစ်ပေါ်ပုံတွေကို စနစ်တကျသိအောင် လုပ်ဖို့၊ကလေးငယ်တွေကို ငယ်ငယ်ကတည်းက ကျကျနန ရွတ်ပြီး အသံထွက်မှန်အောင် ပေါက်ပေါက် မြောက်မြောက်သင်ပေးကြဖို့၊အသံထွက်မှန်မှ သတ်ပုံကိုလည်း မှန်ကန်အောင် ရေးတတ်မှာ ဖြစ်တယ်လို့ ဆရာ ကြီးဒဂုံဦးစန်းငွေက သဒ္ဒါအမြင်-စာအမြင်မှာ ရေးသားဖော်ပြဖူးပါတယ်။
  ဒါကိုတော့ ကျနော် စဉ်းစားကြည့်တယ်။အသံနဲ့ သတ်ပုံမှန်ဖို့ထိ အားထုတ်ကြမယ်ဆိုရင် စကားသံတွေထွက်ပေါ်လာတဲ့နေရာ မပျောက်ဖို့ လိုပါ့မယ်။အဲ့ဒီလို မပျောက်ဖို့ ခဏနားဖို့ လိုပါ့မယ်။ဥပမာ-မတ်တတ်ရပ် ကို ဆိုတဲ့ နေရာမှာ မတ် ဆိုပြီးတစ်ခါ၊ တတ် ဆိုပြီးတစ်ခါ လျှာဟာ အာထိပ်နေရာကို ထိစေရမှာ ဖြစ်ပါတယ်။ ရပ် ကို ဆို လိုက်တဲ့အခါမှာတော့ နှုတ်ခမ်းနှစ်ခုကို ပိတ်စေရမှာ ဖြစ်ပါတယ်။ဒီတော့ ကျနော်တို့ အဲ့လောက်ထိ လုပ်နိုင်ပါ့ မလား။ဖြစ်နိုင်ပါ့မလား။အဖြေကိုတော့ဆရာကြီးရဲ့စကားနဲပဲ ပြန်ချုပ်လိုက်ချင်ပါတယ်။ဌာန်ကရိုဏ်းအတတ်သည် အပြောလွယ်သည်နှင့်အမျှ လုပ်ရာ၌လည်း ခက်ဘိစွ ဟူ၍သာ။
                                                                                                                ကျော်ထင်---ကျော်ထင် (ဆွေးနွေး)  ၁၅:၀၃၊ ၁၄ မေ ၂၀၂၀ (UTC)အကြောင်းပြန်ရန်

မြန်မာစာအကြောင်း

ပြင်ဆင်ရန်

ကြောင်ရေချိုး ခါးတောင်းကျိုက် ကဆုန်ပေါက်

၁-

  စာလုံးပေါင်း သတ်ပုံတွေ အကြောင်းပြောတော့ ဘယ်လိုအခါတွေမှာ မှားတတ်လဲတဲ့။မသိရင် မှားတယ်လို့ ဖြေလို့ရသလို၊လက်ခုပ်လက်ဝါးသိ သိနေလည်း မှားလေ့၊မှားထ ရှိတတ်ပါတယ်။တကယ်တော့ သတိမမူရင် ဂူ တောင် မမြင်နိုင်ဘူး မဟုတ်လား။ဒီတော့ သတိမထားကြရင် လွဲမှားတတ်တာပါပဲ။မသိရင်လည်း လွဲရေးတတ်တာ ရှိသလို၊တမင်တကာ လွဲရေးကြတာမျိုးကြောင့်လည်း လွဲတတ်ကြပါတယ်။
  ပြီးတော့ ဝေါဟာရတစ်ခု၊စကားလုံး တစ်လုံးဟာသုံးလေ့သုံးထ သိပ်မရှိရင်လည်း လွဲချော်တတ်ပါသေးတယ်။ ဟိုဘက်တလောကဆို ကဆုန်ပေါက်တာနဲ့ ပတ်သက်ပြီးအချေအတင် ဖြစ်ခဲ့ကြလို့ စာထဲပေထဲ ဝင်ရှာခဲ့ရပါသေး တယ်။မြန်မာအဘိဓာန်မှာကတော့ ကဆုန်ပေါက်လို့ ရေးဖို့ သတ်မှတ်ပြဋ္ဌာန်းထားပေးပြီးသားပါ။ဒါပေမယ့် စာလုံးပေါင်းပုံက ထူးလို့ စူးစမ်းချင်စိတ် ဝင်မိတယ်။
  ဒီစကားလုံးက ခြေလေးချောင်းရှိတဲ့ တိရစ္ဆာန်တွေ ခြေစုံပေါက်ပြီး ပြေးတာမျိုးကို ဆိုလိုတာ မဟုတ်လား။ဒါပေမယ့် အဲ့ဒါကို ဘာလို့ ကဆုန်ပေါက်က ဆုန် ကို စလုံးသေးသေးတင် မစုံဘဲ၊ဆလိမ် နသတ်လုပ်တာလဲဆိုတာ သိချင်တာပါ။မြန်မာစကားလုံးတွေဆိုတာ တစ်လုံးချင်းမှာလည်း အဓိပ္ပါယ် ရှိနေတတ်တာ ဖြစ်တော့ ဆုန်ရဲ့ အဓိပ္ပါယ်ကို သိချင်တယ်။ဒုတိယကျော်အောင်စံထားဆရာတော်ဘုရားရဲ့ ဝေါဟာရတ္ထပကာသနီ မှာတော့ ဆုန်ကို လ အမည် ကဆုန်ဆိုတာပဲ ဖွင့်ပြထားတာ တွေ့တော့ ဆုန်ဟာ မြန်မာ ဝေါဟာရမှ ဟုတ်ရဲ့လားလို့တွေး မိ တယ်။
  ကထိန်လို ပါဠိကနေ ယူလိုက်တာလား။လုံချည်လို ဟိန္ဒူဝေါဟာရကပဲ ဆင်းသက်လာတာလား။အလံလို အရ ဗီစကားကနေ မွေးစားလိုက်တာလား။မြန်မာအဘိဓာန်ဟာ ဝေါဟာရ ဆင်းသက်လာတဲ့ ရင်းမြစ်တွေကို ဖော်ပြပေးလေ့ရှိပေမယ့် ကဆုန်ပေါက်မှာတော့ ဘယ်အရင်းအမြစ်က လာတယ်ဆိုတာ ထည့်ပေးထားတာ မတွေ့ ရပါ ဘူး။ဒါဆို မြန်မာဝေါဟာရစစ်စစ်လို့ သတ်မှတ်ထားလို့လား။
  ဆရာကြီးဦးဖိုးလှ ပြုစုတဲ့ မြန်မာ့သတ်ညွှန်း ဒီပနီထဲ ဝင်ရှာတော့လည်း ဆုန်ကို “ကဆုန်လ။ကဆုန်ပြေး   သည်။” ဆိုတာလောက်ပဲ ဖော်ပြထားတယ်။ဆရာကြီးဦးဖိုးလတ်ရဲ့ မြန်မာစကား အဖွင့်ကျမ်းကျတော့ ကဆုန်ရဲ့ ဝေါ ဟာရရင်းမြစ်ကို ထိုင်းဘာသာလို့ ဖော်ပြထားပါတယ်။ခုန်ပေါက်တာ၊တဟုန်ထိုးပြေးလွှားတာကို ယိုးဒယားတွေက ကးဇောန် လို့ရေးပြီး /ကချုန် /လို့ ဖတ်ပါတယ်။အဲ့ဒီ့ ကးဇောန်ကနေ ကဆုန်ဖြစ်တယ်လို့ ယူဆကြောင်း ဖော် ထုတ်ထားပါတယ်။

၂-

  တစ်ဆက်တည်းဖတ်ရတာက တက္ကသိုလ် မြန်မာအဘိဓာန်ရဲ့ ကဆုန်ဝေါဟာရအပေါ် ဝေဖန်ထားတာကိုပါ။ ကဆုန်ကို ကဆုံလို့ ရေးထုံး ထားရမယ်လို့ ဆိုတယ်။အကိုးအကားကတော့ စွယ်စုံကျော်ထင်ကျမ်း သံတူကြောင်းကွဲ "အုံ" ကာရန်ပုစ္ဆာ ၁၆ ပုဒ်ထဲက "ရှက်ဆုံ လက်ဆုံ၊နှမ်းပွတ်ဆုံ၊ကဆုံ မြစ်ဆုံ မည်သို့နည်း"ကို ကိုးကားပြထားပါတယ်။ တကယ်တော့ အဲ့ဒီ့ပုစ္ဆာဟာ ကြည့်ကန်ရှင်ကြီး မေးသွားပေမယ့် ကျီးသဲလေးထပ်ဆရာတော်ဘုရာကြီးက ဖြေပေး မထားတဲ့ပုစ္ဆာတွေထဲက တစ်ခုပါ။အနက်အဓိပ္ပာယ် ဖြေဆိုစရာ မလိုတာကြောင့် ဆရာတော်ကြီးက ဖြေ မသွားတာလို့ ဆိုပါတယ်။
  ဒါပေမယ့် တက္ကသိုလ်မြန်မာအဘိဓာန်က ကဆုန်လို့ ရေးတာဟာ မူရင်း မဟုတ်ဘူး။ကဆုံလို့ ရေးတာကသာ မူမှန်လို့ဆိုပြီး၊အဓိပ္ပါယ်ကိုလည်းမြင်း၊ဆိတ်စတဲ့ တိရစ္ဆာန်တွေ လက်ကို ဆုံ၍ မြှောက်တာ၊ခြေကို ဆုံ၍ မြှောက် တာလို့ ဖွင့်ဆိုပါတယ်။အဲ့ဒီတော့ ဆုန်နဲ့ ပတ်သက်တဲ့ အဓိပ္ပါယ်ဟာ အဘိဓာန် နှစ်ခုပေါင်းမှာ စုံပေါက် နဲ့ ဆုံပေါက် လို့ သိမှတ်ရတယ်။ခြေတစ်စုံလုံး မြှောက်တာနဲ့၊ခြေကို ဆုံစေ၍ မြှောက်တယ်ဆိုတဲ့ အနက်အဓိပ္ပါယ်တွေကို လေ့လာမိတယ်။
  လက်ရှိ မြန်မာအဘိဓာန်မှာတော့ ရှေ့ခြေစုံ၊နောက်ခြေစုံ မြှောက်ခုန်၍ ပြေးသည်လို့ ဖွင့်ဆိုထားပါတယ်။ကျနော့် အနေနဲ့ ပြုစုခွင့်ရှိရင်တော့ ခြေစုံပေါက်ပြေးတာဖြစ်လို့ ကစုံပေါက်ဆိုတဲ့ ရေးထုံးကိုပဲ သုံးချင်မိပါတယ်။ ကြိ ယာအနေနဲ့ဆို စုံပေါက်သည်။ကြိယာဝိသေသနအတွက်ဆိုရင်တော့ က ကို ပစ္စည်းအဖြစ် အသုံးပြုပြီး ကစုံပေါက်လို့ သုံးလိုက်ချင်တော့တာပါပဲ။ဒါပေမယ့်လည်း ရေးထုံးစနစ်ဆိုတာ ကိုယ်သဘောတစ်ခုတည်း ရေးချင်သလို ရေးလို့ ရတာမျိုးမှ မဟုတ်တာ။အများနဲ့ ဆက်စပ်ပတ်သက်လာပြီး ရေးမယ်ဆိုရင်တော့ ရေးထုံး စံဆို တာ ကို လိုက်နာရမှာပါပဲ။

