ဦးအောင်ကျော်ဟိုး သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၃) ၏ ပြည်ထောင်စုဝန်ကြီးဖြစ်သည်။[၂] ယင်းမတိုင်မီက ကာကွယ်ရေးဝန်ကြီးဌာန တွင် အမြဲတမ်းအတွင်းဝန် အဖြစ် တာဝန် ထမ်းဆောင်သည်။ [၃]


အောင်ကျော်ဟိုး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၃)
ပြည်ထောင်စုဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၂ ဇန်နဝါရီ ၂၀၂၄
ယခင်လူရာထူးစတင်
အမြဲတမ်းအတွင်းဝန်
ကာကွယ်ရေးဝန်ကြီးဌာန
တာဝန်သက်တမ်း
၂၀၁၅ – ၂၂ ဇန်နဝါရီ ၂၀၂၄
ယခင်လူရာထူးစတင်
ဆက်ခံသူဗိုလ်မှူးချုပ် မျိုးမင်း [၁]
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၇
နိုင်ငံသားမြန်မာ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲကာကွယ်ရေးဝန်ကြီးဌာန
အမှုထမ်းကာလ၁၉၈၈-၂၀၂၄
ရာထူးဗိုလ်မှူးချုပ်

စစ်မှုထမ်းဘဝ ပြင်ဆင်ရန်

သူသည် ဗိုလ်သင်တန်း အပါတ်စဉ် ၇၇ (OTS – 77) ဆင်း ဖြစ်သည်။တပ်မတော်တွင် နှစ် ၃၀ကျော် တာဝန် ထမ်းဆောင်သည်။၂၀၁၅ ခုနှစ် ဧပြီလ ထဲတွင် ဗိုလ်မှူးချုပ်ရာထူးဖြင့် ကာကွယ်ရေးဝန်ကြီးဌာန ၏ အမြဲတမ်းအတွင်းဝန် ဖြစ်လာသည်။[၄] သူသည် ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်စဉ် ၂၀၁၈ ခုနှစ် မေလ ၂၉ ရက် သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတ ညွှန်ကြားပါက တပ်မတော်ဘက်က စစ်ပွဲများ ရပ်ပေးရန် အသင့်ရှိဟု ပြောစကားမှာလည်း ထင်ရှားခဲ့သည်။[၅] [၆]

ပြည်ထောင်စုဝန်ကြီးဖြစ်လာပုံ ပြင်ဆင်ရန်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၎င်းအား ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်တွင် အမြဲတမ်းအတွင်းဝန် အဖြစ်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၃) ၏ ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်သည်။[၇] သူသည် ဗိုလ်မှူးချုပ် အဖြစ်မှ အငြိမ်းစားယူကာ ဝန်ကြီးဖြစ်လာခြင်း ဖြစ်သည်။

ချီးမြှင့်ခံရသည့်ဘွဲ့ ပြင်ဆင်ရန်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၎င်းအား ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ရက်တွင် ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်သည်။[၈]

ကိုးကား ပြင်ဆင်ရန်

  1. အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်းMOI Myanmar (၁၀ ဧပြီ ၂၀၂၄)။ ၁၀ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. ကာကွယ်ရေးအတွင်းဝန် စစ်ကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီး ဖြစ်လာBBC Burmese (၂၃ ဇန်နဝါရီ ၂၀၂၄)။ ၂၄ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms.Christine Schraner Burgener အား လက်ခံတွေ့ဆုံCINCDS Myanmar (၂၉ ဇန်နဝါရီ ၂၀၂၀)။ ၂၄ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. အမြဲတမ်း အတွင်းဝန်တွေ စခန့်BBC Burmese (၁၉ ဧပြီ ၂၀၁၅)။ ၂၄ ဇန်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  5. သမ္မတ ညွှန်ကြားပါက စစ်ပွဲများ ရပ်ပေးရန် အသင့်ရှိဟု တပ်မတော် ပြောThe Irrawaddy (၁၉ မေ ၂၀၁၈)။ ၂၄ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  6. သမ္မတအမိန့်အတိုင်း တပ်မတော် လိုက်နာဆောင်ရွက်မည်VOA Burmese (၂၉ မေ ၂၀၁၈)။ ၂၄ ဇန်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  7. ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်းMOI Myanmar (၂၂ ဇန်ဝါရီ ၂၀၂၄)။ ၂၄ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  8. ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၂ /၂၀၂၃MWD Webportal (၄ ဇန်နဝါရီ ၂၀၂၃)။ ၂၄ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။