ရခိုင့်ဦးဆောင်ပါတီ
ရခိုင့်ဦးဆောင်ပါတီ (အင်္ဂလိပ်: Arakan Front Party; အတိုကောက် AFP) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။
ရခိုင့်ဦးဆောင်ပါတီ | |
---|---|
အင်္ဂလိပ် အမည် | Arakan Front Party |
ဥက္ကဋ္ဌ | ဒေါက်တာအေးမောင် |
ဒုဥက္ကဋ္ဌ | ဦးကျော်ဇောဦး [၁] |
တည်ထောင်ခြင်း | ၁၁ အောက်တိုဘာ ၂၀၁၈ |
ဌာနချုပ် | အမှတ် (၇၇)၊ ပန်းခြံလမ်း၊ ရူပတောင်၊ စစ်တွေမြို့၊ ရခိုင်ပြည်နယ်၊ မြန်မာနိုင်ငံ |
နိုင်ငံရေး သဘောတရား | ရခိုင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် [၂] |
အမျိုးသားလွှတ်တော် အမတ်နေရာ | ၀ / ၂၂၄
|
ပြည်သူ့လွှတ်တော် အမတ်နေရာ | ၁ / ၄၄၀
|
ရခိုင်ပြည်နယ် လွှတ်တော် အမတ်နေရာ | ၂ / ၄၇
|
တိုင်းရင်းသားရေးရာဝန်ကြီးများ | ၀ / ၂၉
|
မြန်မာနိုင်ငံ၏ နိုင်ငံရေး နိုင်ငံရေးပါတီများ |
၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်ရှိ အမျိုးသားလွှတ်တော်နေရာ ခြောက်နေရာ၊ ပြည်သူ့လွှတ်တော်နေရာ ၁၀ နေရာခန့်နှင့် ပြည်နယ်လွှတ်တော်နေရာ ၂၀ ကျော်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး[၃] ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်နေရာနှင့် ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၂ နေရာ အနိုင်ရရှိခဲ့သည်။
သမိုင်းကြောင်း
ပြင်ဆင်ရန်၂၀၂၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် ဒေါက်တာအေးမောင်သည် ၎င်း၏လုပ်ဖော်ကိုင်ဖက်များ အတူ ရခိုင့်ဦးဆောင်ပါတီကို ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် တည်ထောင်ခဲ့သည်။[၄][၅]
ယခင်က အဖရခိုင်ပါတီအမည်ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြခဲ့ရာ ကော်မရှင်က ခွင့်မပြုခဲ့ဘဲ ရခိုင့်ဦးဆောင်ပါတီ အမည်သစ်ဖြင့် လျှောက်ခဲ့ရာမှ ပါတီတည်ထောင်ခွင့် ရရှိခဲ့သည်။[၄]
ကိုးကား
ပြင်ဆင်ရန်- ↑ "AA ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်း ပြန်သုံးသပ်ပေးရန် ရခိုင့်ဦးဆောင်ပါတီ ဆောင်းဆို"၊ the Voice Myanmar၊ March 3, 2020။ 24 December 2020 တွင် ပြန်စစ်ပြီး။ Archived from the original on 21 February 2021။
- ↑ KAUNG HSET NAING (၁ အောက်တိုဘာ ၂၀၂၀)။ ကျွန်တော်တို့ ကိုယ့်ပြည်နယ်ကို အုပ်ချုပ်နိုင်ဖို့ အဆင်သင့်ပြင်ထားတယ်။ Frontier Myanmar။ ၂၉ ဒီဇင်ဘာ ၂၀၂၀ တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၉ ဒီဇင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
- ↑ စိုးသူအောင် (၂ နိုဝင်ဘာ ၂၀၁၈)။ ရခိုင့်ဦးဆောင်ပါတီ၏မူဝါဒနှင့် ရွေးကောက်ပွဲကတိကဝတ်များ - ပြည်သူများအတွက် ရွေးကောက်ပွဲကတိကဝတ် မပေးလိုဟု ရခိုင့်ဦးဆောင်ပါတီပြော။ မဇ္ဈိမ။ ၂၈ အောက်တိုဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
- ↑ ၄.၀ ၄.၁ ထွန်းခိုင် (နိရဉ္စရာ) (၁၆ စက်တင်ဘာ ၂၀၂၀)။ ရခိုင့်ဦးဆောင်ပါတီ (AFP) ကို ၇ ရက်အတွင်းကန့်ကွက်နိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင် ကြေညာ။ BNI Multimedia Group။ ၂၈ အောက်တိုဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
- ↑ မောင်ကံ (၁၂ အောက်တိုဘာ ၂၀၁၈)။ ဒေါက်တာအေးမောင် ဦးဆောင်သော ပါတီ ရခိုင့်ဦးဆောင်ပါတီအမည်ဖြင့် တည်ထောင်ခွင့်ရ။ 7 Day News။ 31 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၈ အောက်တိုဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။