အောင်ကို (နိုင်ငံရေးသမား)

ဦး​အောင်ကို (သူရဦး​အောင်ကို) သည် ၂၀၁၆ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။၂၀၁၅ခုနှစ်အထိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုပါတီဝင်တစ်ဦးဖြစ်ခဲ့သူလည်းဖြစ်သည်။၂၀၂၁မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းတွင် ဖမ်းဆီးခံရပြီး ထောင်၁၂နှစ်ချခံရကာ ၂၀၂၃ ဇန်နဝါရီ၃ရက်တွင် ပြန်လွတ်သည်။

သူရ

​အောင်ကို
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၆ – ၁ ဖေဖော်ဝါရီ ၂၀၂၁
သမ္မတဦးထင်ကျော်
ဦးမြင့်ဆွေ (ယာယီ)
ဦးဝင်းမြင့်
ယခင်လူ
ဆက်ခံသူဦးကိုကို
ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ်
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၁ – ၂၉ ဇန်နဝါရီ ၂၀၁၆
မဲဆန္ဒနယ်ကန်ပက်လက်မြို့နယ်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1948-01-04) ၄ ဇန်နဝါရီ၊ ၁၉၄၈ (အသက် ၇၆)
​ကျောက်ပန်း​တောင်းမြို့၊ မန္တ​လေးတိုင်း​ဒေသကြီး
လူမျိုးမြန်မာ
နိုင်ငံရေးပါတီ
ကြင်ဖော်(များ)​မြင့်မြင့်ရီ
သားသမီး
ကိုးကွယ်သည့်ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲတပ်မတော်
အမှုထမ်းကာလ၁၉၆၉-၁၉၉၇
ရာထူး ဗိုလ်မှူးချုပ်

လွှတ်​တော်ကိုယ်စားလှယ် ပြင်ဆင်ရန်

ဗိုလ်မှူးချုပ်​ဟောင်းတစ်ဦးဖြစ်သူ သူရဦး​အောင်ကိုသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအုပ်ချုပ်​ရေး​ကော်မတီဝင်တစ်ဦးအဖြစ် ၁၉၉၇ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့သည်။ဥ​ရောပသမဂ္ဂ၏ ပိတ်ဆို့အ​ရေးယူခံရသည့် မြန်မာအစိုးရအဖွဲ့ဝင်များထဲမှ တစ်ဦးဖြစ်ကာ ၂၀၀၃ခုနှစ်က သာသနာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် လုပ်ကိုင်ရာမှ လူသိများလာသည်။[၁]၂၀၀၇ခုနှစ်တွင် ဩစ​တြေးလျ၏ ပိတ်ဆို့မှုခံခဲ့ရသည်။ [၂]

၂၀၁၀​ရွေး​​ကောက်ပွဲတွင် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွက် ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ်အဖြစ် ကြံ့ခိုင်​ရေးပါတီမှ အ​ရွေးခံခဲ့ရသည်။​​နောက်ပိုင်းတွင် သူရဦးရွှေမန်း အပါအဝင် ကြံ့ခိုင်​ရေးဗဟို​ကော်မတီဝင်များ ထုတ်ပယ်ခံရမှုတွင် ဦး​အောင်ကိုပါ ပါဝင်ခဲ့သည်။

ဝန်ကြီး ပြင်ဆင်ရန်

ဦးသန်းရွှေ၏ အစိုးရအဖွဲ့တွင် သူရဦးမြင့်​မောင် လက်​အောက်၌ သာသနာ​ရေးဒုဝန်ကြီးအဖြစ် လုပ်ကိုင်ခဲ့သည်။ ထို့အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟို​ကော်မတီဝင်အဖြစ် လုပ်ကိုင်ခဲ့ကာ ၂၀၁၂တွင် ပါတီအတွင်း​ရေးမှူးဖြစ်ခဲ့သည်။[၃]သူသည် ပြည်သူ့လွတ်​တော်ဥက္ကဋ္ဌ ဦးရွှေမန်း၏ ရင်းနီး​သော မိတ်​ဆွေဖြစ်သည်။၂၀၁၅​ရွေး​ကောက်ပွဲမတိုင်မီ ဩဂုတ်လတွင် ပါတီဗဟို​ကော်မတီဝင်မှ ထုတ်ပယ်ခံကြရသည်။[၄]

