ကြည်အောင် (ဝန်ကြီး)

(ကြည်အောင်၊ ဦး မှ ပြန်ညွှန်းထားသည်)

ဗိုလ်ချုပ် ကြည်အောင် သည် မြန်မာနိုင်ငံ ပြန်ကြားရေး ဝန်ကြီးဌာန နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနတို့တွင် ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ သူသည် ၂၀၀၆ ခုနှစ် မေလတွင် အငြိမ်းစားယူခဲ့သည်။

ကြည်အောင်
ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး
တာဝန်သက်တမ်း
၁၅ နိုဝင်ဘာ ၁၉၉၇ – ၁၃ စက်တင်ဘာ ၂၀၀၂
ယခင်လူဗိုလ်ချုပ် အေးကျော်
ဆက်ခံသူဗိုလ်မှူးချုပ် ကျော်ဆန်း
ယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ကြီး
တာဝန်သက်တမ်း
၁၃ စက်တင်ဘာ ၂၀၀၂ – ၁၅ မေ ၂၀၀၆
ယခင်လူတင်ဝင်း
ဆက်ခံသူခင်အောင်မြင့်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲတပ်မတော်
ရာထူးဗိုလ်ချုပ်

စစ်မှုထမ်းခြင်း ပြင်ဆင်ရန်

ဦးကြည်အောင်သည် ၁၉၉၅ ဇွန်လ ၁၈ ရက်မှ ၁၉၉၇ နိုဝင်ဘာ ၁၆ ရက်အထိ South Burma Sub District (SBSD) ဌာနချုပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[၁]

ပြန်ကြားရေးဝန်ကြီး ပြင်ဆင်ရန်

၁၉၉၇ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးချုပ်များနှင့် ဝန်ကြီးများကို ထုတ်ပြန်ကြေညာခဲ့ရာ ဗိုလ်ချုပ်ကြည်အောင်သည် ပြန်ကြားရေးဝန်ကြီး အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။[၂]

၁၉၉၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗိုလ်ချုပ် ခင်ညွန့်၊ ပြည်ထဲရေး ဝန်ကြီး ဗိုလ်မှူးကြီး တင်လှိုင်၊ ပြန်ကြားရေး ဝန်ကြီး ဗိုလ်ချုပ်ကြည်အောင်နှင့် အခြားသူများအား အာဏာအလွဲသုံးစားပြုမှုဖြင့် အမှုဖွင့် တိုင်ကြားခဲ့သည်။ တစ်လခန့်အကြာတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးချုပ်က သက်သေခံမရှိသည့်အတွက် အမှုကို ပလပ်ခဲ့သည်။[၃]

ယဉ်ကျေးမှု ဝန်ကြီး ပြင်ဆင်ရန်

၂၀၀၂ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့တွင် ဗိုလ်ချုပ်ကြည်အောင်အား ယဉ်ကျေးမှု ဝန်ကြီးအဖြစ် ပြောင်းလဲခန့်ထားခဲ့သည်။ ပြန်ကြားရေးဝန်ကြီးနေရာတွင် ဗိုလ်မှူးချုပ် ကျော်ဆန်းအား ပြောင်းလဲ ခန့်အပ်ခဲ့သည်။[၄] စာရေးဆရာ၊ ကဗျာဆရာနှင့် ဂျာနယ်လစ်တစ်ဦး ဖြစ်သူ ဦးစိုးညွန့် သည် ဗိုလ်ချုပ်ကြည်အောင်လက်အောက်တွင် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ၂၀၀၃ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။[၅]

ယဉ်ကျေးမှု ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း ဥရောပသမဂ္ဂကောင်စီသည် စစ်အစိုးရ အရာရှိများအား ဗီဇာနှင့် ပြည်ဝင်ခွင့်ပိတ်ပင်သည့် စာရင်းကို ၂၀၀၃ ခုနှစ် ဇွန်လတွင် ထုတ်ပြန်ခဲ့ရာ ဗိုလ်ချုပ်ကြည်အောင်နှင့် ဇနီးဖြစ်သူ ဒေါ်ခင်ခင်လေးတို့ ပါဝင်ခဲ့သည်။[၆]

၂၀၀၆ ခုနှစ် မေလတွင် ဗိုလ်ချုပ်ကြည်အောင်အား တာဝန်မှ အနားယူခွင့် ပြုခဲ့သည်။ ယဉ်ကျေးမှု ဝန်ကြီးအဖြစ် ဗိုလ်ချုပ် ခင်အောင်မြင့်ကို အစားထိုး ခန့်အပ်ခဲ့သည်။[၇] ၂၀၀၇ ခုနှစ် မေလတွင် ဗိုလ်ချုပ်ကြည်အောင်၏ ဇနီးအမည်အား ဥရောပသမဂ္ဂ၏ ပိတ်ဆို့မှုစာရင်းမှ ဖယ်ရှားခြင်း ခံခဲ့ရသည်။[၈]

ကိုးကား ပြင်ဆင်ရန်

  1. Maung Aung Myoe (2009)။ Building the Tatmadaw: Myanmar armed forced since 1948။ Institute of Southeast Asian Studies။ p. 222။ ISBN 981-230-848-2
  2. The State Peace and Development Council Proclamation (Proclamation No. 2/97) (15 November 1997)။ 5 March 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-02-24 တွင် ပြန်စစ်ပြီး။
  3. HUMAN RIGHTS YEARBOOK 1999-2000: BURMA။ Human Rights Documentation Unit။ 2012-02-24 တွင် ပြန်စစ်ပြီး။
  4. Myanmar reshuffles cabinet။ Xinhua (2002-09-14)။ 2012-02-24 တွင် ပြန်စစ်ပြီး။
  5. Khine Thazin Aung (12–18 October 2009)။ Poet Htilar Sitthu dies of liver cancer, aged 78Myanmar Times။ 19 April 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-02-24 တွင် ပြန်စစ်ပြီး။
  6. COUNCIL DECISION 2003/461/CFSP။ European Union (20 June 2003)။ 29 September 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-02-23 တွင် ပြန်စစ်ပြီး။
  7. Aung Lwin Oo (16 May 2006)။ Burma Cabinet Reshufflethe Irriwaddy။ 3 March 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-02-23 တွင် ပြန်စစ်ပြီး။
  8. FINANCIAL SANCTIONS: BURMA/MYANMAR။ Bank of England (2 May 2007)။ 2012-02-24 တွင် ပြန်စစ်ပြီး။