အာဟာရရုပ် ဆိုသည်မှာ အလွန်ဆောင်စွမ်းနိုင်သော ရုပ်ဆီရုပ်နှစ် ဓာတ်ဆီဓာတ်နှစ် ဖြစ်သည်။ မြေ၏ အတွင်း၌ တည်ရှိသော ရေဓာတ်၊ ကောင်းကင်၌ အစဉ်မပြတ်ရွာသော မိုးရေတို့သည် သစ်ပင်ချုံမြက်တို့ကို ပေါက်ပွားကြစေခြင်း၊ ကြီးပွားကြစေခြင်း၊ တည်ခိုင်ကြစေခြင်းငှါ အလွန်စွမ်းဆောင်နိုင်သကဲ့သို့ ကမ္မဇကာယ၊ စိတ္တဇကာယ၊ ဥတုဇကာယ၊ အာဟာရဇကာယဟု ဆိုအပ်သော ကာယကြီးလေးပါး ရုပ်တရားတို့ကို ပေါက်ပွားကြစေခြင်း၊ ကြီးပွားကြစေခြင်း၊ တည်ခိုင်ကြစေခြင်းငှါ လွန်စွာချီးမြှောက်ထောက်ပံ့ ဆောင်ရွက်နိုင်သော မြေဆီမြေဩဇာများ ဖြစ်ကြသည်။

ဤအာဟာရရုပ်သည် ဇီဝိတရုပ်၏ အထောက်အပံ့ကြီး ဖြစ်သည်။ ထို့ကြောင့် လောက၌ အစားအစာ၊ အာဟာရဝတ္ထု ရှာမှီးမှုအချက်ကြီးကို အသက်မွေးမှုကြီးဟု ခေါ်ကြသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. လယ်တီဆရာတော် (ဒီဇင်ဘာ ၂၀၀၇)။ လယ်တီဒီပနီပေါင်းချုပ် − ဝိပဿနာဒီပနီ။ မိခင်ဧရာဝတီစာအုပ်တိုက် location = ရန်ကုန်။ pp. ၂၂၊ ၂၃။ line feed character in |publisher= at position 23 (အကူအညီ); Missing pipe in: |publisher= (အကူအညီ)