၃-

  အဲ့ဒီလို မလိုက်နာနိုင်တာဟာ မြန်မာစာကို ဖျက်လိုဖျက်ဆီးပြုဖို့ တာဆူတာနဲ့ အတူတူပဲလို့ ထင်မြင်မိပါတယ်။ ရှေးတုန်းကတော့ ဒီလို သတ်ပုံအမှားတွေကို တရားဝင် ပြယုဂ်တွေမှာသည်းညည်း မခံကြပါဘူး။တရားတဘောင် မှာတောင် အမှုသွားအမှုလာထက် သတ်ပုံမှားရင် ခံဆိုတာထိ အပြစ်ရတတ်ပါတယ်။ဒါကို ရေးနည်း ရေးထုံး အသုံးမမှန်လို့ အရှုံးခံစေဖူးတဲ့ ကောက်တော်မူချက်အကြောင်းကို မြန်မာမင်း အုပ်ချုပ်ပုံစာတမ်းမှာ ဖတ်ခဲ့ဖူးပါတယ်။ ကောက်တော်မူချက်ဆိုတာကတော့ ယနေ့ခေတ်အခေါ်အတိုင်းဆိုရင် ကောက်ချက်ချတာ၊မှတ်ချက်ရေးထိုးတာ၊ဆုံးဖြတ်ချက် ချမှတ်တာမျိုးနေမှာပါ။
  မြတောင်စား သေနတ်ဝန်နဲ့ ပခန်းမင်းကြီးနှစ်ပါးက မိလေးရဲ့ အစီရင်ခံစာကို ကောက်ချက်ချခဲ့ကြတာပါ။မိလေးရဲ့ ဖြတ်စာအစီရင်ခံစာမှာ မိငြိမ်းမြကိုလည်း ပင့်ရေးတဲ့နေရာ ရေးတယ်။ရစ်ရေးတဲ့ နေရာမှာ ရစ်ရေးတယ်။ သီ ရိပဘာကို ရေးရာမှာလည်းပက နှစ်လုံးဆင့်ပြီးရေးတယ်။သီရိမလ္လာဒေဝီကို ရေးရာမှာ လ ကို ဆင့်မရေးဘူး။ အသက် ၅၀/၆၀ ရေးရာမှာကျတော့ ကျပ်ချိန်တွေရေးသလို လုံးကြီးတင်ပြီး ၅၀ိ/၆ဝိ အရေးတွေပါတယ်။ ဒါဟာ လွှတ်တော်က စီရင်တဲ့ ဖြတ်စာစာချွန် မဟုတ်ဘူး။လုပ်ကြံရေးသားထားတဲ့ ဖြတ်စာသာ ဖြစ်တယ်။ဖြတ်စာ စာချွန်တု ရေးပေးသူကို ဖော်ခိုင်း။မိလေးကို ထောင်တန်းမှာ အကျဉ်းထားဆိုတဲ့ ကောက်တော်မူချက်ပါ။ခုခေတ်မှာတော့ စာပေအရေးအသားဟာ လူထဲသူထဲ ရောက်နေပြီ ဖြစ်တာမို့ အဲ့ဒီ့လောက်ကြီး လုပ်ဖို့တော့ မလိုအပ်ပါ ဘူး။ဒါပေမယ့် အဲ့လောက်ထိ အလေးထားပြီး ကြီးလေးခဲ့တယ်ဆိုတာကိုတော့ အသိရှိ ထားသင့်ပါတယ်။
  ဒါကြောင့်မို့ ရှေးကလောက် ကြီးလေးတဲ့ပြစ်ဒဏ်တွေ မရှိတော့ဘူးဆိုပြီး ပေါ့ပေါ့ဆဆ ရေးချနေတာမျိုးတွေ ရှောင်ကျဉ်နိုင်သလောက် ရှောင်ကျဉ်သင့်ပါတယ်။ကိုယ်ရေးချင်သလို ချရေးနေကြမယ်ဆိုရင်တော့ နောက်ဆုံး မှာ မြန်မာစာဟာ ဗုန်းဗုန်းလဲကျသွားပါလိမ့်မယ်။ဗုန်းဗုန်းလဲပြီးမှ ပြန်ထူဖို့ကြိုးစားတာထက် မလဲခင် ထိန်းသိမ်း ကြတာက ပိုပြီး တာပါလိမ့်မယ်။တကယ်လို့ ကိုယ့်ရေးထုံး မှန်တယ်ဆိုရင်လည်း တရားဝင်အောင် ကြိုးစားအား ထုတ်ကြည့်စေချင်ပါတယ်။
  အဲ့ဒီ့ရလဒ်ပေါ်မူတည်ပြီးမှ ကျနော်တို့ ရေးကြ၊သားကြရင် သင့်မယ်ထင်ပါမယ်။ကျနော့်အနေနဲ့ကတော့ က ဆုန်ပေါက်ကို ကစုံပေါက်လို့ ရေးချင်ပေမယ့် တရားဝင်မှု မပြုနိုင်သေးသမျှတော့ ကဆုန်ပေါက်လို့ပဲ ရေးထုံးပြုနေဦး မှာပါ။

၄-

  မြန်မာစာအဖွဲ့အနေနဲ့လည်း သတ်ပုံကျမ်း ပြုစုတုန်းက ပြည်သူလူထုကိုပါ ဖိတ်မန္တကပြုပြီး အကြံပြုခိုင်းတာ၊ တင်ပြတာ၊ ပြုပြင်တာတွေ လုပ်ခဲ့ကြတယ်လို့ဆိုပါတယ်။အဲ့ဒါတွေကို သိမှီသူများ ရှိသေးတုန်း၊ဘယ်ဝေါဟာ ရ ကို ဘယ်ထုံးကိုယူတယ်။ဘယ်စကားလုံးရဲ့ သတ်ထုံးကို ဘယ့်အတွက်ကြောင့် သုံးတယ်ဆိုတဲ့ သတ်ထုံးညှိနှိုင်း အဖြေစာအုပ်တစ်အုပ်လောက် ပြုစုကြရင် ကောင်းမယ် ထင်ပါတယ်။ဒါမှလည်း ဝေါဟာရတွေကို စိတ်ဝင်စားကြတဲ့သူတွေအတွက် ဖတ်ဖတ်မှတ်မှတ်ပြုစရာ အာဂမယုတ္တိတစ်အုပ် ထပ်တိုးတော့မှာပါ။
  ရှေးဟောင်းပစ္စည်းတွေကို စိတ်ဝင်စားသလို၊တံဆိပ်ခေါင်း စုဆောင်းသူတွေလို ဝေါဟာရတွေကို စိတ်ဝင်တစား ရှိလှတဲ့ ဝေါဟာရမုဆိုးတွေလည်း ရှိပါတယ်။ဒါကို အလုပ်မရှိ ကြောင်ရေချိုးလို့ဆိုကြတယ်။ဘယ်လို ပဲဆိုဆို ကျနော်လည်း အဲ့ဒီ့မုဆိုးတွေထဲက တစ်ယောက်ဖြစ်လို့ ကဆုန်ပေါက်နောက်ကို လျှောက်လိုက်ရင်း ကြောင်ရေချိုးနေမိတာပါ။မြန်မာဝေါဟာရတွေထဲမှာ တချို့အသုံးအနှုန်းတွေကျတော့ ဝေါဟာရ ကြွယ်ဝအောင်ပြုစုထားတာ ဖြစ်နိုင်သလို၊ရှေးရေးထုံး ရှိခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ပြီးတော့ နီးစပ်ပတ်သက်ခဲ့တဲ့ လူမျိုးအသီးသီးရဲ့ ဘာသာစကားတွေကို နားစွဲရာကနေ၊ကြိုက်နှစ်သက်ရာကနေ၊အထင်ကြီးရာကနေ ယူငင်သုံးစွဲလိုက်တာမျိုးလည်း ရှိတတ်ပါတယ်။
  တကယ်တော့ မြန်မာစကားရဲ့အနက်နဲ့အရေးတွေကို သိဖို့ဆိုတာ နက်ကျယ်တဲ့ကိစ္စပါ။ဘာသာဗေဒမှာ နှံ့နှံ့စပ် စပ် ခြေဆန့်နိုင်မှပါ။အဲ့ဒီလို လုပ်ဖို့ဆိုရင် အချိန်ပေးရပါမယ်။စိတ်ရှည်ရပါမယ်။ဟိုဘက်တလောကလည်း ခါး တောင်းကျိုက်ဆိုတဲ့ စကားလုံးအပေါ် ခြေဆန့်မိပါသေးတယ်။မြန်မာယောကျ်ားတွေရဲ့ ခါးစည်းဝတ်ကို ပုဆိုးလို့ခေါ်ဆိုပေမယ့်၊အဲ့ဒီ့ပုဆိုးကို ရှေ့ဘက်ဆီ များများယူ၊ဆွဲလုံးလိုက်ပြီး၊ရှေ့ကနေ၊နောက်ဖက်ဆီ သိုင်း ကျိုက် လိုက် တာကိုကျတော့ ပုဆိုးကျိုက်လို့ မသုံးဘဲ၊ခါးတောင်းကျိုက်လို့ သုံးစွဲခဲ့ကြပါတယ်။တကယ်တော့ ခါးတောင်း ဆိုတာ ပုဆိုးလို့ အဓိပ္ပါယ်ရတဲ့ ရခိုင်စကားလို့ ရက္ခပူရ ဒွါဒသရာသီ ဋီကာကို ရေးသားပြုစုတဲ့ အရှင်ကုသ လက ဆို ပါတယ်။
  အဲ့ဒီ့မှာ အရှင်ကုသလက ဗမာလူမျိုးတို့သည် အဘယ့်ကြောင့် ရခိုင်လူမျိုးတို့၏ နေ့စဉ်သုံး ဝေါဟာရကို ယူ၍ ခါးတောင်းကျိုက် ဟု သုံးစွဲကြပါသနည်း။မိမိလူမျိုးတို့၏ အသုံးအနှုန်းနှင့်ဆိုပါမူ ပုဆိုးကျိုက်၊လုံချည်ကျိုက်ဟူ ၍ သာ သုံးသင့်သည် မဟုတ်ပါလားလို့ ဝေဖန်သုံးသတ်ထားဖူးပါတယ်။ဒါကိုတော့ လူမျိုးရေးကို အခြေခံတဲ့ သုံးသပ်ဝေဖန်မှုလို့ ခံစားနားလည်မိပါတယ်။ဘာလို့လဲဆိုတော့ ဆရာတော်ရဲ့စာမျက်နှာတစ်ခုမှာ ရခိုင်လူ မျိုး များကို သမိုင်း မတင်မီခေတ်ကရော၊သမိုင်းတင်ပြီးခေတ်အပါအဝင် ခေတ်အဆက်ဆက် သမိုင်းရာဇဝင် အစောင်စောင်တွင် တိုင်းရင်းသား ဟူ၍ မတွေ့ရချေ။လူမျိုးဟူ၍သာ တွေ့ရ၏။ကိုယ့်ယဉ်ကျေးမှုနှင့်ကိုယ် ရပ်တည်လာခဲ့ကြ သော ရခိုင်လူမျိုးများသာ ဖြစ်ကြောင်း အထူတလည် သိထားသင့်ပါသည် လို့ဆိုထားပါတယ်။
  ဒါပေမယ့် မြန်မာအဘိဓာန်မှာတော့ ခါးတောင်းကျိုက်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ အရင်းအမြစ်အဖြစ် ရခိုင်စ ကားလို့ ဖွင့်ပြထားတာ မတွေ့ပါဘူး။ဒါကလည်း ရခိုင်ဟာ မြန်မာ။မြန်မာဟာ ရခိုင်လို့ပဲ ထင်မှတ်ထားတဲ့ အယူအ ဆကြောင့်လားတော့ မသိပါဘူး။ယောနှင့်ရခိုင်၊နှိုင်းပြိုင် ထားဝယ်၊ဘရယ်-တောင်သူ၊ပျော့ပျူ-ကမ်းယံ ခုနစ်တန်၊မြန်မာ ဟူ၍မှတ်လို့ ဆိုခဲ့ကြတယ် မဟုတ်လား။
  ဟုတ်ကဲ့-ဆက်ပြီးတော့ ကြောင်ရေချိုးချင်မိပါသေးတယ်ခင်ဗျား-----
                                                                                                       ကျော်ထင်---ကျော်ထင် (ဆွေးနွေး)  ၁၅:၀၅၊ ၁၄ မေ ၂၀၂၀ (UTC)အကြောင်းပြန်ရန်

