အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်

အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ် (အင်္ဂလိပ်: Small & Medium Enterprises Development Bank Ltd; အတိုကောက် SME-Development Bank )သည် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည်။ ဘဏ်ရုံးချုပ်ကို အမှတ်(၂၉၈)၊ အနော်ရထာလမ်းနှင့် ဝါးတန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားသည်။၂၀၂၂ စာရင်းများအရ နေပြည်တော်ကောင်စီ နယ်မြေနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၀ခု၌ ဘဏ်ခွဲပေါင်း၂၆ ခုဖွင့်လှစ်ထားသည်။

အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်
SME-Development Bank
အမျိုးအစားပုဂ္ဂလိကဘဏ်
လုပ်ငန်းဘဏ်
တည်ထောင်သည့်နှစ်၁၅ ဖေဖော်ဝါရီ ၁၉၉၆
ဌာနချုပ်ရန်ကုန် မြန်မာ
အရေးပါ ပုဂ္ဂိုလ်များဒေါ်စန်းစန်းရီ (ဥက္ကဋ္ဌ)
ဝက်ဘ်ဆိုက်smedevelopmentbank.com.mm

ဘဏ်သမိုင်းကြောင်း ပြင်ဆင်ရန်

အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်သည် ၁၉၉၆ ခုနှစ်က မြန်မာ့စက်မှုဖွံ့ဖြိုးရေးဘဏ် ( Myanmar Industrial Development Bank – MIDB) အမည်ဖြင့် စတင်ဖွင့်လှစ်ခဲ့သည့် ဘဏ်ဖြစ်သည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လမ်းညွှန်ချက်အရ မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးဗဟို ကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မြင့်အောင်၊ မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကျော်သန်းတို့က ဖွင့်ခဲ့သောဘဏ်ဟုလည်း ရည်ညွှန်းသည်။ မြန်မာ့စက်မှုလက်မှု့ ဖွံ့ဖြိုးရေးဘဏ် (MIDB) ရုံးချုပ်ကို ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးက ၁၉၉၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ဖွင့်လှစ်ပေးခြင်းဖြင့် လုပ်ငန်းများစတင်ခဲ့သည်။[၁] ၂၀၁၀ ပြည့်နှစ်အထိ ဘဏ်လုပ်ငန်းများကို နိုင်ငံတော်မှ တစ်စိတ်တစ်ပိုင်းပါဝင်သော ( Semi- Government Bank) ဘဏ်အဖြစ်လည်းကောင်း၊၂၀၁၀ ပြည့်နှစ်မှ စတင်၍ ရှယ်ယာရှင်များမှ ရွေးချယ်တင်မြှောက်ထားသော ဒါရိုက်တာ အဖွဲ့ဝင်များမှ စီမံခန့်ခွဲမှုပြုလုပ်၍၂၀၁၂ခုနှစ်၊ စက်တင်ဘာလ ၂၂ရက်နေ့တွင် အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် ( Small and Medium Industrial Development Bank – SMID Bank)အဖြစ်လည်းကောင်း၊ ၂၀၁၉ ခုနှစ်၊ ဩဂုတ် ၂၁ ရက်နေ့တွင် အသေးစားနှင့်အလတ်စား လုပ်ငန်းများဖွံ့ဖြိုးရေးဘဏ် ( Small and Medium Enterprise Development Bank – SMED Bank)[၂] [၃]အဖြစ်လည်းကောင်း အမည်ပြောင်းလဲခဲ့သည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်လီမိတက် အားဘဏ်လုပ်ငန်းလိုင်စင်ခွင့်ပြုသည့်နေ့ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့ဟု ဖော်ပြသည်။[၄] SMED ဘဏ်နယက အဖြစ် ဦးခင်ရွှေ၊ ဥက္ကဋ္ဌအဖြစ် ဒေါ်စန်းစန်းရီ[၅]၊ ဒုဥက္ကဋ္ဌများအဖြစ် ဦးသွင်မြင့်မောင်၊ ဦးဇေယျာညွန့်နှင့် ဦးဇေသီဟ တို့ကတာဝန်ယူ ဆောင်ရွက်သည်။

၂၀၂၁ဖေဖော်ဝါရီနောက်ပိုင်းဖြစ်ရပ် ပြင်ဆင်ရန်

၂၀၂၁ ကာလနောက်ပိုင်းတွင် စစ်ကောင်စီက ဘဏ်တာဝန်ရှိသူအချို့ အား နိုင်ငံခြားငွေဝင်ရောက်လာမှု၊ ငွေထုတ်ယူမှုများနှင့်ပတ်သက်၍ အရေးယူမှုများရှိခဲ့သည်။[၆]

ကိုးကား ပြင်ဆင်ရန်