ဝေဒကျမ်းဂန် အစီအစဉ်များတွင်

ဟူ၍ အကြမ်းစားအားဖြင့် လေးမျိုးရှိသည်။ ဗြာဟ္မဏကျမ်းဟူသည်မှာ ဗြဟ္မာကြီးကို အသက်သွင်း၍ ပဇာပတိ (=သတ္တဝါတို့၏သခင်), ဟိရညဂဗ္ဘ(=ရွှေဥကြီးထဲ၌ သန္ဓေတည်လာသော တန်ခိုးရှင်), ဣဿရ(=အစိုးရသူ), ဝိနာယက(=သတ္တဝါတို့၏ အရှင်သခင် ဦးဆောင်ရှေ့သွား) စသော စကားလုံးတို့ဖြင့် တွေးတောကြံဆ၍ ရနိုင်ကောင်းသော ဂုဏ်ပုဒ်များဖြင့် တန်ဆာဆင်လျက် ကမ္ဘာကြီးကို ဖန်ဆင်းသူအနေဖြင့် ရေးသား စီစဉ် တီထွင်လာကြသော ကျမ်း ဖြစ်သည်၊ ဝေဒခေတ်တွင် ကမ္ဘာလောကကို ဖန်ဆင်းသူဟူသော တန်ခိုးရှင် မပေါ်သေး၊ ယခု ဗြာဟ္မဏကျမ်းကို စီရင်သော ခေတ်ကျမှ ဖန်ဆင်းသူ တန်ခိုးရှင်ဟူသော ဣဿရနိမ္မာနပေါ်လာသည်၊ ဝေဒန္တကျမ်း၌ တွေ့ရသော ဗြဟ္မန်ဟူသော Supreme Reality ခေါ် ပရမတတွ သဘောကို ဤဗြာဟ္မဏကျမ်း၌ နတ်ဘုရားအဖြစ် တွေ့ရသည်၊ ဤဗြာဟ္မဏခေတ်သည်လည်း ဗုဒ္ဓဓမ္မတွင် အကျုံးဝင်နိုင်လောက်စရာ မည်သည့်အချက်မျှ မပါရှိပေ၊ အကြောင်းမူကား ဗုဒ္ဓရှင်တော်မြတ်သည် တိတ္ထာယတနသုတ် []စသော သုတ်တို့၌ ဖန်ဆင်းရှင်ဝါဒကို မိစ္ဆာအယူဟု ရှုတ်ချတော်မူခဲ့သောကြောင့်တည်း။[]

  1. (အံ၊၁၊၁၇၄)
  2. လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယကျမ်း