မြန်မာစာအကြောင်း

ပြင်ဆင်ရန်
   ဦး မာယာမျိုး သတိမူပါ၊ဂူမြင်ပါ

၁။

  ကလေးငယ်တစ်ယောက် စာအော်ကျက်နေတာကို ကြားလို့ သွားရင်းလာရင် နားစွင့်မိခဲ့တယ်။ “အက္ခရာ အု လုံးကြီးတင်-ဆန်ခတ်အူ(ဦ)-ဝစ္စနှစ်လုံးပေါက် အုန်း--သွားပါအုန်း” ဆိုပြီး စာလုံးပေါင်းနဲ့အသံ မတူတာကြီးကို တ ပင်တပန်း အော်ကျက်နေတယ်။အဲ့ဒီ့ထဲက အုန်းဆိုတာ ဦးပါ။ဒါပေမယ့် ဦးကို /အုန်း/လို့ အသံထွက်ပြီး ဆိုနေ တယ်။(ဦး)ကို/အူး/လို့ပဲ အသံထွက်ရတယ် ဒါကြောင့် စားပါအူး လို့ပဲဆိုရမယ်လို့ပြောချင်ပေမယ့် သူ့အရပ်နဲ့ သူ့ ဇာတ်ပဲလို့ တွေးဖြစ်သွားလို့ မပြောဖြစ်လိုက်ဘူး။
  သင်သူတွေက ကျောင်းမှာ အုန်းလို့ သင်လိုက်လို့ /အုန်း/လို့ အသံထွက်တဲ့ကိစ္စမှာ ပြင်ပေးလိုက်တဲ့အသံ ထွက်က သူတို့အဝန်းအဝိုင်းထဲမှာ အမှားဖြစ်သွားရင် မကောင်းဘူး။ လှောင်ပြောင်ကြလိမ့်မယ်။ကျနော် ငယ်   ငယ်က police ကို /ပုလစ်/ မထွက်ဘဲဘိုးဘိုး ပြင်ပေးလိုက်တဲ့ /ဖလစ်/လို့အသံထွက်ခဲ့လို့ ပလစ် ကြီး၊ပရစ်ကြီး နဲ့ လှောင်ပြောင်တာခံခဲ့ရဖူးတယ်။အပြောင်ခံရတာကတော့ ဒီတစ်ခုတည်းတင် မဟုတ်ပါဘူး။ အ များကြီးပါ။ အဲ့ဒီ့ထဲက ဒီတစ်ခုကို ဥပမာထား ပြောတာပါ။
  ဒါကြောင့်မို့ (ဦး)ကို /အူး/ လို့အသံထွက်ရမယ်လို့ မပြောဖြစ်တော့ဘူး။ပြောရင်လည်း ဆန်စဉ်ရာ ကျည်ပွေ့ လိုက်သလို ဖြစ်နေမှာပါပဲ။ပညာရေး ပင်မကျောရိုးမှာမှ မဖြေရှင်းနိုင်ဘဲနဲ့ပညာရေး ပင်မကိစ္စကနေ လွင့်စဉ်ကျ လာတဲ့ ဆန်တစ်စေ့ချင်းစီကို ဟိုသူငယ်မှား ပြင်ပေးလိုက်။ဒီသူငယ်လွဲ တည့်ပေးလိုက် လုပ်နေလို့ အမှန် ဖြစ် မလာနိုင်ပါဘူး။ဆန်စဉ်ရာ ကျည်ပွေ့ မလိုက်နိုင်ပါဘူး။ဒီတော့လည်း နည်းနည်းလောက် ပေါက်မြောက်လို ပေါက် မြောက်ငြား၊ ပညာဘက်နဲ့ အသက်မွေးဝမ်းကျောင်းကြတဲ့ သူတွေထဲက အချို့တစ်ဝက်လောက် ဖတ်လို ဖတ်ငြားဆိုပြီး ပေါက်ပေါက်မြောက်မြောက်ရှိတဲ့ သတင်းစာကပဲ ရေးပြတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။

၂။

  တကယ်တော့ စာလုံးပေါင်း (ဦး) တိုင်းကိုတော့ /အူး/ လို့ အသံထွက်တာ မဟုတ်ပါဘူး။ဦးကင်း၊ဦးကျိုး၊ ဦး ခိုက်၊ဦးခေါင်း၊ဦးချ၊ဦးချို၊ဦးစွန်း၊ဦးဆွေးဆန်မြေ့၊ဦးညွတ်၊ဦးတိုက်၊ဦးတင်၊ဦးတည်၊ဦးထိပ်ထား၊ဦးစောက်ပြောင်း ပြန်ဆိုတဲ့ ခေါင်းနဲ့ပတ်သက်တဲ့အသံထွက်တွေမှာ /အူး/သံနဲ့ပဲ ရွတ်ဆိုကြပေမယ့်၊ခေါင်းနဲ့ကျောရိုးထိပ် ဆက် တဲ့နေရာအခေါ်အဝေါ်ဦးဆက်က (ဦး)ကိုတော့ /အုတ်ဆက်/ဆိုပြီး /အုတ်/အသံထွက်ပါတယ်။ခေါင်းဆောင်း စရာ ဦးထုပ်နဲ့၊ဆံပင်တွေကို စုသိမ်းထားတဲ့ ဦးလုံးသိမ်း၊ဦးလုံးသွင်း၊ဦးသျှောင်တွေက (ဦး)ကိုလည်း /အုတ်/ လို့ပဲ အသံထွက်ပါတယ်။
  ပြီးတော့ မိခင်ထက် အရင်မွေးတဲ့ အမေ့အစ်ကို ဦးကြီး၊စောစောပြုစေလိုတဲ့ ဦးစား ပေး နဲ့ဦးဆောင်ဦးရွက် ပြု ရတဲ့ ဦးစီး၊စတဲ့ဝေါဟာရတွေထဲက (ဦး)တွေကို /အူး/လို့ပဲ အသံထွက်ပေမယ့်၊ ခေါင်းအတွင်းထဲက ဦးနှောက် နဲ့ ပတ်သက်တဲ့ ဝေါဟာရတွေဖြစ်တဲ့ ဦးနှောက်ခြောက်၊ဦးနှောက်ပျက်၊ဦးနှောက်ရှင်း၊ ဦးနှောက်ရှုပ်တွေက (ဦး) ကို ကျတော့ /အုန်း/လို့ အသံထွက်ပြန်ပါတယ်။ဒါတွေကတော့ ဒုတိယအကြိမ် ပြင်ဆင်တည်းဖြတ်ပုံနှိပ်ထားတဲ့ မြန် မာအဘိဓာန်စာအုပ်ထဲက ယနေ့လက်ရှိခေတ်ရဲ့အသိအမှတ်ပြု အသံထွက်တွေပါပဲ။ဦးက နည်းနည်းတော့ မာ ယာများပါတယ်။
  စောစောက ကလေးငယ်ထွက်သလို (ဦး)ကို အုန်းလို့ အသံထွက်ပြတာမျိုးကိုတော့ ဦးဖိုးလှရဲ့ သတ်ညွှန်းဒီပ နီမှာ /အုံး/လို့ ထွက်ပြထားတာ တွေ့ဖူးပါတယ်။ဒါပေမယ့် လက်တွေ့နားတွေ့အခြေအနေတွေမှာကတော့ ဒေ သသံ အဖြစ် မပီတာမျိုး မဟုတ်ဘဲ/အုန်း/လို့ပဲ အသံထွက်ကြတာ များပါတယ်။ဒါကို ကြည့်ရင် အသင်(ပညာရပ် ဝန်း)နဲ့အပြင်(အရပ်သားရပ်ဝန်း) လွန်ဆွဲမှုမှာ အပြင်နိုင်နေတယ်လို့ ဆိုရတော့မှာပါ။နောပ်ထပ်လည်း အပြင်နိုင်ဖို့ အ ခြေအနေတွေက အများကြီးပါ။အသင် မဦးရင်တော့ အပြင်ဦးမှာဖြစ်လို့ အသင်ကို ပြင်မှာလား၊အပြင်ကို သင်မှာလားဆိုတဲ့ မေးခွန်းကို ဆန်းစစ် ရတော့မှာပါ။
  အသင်ဆိုတဲ့နေရာတွေမှာ တစ်ကျောင်းတစ်ဂါထာ၊တစ်ရွာတစ်ပုဒ်သစ်နဲ့ ထွက်ချင်တဲ့ အသံထွက်တွေ ထွက် ပြီး သင်နေလို့မဖြစ်ပါဘူး။တချို့စကားလုံးတွေဟာ ဦးလိုပဲ မာယာများလှပါတယ်။ဒါကို သတိပြုရပါ့မယ်။ ဂူမြင် အောင် ကြည့်ရပါမယ်။ဥပမာ ပြောရရင် မြန်မာကဗျာအမျိုး အစားတွေထဲက တျာ ဆိုတာကိုလည်း /တယာ/လို့ ရွတ်ရမှာကို /တွာ/ လို့ သတိမမူ၊ဂူမမြင် ဖြစ်နေကြတယ်။ဝိညဉ်ကိုလည်း/ဝိန်ညင်/ ထွက်ရမှာကို /ဝတ်ညင်/။ မုရင်းဆိုရင်လည်း/မယင်း/လို့ တစ်ချောင်ငင်သံ မထည့်ဘဲ ရွတ်ဆိုရမယ့်အစား /မုယင်း/ဆိုပြီး မုမှာ တစ်ချောင်း ငင်သံကို မဖျောက်ဘဲ ရွတ်ဆိုတယ်။ပုလင်းကို မှန်အောင်ထွက်တတ်ရင် မုရင်းကိုလည်း မှန်အောင် ထွက်သင့် တယ်။ကောက်လျင်ကိုလည်း/ကောက်ယင်/အစား /ကောက်လှင်/ဆိုတာမျိုးတွေချည်း အထွက်လွဲ နေကြ တယ်။
  အခုရေးပြီးသွားတဲ့ ချည်းဆိုရင်လည်း ကြည့်လို့ပဲ ပြောကြတာ တွေ့ရတယ်။အလုပ်တစ်ခုကို တစ်ယောက် တည်း လုပ်နေရလို့ ညည်းကြတဲ့အခါ ငါချည်းပဲ လုပ်နေရတယ် ဆိုတာကို ငါကြည့်ပဲ လုပ်နေရတယ် ဆိုတဲ့ ချည်း နဲ့ကြည့်ကို အသံဖလှယ် ပြောတာမျိုးပဲ ကြားရတယ်။တကယ်တမ်းက ကြည့်ကို အထောက်အကူပစ္စည်း အဖြစ်သုံးချင်တယ်ဆိုရင် အဲ့ဒီလို သုံးလို့ မရပေမယ့် အပြင်မှာတော့ အဲ့ဒီ့အတိုင်းပဲ ပြောနေကြပါတယ်။
  ကြည့်ကို ပြုလုပ်တဲ့သဘောသက်သက်နဲ့ မဟုတ်ရင် ပြောကြည့်တာ၊မြည်းကြည့်တာဆိုတဲ့ စူးစမ်းတဲ့ အနက် အဓိပ္ပါယ်နဲ့ သုံးနိုင်ပါတယ်။ချည်းကိုကျတော့ မရောမနှောဘဲ သီးခြားဖြစ်တည်တာကို ဖော်ပြတဲ့နေရာမှာ ထောက် ပံ့ပေးဖို့ သုံးနိုင်ပါတယ်။တကယ်တမ်းကတော့ အသင်မှာ ငါကြည့်လုပ်ရတာလို့ အသံဖလှယ် မသုံးဘဲ၊ ငါချည်း လုပ်ရတာပါဆိုတဲ့ ချည်းသံနဲ့ပဲ သုံးစွဲတတ်အောင် ကြိုးစားသင်ပေးကြမယ်ဆိုရင်တော့ ပြဿနာဟာ အပြင်အထိ လိုက်ဖြစ်စရာ မရှိပါဘူး။အသင်က အပြင်ကို လွှမ်းမိုးနိုင်မှာပါ။
  ဒီလိုကြိုးစားပေးကြတဲ့နေရာမှာလည်း သဒ္ဒါအသုံးတွေနဲ့ ရှင်းပြနေတာမျိုး မဟုတ်ဘဲ၊ဒီကိစ္စ စမ်းကြည့်လိုက် မယ်နဲ့၊ဒီကိစ္စ ငါချည်းလုပ်ရတယ်ဆိုပြီး ဝါကျတွေမှာ ပါတဲ့ ကြည့်နဲ့ချည်းတွေရဲ့ အသံကို အမှန်ထွက်နိုင်အောင် ပီပီ သသ ကြိုးစားပေးကြမယ်ဆိုရင် အသင်နဲ့အပြင်ဟာ တူညီကြမှာပါ။

