ဦးအောင်သောင်းရွှေသည် ရခိုင်လူမျိုး နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။

အောင်သောင်းရွှေ
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၁၂ နိုဝင်ဘာလ ၂၀၁၅ – ၁ ဇန်နဝါရီ ၂၀၂၁
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (၁၉၇၁-0၁-၁၇) ဇန်နဝါရီ ၁၇၊ ၁၉၇၁ (အသက် ၅၃)
|သျှစ်သျှားတောင်ကျေးရွာဘူးသီးတောင်မြို့နယ်ရခိုင်ပြည်နယ်
လူမျိုးရခိုင်
နိုင်ငံရေးပါတီရခိုင့်ဦးဆောင်ပါတီ (၂၀၁၈ – လက်ရှိ)

တစ်သီးပုဂ္ဂလ (၂၀၂၀)
ရခိုင်အမျိုးသားပါတီ (၂၀၁၄ – ၂၀၁၇)

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (၂၀၁၀ – ၂၀၁၄)
အလုပ်အကိုင်နိုင်ငံရေးသမား
ကိုးကွယ်သည့်ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ

နောက်ခံအကြောင်းအရင်း ပြင်ဆင်ရန်

ဦးအောင်သောင်းရွှေကို ဘူးသီးတောင်မြို့နယ်၊ စံကိုးထောင်အုပ်စု၊ သျှစ်သျှားတောင်ကျေးရွာတွင် အဖ ဦးလှထွန်းဖြူ အမိ ဒေါ်သာစိန်မေတို့မှ ၁၉၇၁ ခု၊ ဇန်နဝါရီလ (၁၇) ရက်နေ့၊ ရခိုင်သက္ကရာဇ် ၁၃၃၂ ခု၊ ပြာသိုလ်လပြည့်ကျော် (၆) ရက်၊ တနင်္ဂနွေနေ့တွင် မွေးဖွားခဲ့သည်။ မွေးချင်း (၈) ဦးရှိပြီး၊ တတိယမြောက်သားဖြစ်သည်။ ဇနီးအမည်မှာ ဒေါ်ခင်အေးရီ ဖြစ်ပြီး သား/သမီး (၄) ဦးရှိသည်။

အခြေခံပညာမူလတန်းကို အ.မ.က ဥယျာဉ်သာကျောင်းတွင် လည်းကောင်း၊ အလယ်တန်းပညာကို အ.လ.က စေတီတောင်တွင်လည်းကောင်း၊ အထက်တန်းပညာကို အ.ထ.က ဘူးသီးတောင် တွင်လည်းကောင်း၊ International Specialist Diploma in Management & Human Resource Management]], နှင့် Leader Ship တို့ကို Robeson Business School (NPT) တွင်လည်းကောင်း အသီးသီးသင်ယူခဲ့သည်။

လူမှုရေး၊ နိုင်ငံရေးဆောင်ရွက်ချက်များ ပြင်ဆင်ရန်

၁၉၉၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်ထိ UNDP/UNOPS PA-CD Project/ CDRT Project နှင့် RRLSP Project တို့တွင် Community Facilitator အဖြစ်လုပ်ကိုင်ခဲ့သည်။ ရခိုင်အမျိုးသားလူငယ်များ ယဉ်ကျေးမှု စာဖတ်အသင်း စာကြည့်တိုက်၊ ရက္ခအလင်းတန်းအဖွဲ့ခွဲ (ဘူးသီးတောင်) သွီးအသင်း၊ နာရေး ကူညီမှုအသင်း၊ အခြေခံလူထုဖွံ့ဖြိုးတိုးတက်ရေးအသင်း (GDA) စသော အရပ်ဖက် လူမှုအဖွံ့အစည်းများတွင်လည်းကောင်း အသီးသီးတာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် သုံးဆယ့်တစ်ဘုံ ဘုရားသမိုင်းကို ရေးသားခဲ့သည်။

ဘူးသီတောင်မြို့နယ်တွင် ၁၉၉၀ ခုနှစ်က ရခိုင်ဒီမိုကရေးစီအဖွဲ့ချုပ် ပါတီဝင်အဖြစ်လည်းကောင်း၊ ရက္ခိုင်ကျောင်းသားလူငယ်များအဖွဲ့ချုပ် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၂၀၁၀ ခုနှစ်တွင် ရခိုင်တိုင်ရင်းသားများတိုးတက်ရေးပါတီ (RNDP) ပါတီဝင်အဖြစ်လည်းကောင်း၊ ဘူးသီးတောင်မြို့နယ် ရခိုင်အမျိုးသားပါတီ ANP ၏ မြို့နယ်အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် ရခိုင်အမျိုးသားပါတီ သံတွဲညီလာခံမှ ဗဟိုကော်မတီဝင်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂၀၁၅ နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြောက်ခြင်းခံရပါသည်။

၂၀၂၀ လခုနှစ်တွင် ရခိုင့်ဦးဆောင်ပါတီ AFP ၏ အကြံပေးကော်မတီ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၂၀၂၀ ခုနှစ်နိုဝင်ဘာလ ရွှေကောက်ပွဲတွင် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်မဲန္ဆနယ်မှ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံရန် စီစဉ်ခဲ့သော်လည်း ဘူးသီးတောင်အပါအဝင် အချို့ဒေသများမှာ ရွေးကောက်ပွဲ ကျင်းပခြင်းမပြုလုပ်ခဲ့ပေ။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်သို့ ရောက်ရှိခြင်း ပြင်ဆင်ရန်

ဦးအောင်သောင်းရွှေကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ကြေငြာချက် အမှတ် (၁၇/၂၀၁၅) ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်၊ ၁၃၇၇ ခုနှစ်/ တန်ဆောင်မုန်းလဆန်း (၁) ရက်၊ နေ့စွဲဖြင့် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြေညာခဲ့သည်။ အဆိုပါကြောငြာချက်တွင် ဘူးသီးတောင်မြို့နယ်တွင် မဲရုံပေါင်း (၁၀၉) ရုံရှိ၍ ခိုင်လုံမဲမှာ (၁၂၀၁၈) မဲရရှိသောကြောင့် (၄၅.၄၆%) ဖြင့် မဲဆန္ဒအများဆုံးရရှိသည့်အတွက် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဉပဒေ ပုဒ်မ ၄၉(ခ) အရ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကြေငြာခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

အထက်ပါဖော်ပြချက်စားသားများသည် ဦးအောင်သောင်းရွှေ ကိုယ်တိုင်ရေးသားထုတ်ဝေသော "လွှတ်တော်နိုင်ငံရေးခရီ အထင်ကရမှတ်တိုင်များ" စာအုပ်မှ ကောက်နုတ်ဖော်ပြသည်။[၁][လင့်ခ်သေ][စိစစ်အတည်ပြုမှု မအောင်မြင်]