အုန်းဂျော်

မြန်မာနိုင်ငံရေးသမား
(အုန်းဂျော်၊ ဦး မှ ပြန်ညွှန်းထားသည်)

ဦးအုန်းဂျော် (၃ မတ် ၁၉၃၂ မွေးဖွား) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ၏ ၁၆ ဦးမြောက် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၁၉၅၁ ခုနှစ်မှ စတင်ကာ ယူဂိုစလားဗီးယားဩစတြေးလျ နှင့် ဆိုဗီယက်ယူနီယံများတွင် သံတမန်ရေးရာများ လုပ်ကိုင်ခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ တောင်နှင့် အရှေ့တောင်အာရှ ဌာနခွဲတွင် ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ခံခဲ့ရသည်။ ၁၉၈၈ ခုနှစ်တွင် နိုင်ငံခြားရေး ဒုတိယဝန်ကြီးနှင့် ၁၉၉၁ ခုနှစ်တွင် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တိုးမြှင့်ခြင်းခံရသည်။[၁] ၁၉၉၈ ခုနှစ်တွင် နိုင်ငံခြားရေး ဝန်ကြီးရာထူးအား ဦးဝင်းအောင်နှင့် အစားထိုး ခန့်အပ်ခဲ့သည်။[၂] နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ဦးအုန်းဂျော် တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း ၁၉၉၆ ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံသည် အာဆီယံအသင်းသို့ လေ့လာသူအဖြစ် ဝင်ရောက်ခွင့်ရရှိခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် အသင်းဝင် ဖြစ်လာခဲ့သည်။[၃] မြန်မာနိုင်ငံသည် အာဆီယံတွင် အသင်းဝင်ဖြစ်လာခဲ့ခြင်းနှင့် ၂၀၁၄ ခုနှစ်တွင် ဥက္ကဋ္ဌရာထူး ရယူနိုင်ခဲ့ခြင်းတို့အတွက် ဦးအုန်းဂျော်သည် အဓိကနေရာမှ ပါဝင်ခဲ့သည်။[၄]

အုန်းဂျော်
၁၆ ဦးမြောက် နိုင်ငံခြားရေး ဝန်ကြီး
တာဝန်သက်တမ်း
၁၉၉၁ – ၁၉၉၈
ယခင်လူစောမောင်
ဆက်ခံသူဝင်းအောင်
နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး
တာဝန်သက်တမ်း
၁၉၈၈ – ၁၉၉၁
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1932-03-03) မတ် ၃၊ ၁၉၃၂ (အသက် ၉၂)

ကိုးကား ပြင်ဆင်ရန်

  1. "Myanmar: A peaceful existence." (September–October 1998). Presidents & Prime Ministers 7 (5). EQES. ISSN 1060-5088. 
  2. Faulder၊ Dominic။ "THE NATIONS- MYANMAR- The Junta Purges Its Own- But the top generals' politics are still the same"၊ ASIAWEEK၊ December 4, 1998။ 29 November 2010 တွင် ပြန်စစ်ပြီး 
  3. Burmese Win Observer Status in Southeast Asian Group။ Seth Mydans။ 4 July 2014 တွင် ပြန်စစ်ပြီး။
  4. Memorandum of Understanding with the Ministry of Foreign Affairs has been signed။ Hanns Seidel Foundation။ 4 July 2014 တွင် ပြန်စစ်ပြီး။