၂၀၁၅​ရွေး​ကောက်ပွဲအပြီးတွင် ကြံ့ခိုင်​ရေးပါတီမှ နုတ်ထွက်ခဲ့ပြီး အနိုင်ရပါတီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်းစုကြည်ကို ချဉ်းကပ်ခဲ့သည်။[၅]ဝန်ကြီးဌာန၂ခု​ပေါင်းကာ အသစ်ဖွဲ့ထားသည့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန တွင် ပြည်​ထောင်စုဝန်ကြီးဖြစ်လာခဲ့သည်။[၆]

ဦးအောင်ကိုသည် ၂၀၁၇ ခုနှစ်က ဘာသာရေးအဖွဲ့တစ်ခုဖြစ်သော စစ်တပ်ကိုထောက်ခံသည့် မဘသအဖွဲ့ကို ဖျက်သိမ်းရာတွင် အဓိကအခရာကျသူလည်းဖြစ်သည့်အပြင် ဝရမ်းပြေးဖြစ်သော ဦးဝီရသူသည် လွတ်မြောက်နေဆဲဖြစ်သည်မှာ စစ်တပ်ထိန်းချုပ်မှုအောက်တွင်ရှိသော ပြည်ထဲရေးဝန်ကြီးဌာန၏ ရဲတပ်ဖွဲ့ကို လူထုရွေးကောက်ခံအစိုးရက ဩဇာမသက်ရောက်သောကြောင့်ဖြစ်သည်ဟူသော စကားရပ်ကို ၂၀၂၀ ဇန်နဝါရီ၌ ဘာသာပေါင်းစုံတွေ့ဆုံပွဲတစ်ခုတွင် ပြောကြားခဲ့သည်လည်းရှိခဲ့သည်။ ထိုစကားရပ်နှင့်ပတ်သက်၍ စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ဖေဖော်ဝါရီတွင် စစ်တပ်ကိုဂုဏ်သိက္ခာညှိုးနွမ်းစေမှုဖြင့် အစိုးရအား ၎င်းကိုအရေးယူရန်တောင်းဆိုဖူးသည်လည်းရှိခဲ့၏ ။[၇]

တရားစွဲဆိုခံရခြင်း ပြင်ဆင်ရန်

သူရဦးအောင်ကိုအား စစ်ကောင်စီမှ ၂၀၁၅-၂၀၂၁ အန်အယ်လ်ဒီအစိုးလက်ထက်အတွင်း သာသနာရေးဝန်ကြီးတစ်ဦးအဖြစ် တာဝန်ယူစဉ် သာသနာရေးဆိုင်ရာဆုတံဆိပ်များကို လူပုဂ္ဂိုလ်များအားချီးမြှင့်ရာ၌ လာဘ်စားခဲ့သည်ဟူသောအကြောင်းပြချက်ဖြင့် တရားစွဲဆိုခဲ့သည်။ တရားစွဲဆိုရခြင်းမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ကာ စုံစမ်းစစ်ဆေးသည်ဟု ၎င်းတို့၏သတင်းစာများတွင်ဖော်ပြထားသည်။ ဖော်ပြချက်များတွင် မည်ရွေ့မည်မျှပမာဏ လာဘ်ယူခဲ့သည်ဟုလည်း ဖော်ပြထား၏ ။[၇]

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်က  သူရဦးအောင်ကို အား ပြစ်မှုထင်ရှားသည်ဟု ဆုံးဖြတ်ခဲ့ပြီး[၈] ၂၀၂၂ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင်  အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့သည့်အပြင် ရွှေပန်းကန်၊ငွေကျပ်သိန်း၁၀၀နှင့်  Ford Everest Titanium မော်တော်ယာဉ် တစ်စီးတို့အား ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းစေရန် ထည့်သွင်းကာ အမိန့်ချမှတ်ခဲ့သည်။[၉]

