အောင်ကျော်စိုး

မြန်မာနိုင်ငံရေးသမား

ဦးအောင်ကျော်စိုး (၁၈ စက်တင်ဘာ ၁၉၆၈ မွေးဖွား) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ကယားပြည်နယ် မဲဆန္ဒနယ် အမှတ် ၇ ကိုယ်စားပြု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်လျက်ရှိသူဖြစ်သည်။[၁][၂]

ဦးအောင်ကျော်စိုး
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁ ဖေဖော်ဝါရီ ၂၀၁၆
မဲဆန္ဒနယ်ကယားပြည်နယ် မဲဆန္ဒနယ် အမှတ် ၇
အနိုင်ရမဲ အရေအတွက်၁၄၃၁ မဲ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1968-09-18) ၁၈ စက်တင်ဘာ၊ ၁၉၆၈ (အသက် ၅၅)
လွိုင်ကော်မြို့ကယားပြည်နယ်
လူမျိုးမြန်မာ
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မိဘဦးရွှေစိုး (ဖခင်)
ဒေါ်နော်အယ်စီ (မိခင်)

အစောပိုင်းဘဝ ပြင်ဆင်ရန်

ဦးအောင်ကျော်စိုးကို ဦးရွှေစိုးနှင့် ဒေါ်နယ်အယ်စီ တို့က ကယားပြည်နယ်လွိုင်ကော်မြို့တွင် ၁၉၆၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် မွေးဖွားခဲ့သည်။[၁][၂]

နိုင်ငံရေး လှုပ်ရှားမှု ပြင်ဆင်ရန်

၁၉၈၈ ခုနှစ်တွင် ကယားပြည်နယ် အထွေထွေသပိတ်ကော်မတီတွင် ပါဝင်ခဲ့သည်။ ၁၉၈၈ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အထိ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ကျောင်းသားတပ်မတော် တပ်ရင်း ၃၀၃ တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၂ မှ ၂၀၁၅ ထိ ကယားပြည်နယ် ၈၈ မျိုးဆက်အင်အားစုအဖြစ် ပါဝင်ခဲ့သည်‌။ ၂၀၁၄ တွင် ကရင်နီပြည် လူငယ်များသမဂ္ဂတွင် ဗဟိုကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ် စက်တင်ဘာလ ၄ ရက်နေ့တွင် ကျောင်းသားတပ်မတော်တပ်ရင်း ၃၀၃ တပ်ဖွဲ့ဝင် အဖြစ် အမှတ် ၇၂ ခြေလျင်တပ်ရင်း၏ ဖမ်းဆီးခြင်းခံရပြီးနောက် ၁၉၉၀ ပြည့်နှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် သေဒဏ်နှင့် ထောင်ဒဏ် ၅ နှစ် အပြစ်ပေးခဲ့ရပြီး ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအင်းစိန်မြို့နယ်ဗဟိုအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။[၁][၂]

သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တစ်ဦး ဖြစ်သည်။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ကယားပြည်နယ် မဲဆန္ဒနယ် အမှတ် ၇ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲအရေအတွက် ၁၄၃၁ မဲဖြင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။[၃][၁][၄]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ Mp Profile (in my)။ 23 September 2018 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ Amyotha Hluttaw (in my)။ 15 February 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 September 2018 တွင် ပြန်စစ်ပြီး။
  3. Elections Results – Global New Light Of Myanmar။ Myanmar1329.rssing.com။ 22 August 2018 တွင် ပြန်စစ်ပြီး။
  4. Aung Kyaw Soe (in my)။ 23 September 2018 တွင် ပြန်စစ်ပြီး။