ရခိုင်လူမျိုး သမိုင်းပညာရှင် အတွက် အေးကျော် (သမိုင်းပညာရှင်) ကို ကြည့်ပါ။

ဗိုလ်ချုပ် အေးကျော် သည် မြန်မာနိုင်ငံ ပြန်ကြားရေး ဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ် ၁၉၉၅ ဇွန်လမှ ၁၉၉၇ နိုဝင်ဘာလအထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

အေးကျော်
ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး
တာဝန်သက်တမ်း
၁၇ ဇွန် ၁၉၉၅ – ၁၅ နိုဝင်ဘာ ၁၉၉၇
ယခင်လူဗိုလ်မှူးချုပ် မျိုးသန့်
ဆက်ခံသူဗိုလ်ချုပ် ကြည်အောင်
စစ်မှုထမ်းခြင်း
ရာထူးဗိုလ်ချုပ်

၁၉၉၅ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ပြန်ကြားရေး ဝန်ကြီးအဖြစ် ဗိုလ်မှူးချုပ် မျိုးသန့် နေရာတွင် ဗိုလ်ချုပ်အေးကျော်ကို အစားထိုး ခန့်အပ်ခဲ့သည်။[၁] စာရေးဆရာ၊ ကဗျာဆရာ ဦးစိုးညွန့် (ထီလာစစ်သူ) သည် ဗိုလ်ချုပ်အေးကျော် လက်အောက်တွင် ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[၂]

၁၉၉၅ ခုနှစ် ဇူလိုင်လတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြည်သူလူထုနှင့် တွေ့ဆုံခွင့်ပြုခဲ့ရာ ပြည်တွင်းပြည်ပ သတင်းထောက်များ၊ ဓာတ်ပုံဆရာများနှင့် ရန်ကုန်မြို့ရှိ သူမ၏ နေအိမ်တွင် တွေ့ဆုံခဲ့သည်။ သို့သော်လည်း တစ်ဒါဇင်ကျော်ခန့်သော ပြည်ပသတင်းထောက်များမှာ ဗိုလ်ချုပ်အေးကျော်၏ ပြန်ကြားရေး ဝန်ကြီးဌာနမှ အမည်မည်းစာရင်း ထည့်သွင်းထားခြင်းကြောင့် ပြည်ဝင်ခွင့်ဗီဇာ မရရှိခဲ့ကြပေ။[၃]

၁၉၉၇ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးချုပ်များနှင့် ဝန်ကြီးများကို ထုတ်ပြန်ကြေညာခဲ့ရာ ဗိုလ်ချုပ်ကြည်အောင်သည် ပြန်ကြားရေးဝန်ကြီး အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။[၄]

ကိုးကား ပြင်ဆင်ရန်

  1. SLORC CABINET RESHUFFLESSOUTH CHINA MORNING POST (17Jun95)။ 2012-02-25 တွင် ပြန်စစ်ပြီး။
  2. Thī lā Cacʻ sū (2006)။ Sounds and echoes: U Soe Nyunt (Htilar Sitthu)
  3. Burmese TV shows Suu Kyi for first time။ Reuters (July 19, 1995)။ 2012-02-25 တွင် ပြန်စစ်ပြီး။
  4. The State Peace and Development Council Proclamation (Proclamation No. 2/97) (15 November 1997)။ 5 March 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-02-24 တွင် ပြန်စစ်ပြီး။