စွပ်စွဲချက်များနှင့် ပတ်သတ်ပြီး သူရဦးအောင်ကိုဘက်က  ၎င်းတွင် အပြစ်မရှိကြောင်း အထောက်အထားဖြင့်ခု ခံချေပသက်သေပြနိုင်ခဲ့သည်ဟု ဖော်ပြထားချက်များလည်းရှိသည်။[၁၀]

အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ် ပြစ်ဒဏ်ချမှတ်ခံရသည့် ၂၀၂၂ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင်ပင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက သူရဦးအောင်ကို ကိုရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၄၀၁၊ပုဒ်မခွဲ ၁အရ ကျခံနေသည့်ပြစ်ဒဏ်၏ ထက်ဝက်ဖြစ်သော ၆နှစ်အား လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးခဲ့သည်။[၁၁]

ဧရာဝတီနှင့်Myanmar Nowတို့က စစ်ကောင်စီ၏ ဖမ်းဆီးထောင်ချမှုအပေါ် ရန်ငြိုးဖြင့် ဆောင်ရွက်မှု၊ပြစ်ဒဏ်လျှော့ပေးမှုက နိုင်ငံရေး အမြတ်ထုတ်မှုစသည်ဖြင့် ရှုမြင်ကြသည်။[၁၂] [၁၃]

၂၀၂၃ခုနှစ် ဇန်နဝါရီလ ၃ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီ၏ လွတ်ငြိမ်းဖြင့် သူရဦးအောင်ကို ပြန်လွတ်လာသည်။[၁၄]

ကိုးကား ပြင်ဆင်ရန်

  1. Burma-Myanmar Council Decision 2003-461 CFSP
  2. BANKING (FOREIGN EXCHANGE) REGULATIONS 1959 DIRECTION RELATING TO FOREIGN CURRENCY TRANSACTIONS AND TO BURMA
  3. President U Thein Sein re-elected as Myanmar's ruling party leader - Xinhua | English.news.cn။ 2016-03-22 တွင် ပြန်စစ်ပြီး။
  4. Lwin၊ Ei Ei Toe။ EXCLUSIVE: Speaker makes political comeback bid
  5. Thu၊ Mratt Kyaw။ The state of the Sangha။ 8 May 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 April 2019 တွင် ပြန်စစ်ပြီး။
  6. Times၊ The Myanmar။ Daw Aung San Suu Kyi to join government as NLD reveals cabinet
  7. ၇.၀ ၇.၁ "Junta announces corruption charge against ousted minister hated by nationalists"၊ Myanmar Now၊ 6 March 2021။ 
  8. အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ တရားစွဲဆိုခံရသည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း သူရဦးအောင်ကို အပေါ် စီရင်ချက် အမိန့်ချမှတ်။ ၂၈ မတ် ၂၀၂၂ တွင် ပြန်စစ်ပြီး။
  9. ဒေါ်အောင်ဆန်းစုကြည်ကို ယုံတဲ့ သူရဦးအောင်ကို (၂၂ မတ် ၂၀၂၂)။ ၂၈ မတ် ၂၀၂၂ တွင် ပြန်စစ်ပြီး။
  10. ထောင် ၁၂ နှစ်ချခံရသည့် သူရဦးအောင်ကို ကျန်းမာရေး စိုးရိမ်နေရ (in my)။ ၂၈ မတ် ၂၀၂၂ တွင် ပြန်စစ်ပြီး။
  11. သူရဦးအောင်ကိုအပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်အား နစကဥက္ကဋ္ဌ ထက်ဝက်လျှော့ချ လွတ်ငြိမ်းချမ်းသာခွင့်ပြုပေး (in my)။ ၂၆ ဧပြီ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  12. ရန်ငြိုးဖြင့် ဖမ်းဆီးခံထားရသည့် သူရဦးအောင်ကို၏ အကျဉ်းစံဘဝ
  13. သူရ ဦးအောင်ကိုအား ပြစ်ဒဏ် လျှော့ပေးမှုသည် နိုင်ငံရေး အမြတ်ထုတ်မှုသာဖြစ်
  14. NLD ဝန်ကြီး သူရဦးအောင်ကို ပြန်လည်လွတ်မြောက်လာ