ဒေသတွင်း ဘက်စုံစီးပွားရေး ပူပေါင်းဆောင်ရွက်မှု သဘောတူညီချက် (Regional Comprehensive Economic Partnership) သို့မဟုတ် အာရ်စီအီးပီ (RCEP) သည် လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်တစ်ခု ဖြစ်ပြီး၊ ဩစတြေးလျဘရူနိုင်းကမ္ဘောဒီးယားတရုတ်အင်ဒိုနီးရှားဂျပန်လာအိုမလေးရှားမြန်မာနယူးဇီလန်ဖိလစ်ပိုင်စင်္ကာပူတောင်ကိုရီးယားထိုင်းနှင့် ဗီယက်နမ်တို့ဖြစ်ကြသော အာရှ-ပစိဖိတ်ဒေသမှ ၁၅-နိုင်ငံအကြား ချုပ်ဆိုထားခြင်းဖြစ်သည်။[၁] အဆိုပါ အဖွဲ့ဝင် ၁၅ နိုင်ငံသည် ၂၀၂၀ တွင် ကမ္ဘာ့လူဦးရေ၏ ၃၀% ဖြစ်သော လူဦးရေ ၂.၂ ဘီလီယံရှိပြီး နှင့် တစ်ကမ္ဘာလုံးဆိုင်ရာ ဂျီဒီပီ၏ ၃၀ ရာခိုင်နှုန်း (ဒေါ်လာ ၂၆.၂ ထရီလီယံ) ရှိသဖြင့်၊ ၎င်းသည် သမိုင်းတွင် ကမ္ဘာ့အကြီးဆုံးကုန်သွယ်မှုအုပ်စု ဖြစ်လာသည်။ ၎င်းကို ဗီယက်နမ်မှ အိမ်ရှင်ပြုလုပ်သော အင်တာနက်သုံး အွန်လိုင်း အာဆီယံထိပ်သီးညီလာခံ (virtual ASEAN Summit) ၌ ၂၀၂၀ နိုဝင်ဘာ ၁၅ ရက်တွင်လက်မှတ်ရေးထိုးခဲ့ပြီး၊ အဖွဲ့ဝင်နိုင်ငံများက အတည်ပြုပြီးနောက် ၂ နှစ်အတွင်း အကျိုးသက်ရောက်မှုရှိမည်ဟု မျှော်လင့်ရသည်။[၂][၃][၄]

ဒေသတွင်း ဘက်စုံစီးပွားရေး ပူပေါင်းဆောင်ရွက်မှု သဘောတူညီချက်
အမျိုးအစားလွတ်လပ်သော ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်
မူကြမ်းရေးဆွဲသည့် နေ့စွဲ၁၅ နိုဝင်ဘာ ၂၀၂၀
လက်မှတ်ရေးထိုးသည့် နေ့စွဲ၁၅ နိုဝင်ဘာ ၂၀၂၀
တည်နေရာဗီယက်နမ်နိုင်ငံ (Virtual host)
လက်မှတ်ရေးထိုးသူများ15
ဘာသာစကားများ

အဖွဲ့ဝင်နိုင်ငံများ ပြင်ဆင်ရန်

အာဆီယံခေါင်းဆောင်များက အာရ်စီအီးပီ (RCEP) ဆိုင်ရာ ညှိနှိုင်းမှုများမှ နုတ်ထွက်ခဲ့သည့် အိန္ဒိယနိုင်ငံအား ၎င်းအဆင်သင့်ဖြစ်လျှင် အချိန်မရွေး ပြန်လည်ပူးပေါင်းနိုင်ကြောင်း ဖိတ်ကြားခဲ့သည်။ အခြားနိုင်ငံများ သို့မဟုတ် အကောက်ခွန်ဒေသများက အာရ်စီအီးပီသို့ ပူးပေါင်းချင်လျှင် စာချုပ်အာဏာသက်ရောက်ပြီး ၁၈ လအကြာတွင် ပူးပေါင်းနိုင်သည်။[၅]

လက်မှတ်ရေးထိုးထားသူများ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. "India stays away from RCEP talks in Bali"၊ Nikkei Asian Review၊ 4 February 2020။ 
  2. Asia-Pacific nations sign world's largest trade pact RCEP (15 November 2020)။ 15 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 November 2020 တွင် ပြန်စစ်ပြီး။
  3. 15 countries, including Singapore, sign RCEP, the world's largest trade pact (15 November 2020)။ 15 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 November 2020 တွင် ပြန်စစ်ပြီး။
  4. "RCEP: Asia-Pacific nations sign world’s biggest trade pact" (in en)၊ www.aljazeera.com။ 15 November 2020 တွင် ပြန်စစ်ပြီး 
  5. Limited၊ Bangkok Post Public Company။ "What happens now the RCEP trade deal has been signed?"၊ Bangkok Post 
  6. Regional Comprehensive Economic Partnership (RCEP) Joint Statement The First Meeting of Trade Negotiating Committee (10 May 2013)။ 19 February 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။