ဦးကိုကို (၁၉၄၇ ဖွား) သည် တပ်မတော်သားဟောင်းတစ်ဦး နှင့် စာရေးဆရာ တစ်ဦး ဖြစ်သည်။ လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အဖြစ်တာဝန်ထမ်းဆောင်နေသည်။ [၁] ယင်းမတိုင်မီ က သာသာနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၏ ပြည်ထောင်စုဝန်ကြီး ဖြစ်ခဲ့သည်။[၂]

ဦးကိုကို
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃၁ ဇန်နဝါရီ ၂၀၂၄
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတဦးမြင့်ဆွေ (ယာယီ)
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူဦးသိန်းစိုး
သာသာနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
တာဝန်သက်တမ်း
၁ ဖေဖော်ဝါရီ ၂၀၂၁ – ၁ ဩဂုတ် ၂၀၂၃
ယခင်လူဦးအောင်ကို
ဆက်ခံသူဦးတင်ဦးလွင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၄၇
လူမျိုးမြန်မာ
မိခင်ကျောင်းစစ်တက္ကသိုလ်
စစ်မှုထမ်းခြင်း
တပ်/တပ်ဖွဲ့ခွဲတပ်မတော် (လေ)
အမှုထမ်းကာလ၁၉၆၈ -၂၀၀၇
ရာထူးဗိုလ်မှူးကြီး

ငယ်ဘဝ ပြင်ဆင်ရန်

သူသည် စစ်တက္ကသိုလ် အပတ်စဉ် (၁၀) ဆင်း ဖြစ်သည်။[၃] တပ်မတော် (လေ) တွင် ၁၉၆၈ ခုနှစ် နောက်ပိုင်းက စပြီး စစ်မှုထမ်းသည်။ ၂၀၀၇ ခုနှစ် တွင် တပ်မတော် (လေ) မှ ဗိုလ်မှူးကြီး အဆင့် ဖြင့် အငြိမ်းစားယူသည်။

စာပေရေးသားခြင်းများ ပြင်ဆင်ရန်

သူသည် ဧကရာဇ်၊ကို (ဗိုလ်မှူးကြီး) စသည့် ကလောင်အမည်ဖြင့် ကဗျာ အပါအဝင် စာပေများရေးသားသည်။ [၄]

အခြားတာဝန်ထမ်းဆောင်မှုများ ပြင်ဆင်ရန်

သူသည် ၂၀၁၁ ခုနှစ် နောက်ပိုင်း ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးခံရသည်။[၅] [၆] အထွေထွေရွေးကောက်ပွဲ ၂၀၁၅ လုပ်ငန်းပြီးပြတ်ပြီးသည်အထိ ထမ်းဆောင်သည်။ [၇]

ပြည်ထောင်စုဝန်ကြီးဖြစ်လာပုံ ပြင်ဆင်ရန်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီး နောက် ထိုနေ့မှာပင် သူ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးသည်။ [၈] ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ရက်နေ့ တွင် ထိုတာဝန်မှ အနားပေးခံရသည်။[၉]

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဖြစ်လာပုံ ပြင်ဆင်ရန်

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခံရသည်။[၁၀] [၁၁]

အရေးယူပိတ်ဆို့ခံရမှု ပြင်ဆင်ရန်

သူ့ကို စစ်ကောင်စီ ထဲ ပါဝင်မှု ဖြင့် အမေရိကန် နှင့် ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံအချို့က ဒဏ်ခတ် အရေးယူ ပိတ်ဆို့ထားသည်။

ကိုးကား ပြင်ဆင်ရန်

  1. JUNTA-APPOINTED UEC CHAIR MEETS THE RUSSIAN COUNTERPART AND OBSERVES THE RUSSIAN ELECTIONmyanmarelectionwatch (13 March 2024)။ 1 April 2024 တွင် ပြန်စစ်ပြီး။
  2. https://www.mhmjapan.com/content/files/00047575/Myanmar%20Legal%20MHM%20Limited%20Newsletter%20-%20March%20Issue.pdfMyanmar Legal MHM (March 2021)။ 1 April 2024 တွင် ပြန်စစ်ပြီး။
  3. Myanmar Junta Repeats Lie That 2020 Election Was RiggedThe Irrawaddy (20 March 2024)။ 1 April 2024 တွင် ပြန်စစ်ပြီး။
  4. ပြည်ထောင်စုဝန်ကြီး ဦးကိုကို ရေးသားပြုစု ထုတ်ဝေသော “ကဗျာစပ်ချင် အတတ်သင်” စာအုပ် လှူဒါန်းပွဲ အခမ်းအနားကျင်းပMOI Myanmar (၁၃ ဇန်နဝါရီ ၂၀၂၂)။ ၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  5. ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် နိုင်ငံရေးပါတီများ ဆွေးနွေးDVB (၂၈ စက်တင်ဘာ ၂၀၁၂)။ ၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  6. “မဲဆန္ဒရှင် ပြည်သူတွေက လုပ်ရမယ့် အလုပ်ကို မလုပ်တာပါ”The Irrawaddy (၁၃ အောက်တိုဘာ ၂၀၁၅)။ ၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  7. ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်ကြီးဟောင်း၏ ရွေးကောက်ပွဲကော်မရှင် အာဏာရ ပြည်ခိုင်ဖြိုးပါတီအတွက် အားတစ်ရပ်ဖြစ်လာမြန်မာသံတော်ဆင့် (၂၃ ဧပြီ ၂၀၁၅)။ ၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  8. ပြည်ထောင်စု ဝန်ကြီးသစ်တွေ စစ်အစိုးရ ခန့်အပ်VOA Burmese (၁ ဖေဖော်ဝါရီ ၂၀၂၁)။ ၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  9. ဘုရားပွဲအပြီး သာသနာရေးဝန်ကြီး ချက်ချင်းအဖြုတ်ခံရMyanmar Now (၄ ဩဂုတ် ၂၀၂၃)။ ၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  10. ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်းMOI Myanmar (၃၁ ဇန်နဝါရီ ၂၀၂၄)။ ၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  11. UEC ဥက္ကဋ္ဌသစ်နှင့် ရွေးကောက်ပွဲကတိကဝတ်Eleven Media Group (၁၇ မတ် ၂၀၂၄)။ ၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။