၃။

  တကယ်တော့ အသံကို မှန်ဖို့ အားထုတ်တဲ့နေရာမှာ အသံမှန်ကို ကြားဖူးနားဝ ရှိဖို့တော့ လိုအပ်မှာ အမှန်ပါ ပဲ။အဲ့ဒီ့အတွက် ဆိုင်ရာတာဝန်တွေကို ယူထားကြတဲ့သူတွေက ပိုပြီး အလေးဂရု ပြုကြမယ်ဆိုရင်တော့ အ ကောင်း ဆုံးဖြစ်မှာပါပဲ။ဒီ့အတွက်တော့အသံမှန်နဲ့ နီးစပ်အောင် သင်ပေးသူတွေဟာ သက်ဆိုင်ရာ စကားလုံး၊ ဝေါဟာရအသီးသီးဆီ ချဉ်းကပ် တီးခေါက်ကြဖို့ လိုပါလိမ့်မယ်။ကျောင်းတွင်းပညာရေးမှာ မှန်မှန်ကန်ကန် သင်ပေးတာ ခံခဲ့ ရမှသာ ကျောင်းပြင်ပရောက်တဲ့အခါမှာ အသိမှန်၊အပြောမှန် ဖြစ်ကြမှာပါ။သိပ်နုနယ်တဲ့အရွယ် က တည်းက အမှန်မသိ၊အမှန် မထွက်နိုင်ခဲ့ရင် ကြီးမှ ပြင်ဖို့ဆိုတာ နှုတ်အကျင့်၊ဝမ်းအကျင့် ဖြစ်လို့ ခက်သွားပါ လိမ့် မယ်။
  တကယ်တော့ မြန်မာဝေါဟာရတွေဟာ အသံတစ်ခုချင်းပေါ်လိုက်ပြီး အဓိပ္ပာယ် အမျိုးမျိုးကွဲပြားတတ်တာဖြစ် လို့ အသံကို ဂရုတစိုက် သင်ကြားပေးသင့်ပါတယ်။လူအသံလည်း လူအသံအလျောက် အမှန်ထွက်တတ် အောင်၊ အခြားအသံတွေလည်း အမှန်သိအောင် လေ့လာအားထုတ်တာမျိုး သင်ပေးသူတွေကို လုပ်ကြည့်စေ ချင်ပါတယ်။ဒီနေရာမှာ ကြုံလို့ တစ်လက်စာတည်း ပြောရရင် တက္ကသိုလ်ဝင်တန်းပြဌာန်းကဗျာထဲက ရွှေဘုတ် ကယ်အီသည်ဆိုတဲ့ ဦးကြင်ဥရဲ့အဖွဲ့ကို အလင်္ကာသဘောနဲ့ချဉ်းကပ်ကြတဲ့အခါ အီကို ဘုတ်ငှက်အော်မြည်ရာ က ထွက်ပေါ်လာတဲ့အသံလို့ သင်သူတွေက သင်ကြားပေးနေကြတာ တွေ့ရပါတယ်။တကယ်တော့ ဘုတ်ငှက် တွေ က အီ လို့ မအော်မြည်တတ်ကြပါဘူး။ဘုတ်ငှက်တွေ အော်မြည်ကြတဲ့ အသံတွေက ဟုတ်-ဟုတ်-ဟုတ်-ဟုတ်-ဟုတ်ဆိုတဲ့အသံမျိုးကိုသာ လှိုင်သံပြုပြီးအော်ကြတာပါ။
  ဦးကြင်ဥ ရေးဖွဲ့ခဲ့တဲ့ ရွှေဘုတ်ကယ်အီသည်ဆိုတာဟာ အသံကို ရေးဖွဲ့ပြတာ မဟုတ်ဘဲ ဘုတ်ငှက်တွေ အော်မြည်နေတယ်ဆိုတဲ့ ပြုခြင်းသဘောကို ဖော်ညွှန်းပြထားတာပါ။လက်ရှိ မြန်မာအဘိဓာန်ကို ကြည့်ရင်လည်း အီကို (ဘုတ်ငှက်)အော်မြည်သည်လို့ ဖွင့်ဆိုပြထားတာကိုပဲ တွေ့ရပါလိမ့်မယ်။ဒါဟာမြန်မာစကားတွေမှာ သက် ဆိုင်ရာ အသွင်သဏ္ဌာန်ကို လိုက်ပြီး ဆီလျော်တဲ့ စကားလုံးတွေရှိတယ်ဆိုတာကို ဖော်ထုတ်ပြသထားတာ ပါပဲ။ ဒါတွေ ကို မျက်ခြေမပြတ်ဘဲ လေ့လာနေမိပါတယ်။အထူးသဖြင့် ပညာရေးဘက်က သင်သူတွေဟာ ဒီနေရာမှာ ပိုပြီး ဝါယမစိုက်ထုတ်သင့်ပါတယ်။ကိုယ်ကော၊ကိုယ့်ပတ်ဝန်းကျင်ကော ဖွံဖြိုးထွန်းကားဖို့ဆိုတာ တစ်ခါသင် ယူ ခဲ့ဖူးတဲ့ ပညာနဲ့ တစ်သက်တာလုံး ဒါပဲသုံးစားနေလို့ မဖြစ်ပါဘူး။အမြဲတမ်း ရှင်သန်နေတဲ့ ဆရာ့ဆီမှာသာ အမြဲ တမ်းရှင်သန်နေမယ့် ပညာက ရှိနေနိုင်မှာဖြစ်ပါတယ်။
  အဲ့ဒီလိုမှ လုပ်ကိုင်မထားကြရင်တော့ academic ကို public က လွှမ်းမိုးသွားပါလိမ့်မယ်။တကယ်တမ်းက ပ ညာရေးဆိုတာ အများပြည်သူရဲ့အထက်မှာ ရှိနေပြီး ဦးဆောင်သင့်တာ မဟုတ်လား။ပညာရေးမှာ အများပြည် သူ ဆီ ဆင်းသက်ရမယ့် ဖြန့်ချိရေး၊ပြန့်နှံရေး စတဲ့ အကြောင်းခြင်းရာတွေ ရှိသင့်ပေမယ့်၊ပညာရပ်ဆိုင်ရာ အသိ ပညာတွေမှာတော့ အများပြည်သူကို ပညာရေးဆီ ဆွဲခေါ်ကြရမှာ မဟုတ်လား။အဲ့ဒီ့အတွက် အသင်ဟာ အပြင် ထက် အားကောင်းဖို့ လိုအပ်ပါလိမ့်မယ်။

၄။

  မြန်မာစကားတွေနဲ့ပတ်သက်ရင် အသင်သမားတွေ သတိလည်းမူ၊ဂူလည်းမြင်အောင် လုပ်ဖို့က အဖတ်အ မှတ်နဲ့အလေ့အလာ များဖို့ပါပဲ။အမှန်က မြန်မာစကားတွေမှာ အရာဌာန၊အသွင်သဏ္ဌာန် နဲ့သတ္တဝါအမျိုးအစား ကွဲ ပြားမှုအပေါ် မူတည်ပြီး အသုံးအနှုန်းတွေ ခွဲခြားထားပါတယ်။ကျီးဆိုရင် သာတယ်။ကြက်ဖက တွန်တယ်။ ချိုး က ကူတယ်။ခိုက ညည်းတယ်။ငှက်ဆိုးက ထိုးတယ်။ဇီးကွက်က တုတ်တယ်။ဒေါင်းက ငေါက်တယ်၊ဒါမှ မဟုတ် တွန်တယ်။ချေက ဟောက်တယ်။ကျားက ဟိန်းတယ်။ဘုတ်က အီတယ်။
  ဒါဟာ သတ္တဝါ အမျိုးအစား ကွဲပြားမှုအပေါ်မူတည်ပြီး ခွဲခြားသုံးထားတဲ့ ပြုခြင်း သဘောပြတဲ့ စကားလုံးတွေ ပါ။သတ္တဝါတွေရဲ့ နှုတ်ထွက်အသံတွေ မဟုတ်ပါဘူး။ကျီးက သာလို့ မမြည်သလို၊ကြက်ဖက တွန်လို့မအော်ပါ ဘူး။ချွင်းချက်အနေနဲ့ကြက်မ ကတော်တယ် ဆိုတာမျိုးမှာတော့၊ ကြက်မ အော်သံဟာ ကတော်-ကတော်ဖြစ်ပါ တယ်။ဒါပေမယ့် ဒါကို အလင်္ကာသဘောနဲ့ အကဲဖြတ်မယ်ဆိုရင် မြည်သံစွဲဖြစ်တယ်လို့ ပြောဖို့ ခက်ပါတယ်။ ရေးပုံဖွဲ့ပုံကို ကြည့်ပြီးမှ သုံးသပ်နိုင်မှာပါ။
  ဦးကြင်ဥရဲ့ မြိုင်ခြေအုပ်က၊ရွှေဘုတ်ကယ်အီသည်ဆိုတာကို သုံးသပ်ရရင်၊အီဆိုတာဟာအသံကို ထည့်သွင်း ရေးဖွဲ့တယ်ဆိုတာထက် လွမ်းစရာ့အခြေအနေကို ပေါ်လွင်အောင် ရေးဖွဲ့တဲ့သဘောက ပိုပါတယ်။အီတယ်ဆို တာ က လေးလေးတွဲ့တွဲ့ ဆွဲဆွဲငင်ငင်အသံပြုတာ၊သာယာဖွယ်ဖြစ်တာ၊အာရုံတစ်ခုကို ငြီးငွေ့တာ၊ဒါတွေကို ဖော်ပြပေးတဲ့ စကားလုံးထက် မပိုပါဘူး။မြည်သံမြောက်အောင် ဖွဲ့ထားဟန် မဖြစ်ပါဘူး။မြည်သံမြောက်အောင် ကျနော့် အနေနဲ့ ရေးဖွဲ့ပြရမယ်ဆိုရင်တော့ ရွှေဘုတ် ကယ် ဟုတ်-ဟုတ်၊မြိုင်ခြေအုပ်ကလို့ ဖွဲ့မိမှာ အသေ အ ချာပါပဲ။
  သတိမူလို့ဂူမြင်နိုင်ကြပါစေ။
                                                                                                               ကျော်ထင်---ကျော်ထင် (ဆွေးနွေး)  ၁၅:၀၇၊ ၁၄ မေ ၂၀၂၀ (UTC)အကြောင်းပြန်ရန်

