အဲလ်ဘတ် အိုင်းစတိုင်း

ဂျာမန်နိုင်ငံဖွား ရူပဗေဒပညာရှင်နှင့် နှိုင်းရသီအိုရီကို တီထွင်ဖန်တီးသူ

အဲလ်ဘတ် အိုင်းစတိုင်း (အင်္ဂလိပ်: Albert Einstein/ˈnstn/ EYEN-styne;[] ဂျာမန်: [ˈalbɛʁt ˈʔaɪnʃtaɪn] ( )) ကို ဂျာမနီနိုင်ငံ၊ အမ်းမြို့မှာ ၁၈၇၉ ခုနှစ် မတ်လ ၁၄ ရက်၊သောကြာနေ့တွင် ဖွားမြင်ခဲ့သည်။[] သူ၏ မိဘများသည် ယဟူဒီ (ဂျူးလူမျိုး) နွယ်ဖွားများဖြစ်ပြီး လျှပ်စစ်ပစ္စည်း အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်ကြသည်။ အိုင်းစတိုင်း၏ ဖခင် Hermann Einstein သည် အောင်မြင်သော စီးပွားရေးသမားတစ်ယောက် မဟုတ်ခဲ့သော်ငြားလည်း ဂျာမန် ဂန္ထဝင်မြောက် စာပေများ၊ ဒဿနကျမ်းများနှင့် ကဗျာစာပေများကို မြတ်မြတ်နိုးနိုး နှစ်သက်တတ်သူ ဖြစ်သည်။ ထို့ကြောင့် သူ၏ အိမ်တွင် ခံ့ညားသည့် စာကြည့်ခန်းတစ်ခုကို ထားရှိပြီး အိမ်ကိုအလည်လာသော ဧည့်သည်များနှင့်လည်း စာပေအကြောင်း၊ ဒဿနအကြောင်း ပြောဆိုဆွေးနွေးတတ်သူ ဖြစ်သည်။ အိုင်းစတိုင်း၏ မိခင် Pauline Koch သည် ဂီတအနုပညာကို နှစ်သက်သူဖြစ်ပြီး စန္ဒယားတီးကောင်းသူ ဖြစ်သည်။[] အိုင်းစတိုင်းတွင် မွေးချင်းညီမတစ်ဦးရှိပြီး Maja ဟု ခေါ်သည်။ ခေတ်သစ်ရူပဗေဒ၏ ခက်မာ ၂ ခုဖြစ်သော (ကွမ်တမ်မက္ကင်းနစ်နှင့်အပြိုင်) ယေဘုယျနှိုင်းရသီအိုရီကို မွမ်းမံဆန်းသစ်ခဲ့သူလည်း ဖြစ်သည်။[][]

