အိုးခိုးချိဆန်းဆိုး (大河内山荘, Ōkōchi Sansō, စာသားဖြင့် - "အိုးခိုးချိတောင်ပေါ်စံအိမ်") သည် ဂျပန်နိုင်ငံကျိုတိုမြို့တွင် တည်ရှိသည့် ရုပ်ရှင်သရုပ်ဆောင် ဒန်းဂျိရိုးအိုးခိုးချိ ၏ ယခင်အိမ်နှင့် ဥယျာဉ်နေရာဖြစ်သည်။ ဤနေရာကို အခကြေးငွေဖြင့် အများပြည်သူကြည့်ရှုနိုင်ရန် ဖွင့်လှစ်ပေးခဲ့ပြီး ကျိုတိုမြို့ကို ကြည့်ရှုရသည့်မြင်ကွင်းနှင့် ဥယျာဉ်သည် အထူးထင်ရှားသည်။ အခြားသောအဆောက်အဦများကိုလည်း ဂျပန်အစိုးရသည် ယဉ်ကျေးမှုဆိုင်ရာအမွေအနှစ်များအဖြစ် သတ်မှတ်ထားခဲ့သည်။

ဒိုင်းဂျောခခု

အိုးခိုးချိဆန်းဆိုသည် အိုဂုရတောင်၏ ကုန်းစောင်းတွင် တည်ရှိသည်။ တန်းရူးဂျိကျောင်းတော်၏ ကျောဘက်နှင့် အရရှိယာမပန်းခြံနှင့် အရရှိယာမဝါးတော၏ ကပ်လျက်တွင် တည်ရှိသည်။

အရရှိယာမဘူတာမှတဆင့် ၁၅ မိနစ်ခန့်လမ်းလျှောက်ကာ သွားရောက်နိုင်သည်။ ခရီးသွားများအတွက် ရည်ရွယ်ထားရှိသည့် ဘူတာတစ်ခုဖြစ်သည့် တိုရော့ခိုအရရှိယာမဘူတာနှင့် ပိုမိုနီးကပ်စွာ တည်ရှိသည်။

 
တဲခိုဆုအိအန်းအရှေ့ရှိ လက်ဖက်ရည်ဥယျာဉ်

ဤနေအိမ်၏ မြေပြင်အကျယ်အဝန်းသည် ခန့်မှန်းခြေ ၂ ဟက်တာ ရှိပြီး အဆောက်အဦများစွာ ပါဝင်သည်။ ၎င်းတို့တွင် ဂျပန်ပုံစံအိမ်များ၊ လက်ဖက်ရည်သောက်ရန်အိမ်များ၊ နတ်ကျောင်းများ၊ ကောင်းမွန်စွာထိန်းသိမ်းထားရှိသည့် ဂျပန်ပုံစံပန်းခြံများ ပါဝင်သည်။ ၎င်းတို့ကို အိုးခိုးချိသည် နှစ်ကာလ ၃၀ ကြာအောင် အချိန်ယူတည်ဆောက်ခဲ့ပြီး ၎င်း၏ နေထိုင်ရာနေရာတစ်ခုအဖြစ် ဖန်တီးခဲ့သည်။ ၎င်းနေရာများကို ၁၉၆၂ ခုနှစ် အိုးခိုးချိ ဆုံးပါးပြီးနောက်တွင် အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန် ဖွင့်လှစ်ပေးခဲ့သည်။ ဂျိဘုဆွတ်ဒိုးမှလွဲ၍ အဓိကအဆောက်အဦများကို ၁၉၃၀ နှင့် ၁၉၄၀ ခုနှစ်များတွင် တည်ဆောက်ခဲ့သည်။[][]

ဥယျာဉ်များသည် ရာသီလေးခုကို ထင်ဟပ်နေစေရန် ပြုလုပ်ထားသည်။ ဤနေအိမ်သည် တောင်ကုန်းထိပ်တွင် တည်ရှိသည့်အတွက် ကျိုတိုမြို့ဟိအဲအိတောင်နှင့် ဟိုဇုမြစ်များကို ကောင်းမွန်စွာကြည့်ရှုနိုင်သည်။[][]

ရုပ်ပုံများ

ပြင်ဆင်ရန်

ပြင်ပလင့်များ

ပြင်ဆင်ရန်

ကိုဩဒိနိတ်: 35°01′02″N 135°40′10″E / 35.01726954°N 135.66934757°E / 35.01726954; 135.66934757

  1. ၁.၀ ၁.၁ ၁.၂ Okochi Sanso VillaJapan Visitor။ 12 November 2010 တွင် ပြန်စစ်ပြီး။
  2. Ōkōchi Sansō Jibutsudō (in Japanese)။ Kuni shitei bunkazai tō dētā bēsu။ Agency for Cultural Affairs။ 13 November 2010 တွင် ပြန်စစ်ပြီး။