ဟဲဟိုးမြို့

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်ရှိ မြို့
(ဟဲဟိုး မှ ပြန်ညွှန်းထားသည်)

ဟဲဟိုးမြို့သည် မြန်မာနိုင်ငံကလောခရိုင်ကလောမြို့နယ်တွင် တည်ရှိသော မြို့ငယ်လေး တစ်မြို့ဖြစ်သည်။ နိုင်ငံခြားသားများ လာရောက်လည်ပတ်ရာ အင်းလေးဒေသရှိ လေဆိပ် တည်ရှိရာ မြို့လည်း ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းကိုအဓိကလုပ်ကိုင်ကြသည်၊၊အာလူး၊ကြက်သွန်ဖြူ၊မုံလာထုတ် တို့ကို အဓိကထားစိုက်ပျိုးကြသည်၊၊ ဓနုလူမျိုးအများစုနေထိုင်ကြပြီး ကျန်တိုင်းရင်းသားများလည်းနေထိုင်ကြသည်၊၊

Heho
ဟဲဟိုး
မြို့
Heho သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
Heho
Heho
ဟဲဟိုး တည်နေရာပြ မြေပုံ
ကိုဩဒိနိတ်: 20°43′24″N 96°46′16″E / 20.72333°N 96.77111°E / 20.72333; 96.77111ကိုဩဒိနိတ်: 20°43′24″N 96°46′16″E / 20.72333°N 96.77111°E / 20.72333; 96.77111
နိုင်ငံ မြန်မာ
ပြည်နယ် ရှမ်း
ခရိုင်ကလောခရိုင်
မြို့နယ်ကလောမြို့နယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)
Heho အတွက် ရာသီဥတု အချက်အလက်များ
ဇန်နဝါရီ ဖေဖော်ဝါရီ မတ် ဧပြီ မေ ဇွန် ဇူလိုင် ဩဂုတ် စက်တင်ဘာ အောက်တိုဘာ နိုဝင်ဘာ ဒီဇင်ဘာ နှစ်
ပျမ်းမျှ အမြင့်ဆုံး အပူချိန် °C (°F) 22
(72)
24
(76)
27
(81)
29
(84)
27
(81)
25
(77)
24
(75)
24
(76)
24
(76)
24
(75)
23
(74)
22
(71)
25
(77)
ပျမ်းမျှ အနိမ့်ဆုံး အပူချိန် °C (°F) 7
(45)
8
(47)
11
(52)
16
(60)
17
(63)
18
(64)
18
(64)
18
(64)
17
(63)
16
(61)
11
(52)
8
(47)
14
(57)
ပျမ်းမျှ ရွာကျခြင်း mm (inches) 3
(0.1)
10
(0.4)
3
(0.1)
33
(1.3)
249
(9.8)
198
(7.8)
287
(11.3)
330
(13)
216
(8.5)
173
(6.8)
38
(1.5)
15
(0.6)
၁၅၅၂
(၆၁.၁)
Source: Weatherbase []

ဓနုလူမျိုးများ၏ ရွာလေးတစ်ရွာ ဖြစ်ခဲ့ပြီး ၁၉၂၀ ပြည့်နှစ်များတွင် မြို့အဖြစ် ပြောင်းလဲလာခဲ့ခြင်း ဖြစ်သည်။ မြေပြန့်ပေါများသောကြောင့် ခရီးတစ်ထောက်နားရာမြို့ ဖြစ်ခဲ့သည်။ အောင်ပန်း - ရွှေညောင် ရထားလမ်းပေါ်တွင် တည်ရှိသည်။ နောင်တွင် ဟဲဟိုး လေဆိပ်ကို တည်ဆောက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တို့ လေတပ် စခန်းအဖြစ် အသုံးပြုခဲ့ပြီး မဟာမိတ်တို့၏ ဗုံးကြဲမှုဒဏ်ကို ခံခဲ့ရသည်။ ဗုံးခိုကျင်းများကို လေယာဉ်ကွင်း၏ တောင်ဘက်တွင် တွေ့ရှိနိုင်ပြီး ဝေဟင်မှ ကြည့်ရှုလျင် ပို၍ လွယ်ကူစွာ မြင်တွေ့နိုင်သည်။ ၂၀၁၆ခုနှစ်၊ စက်တင်ဘာ(၂၀)ရက် နေ့တွင် ရှမ်းပြည်နယ်လွတ်တော်မှ ဟဲဟိုးကျေးရွာအဆင့်မှ ဟဲဟိုးမြို့အဖြစ်တရားဝင်သတ်မှတ်ခဲ့သည်။

  1. Weatherbase: Historical Weather for Heho, Myanmar။ Weatherbase (2011)။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 November 2016 တွင် ပြန်စစ်ပြီး။ Retrieved on November 24, 2011.