မြန်မာစာအကြောင်း

ပြင်ဆင်ရန်
                         ဂုရုနဲ့လူထုကြားက ပင့်ရစ်ဟထိုးတွေရဲ့အကြောင်း
   မြန်မာ စာလုံးပေါင်းတွေမှာ အပင့်အရစ်ဟထိုးတွေအပြင် ဗျည်းအလွဲနဲ့အကွဲတွေဟာ ရာဇဝင်နဲ့ချီတယ် ပြော ရမှာပါပဲ။ရာဇဝင်တစ်လျှောက်လုံးမှာ မြန်မာစာအရုဏ်ဦးချိန်ကလွဲလို့ နောက်ပိုင်းကာလတွေ တစ် လျှောက်လုံး မှာ စာလုံးပေါင်းတွေကို ကျမ်းအစောင်စောင်နဲ့ ညီ မညီ၊အကျိုးအကြောင်းနဲ့ တန် မတန်၊ဥပမာ ဥပမေယျတွေနဲ့ ဟပ် မဟပ်၊ယုတ္တိဗေဒ ကျ မကျဆိုတာတွေနဲ့ သုတေသနပြုငြင်းခဲ့ခုံခဲ့ကြပါတယ်။ သုတေ သနပြုရာက ထွက်လာ တဲ့ အဖြေတွေကိုလည်း ဘုရင်တွေကပံ့ပိုးကူူညီတဲ့အနေနဲ့ အမိန့်တော်တွေ ထုတ်ပြန် ပေးပြီး ခိုင်လုံညီညွတ်တဲ့ ရေး ထုံးကို ဖြစ်စေခဲ့တယ်။
   ကဝိလက္ခဏာသတ်ပုံအရ အစောပိုင်းကာလတွေမှာ ယဉ်ချေးလို့ ရေးခဲ့ကြတဲ့ စကားလုံးဆိုရင်အထက်မှာ ပြော ခဲ့သလို ကျမ်းအစောင်စောင်၊အကျိုးအကြောင်း၊ဥပမာ ဥပမေယျတွေနဲ့ ပိုပြီးညီညွတ်တဲ့၊ပိုပြီး သုတေသန ကျ တယ်ဆိုတဲ့ကဗျာသာရတ္ထ သင်္ဂဟသတ်ပုံ၊ရတနာကြေးမုံသတ်ပုံတွေကြောင့် ဗျည်းအက္ခရာ ခ အစား၊ ကကို အ စားထိုးပြီးယဉ်ကျေးသုံးဖို့ အဆုံးအဖြတ်ပြုခဲ့တယ်ဆိုတာမျိုး မှတ်သားဖူးတယ်။မင်းလက်ဝဲသုန္ဓရရဲ့ သတ်ညွှန်း မှာ မြန်မာတူရိယာ ငြင်းကို ငြှင်းလို့ ဟထိုးပါတဲ့ ရေးထုံးပြုထားပေမယ့်၊ပိုပြီး သုတေသနကျတဲ့ နောက်ပေါ်ရေးထုံး သတ်ညွှန်းတွေကြောင့် ငြင်းလို့ ဟထိုး မပါတော့ဘဲ ရေးခဲ့ကြတယ်။
   ခုလို နွေဘက်နဲ့မိုးဦးဘက်တွေမှာ အတွေ့ရများတဲ့ ချိုးငှက်နဲ့ ဟင်းချက်လို့ တူးကပ်သွားတဲ့ ချိုးကပ်တွေဆိုရင် လည်း ရှေးက ရရစ် ခြိုးနဲ့ ရေးထုံးရှိခဲ့တာပါပဲ။ဒါပေမယ့် လက်ရှိအချိန်မှာတော့ ယပင့်နဲ့ပဲ ရေးကြတော့တယ်။ အ ညစ်အကြေးကို ကုန်းဘောင်ခေတ် မတိုင်ခင်က အညစ်အကျေးလို့ ယပင့်နဲ့ရေးခဲ့ကြပေမယ့် ကုန်းဘောင်ခေတ် ရောက်မှသာ အညစ်အကြေးဆိုပြီး ရရစ်နဲ့ ရေးလာခဲ့ကြတာတွေ့ရတယ်။ပုဂံခေတ်ကစပြီး ကုန်းဘောင်ခေတ် လောက်ထိအောင် ခြည်မျှင်၊ပိုးခြည်၊နေရောင်ခြည်၊ကြိုးခြည်တာတွေကို တသမတ်တည်း ရရစ် ခြည်နဲ့ ရေးခဲ့ ကြတယ်။
   ဒါပေမယ့် ခုခေတ်မှာ နေရောင်ခြည်၊အရိပ်အခြည်နဲ့ လက်စွပ်လက်ကောက်တွေကို ရေတွက်တဲ့ အရေအ တွက် ပြပစ္စည်း ခြည်တွေကိုသာ ရရစ်နဲ့ ခြည်ပြီး၊ချည်မျှင်၊ပိုးချည်စတာတွေနဲ့ ချည်နှောင်တာတွေကိုတော့ ယပင့်နဲ့ ချည် နေကြပါပြီ။ဒါကိုတော့ ဆရာကြီးဦးဖိုးလတ်ရဲ့ မြန်မာစကားအဖွင့်ကျမ်းမှာ ကဗျာသာရတ္ထသင်္ဂဟကျမ်းတွေရဲ့ လွဲ မှားတဲ့ ညွှန်ကြားမှုကြောင့်လို့ ဝေဖန်ထားပြီး၊ကဗျာသာရတ္ထသင်္ဂဟကျမ်းဟာ ရှေးရေးနည်းတွေနဲ့ ဆန့်ကျင် ဖောက်ပြန်နေတယ်၊ယုတ္တိမတန်ဘူးလို့သုံးသပ်ထားတာကို တွေ့ရပါတယ်။
   ရှေးက အရေးရှိခဲ့တဲ့ ခြင့်ချိန်ကို ချင့်ချိန်လို့ ရေးကြတဲ့အတွက်လည်းလွယ်ကူတဲ့ ကျမ်းတွေနဲ့လူတွေကို ကိုး တယ်၊ဆင်ခြင်သုံးသပ်တာမျိုး ခေတ်သစ်သတ်ပုံဆရာတွေနဲ့သုတေသီသမားအချို့ဟာ မလုပ်ဆောင်ကြဘူးလို့ စောကြောပြထားပါတယ်။ရာဇဝင်တစ်လျှောက်လူပြိုင်၊ကျမ်းပြိုင်တွေရဲ့ ကြားမှာပင့်ကြ၊ရစ်ကြတာတွေကလည်း လောကဓံသဘောအရ တက်လိုက်၊မြင့်လိုက်ပါပဲ။
   အဲ့ဒီ့ရာဇဝင်ထဲမှာ အရစ် မပါဘဲနဲ့ အရစ်သံ ထည့်ဆိုကြတဲ့ကိစ္စကလည်း ဘူးလေးရာ ဖရုံဆင့်သလိုပဲလို့ တွေး ထင်မိပါတယ်။အထူးသဖြင့် ပါဠိကလာတဲ့ ဝေါဟာရတွေကို ရွတ်ကြတဲ့အခါ အရစ်မပါဘဲ အရစ်သံ ထည့်ရွတ် ကြတယ်။ပညာကို ပြင်ဉာ၊ပစ္စည်းကို ပြစ်စီး၊မေတ္တာကို မြစ်တာ ရွတ်ကြတာမျိုးတွေဟာ တစ်ပူပေါ် တစ်ပူဆင့်၊ တစ်ရှုပ်ပေါ် တစ်ရှုပ်ထပ် ဆိုရုံသက်သက်များ ဖြစ်နေသလားလို့လဲ စဉ်းစားမိတယ်။ဒီလို စကားလုံးတွေ သိပ်မ များလို့သာ တော်သေး ပြောရမယ်ထင်ပါတယ်။
   ဆရာတော်ကြီးတစ်ပါးကတော့ ပန်းပေးဆိုတာကို ပန်းပြေးလို့ ရရစ်သံထည့်ဆိုရင် သင့်သလားလို့ မိန့်ဆိုခဲ့ဖူး တာကြားဖူးပါတယ်။တကယ်တမ်း ရွတ်ကြရမယ်ဆိုရင်တော့ ပါဠိမှာက အပင့်အရစ်တွေကို အောက်ဆွဲပါဌ်ဆင့် တွေလို့ ခေါ်ကြတာ ရှိတယ်။အပင့်နဲ့အရစ်ရဲ့ မူလရုပ်သွင်တွေဟာ ယပင့်နဲ့ ရရစ်တွေ ဖြစ်တယ်ဆိုတာကိုတော့ အားလုံးသိကြပါတယ်။ဒါကြောင့် ပင့်ထားရင် /ယ/၊ရစ်ထားရင် /ရ/ သံတွေပါအောင် ဆိုနိုင်ရပါ့မယ်။လကျ်ာဆိုကို လက်ယာ၊ယေဘုယျကိုယေဘုယ်ယ လို့ ဆိုရပါမယ်။အဲ့လိုဆိုတာတွေ မှန်ပါတယ်။
   ဒါပေမယ့် အာရောဂျံကို /အာရောဂ်ယံ/။ယောကျ်ားဆိုတာကျတော့ /ယောက်ယား/ လို့ မဆိုကြတာကတော့ ကျနော်တို့အားလုံးရဲ့ အာလျှာတွေနဲ့ အဆင်ပြေညီညွတ်အောင် ရွတ်ဆိုတယ်လို့ပဲ ယူဆချင်ပါတယ်။ခုကျမှသာ ယောက်ကျားလို့ ရွတ်ဖတ်ပြောဆိုနေကြတာ ဖြစ်ပေမယ့် ပေါရာဏမှာတော့ ယောက်ယားပါ။ ဗေဒဝိဇ္ဇာကျမ်း တစ်ကျမ်းမှာလည်း ဖိုနဲ့မ သဘာဝတွေ စဖြစ်ပုံကို အစွဲပြုပြီးယောင်ယားလို့ အခေါ်ရှိခဲ့ဖူးတယ်ဆိုတာ ဖတ်မှတ် ဖူးပါတယ်။ယောင်ယားနဲ့ ယောက်ယားကတော့နီးစပ်ပါတယ်။
   ခုခေတ် ပြောစကားကော၊အရေးမှာပါ တွင်တွင်ကျယ်ကျယ်သုံးနေရတဲ့ ဝါကျဆိုရင်လည်း တကယ် ဖတ်ခြင်း ဖတ်မယ်ဆိုရင် /ဝါက်ယ/ ပါ။ဒါပေမယ့် ကျနော်တို့ အဲ့ဒီလို မဖတ်၊မရွတ်ကြတော့ပါဘူး။ကြိယာကို ကရိယာလို့ ဖတ်ကြပေမယ့်၊တျာကို /တယာ/လို့ မထွက်နိုင်သေးတာကိုလည်း တွေ့နေရပါသေးတယ်။ဒါပေမယ့် ရခိုင်သား တွေကတော့ ရရစ်သံကို ပါဠိရစ်သံသာ မကဘဲ ရခိုင်စကားမှာလည်းထည့်ရွတ်နေကြသေးတာ တွေ့မြင် ကြားသိ ရပါတယ်။ဒီတော့ သူတို့အနေနဲ့ စာရေးသားရာမှာ ရစ်ရ မှာလား၊ပင့်ရမှာလားဆိုတာ လွဲစရာအကြောင်း ရှိတော့ မယ် မထင်ပါဘူး။ကျနော်တို့အနေနဲ့ကတော့ ရခိုင်ဆရာတော်ရှင်အဂ္ဂသာရရဲ့တရားတွေကိုနာတိုင်း နားအခက်အခဲ ဖြစ်ကြရတာ အမှန်ပါပဲ။
   တကယ်တော့ မြန်မာစာဟာ စနစ်တစ်ခုနဲ့ ပုံသေရေးရ၊ပုံသေရွတ်ရတာမျိုး မဟုတ်ဘဲ ခြွင့်ချက်ထားပြီး မှတ် သားရွတ်ဆိုရတဲ့ ဘာသာစကားတစ်ခုပါ။စောစောကပြောခဲ့တဲ့ အပင့်အရစ်တွေဟာ ပါဠိမှာ ယပက်လက်သံ၊ ရ ကောက်သံဆိုပြီး ကွဲပြားအောင်ထည့်ရွတ်ရပေမယ့်၊မြန်မာစကားမှာတော့ ယပက်လက်နဲ့ နဲ့ရကောက်ဟာ မကွဲ ပြားကြတော့ပါဘူး။အဲ့လိုပဲ စနဲ့ဆဟာလည်း ဌာန်တူတွေ ဖြစ်ပေမယ့် သံမတူဘူးဆိုတာကို နားမလည် နိုင် ကြ တော့ပါဘူး။
   ခက်တာက တခြားဘာသာစကားတွေကို ယူငင်မွေးစားရာမှာ ကိုယ့်အသံအတိုင်း ပြောင်းထွက်ပစ်တာ ရှိသလို၊ မူလသံအတိုင်း ထွက်ကြတာတွေလည်း ရှိနေတော့ ဘယ်လို ထွက်ရမယ်မှန်း မသိနိုင်ကြတာပါပဲ။ဒေသသံ တနဲ့ သ မကွဲသလို၊ရှနဲ့ချကိုလည်း တချို့အရပ်တွေမှာ မပီကြပြန်ဘူး။ပိုဆိုးတာက ဒေသသံ မဟုတ်ဘဲရနဲ့က အသုံးမကွဲ တာတွေလည်းကြားရကြုံရပါတယ်။လုပ်ရတယ်လို့ ပြောရမှာကို လုပ်ကတယ်လို့ ပြောဆိုတာမျိုးဟာ အပြောနဲ့ ဆို နားလည်နိုင်ပေမယ့်၊အရေးအသားဘက်က ကြည့်ရင် လုပ်ရသည်နဲ့ လုပ်ကသည်ဟာ တခြားစီကြီးပါ။
   ဒါတွေဟာ ကိုယ့်ဘာသာစကားကို ဒေသသံအရ မပီတာမျိုး မဟုတ်ဘဲ မလေ့လာမဆည်းပူးပဲ ထားကြလို့လား လို့ ဆင်ခြင်မိပါတယ်။တကယ်တမ်း တွေးကြည့်တော့ကျနော်တို့ဟာ ပြောကြဆိုကြတဲ့အခါ အသံတွေကို နှုတ် အာ လျှာက ထွက်တဲ့အခါ အထွက်မခက်ခဲစေဖို့ ပြုပြင်ပြောင်းလဲကြတာ ရှိသလို၊ကိုယ့်စကား ဖြစ်ဖို့ ဖန်တီးမွေးဖွား ကြတာလည်း ရှိပါတယ်။ဂိမှာန ကလာတဲ့ နွေဆိုတဲ့ဝေါဟာရကို အသံထွက်တဲ့အခါ /ဂိမ်ဟာန/လို့ အသံထွက် ရမှာ ဖြစ်ပေမယ့်၊ဒါကို မြန်စာလုံးအဖြစ် ဂိမှာန်လို့ မွေးစားလိုက်တဲ့အခါ အသံထွက်ရာမှာလည်း မြန်မာဆန်ဆန်  /ဟ/ သံကို ထည့် မဆိုတော့ပဲ၊ဖျောက်ပစ်လိုက်တာမျိုး၊တဏှာဆိုရင်လည်း တဏ်ဟာလို့ မထွက်ဆိုဘဲ/တနှာ/လို့ ထွက် ဆိုကြတာမျိုးဟာ အသံထွက်ကို ချောမွေ့စေဖို့အားထုတ်ထားကြတာပဲလို့ ယူဆပါတယ်။
   ဒါပေမယ့် တချို့ ဝေါဟာရတွေမှာ အသံထွက်အလွယ်လမ်းကို လိုက်ကြတော့၊အရေးနဲ့ အပြောဟာ အလွဲကြီး လွဲကုန်ကြတာတွေ့ရပါတယ်။ဒီပြဿနာမှာ အသံကို ဆန်စင်ရာ ကျည်ပွေ့လိုက်ပြီး ပြင်မပေးနိုင်တော့၊ အရေးအ သားမှာ ဘယ်လိုရေးသားကြဖို့ စည်းနဲ့ကမ်းနဲ့လုပ်ယူကြရတယ်။ဒါကြောင့်လည်း ပြောတော့အသံ၊ရေးတော့အမှန် ဖြစ်လာရတယ်။
   ဆားတို့၊ပျားရည်တို့ကို လျှာနဲ့တို့ပြီးစားသောက်တာကို လျက်တယ်လို့ စာလုံးပေါင်းပေမယ့် ပြောတဲ့အခါ ယက် တယ်ဆိုတဲ့ အသံထွက်နဲ့ပဲ ပြောကြဆိုကြတယ်။ဒီတော့ ရေးကြသားကြတဲ့အခါယပက်လက်နဲ့ ယက်ကုန်တယ်။ ဒီကြားထဲမှာ ယပက်လက်သံနဲ့ ရကောက်သံက မကွဲပြန်တော့၊ရကောက်နဲ့ပဲ ရက်ရမှာလိုလို၊ယပက်လက်နဲ့ပဲ ယက်ရမှာလိုလိုဖြစ်ရပြန်တယ်။ဒါတွေဟာ အလွယ်ရွတ်လမ်းကို လိုက်ခဲ့တာကြောင့်ပဲလား၊ဂုရုစနစ်နဲ့ လူထု အဖြစ် အားပြိုင်မှုကြောင့်ပဲလားဆိုတာကတော့ ကျနော်တစ်ယောက်အကဲ မဖြတ်တတ်ပါဘူး။ကျနော် အမြဲတမ်း စဉ်းစားမိနေတာကတော့လျ ကို /လယာ့/ ၊လျော်ညီ ကို /လယော်ညီ/ လျောက်ပတ် ကို /လယောက်ပတ်/လို့ ထွက်ဖို့ ပြဌာန်းထားပေမယ့် လျာ ကိုကျတော့ /လယာ/လို့ မထွက်ဘဲ /ယာ/ ၊လျောက် ကိုကျတော့ /လယောက်/ လို့ မထွက်ဘဲ /ယောက်/လို့ ထွက်ပြထားတာတွေက စဉ်းစားရ ကျပ်စေပါတယ်။
   တကယ်တော့ ဒီလို စဉ်းစားရကျပ်တဲ့ စကားလုံးတွေက မြန်မာစကားနဲ့မြန်မာစာမှာ အမြောက်အမြားပါ။ ဒါ တွေကို ဂုရုလမ်း လိုက်ခိုင်းမှာလားနဲ့ လူထုလမ်း လိုက်ပစ်ရမှာလားကို တွေးမိတိုင်းလည်း ခေါင်းနားပန်းတွေ ကြီး ကြီးသွားရတာ အမှန်ပါ။အခြေခံဥပဒေကြီးကို မပြောပါနဲ့ ကျနော်တို့ နေ့စဉ်ပြောနေကြတဲ့စကားကိုပဲ ကျနော်တို့မှာ ပြင်ခွင့်ရှိရဲ့လားဗျာ။စဉ်းစားကြည့်မိတာပါ---။
                                                                                                                                                  ကျော်ထင်---ကျော်ထင် (ဆွေးနွေး)  ၁၅:၀၈၊ ၁၄ မေ ၂၀၂၀ (UTC)အကြောင်းပြန်ရန်