အဲလ်ဘတ် အိုင်းစတိုင်း
Albert Einstein in 1921
ဇာတိအမည်Albert Einstein
မွေးဖွား(1879-03-14)၁၄ မတ်၊ ၁၈၇၉
အမ်းမြို့၊ ဂျာမန်အင်ပါယာ။
ဆုံးပါး၁၈ ဧပြီ၊ ၁၉၅၅(1955-04-18) (အသက် ၇၆)
ပရင်စင်တင်၊ နယူးဂျာစီ၊ အမေရိကန်။
နေထိုင်ရာဂျာမနီ၊ အီတလီ၊ ဆွမ်စလန်၊ ဩစထရီးယား၊ ဘယ်လ်ဂျီယံ၊ အမေရိကန်။
နိုင်ငံသား
  • Subject of the Kingdom of Württemberg during the German Empire (1879–1896)
  • နိုင်ငံမဲ့ (၁၈၉၆–၁၉၀၁)
  • ဆွန်စလန်နိုင်ငံသား (၁၉၀၁ –၁၉၅၅)
  • Austrian subject of the Austro-Hungarian Empire (၁၉၁၁–၁၉၁၂)
  • Subject of the Kingdom of Prussia during the German Empire (၁၉၁၄–၁၉၁၈)
  • ဂျာမန်နိုင်ငံသား (၁၉၁၈ - ၁၉၃၃)
  • အမေရိကန်နိုင်ငံသား (1940–1955)
နယ်ပယ်ရူပဗေဒအတွေးအခေါ်ပညာ
အဖွဲ့အစည်းဌာန
  • Swiss Patent Office (Bern) (1902–1909)
  • University of Bern (1908–1909)
  • University of Zurich (1909–1911)
  • Charles University in Prague (1911–1912)
  • ETH Zurich (1912–1914)
  • Prussian Academy of Sciences (1914–1933)
  • Humboldt University of Berlin (1914–1917)
  • Kaiser Wilhelm Institute (director, 1917–1933)
  • German Physical Society (president, 1916–1918)
  • Leiden University (visits, 1920)
  • Institute for Advanced Study (1933–1955)
  • Caltech (visits, 1931–1933)
ပညာရေး
ဘွဲ့ယူစာတမ်းEine neue Bestimmung der Moleküldimensionen (A New Determination of Molecular Dimensions) (၁၉၀၅)
ပါရဂူဘွဲ့ ကြီးကြပ်သူAlfred Kleiner
အခြား ကြီးကြပ်သူများHeinrich Friedrich Weber
ကျော်ကြားမှုအရင်းခံ
သူ့အပေါ် ဩဇာလွှမ်းမိုးသူများ
သူ၏ဩဇာလွှမ်းမိုးခံ
  • Ernst G. Straus
  • Nathan Rosen
  • Leó Szilárd
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များ
  • Barnard Medal (၁၉၂၀)
  • ရူပဗေဒဆိုင်ရာ နိုဘယ်ဆု (၁၉၂၁)
  • Matteucci Medal (၁၉၂၁)
  • ForMemRS (၁၉၂၁)[]
  • Copley Medal (၁၉၂၅)[]
  • Gold Medal of the Royal Astronomical Society (၁၉၂၆)
  • Max Planck Medal (၁၉၂၉)
  • တိုင်း(မ်) မဂ္ဂဇင်း၏ ရာစုနှစ်ရဲ့ ပုဂ္ဂိုလ် (၁၉၉၉)
အိမ်ထောင်ဘက်Mileva Marić (၁၉၀၃–၁၉၁၉)
Elsa Löwenthal (၁၉၁၉–၁၉၃၆)[][]
ရင်သွေး(များ)"Lieserl" (၁၉၀၂–၁၉၀၃)
Hans Albert (၁၉၀၄–၁၉၇၃)
Eduard "Tete" (၁၉၁၀–၁၉၆၅)
လက်မှတ်

အိုင်းစတိုင်းသည် ငယ်စဉ် ကလေးဘဝမှာ အလွန်ထုံထိုင်းလေးလံရုံသာမက စကားလည်း နည်းလှသည်။ အခြားကလေးများလို ဆော့ကစားခြင်း မရှိဘဲ တစ်ယောက်တည်း တွေးနေ ငေးနေတတ်သည်။ မူလတန်း စတတ်သည့်အခါတွင်လည်း ဉာဏ်ထိုင်းသည်ဟု ဆရာများက မှတ်ချက်ပေးခြင်းခံရသည်။ ဒါပေမယ့် သူသည် အသက် ခြောက်နှစ်သားအရွယ်မှာ တယောထိုးခြင်းကို စတင်သင်ကြားနေပြီဖြစ်ပြီး ဂီတကိုလည်း မြတ်နိုးတန်ဖိုးထားတတ်နေပြီဖြစ်သည်။[] အသက် ၁၀ နှစ်အရွယ်တွင် ကျောင်းမနေချင်တော့ဘူးဟု မိဘများကို ပြောခဲ့ဖူးပါသည်။

အိုင်းစတိုင်းနှင့် သင်္ချာ

ပြင်ဆင်ရန်

အိုင်းစတိုင်းသည် ငယ်စဉ်ကတည်းက သင်္ချာနှင့် ရူပဗေဒဘာသာရပ်များတွင် ထူးချွန်ခဲ့သည်။ ၁၂ နှစ်သားအရွယ်ကပင် အက္ခရာသင်္ချာနှင့် ယူကလစ် ဂျီဩမေတြီကို တစ်နွေအတွင်း မိမိဘာသာ သင်ယူတတ်မြောက်ခဲ့သည်။[] ထို့အပြင် အိုင်းစတိုင်းသည် ပိုင်သာဂိုရ သီအိုရမ်၏ မူလသက်သေပြချက်အား ၎င်းကိုယ်တိုင် ရှာဖွေတွေ့ရှိခဲ့သေးသည်။[၁၀]

