အာရဏျကကျမ်း
ဝေဒကျမ်းဂန် အစီအစဉ်၌
- (၁) ဝေဒသုံးပုံ၊ တစ်နည်း လေးပုံ၊
- (၂) ဗြာဟ္မဏကျမ်း၊
- (၃) အာရဏျကကျမ်း၊
- (၄) ဥပနိသျှဒ်ကျမ်း -
ဟူ၍ အကြမ်းစားအားဖြင့် လေးမျိုးရှိသည်။
အာရဏျကကျမ်း ဟူသည်ကား ဥပနိသျှာဒ်ကျမ်းများ မပေါ်မီ တော၌နေ၍ မီးပူဇော်သော ရသေ့တို့၏ အတွေးအခေါ်မှ ဖြစ်ပေါ်လာသော ဖီလော်ဆော်ဖီ သဘောတရားရေးရာများ စတင်ထုတ်ဖော်လာသော ကျမ်း ဖြစ်သည်၊ ပထဝီ စသော ထူလသဘာဝ ရုပ်ကြမ်းတရားများ, စိတ်-မန စသော သိမ်မွေ့သော သဘာဝတရားများ, ဩောင်းဟုခေါ်သော ပြဏဝ သဘောတရားများ ၃-မျိုး ထုတ်ဖော်လာသည်၊ ထိုကျမ်းကို တော၌နေသော ရသေ့တို့၏ လက်ရာဖြစ်သောကြောင့် အာရဏျကကျမ်းဟု ခေါ်သည်၊ ထိုကျမ်းပါ အတွေးအခေါ်များ၌ သိမ်မွေ့နက်နဲ ခက်ခဲသော အသိပညာများ မပါလှသေး၊ ဥပနိသျှာဒ်ကျမ်းများ၏ အခြေခံ အစပျိုးလောက်နှင့် ဇာတိဝါဒ ကမ္မဝါဒ စသော အချက်အလက်မျှသာ ပါဝင်သည်၊ သို့သော် နောက်ပေါ် ဥပနိသျှာဒ်ကျမ်းများကို ऐतरेय ब्राह्मणू, ऐतरेय आरण्यक စသည်ဖြင့် အထက်ပါ ဗြာဟ္မဏကျမ်း အာရဏျကကျမ်းတို့မှ လမ်းစကို ယူ၍ ချဲ့ထွင်ပြုပြင်ထားကြောင်း တွေ့ရသည်၊ ထို့ကြောင့် ထိုအာရဏျကကျမ်းလာ သဘောတရားများနှင့် ဗုဒ္ဓဝါဒသဘောတရားများကား ထန်းလျက်ခဲနှင့် ငရုပ်သီးကဲ့သို့ မနှိုင်းယှဉ်နိုင်လောက်အောင် အရသာကွာခြား၍ နေပေသည်၊ ယင်းသို့ ဖြစ်သောကြောင့် ဗုဒ္ဓဓမ္မ၌ ထိုကျမ်းလာ အဆိုအမိန့်များ ပါဝင်လိမ့်မည်လောဟု တွေးတောယုံမှားဖွယ်ပင် မရှိချေ။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယ