အဲပုဂံ လေကြောင်းလိုင်း ခရီးစဉ်အမှတ် ၁၁

အဲပုဂံ လေကြောင်းလိုင်း ခရီးစဉ်အမှတ် ၁၁ လေယာဉ်သည် ရန်ကုန်မှ ဟဲဟိုးမြို့သို့ ပြည်တွင်းခရီးစဉ် ပျံသန်းပြေးဆွဲခဲ့သော Fokker 100 twinjet အမျိုးအစားလေယာဉ်ဖြစ်ပြီး ၂၀၁၂ခုနှစ် ဒီဇင်ဘာ ၂၅ရက်နေ့တွင် ဟဲဟိုး လေဆိပ်သို့ ဆင်းသက်စဉ် ပြေးလမ်းချော်ကာ လယ်ကွင်းတစ်ခုထဲတွင် ပျက်ကျမီးလောင်ခဲ့သည်။လေယာဉ်ပေါ်ပါ ခရီးသည်တစ်ဦးနှင့် မြေပြင်ပေါ်ရှိ ဆိုင်ကယ်စီးနင်းနေသူတစ်ဦး သေဆုံးခဲ့ပြီး ဆယ်ယောက်မှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြသည်။[၁][၂][၃]

အဲပုဂံ လေကြောင်းလိုင်း ခရီးစဉ်အမှတ် ၁၁
မတော်တဆမှုဖြစ်ပွားခဲ့သော Fokker 100 အမျိုးအစားလေယာဉ် XY-AGCကို ၂၀၀၅ခုနှစ်တွင် တွေ့ရပုံ
ဖြစ်ပွားမှု အကျဉ်းချုပ်
ရက်စွဲ၂၀၁၂ခုနှစ် ဒီဇင်ဘာ ၂၅
အရပ်ဒေသဟဲဟိုးလေဆိပ်
ခရီးသည်များ၆၅
လေယာဉ်အဖွဲ့ဝင်
သေဆုံး
ထိခိုက်
အသက်ရှင်၇၀
လေယာဉ် အမျိုးအစားFokker 100
မောင်းနှင်သူအဲပုဂံ လေကြောင်းလိုင်း
မူလ ပျံသန်းရာရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်
Stopoverမန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်
ရောက်ရှိမည့်အရပ်ဟဲဟိုးလေဆိပ်

ခရီးစဉ်မှတ်တမ်း ပြင်ဆင်ရန်

Fokker 100အမျိုးအစားလေယာဉ်သည် ဒီဇင်ဘာ ၂၅ရက်နေ့ မနက်တွင် ခရီးစဉ်ပထမပိုင်းဖြစ်သော ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် မှ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ထွက်ခွာခဲ့သည်။မန္တလေးတွင် လေယာဉ်ဆီဖြည့်တင်းကာ မြန်မာစံတော်ချိန် မနက် ၈နာရီ ၂၆မိနစ်တွင် ဟဲဟိုးလေဆိပ်သို့ ဆက်လက်ထွက်ခွာခဲ့သည်။လေယာဉ်၏ ပဲ့ကိုင်အဖြစ် လက်ထောက်လေယာဉ်မှူးမှ မောင်းနှင်ခဲ့သည်။[၄]

မတော်တဆမှုဖြစ်စဉ် ပြင်ဆင်ရန်

ဟဲဟိုးသို့ ချဉ်းကပ်စဉ် လေကြောင်းထိန်းသိမ်းရေးမှ လေငြိမ်ကြောင်း၊ မြင်နိုင်စွမ်းမှာ ၃၀၀၀မီတာရှိကြောင်းနှင့် မြူဆိုင်းနေကြောင်းစသော ဒေသဆိုင်ရာ ရာသီဥတုအခြေအနေများကို လေယာဉ်ဝန်ထမ်းများထံ သတင်းပို့ခဲ့သည်။ဒေသစံတော်ချိန် မနက် ၈နာရီ ၄၇မိနစ်တွင် တိကျမှုမရှိသော ရေဒီယိုကိရိယာသုံးနည်းလမ်းဖြင့် လေယာဉ်ကွင်းပြေးလမ်း ၃၆ကို စတင်ချဉ်းကပ်ခဲ့သည်။၊[၄]
နောက်ဆုံးဦးတည်ချက်တွင် လေယာဉ်သည် ပြေးလမ်းမရောက်မီ ၁.၇ ကီလိုမီတာ (ရေမိုင် ၀.၉)အကွာတွင် စောစီးစွာ ဆင်းသက်မိခဲ့ပြီး ဓာတ်အားကြိုးလိုင်းများ နှင့် သစ်ပင်များကို တိုက်ဆွဲသွားကာ မြေပြင်ရှိ ကားလမ်းပေါ် ပျက်ကျခဲ့သည်။ပျက်ကျမှုကြောင့် လေယာဉ်တောင်ပံနှစ်ခုလုံး ပြတ်ထွက်သွားပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။အရေးပေါ်စွန့်ခွာမှုပြုလုပ်ခဲ့ရပြီး လေယာဉ်ခရီးသည်တစ်ဦးနှင့် ကားလမ်းပေါ်ရှိ ဆိုင်ကယ်စီးနင်းသူတစ်ဦးတို့ ထိခိုက်ဒဏ်ရာဖြင့် ဆုံးပါးခဲ့ရသည်။[၄]