 
အသက် ၁၄ နှစ် အရွယ် အိုင်စတိုင်း၊ ၁၈၉၃

ပထမကမ္ဘာစစ် စတင်ရန် နီးကပ်လာသည့်အချိန်တွင် ဂျာမန်လူမျိုးကြီးဝါဒ ကြီးထွားလာနေပြီး ပညာရေးစနစ်ကလည်း တင်းကျပ်ပြင်းထန်လွန်းနေလေသည်။ အိုင်းစတိုင်း၏ မိဘများလည်း စီးပွားရေး အဆင်မပြေသည့်အတွက် ဂျာမနီမှာ ဆက်နေရန် ခက်ခဲလာသည့်အတွက် မြူးနစ်မြို့က မိတ်ဆွေတစ်ဦးဆီမှာ အိုင်းစတိုင်းကို အပ်ထားခဲ့ပြီး သူတို့က အီတလီနိုင်ငံ မီလန်မြို့ကို ပြောင်းရွှေ့သွားကြသည်။ သို့သော် အိုင်းစတိုင်းသည် အထက်တန်းပညာ မပြီးဆုံးခင် ၁၅ နှစ်သားအရွယ်မှာ ကျောင်းထုတ်ခံခဲ့ရပြီး ဂျာမနီနိုင်ငံကနေ ထွက်ခွာပြီး မိဘများရှိရာ မီလန်ကို လိုက်သွားခဲ့လေသည်။

အိုင်းစတိုင်း၏ မိဘများသည် စီးပွားရေး အခြေအနေမကောင်းလှသော်လည်း သားဖြစ်သူကို ပညာတတ်ကြီး ဖြစ်စေချင်သည့်အတွက် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့က သိပ္ပံကျောင်းတိုက်တွင် ပညာဆက်သင်နိုင်အောင် ပို့ပေးခဲ့လေသည်။ ဇူးရစ်သိပ္ပံကျောင်းကို ဝင်ခွင့်ရရန် စာမေးပွဲဖြေဆိုရာမှာ အိုင်းစတိုင်းသည် သင်္ချာဘာသာတွင် အမှတ်ကောင်းသော်လည်း နိုင်ငံခြားဘာသာ (ခေါမ၊ လက်တင်)၊ ရုက္ခဗေဒနှင့် သတ္တဗေဒ ဘာသာရပ်များမှာ ကျရှုံးခဲ့လေသည်။ သို့သော် ကျောင်းအာဏာပိုင်များက သင်္ချာဘာသာရပ်တွင် ထူးထူးခြားခြား တော်နေသည့် အိုင်းစတိုင်းကို အထက်တန်းကျောင်း တစ်ကျောင်းမှာ ပြန်လည်သင်ယူဖို့ အကြံပေးခဲ့ကြသည်။ အိုင်းစတိုင်းသည် Aarau ဆိုသည့် မြို့ငယ်လေးက အထက်တန်းကျောင်း တစ်ကျောင်းတွင် တစ်နှစ်ကြာ တက်ရောက် ဆည်းပူးခဲ့လေသည်။

သူသည် ၁၈၉၆ ခုနှစ် အောက်တိုဘာလမှ ၁၉၀၀ ပြည့်နှစ် ဩဂုတ်လအထိ ဇူးရစ်သိပ္ပံကျောင်းတွင် ပညာသင်ကြားနေချိန်အတွင်း ဩစတြီးယား ဟန်ဂေရီနိုင်ငံက ဆာဘီးယား မျိုးနွယ်စုဝင် မိန်းကလေး Mileva Maritsch နဲ့ ချစ်ကြိုးသွယ်ခဲ့လေသည်။

လုပ်ငန်းခွင် ဝင်ခြင်း

ပြင်ဆင်ရန်

ကျောင်းပြီးသွားသည့်အချိန်တွင် သူငယ်ချင်းဖြစ်သူ Grossmann ၏ အကူအညီဖြင့် ဘန်းမြို့မှ စက်မှုလုပ်ငန်းဆိုင်ရာ မူပိုင်ခွင့် ကန့်သတ်လက်မှတ် ထုတ်ပေးသည့် ရုံးတစ်ရုံးတွင် ၁၉၀၂ ဇူလိုင်လမှ စတင် အလုပ်ဝင်ခဲ့လေသည်။ ၁၉၀၃ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် အိုင်းစတိုင်းနှင့် မီလီဗာတို့ လက်ထပ်ခဲ့လေသည်။