မြန်မာစာအကြောင်း

ပြင်ဆင်ရန်
                   သတ်ပုံအကြောင်း၊လူညံ့ကံကောင်း

၁-

  မြန်မာစာနဲ့ပတ်သက်ရင်ဘယ်မှာပဲရေးရေး ပမာဒလေခ မေ့မှားတာကလွဲလို့ သတ်ပုံအမှန် ရေးသားကြဖို့ ကြိုးစားအားထုတ်ရမှာပါ။ရည်ရွယ်ပြီး ဖျက်လိုဖျက်ဆီး မရေးသင့်ပါဘူး။မြန်မာစာမှာ စာလုံးပေါင်းသတ်ပုံက သိပ်ကို အရေးကြီးပါတယ်။ဘာလို့လဲဆိုတော့မြန်မာစာဟာ တစ်လုံးချင်းမှာကိုအဓိပ္ပါယ် ရှိနေတာဖြစ်လို့ပါ။
  ဒါကြောင့်လည်း မြန်မာစာပေသမိုင်းမှာ ရှေးဆရာစဉ်ဆက်ဟာ သဒ္ဒါကျမ်းတွေဆိုတာထက်သတ်ပုံကျမ်းတွေ ကိုသာ မျက်ခြေမပြတ်ပြုစုခဲ့ကြတာပဲ မဟုတ်လား။အဲ့ဒီလို ပြုစုတဲ့နေရာမှာ တစ်ဦးကောင်း၊တစ်ယောက်ကောင်း ဟာ သူ့မှီ၊ကိုယ့်မှီ ပြုစုခဲ့ကြတာ ရှိသလို၊အစုအဖွဲ့နဲ့ ပြုစုခဲ့ကြတာလည်း ရှိပါတယ်။အဲ့ဒီလို ပြုစုခဲ့ကြတဲ့သတ်ပုံ ကျမ်းတွေဟာဆိုရင်ပုဂံခေတ်ကနေ ကုန်းဘောင်ခေတ်အထိကို သတ်ပုံကျမ်းပေါင်း ၇၅ ကျမ်းလောက် ရှိတယ်လို့ ဒေါက်တာစိန်မြင့်ရဲ့ သတ်ပုံကျမ်းသမိုင်းစာအုပ်ကနေတစ်ဆင့်သိရှိရပါတယ်။
  ရှင်ဥက္ကံသမာလာက စလို့၊ရှင်လင်္ကာသာရခေါ် ဦးထွန်းညို၊စိန္တကျော်သူဦးသြ၊သင်္ဂဇာဆရာတော်၊ဟင်္သာဆရာတော်၊ဝိသုဒ္ဓါရာမဆရာတော်၊အုတ်တွင်းဆရာတော်၊တောင်တွင်းဆရာတော်၊ရဲကျောင်းဦးပု၊ပြည်ဆရာတော်ရှင်ဇယန္တ၊သော်ကပင်ဆရာတော်၊ကျီးသဲလေးထပ်ဆရာတော်အပါအဝင်ပါ။ကိုလိုနီခေတ်မှာကျတော့ဦးသာမြတ်၊ဦး အုန်းရွှေတို့ ပြုစုခဲ့ကြတယ်။
  ဒီဘက်ခေတ်မှာတော့ မောင်သုတနဲ့မြန်မာစာအဖွဲ့ဝင် ပညာရှင်တွေဟာသတ်ပုံကျမ်းကို ပြုစုခဲ့ကြပါတယ်။ ဒီ့ ထက် မကရှိသေးပေမယ့်၊စာလေးမှာ စိုးတဲ့အတွက် စိတ်ထဲမှာ ထင်ရှားနေတဲ့ ပုဂ္ဂိုလ်တွေလောက်ကိုပဲ ရေးပြ လိုက်တာပါ။ကျမ်းပြုသူတွေအားလုံးဟာ မိမိပြုစုတဲ့ကျမ်းကို လွှတ်တော်သုံး၊ရုံးသုံး၊ကျောင်းသုံး၊လူထုသုံး ဖြစ်ရေးကို ဦးတည်ခဲ့ကြပါတယ်။မြန်မာစာ ပေါ်စကတည်းက နှစ်ပေါင်း ၅၀၀ လောက်ထိ မတည်မငြိမ် ဖြစ်ခဲ့ရတဲ့ မြန်မာစာရေးထုံးတွေနဲ့ ကဝိတစ်ဦး သတ်ထုံးတစ်မျိုး ဖြစ်နေတာတွေကို တစ်ပြေးညီ တည်တည်ငြိမ်ငြိမ်ဖြစ်ဖို့ ရယ်၊မြန်မာ့ရေးထုံးတွေ မတိမ်ကော၊မပပျောက်ရေးအတွက်ရယ်ကို ကြိုးပမ်းခဲ့ကြတာ ဖြစ်လေတော့ သူတို့တစ်တွေဟာ ကျေးဇူးတင်ထိုက်တဲ့သူတွေပဲ ဖြစ်ပါတယ်။
  အခုဆိုရင်တော့ တစ်မျိုးသားလုံး တစ်ပြေးညီသုံးစွဲကြဖို့အတွက် အခိုင်အခံ့ပြုစုထားတဲ့ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းတစ်စောင်ကို တည်တည်တံ့တံ့ ပြုစုထားခဲ့ပြီး ဖြစ်ပါတယ်။