စုံစမ်းစစ်ဆေးမှု ပြင်ဆင်ရန်

လေယာဉ်၏ ခရီးစဉ်မှတ်တမ်းတင်စက်ကို စစ်ဆေးရန် ဩစတြေးလျ သယ်ယူပို့ဆောင်မှုဆိုင်ရာ ဘေးကင်းလုံခြုံရေးဗျူရိုအား ပို့ဆောင်ခဲ့သည်။[၅]အစပိုင်းတွင် အာဏာပိုင်များက လေယာဉ်မှူးများသည် မြင်ကွင်းရှင်းလင်းမှုမရှိခြင်းကြောင့် ကားလမ်းနှင့် လေယာဉ်ပြေးလမ်းကို အထင်မှား၍ လွဲချော်ဆင်းသက်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။[၆][၇] သို့သော်လည်း အဆုံးသတ်အစီရင်ခံစာတွင် မတော်တဆမှုဖြစ်စဉ်၏ အဓိကအကြောင်းရင်းမှာ ပြေးလမ်းကို မမြင်ရသေးဘဲ သတ်မှတ်ထားသော ဆင်းသက်ရန် အနိမ့်ဆုံးအမြင့်ပေ ၅၃၀ အောက်မှ ဆင်းသက်ရန် ဆုံးဖြတ်ခဲ့သောကြောင့်ဖြစ်သည်ဟု ကောက်ချက်ချခဲ့သည်။ထိုအခြေအနေတွင် လေကြောင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများအရ ဆင်းသက်ခြင်းကို အလျင်အမြန်ရပ်တန့်သင့်သည်။[၄]
အစီရင်ခံစာတွင် ထိုကဲ့သို့သော ရာသီဥတုအခြေအနေမျိုးတွင် လေယာဉ်ကပ္ပတိန်က အန္တရာယ်ဖြစ်နိုင်ခြေကို လျှော့တွက်ကာ လက်ထောက်လေယာဉ်မှူးကို ကိုယ်တိုင်ဆင်းသက်စေခဲ့ခြင်း နှင့် ထိုအချိန်တွင် ဟဲဟိုးသို့ အခြားလေယာဉ်တစ်စီးရောက်လာခဲ့ခြင်းကြောင့် ဆင်းသက်ခြင်းကိုပြုလုပ်ရန် လေယာဉ်ဝန်ထမ်းများအပေါ် ဖိအားများနေခြင်းတို့ကို ထောက်ပြခဲ့သည်။ထို့ကြောင့် ဘေးကင်းလုံခြုံမှုဆိုင်ရာ အကြံပြုချက် သုံးခုကို ပြုလုပ်ခဲ့သည်။[၄]

ကိုးကား ပြင်ဆင်ရန်

  1. Htun, Yadana (8 January 2013). "Air Bagan survivors tell of terrifying Christmas crash-landing". USA Today. Associated Press. Retrieved 22 January 2019.
  2. Alana Schetzer; Stephen Cauchi; Benjamin Preiss. "'I reckon this might be it': plane crash horror". Smh.com.au. Retrieved 26 December 2012.
  3. Eimer, David (31 May 2011). "British man injured in Burma plane crash". Telegraph. Retrieved 26 December 2012.
  4. ၄.၀ ၄.၁ ၄.၂ ၄.၃ ၄.၄ Fokker F-28 Mk 0100, XY-AGC Accident Near Heho Airport (VYHH) on 25 December 2012 Archived 22 December 2021 at the Wayback Machine.(PDF) (Report). Myanmar Accident Investigation Bureau (MAIB). Retrieved 22 January 2019.
  5. Zaw Win Than (30 December 2013). "Air Bagan crash verdict cites pilot error"The Myanmar Times. Retrieved 14 January 2014.
  6. Hradecky, Simon (1 May 2013). "Accident: Bagan F100 near Heho on Dec 25th 2012, landed on road outside airport". The Aviation Herald. Retrieved 8 June 2013.
  7. Htun, Yadana (26 December 2012). "Air Bagan survivor tells of terrifying landing". Boston Globe. Retrieved 27 December 2012.