နှိုင်းရသီအိုရီ

ပြင်ဆင်ရန်

အိုင်းစတိုင်းသည် တတ်ထားသည့်ပညာရပ်များနှင့် လားလားမှမဆိုင်သော အလုပ်ကို လုပ်နေရသော်ငြား စိတ်ပျက်ခြင်းမရှိဘဲ အားလပ်ချိန်များတွင် တစ်ယောက်တည်း စဉ်းစားတွေးတောရင်း စာရွက်လွတ်တစ်ရွက်ပေါ်မှာ ခဲတံတိုတစ်ချောင်းဖြင့် တွက်ချက်နေတတ်လေသည်။ သူသည် ဓာတ်ခွဲခန်းမရှိဘဲ ရှေ့ ခေတ်အဆက်ဆက်က ပညာရှင်ကြီးများ၏ စာအုပ်စာတမ်းများကို ဖတ်ရှုစဉ်းစားပြီး တွက်ချက်လိုက်၊ အကြံထုတ်လိုက်၊ ညောင်းညာလာသည့်အခါ တယောထိုးလိုက်နှင့် နေခဲ့လေသည်။ ၁၉၀၅ ခုနှစ်တွင် သူ၏ နှိုင်းရသီအိုရီ (Relativity Theory) တစ်ခုကို တင်ပြနိုင်ခဲ့လေသည်။ ထို့နောက်မှာတော့ ဇူးရစ်သိပ္ပံကျောင်းတိုက်က အိုင်းစတိုင်းကို အထူးပါမောက္ခရာထူးပေးပြီး အလုပ်ခန့်ခဲ့လေသည်။ အိုင်းစတိုင်းသည် ဂျာမနီဖွား ယဟူဒီအနွယ်ဝင် တစ်ဦး ဖြစ်သည့်အတွက် မခန့်ချင်ခန့်ချင် ခန့်ခဲ့ကြခြင်း ဖြစ်သည်။

သူ၏ ကျော်ကြားလှသည့် သီအိုရီကို ကမ္ဘာသိအောင် မထုတ်ပြန်ခင် တစ်နှစ်အလို ၁၉၀၄ ခုနှစ်က မီလီဗာက သူတို့ရဲ့ သားဦး Hans Albert ကို မွေးဖွားပေးခဲ့သည်။ အိုင်းစတိုင်းသည် သူ၏ သီအိုရီကို ကမ္ဘာသိအောင် ထုတ်ပြန်ပြီးသည့်နောက်တွင် သဘောတရားပိုင်းကနေ သင်္ချာ ရူပဗေဒ ဖြစ်လာအောင် ကိန်းဂဏန်းတွေ၊ ညီမျှခြင်းတွေနဲ့ ပြည့်စုံလာသည်အထိ ခြောက်နှစ်ကြာ ကြိုးစားခဲ့လေသည်။ ၁၉၁၁ ခုနှစ်ရောက်သောအခါ သူ၏ ထူးရှားနှိုင်းရသီအိုရီ (Special Relativity Theory) သည် သင်္ချာပညာရပ်ဆိုင်ရာ ညီမျှခြင်းများနှင့် ပြည့်စုံသွားလေတော့သည်။

၁၉၁၀ ခုနှစ် ဇွန်လ တွင် မီလီဗာက ဒုတိယသား Edward ကို မွေးဖွားခဲ့သည်။ ထိုအချိန်တွင် သူတို့မိသားစုမှာ ကျပ်ကျပ်တည်းတည်း ရုန်းကန်နေခဲ့ကြရသည်။ ၁၉၁၀ နှစ်ကုန်ခါနီးတွင် ဩစတြီးယား ဟန်ဂေရီ အင်ပါယာ၏ ဘုရင်က အိုင်းစတိုင်းကို ပရပ်တက္ကသိုလ် (University of Prague) တွင် ပါမောက္ခတာဝန် ထမ်းဆောင်ဖို့ ဖိတ်ခေါ်ခဲ့သည်။ ထိုနေရာသည် ဇူးရစ်ထက် အစစအရာရာ သာသည့် အခြေအနေရှိသောကြောင့် အိုင်းစတိုင်းက သွားချင်သော်လည်း လူမျိုးကြီး စစ်ဝါဒကို မုန်းတီးသော မီလီဗာက အပြင်းအထန် ကန့်ကွက်ခဲ့လေသည်။ သို့သော် အိုင်းစတိုင်းကတော့ ပရပ်တက္ကသိုလ်တွင် သုံးနှစ်ကြာ တာဝန်ထမ်းဆောင်ဖြစ်ခဲ့လေသည်။ ထိုနေရာတွင် အဖိနှိပ်ခံဘဝကို နာကြည်းနေသော ချက်လူမျိုးများနှင့် ယဟူဒီလူမျိုးများ အများအပြား ရှိလေသည်။ ပရပ်တက္ကသိုလ်မှာ အိုင်းစတိုင်း ရှိနေစဉ်က စာရေးဆရာ ကပ်ဖ်ကာ (Franz Kafka) နှင့် ယဟူဒီခေတ်ပညာတတ်များ ဦးဆောင်ပြီး ဇီယွန်လှုပ်ရှားမှုများ လုပ်နေချိန် ဖြစ်လေသည်။

