လှရွှေ (ဒေါက်တာ)

(အာဏာရှင် လှရွှေ မှ ပြန်ညွှန်းထားသည်)

ဒေါက်တာလှရွှေ သည် ၁၃၀၀ ပြည့် အရေးတော်ပုံတွင် အာဏာရှင် လှရွှေဟု ကျော်ကြားခဲ့သူဖြစ်သည်။ ကိုလှရွှေသည် ၁၃၀၀ ပြည့် အရေးတော်ပုံ၏ အမှတ်အသား ဖြစ်သည်။

ဒေါက်တာလှရွှေ
အာဏာရှင်လှရွှေဟု ကျော်ကြားခဲ့သော
ဒေါက်တာလှရွှေ
မွေးဖွား(၁၉၁၄-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၅"။-၂၀)မေ ၂၀၊ ၁၉၁၄
ပျဉ်းမနားမြို့
ကွယ်လွန်ဩဂုတ် ၂၃၊ ၁၉၄၇(၁၉၄၇-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၈"။-၂၃) (အသက် ၃၃)
ပါရှန်းပင်လယ်ကွေ့၊ ဘေရိန်းကျွန်းအနီး
အခြား အမည်များအာဏာရှင်လှရွှေ
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်ဆရာဝန်
ဆွေမျိုးသားချင်းဗိုလ်လင်္ကျာ (အစ်ကို)


ငယ်ဘဝ ပြင်ဆင်ရန်

ပျဉ်းမနားမြို့၌ ၁၂၇၆ ခု နယုန်လပြည့်ကျော် ၁၂ ရက်နေ့ (၂၀ မေလ ၁၉၁၄) တွင် ဖွားမြင်၍ ဖျာပုံမြို့၌ ကြီးပြင်းခဲ့ရသည်။ သူ၏ အစ်ကိုအရင်းမှာ သခင်လှဖေ (နောင်အခါ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လင်္ကျာ) ဖြစ်သည်။ ရန်ကုန်မြို့မြို့မ အထက်တန်းကျောင်းတွင် ပညာသင်ခဲ့သည်။

တက္ကသိုလ် ကျောင်းသားဘဝ ပြင်ဆင်ရန်

၁၉၃၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ စတင်ပညာသင်ကြား၍ ဆေးအတတ် ပညာကို ဆက်လက်သင်ယူခဲ့သည်။ ၁၉၃၆-၃၇ ခုနှစ်တွင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ) အတွင်းရေးမှူး၊ ၁၉၃၈-၃၉ ခုတွင် တကသ ဒုတိယဥက္ကဋ္ဌ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ဒုတိယ ဥက္ကဋ္ဌ (ထိုနှစ်က ဗကသ ဥက္ကဋ္ဌမှာ ဦးအောင်ဆန်း ဖြစ်သည်)အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၃၉-၄၀ ခုတွင် တကသ ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည်။ ဆေးကောလိပ် ဥက္ကဋ္ဌလည်းဖြစ်သည်။ ၁၉၃၈-၃၉ ခုနှစ် ၁၃၀၀ ပြည့် အရေးတော်ပုံကြီးတွင်၊ သမဂ္ဂဥက္ကဋ္ဌကိုဗဟိန်း အဖမ်းခံရပြီးနောက်၊ ကိုလှရွှေသည် အရေးတော် ပုံကြီးကို ဆက်လက် ခေါင်းဆောင်ကာ တိုက်ပွဲ ဝင်ခဲ့သည်။ အာဏာရှင် ကိုလှရွှေဟူ၍ တိုင်းပြည်က သိရှိခဲ့ကြသည်။ ၁၃၀၀ ပြည့် အရေးတော်ပုံကို ဆက်လက်ခေါင်းဆောင်ရင်း အဖမ်းခံရသည်။

၁၉၃၉ ခုနှစ်တွင် အာဏာရှင်ဦးလှရွှေ ဦးဆောင်သော တကသမှ ကြီးမှူးကာ ဗိုလ်အောင်ကျော် ကျဆုံးသော နေ့ကို အာဇာနည်နေ့ဟု သတ်မှတ်ကာ ပထမဆုံး ကျင်းပခဲ့ကြသည်။

ဆရာဝန်ဘဝ ပြင်ဆင်ရန်

ကိုလှရွှေသည် ဆရာဝန်ဘွဲ့ကို ၁၉၄၀-၄၁ ခုနှစ်တွင် ဆွတ်ခူး ပြီးနောက်၊ ဆေးပညာဖြင့် အသက်မွေးကာ အေးချမ်းစွာ နေခဲ့သည်။

၁၉၄၂ တွင် ရန်ကုန်မြို့ ဂေါ်ရာကုန်းမြေ ဒိုင်အိုစီဇင်မိန်းကလေးကျောင်း၌ ဒေါက်တာဘသန်း ဦးဆောင်၍ ဆေးရုံ ဖွင့်လှစ်သည်။ ရန်ကုန်ဆေးရုံကြီးကိုဂျပန်တပ်များတပ်ခွဲထားရာ ဘီဒီအေဆေးရုံသည် ဒေါက်တာဘမော်အုပ်ချုပ်ရေးခေတ်တွင် ရန်ကုန်ဆေးရုံကြီးဖြစ်လာသည်။ ဒေါက်တာဘသန်း၏ ဦးဆောင်မှုအောက်တွင် ဒေါက်တာလှရွှေ နှင့်အတူ ဒေါက်တာကြည်ပေါ၊ ဒေါက်တာဦးအေး၊ ဒေါက်တာမြင့်ဆွေ၊ ဒေါက်တာဒေါ်ရင်မေ၊ သူနာပြု ကယ်လီ၊ မတင်ထွေး (ဒေါက်တာမြင့်ဆွေ၏ဇနီး)၊ သူနာပြုချုပ် ဒေါ်ခင်ကြည် တို့ အမှုထမ်းခဲ့လေသည်။ (ဒေါ်ခင်ကြည် သည် ဘီဒီအေ စစ်သေနာပတိဗိုလ်ချုပ်ဗိုလ်တေဇ (ဗိုလ်ချုပ်အောင်ဆန်း) ဆေးရုံ လာတက်ရာမှ တွေ့ဆုံမေတ္တာမျှခဲ့လေသည်။)

ဘဝနိဂုံး ပြင်ဆင်ရန်

ဒေါက်တာလှရွှေ သည် ဒုတိယ ကမ္ဘာစစ်အပြီး၊ ဆေးပညာ ဆက်လက်ဆည်းပူးရန်၊ အင်္ဂလန်နိုင်ငံသို့ အသွား၊ ၁၉၄၇ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့တွင် ပါရှန်းပင်လယ်ကွေ့၊ ဘေရိန်းကျွန်းအနီးတွင် လေယဉ်ပျံ ပျက်ကျ၍ အနိစ္စရောက်ခဲ့လေသည်။

   
ဗိုလ်လက်ျာ
အာဏာရှင်လှရွှေ