၂-

  အဲ့ဒီ့သတ်ပုံကျမ်း သန္ဓေတည်ခဲ့တဲ့ကာလကတော့ အမည်ဆိုးနဲ့ကျော်တဲ့ တော်လှန်ရေးကောင်စီခေတ်ကာလ ပဲ ဖြစ်ပါတယ်။၁၉၆၃ လောက်မှာ မြန်မာစာရေးထုံးကျမ်းကို ပြုစုဖို့ အစပျိုးခဲ့ကြပါတယ်။ပြုစုရေးပညာရှင်အဖွဲ့ ဟာ ဒုတိယကျော်အောင်စံထားရဲ့ သိထိလ၊ဓနိတထုံးကို လိုက်နာဖို့။ရခိုင်စကား၊ထားဝယ်စကားတွေနဲ့ ညှိဖို့။ ပါဠိဘာသာတွေကို တတ်နိုင်သမျှ မြန်မာမှုပြုဖို့။တကယ်လို့ မြန်မာမှုပြုလိုက်လို့ အဓိပ္ပာယ် လွဲမှားနိုင်ရင်တော့ မပြုဘဲ အစဉ်အလာအတိုင်းရေးဖို့။ဗုဒ္ဓဘာသာဆိုင်ရာတွေကိုလည်း အစဉ်အလာအတိုင်းရေးဖို့။လုပ်သားပြည်သူတွေရဲ့ ရေးဟန်ကို ထောက်ထားဖို့ဆိုတဲ့ မူတွေချမှတ်ပြီး ပြုစုခဲ့တယ်လို့ ဆိုပါတယ်။
  ဒါပေမယ့်လည်း အဲ့ဒီ့ထဲမှာ အာဏာရှင့်ထုံးကို နှလုံးမူဖို့ဆိုတာမျိုးလည်း ပါဝင်ခဲ့လိမ့်ဦးမယ် ထင်ပါတယ်။ အဲ့ဒါ ကတော့ အစဉ်အလာရေးထုံးလည်း မရှိ၊ဗုဒ္ဓဘာသာဆိုင်ရာနဲ့ ပါဠိဘာသာတွေလည်းမဟုတ်၊လုပ်သားပြည်သူတွေရဲ့ ရေးဟန်လည်း မဟုတ်တဲ့ တ ကို၊စ-သတ်တဲ့ ရေးထုံးသတ်ပုံပါ။တစ်ခု၊တစ်ကောင်၊တစ်မျိုးဆိုပြီး အရေ အတွက်ဘက် သက်ရောက်တဲ့ ဝေါဟာရတွေကို ရေးရာမှာ တ-မှာ၊စ-သတ်ဖို့ ဦးနေဝင်းက မိန့်ကြားခဲ့တယ်လို့ ကြားစကား ရှိပါတယ်။
  ဒီရေးထုံးမျိုးဟာ စောစောကပြောခဲ့သလို အစဉ်အလာရေးထုံးမှာလည်း မရှိခဲ့ပါဘူး။လုပ်သားပြည်သူတွေ လည်း မသုံးကြပါဘူး။လုပ်သားပြည်သူတွေ တကယ့်ကို တွင်တွင်ကျယ်ကျယ်သုံးခဲ့ကြတယ်ဆိုရင်လည်း အသုံး ဟာ မှားနေဦးတောင် သတ်ပုံကျမ်းပြုစုတဲ့ပညာရှင်တွေကလူထုအလို လိုက်ခဲ့ကြမှာပါပဲ။ သျှင် ကို ရှင်  လို့ ရေးတဲ့ ရေးထုံးဟာ လူထုအလိုကို လိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ရှေးထုံး သျှင် ကို ရခိုင်စကားတွေနဲ့ပါ တိုက်ဆိုင်ညှိ နှိုင်းလိုက်တဲ့အခါ ပိုင်သျှင်ဆိုတဲ့ အဓိပ္ပါယ်ကို ဆိုနေကြောင်း တွေ့ရတယ်။ဒါပေမယ့် လူထုက ရှင်ကိုသာ ပိုင်ရှင်အနက်ဆိုပြီး တွင်တွင်ကျယ်ကျယ်သုံးနေကြလို့၊ဒါဟာ လွဲမှားနေပေမယ့်လည်း ပြည်သူ့အလိုကျကိုပဲ ရေးထုံး အဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။

၃-

  မြန်မာသတ်ပုံကျမ်း ပြုစုသူတွေဟာ တချို့နေရာတွေမှာပြည်သူ့အားကို မငြင်းဆန်ခဲ့ ကြသလို၊ပညာ့အားနဲ့ လည်း တည်းဖြတ်ပေးတာ ရှိပါတယ်။အချို့နေရာတွေမှာတော့ အရှင့်အားကိုပါ မဖယ်ရှားဝံ့တာမျိုး ရှိခဲ့ကြတယ်နဲ့တူပါတယ်။ဒါဟာလည်း မြန်မာ့မြေပေါ်မှာတော့ ဖြစ်လေ့ဖြစ်ထ ရှိတဲ့သဘောလို့ပဲ ဆိုရမှာပါပဲ။၁၈၇၈ ခု မန္တလေးခေတ်လောက်က ဖြစ်ခဲ့တဲ့ ဖ နဲ့ ဘ  ပြဿနာဆိုရင်လည်း၊မင်းရိုးမဟာမျိုးတွေက မိဖုရားကို မိဘုရားလို့ ဘ ကုန်းနဲ့ရေးမှ ကြိုက်တာ ရှိဖူးတယ်။
  မင်းရိုး မဟာမျိုးတွေ ယူဆတာက ဘုရားဆိုတာ ရိုသေထိုက်သူ။ဒီတော့ မိဘုရားဆိုတာ ရိုသေထိုက်တဲ့တိုင်း ပြည်ရဲ့အမိပေါ့။ရိုသေထိုက်တဲ့ ဘုရင်ရဲ့ မဟေသီပေါ့။ပဒေသရာဇ်အတွေးအခေါ်မှာက ဘုရင်ဆိုတာ ဘုရားလောင်းလည်း ဖြစ်နေကြတာကိုး။ဒီပြဿနာကို ပညာရှိကင်းဝန်မင်းကြီးဦးကောင်း ဖြေရှင်းပေးခဲ့ပေမယ့်လည်း အာဏာရှိသူကို မလွန်ဆန်ဝံ့လို့ ဘကုန်းရေးထုံးကို လက်ခံပေးခဲ့ရပါတယ်။အဲ့ဒီ့အရှိန်ဟာ ဘယ်အထိအောင်လဲဆိုရင် တစ်တိုင်းပြည်လုံးကိုလိုနီလက်အောက်ရောက်တဲ့ ကာလအထိတိုင်အောင်ပါပဲ။ဂျပ်စင်ရဲ့ အဘိဓာန်ထဲထိအောင် မိဘုရားလို့ ပြင်ခဲ့ကြတယ် ဆိုပါတယ်။ဒါပေမယ့် အရှင်တွေ ကွယ်တဲ့အခါကျတော့ မိဖုရားလို့ပဲ ရေးထုံးပြန်ပြုလိုက်ကြပါတယ်။
  နောက်တစ်ခုက ပညာရှိကြီး ဖြစ်တဲ့ ယောမင်းကြီးဦးဖိုးလှိုင် ပြုစုတဲ့ လိပိဒီ ဝိကာကျမ်းလာ ဧ၊ ဧ့၊ ဧး အယူ အဆ ပါ။ယောမင်းကြီးရဲ့အယူအဆကတော့ ဝသဇ္ဇနီကို ဖြုတ်မပစ်ရဘူးလို့ ဆိုပါတယ်။အဲ့လို ဖြုတ်ပစ်လိုက်တာဟာ မြန်မာဘာသာကို မညှာတာ မငဲ့ကွက် ဖျက်ဆီးရာ ရောက်တယ်လို့ ဆိုပါတယ်။ဒါကြောင့် ဧရာဝတီ၊ ဧကရီ၊ဧကသီတွေ ရေးသလို ဧချင်း၊ဧချမ်း၊ဧမြတွေမှာ ဝသဇ္ဇနီ မပါဘဲ မရေးဖို့ ညွှန်းဆိုပြထားပါတယ်။ဒါပေမယ့် လည်း ယောမင်းကြီး ကွယ်တဲ့အခါကျတော့ ဝိသဇ္ဇနီထုံးကို မသုံးကြတော့ပဲ အလွတ်ရေးကြပါတယ်။
  မြန်မာသတ်ပုံကျမ်း ပြုစုတဲ့ ပညာရှင်တွေ ကြုံရတဲ့၊တ မှာ စ-သတ်မယ့် ပြဿနာကတော့ နည်းနည်းထူးပါ တယ်။ရှေးထုံးမှာ တစ်ခုသဘောဆောင်တဲ့ တပါး၊တစု၊တနည်းတွေမှာ တ-ကို စ-သတ်နဲ့ မရေးခဲ့ကြပေမယ့် တစ်ပါတီအာဏာရှင် လက်ထက်မှာတော့ တ ကို၊စ-သတ်တဲ့ရေးထုံး လုပ်ဖို့ညွှန်းတာကို ခံယူရပါတယ်။အဲ့ဒီ့တုန်းက တစ်ရေးထုံးကိုအာဏာရှင်အလိုကျသာ ပြုစုခဲ့ကြတယ်။ပညာရှင်တွေဟာ သိပ်ပြီးတော့ ခံတွင်း တွေ့ခဲ့ကြတာ မဟုတ်ဘူးလို့ ကြားသိဖူးပါတယ်။။ကျနော့် အကြားပါ။မဟုတ်ရင်တော့ သိသူများ ပြန်တည့်ပေးကြပါ။
  အာဏာရှင်တွေ ကွယ်ရင်တော့ တစ် ရေးထုံးကနေ တ ရေးထုံးဆီ ပြန်လည်လာမှာပဲလို့ မျှော်တဲ့သူတွေကတောင် ယခုထက်ထိမျှော်နေကြပါသေးတယ်။ဒါပေမယ့် တစ် ရေးထုံးဟာမိဖုရားနဲ့ဝိသဇ္ဇနီရေးထုံးတွေလို မ ဟုတ်ခဲ့ပါဘူး။တစ်ဟာ တစ်ရေးထုံးအတိုင်းပဲ ရှိနေပါသေးတယ်။ပြန်ပြင်တာမျိုး မလုပ်ခဲ့ကြပါဘူး။ခုလို ပြင်လို့ရ တဲ့အခြေအနေရောက်နေတာတောင် ပြင်ဖို့ မလုပ်ကြတော့တာကြောင့် မြန်မာစာပညာရှင်တွေပါ တစ်ရေးထုံးကိုသဘောညီသွားပြီလို့ယူဆမိပါတယ်။
  ၂၀၁၉ ထုတ် မြန်မာစာအဖွဲ့၊မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းမှာလည်း တစ်-အရေးနဲ့၊တ-အရေးကို ခွဲခြားပေးထားတာ တွေ့ရပါတယ်။နာမ်နဲ့မျိုးပြပစ္စည်းတွေနဲ့ ယှဉ်တွဲရေးမယ့် ကိန်းဂဏန်း တစ်ကို အရင်းခံပုဒ် အဖြစ်ရေးရင်၊သချၤာသဘော သက်ဝင်ရင် တ-ကို စ-သတ်နဲ့ ရေးရမယ်။ကျန်တဲ့ ကြိယာ၊နာမဝိသေသန၊မြည်သံတွေနဲ့ ယှဉ်တဲ့ တ-ကတော့ ပစ္စည်း ဖြစ်လို့ တ-လို့ပဲ ရေးရမယ်လို့ ဆိုပါတယ်။
  ဒါပေမယ့် ဒီရေးထုံးဟာ ခုချိန်ထိတစ်သဘောတည်း မဖြစ်ကြတာ တွေ့နေရပါတယ်။အထူးသဖြင့်တော့ပြည်တွင်းနဲ့ပြည်ပပါ။ဒါရဲ့ကြောင်းရင်းဘူတက ဘာပါလဲ။အာဏာရှင်ကြောင့်လား၊ကျိုးကြောင်းဆက်စပ် ယုတ္တဗေဒကြောင့်လားဆိုတာကိုတော့ တတ်သိနားလည်တဲ့သူတစ်ယောက်လောက် ရှေ့ထွက်ရှင်းပေးစေချင်ပါတယ်။

၄-

  ဒီအတိုင်းဆို မြန်မာစာ ရေးထုံးဟာ သူတစ်မျိုး ကိုယ်တစ်ဖုံနဲ့ သူများအထင်အမြင်သေးစရာ ဖြစ်နေပါလိမ့် မယ်။ရှေးကလည်း လွှတ်ရုံးဌာနတွေက အသိအမှတ်ပြုထားတဲ့ ရေးထုံးသတ်ပုံ ရှိရက်နဲ့ ပြည်သူလူထုဟာ သူတစ်နည်း၊ကိုယ်တစ်လမ်း၊အသံကို အမှန်ထင်ပြီး ရေးခဲ့ကြပါတယ်။ဒါကြောင့်လည်း သူများအထင်အမြင်သေးတာခံခဲ့ကြရဖူးပါတယ်။၁၈၉၈ ထုတ်the Burma School Series မှာ စာပြုဆရာ လောင်းစ်ဒလေးက မြန်မာစကားနဲ့ပတ်သက်ရင် သတ်ပုံသတ်ညွှန်း၊အပင့်အရစ် ရေးထုံးရေးနည်း မှန်မှန်ကန်ကန်ရေးနိုင်တာထက် ခက်တာ ဘာမှ မရှိဘူး။ဘာလို့လဲဆိုတော့ စာရေးရာမှာ နည်းမှန်တစ်ခုတည်းကို မလိုက်နာကြဘဲ အသံမှန်ရင် ပြီးရောဆိုပြီးအမျိုးမျိုးရေးသားနေကြလို့ ဖြစ်တယ်ဆိုတဲ့သဘောမျိုးနဲ့ဝေဖန်ထားပါတယ်။
  ဒီလို ဝေဖန်ရတဲ့အကြောင်းရင်းကတော့ မြန်မာဘုရင်တွေ ရေးထုံးကို ဂရုစိုက်ခဲ့တယ်ဆိုတာကို မသိနိုးနား ဖြစ်လို့ရယ်၊အဲ့ဒီ့ခေတ် ပုံနှိပ်မှုတွေမှာလည်း အကွဲကွဲအပြားပြား ရိုက်နှိပ်နေတာကြောင့်ရယ်ကြောင့် ဖြစ်နိုင်ပါ တယ်။တကယ်တော့ ဒါဟာပြည်သူလူထုကိုယ်တိုင်ကကိုယ့်လက်ထဲရောက်လာတဲ့ ကိုယ့်စာကိုယ် အလေး မ ထားတတ်ကြတာကြောင့် အဝေဖန်ခံရတာပါ။
  ယနေ့ခေတ်လို ဆိုရှယ်မီဒီယာတွေပေါ်မှာ ရေးနေကြတဲ့ ရေးထုံးတွေကို တွေ့ရင်တော့ ဘယ်လောက်များ ဝေဖန်လိုက်မလဲ။ဒီလိုသာ ဖြစ်ကတတ်ဆန်းတွေ ရေးသားနေကြရင်မြန်မာစာနဲ့မြန်မာစကားကို လေ့လာသင်ယူကြမယ့် သူတွေအတွက်လည်း အခက်အခဲ ဖြစ်စေမှာ ဖြစ်သလို၊မြန်မာစကားလည်း ယုတ်လျော့ပျက်စီးစေမှာအမှန်ပဲ ဖြစ်ပါတယ်။ဒါကြောင့်မြန်မာစာကို သုံးနေ၊ရေးနေကြတဲ့ နေရာအမျိုးမျိုးက လူထုတွေအနေနဲ့ လည်း ကိုယ့်စာ၊ကိုယ့်အရေးအသားကို အလေးထားပြီး စည်းရှိရှိ၊ကမ်းရှိရှိ သုံးစွဲကြစေချင်ပါတယ်။ပညာရေး ဘက်ကလည်း စာလုံးပေါင်း သတ်ပုံကို ပိုပြီးတော့အလေးကဲပေးစေချင်ပါတယ်။ လက်ရှိတက္ကသိုလ်ဝင်တန်း စစ်ဆေးတာမှာတော့ မြန်မာသဒ္ဒါကို ၁၅ မှတ်ဖိုးစစ်ဆေးပြီး၊သတ်ပုံကိုတော့ ၅ မှတ်ဖိုးပဲ စစ်ဆေးပေးပါတယ်။ဒါတောင် ၂၀၁၈ ကျမှ သတ်ပုံစစ်ဆေးတာ ပါလာတာပါ။
  တကယ်တော့ မြန်မာစာ အရေးအသားဆိုတာ ရှေးတုန်းကလို ရဟန်းပညာရှိ၊လူပညာရှိနဲ့မင်းမှုထမ်းတွေလောက်သာ ပေရွက်၊ထန်းရွက်ပေါ်မှာ ကညစ်နဲ့ရေးသားကြတဲ့စာ မဟုတ်တော့ပါဘူး။ရှေ့တုန်းကလိုလည်း လူပညာတတ်၊ရဟန်းပညာတတ်နဲ့ စာရေးဆရာ၊ကဗျာဆရာတွေ၊စာရေးစာချီတွေလောက်သာ စာရွက်ပေါ်မှာ ရေးသားနေကြတာမျိုး မဟုတ်တော့ပါဘူး။လူတိုင်းလိုလို စာရေးသားလာကြတဲ့ အခြေအနေမျိုးကို ရောက်နေ ပါပြီ။
  ဒါကြောင့်လည်း ရှေးကထက ပိုပြီးကို ရေးထုံးတွေကို ထိန်းသိမ်းသင့်ပါတယ်။သတ်ပုံသတ်ညွှန်းတွေကို မ ထိန်း၊မသိမ်း ရေးနေကြရင် မြန်မာစာဟာ ပျက်မှာပါပဲ။ရှေးကတော့ မြန်မာစာတင် ပျက်တာ မဟုတ်ဘဲ “ရှေး ထုံးအတိုင်း မလိုက်မနာ၊ ပညာရှိ၊အရာရှိတို့ မှေးမှိန်၊ပညာ တိမ်ကောသူတို့ ပေါ်ထင်ပွင့်လန်း၊ ရေပန်းစားလေ့ရှိသောအခါ မကြာခင် နိုင်ငံချောက်ချားခြင်း ပျက်စီးခြင်းသို့ ရောက်တတ်သည်”  လို့တောင် ယူဆကြပါတယ်။

၅-

  ခုလည်း ချောက်ချားနေတဲ့တိုင်းပြည်မှာ သွားလာနေထိုင်ရင်း သီပေါမင်း လက်ထက်တိုင်းပြည်ပျက်ခါနီးဆဲ ဆဲမှာ လေးဆစ်ပစ်စာတစ်ဘောင်တစ်ခု ပေါ်ခဲ့တာကို တွေးကြည့်မိပါတယ်။အဲ့ဒီ့ပစ်စာ လေးဆစ်ကိုလည်း မေ့နေလို့ ဘယ်ထဲမှာ ရှိလဲဆိုတာ အတော်စဉ်းစားယူခဲ့ရပါသေးတယ်။အခုတော့ အဲ့ဒီ့လေးဆစ် တွေ့လို့ ဆောင်း ပါးအဆုံးမှာ နိဂုံးကမ္ပတ်အဆုံးသတ်အနေနဲ့ ထည့်ရေးပေးလိုက်ပါတယ်။
  လေးဆစ်ပစ်စာက-စာလုံးပေါင်း၊ထုံးဟောင်းတဲ့အသိသူ၊လွှတ်ရုံးမှာ မနေဘူးလျင်၊ထူးလိမ့်အယူ။ပါးစပ်ပြော ရယ်နှင့်၊အတ္တနော ပြုလုပ်သူ၊မူမှန်တဲ့အကြောင်း၊သင် ရှာကြံ၊ပညာခံ၊စံမမှီလျင်ဖြင့်၊ဝန်ကြီး အမည်ခံလို့၊နိုင်ငံကို ဘယ်လိုလွှဲသော်လည်း၊အကဲသူ မထိုက်တယ်၊လူညံ့ကံကောင်း။"ပါတဲ့။
  ကျနော်အပါအဝင်အားလုံးပဲ ဒီလေးဆစ်လေးကို ဖတ်ပြီး၊လူညံ့ကံကောင်း မဖြစ်ဖို့၊လူမိုက် ကံကောင်း မဖြစ်ဖို့ ကြိုးစားအားထုတ်ကြရအောင်လားဗျာ-။
                                                                                                                   ကျော်ထင်---ကျော်ထင် (ဆွေးနွေး)  ၀၃:၄၅၊ ၁၅ မေ ၂၀၂၀ (UTC)အကြောင်းပြန်ရန်