ထို့နောက် အိုင်းစတိုင်းသည် လူမျိုးရေး ကျဉ်းမြောင်းမှုများကို စိတ်ပျက်သည့်အတွက် ၁၉၁၃ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံသို့ ပြန်လာခဲ့သည်။ သူ့အား ဇူးရစ်သိပ္ပံကျောင်းတိုက်က ရူပဗေဒဌာန အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ရန် ဖိတ်ခေါ်သလို ဂျာမန်ဘုရင်ကလည်း ဘာလင်တက္ကသိုလ် ပါမောက္ခတာဝန် ထမ်းဆောင်ဖို့ ကမ်းလှမ်းခဲ့လေသည်။ အိုင်းစတိုင်းသည် ဂျာမန်ဘုရင်၏ ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီး ၁၉၁၃ ခုနှစ်မှာပင် ဂျာမနီကို ပြန်သွားခဲ့လေသည်။ ထိုအချိန်မှစပြီး သူနှင့် မီလီဗာတို့လည်း လမ်းခွဲခဲ့ကြလေသည်။

ဂျာမနီတွင် အိုင်းစတိုင်းတစ်ယောက်တည်း ဖြစ်နေချိန်တွင် ညီမဝမ်းကွဲတော်စပ်သူ Elsa က လာရောက် စောင့်ရှောက်ပေးခဲ့သည်။ အယ်လ်ဆာသည် သမီးနှစ်ယောက်အမေ မုဆိုးမတစ်ဦးဖြစ်သော်ငြား ဆွဲဆောင်မှုအပြည့်ရှိသော အမျိုးသမီးတစ်ယောက် ဖြစ်လေသည်။ သူမသည် အိုင်းစတိုင်းကို လိုလေသေးမရှိအောင် ပြုစုလေသည်။ ၁၉၁၄ ခုနှစ် ပထမကမ္ဘာစစ်ကြီး စဖြစ်နေသော်လည်း အိုင်းစတိုင်းကတော့ သူ၏ နှိုင်းရသီအိုရီကိုပဲ ဆက်လက် တိုးချဲ့ဆန့်ထုတ်နေခဲ့သည်။ ၁၉၁၆ ခုနှစ် စစ်ဖြစ်နေဆဲ အချိန်တွင်ပင် အိုင်းစတိုင်းသည် သူ၏ အထွေထွေနှိုင်းရသီအိုရီ (General Theory of Relativity) ကို ပုံနှိပ်ထုတ်ဝေလိုက်လေသည်။

၁၉၁၉ ခုနှစ်တွင် အိုင်းစတိုင်းသည် မီလီဗာနှင့် တရားဝင် ကွာရှင်းပြီး အယ်လ်ဆာနှင့် လက်ထပ်လိုက်သည်။ ထို့နောက် ၁၉၂၃ ခုနှစ်တွင် ရူပဗေဒပညာရပ်ဆိုင်ရာ နိုဘယ်လ်ဆုကို ချီးမြှင့်ခံရလေသည်။ ထိုဆုသည် သူ၏ ကျော်ကြားလှသော ရီလေတီဗတီ သီအိုရီအတွက် မဟုတ်ဘဲ အလင်းလျှပ်စစ်အကျိုး (ဖိုတွန်သဘောတရား) အတွက် ရရှိခြင်းဖြစ်သည်။ ၁၉၃၃ ခုနှစ်နောက်ပိုင်း ဟစ်တလာ အာဏာရလာသည့်အခါတွင် လူမျိုးကြီးဝါဒများ ပြန်လည်ခေါင်းထောင်လာသည့်အတွက် အိုင်းစတိုင်းသည် အမေရိကန်ကို အပြီးအပိုင် ထွက်ခွာသွားခဲ့လေသည်။

သူသည် အမေရိကန် ပရင့်စတန်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေရင်း ဒုတိယကမ္ဘာစစ်ကြီး အစပျိုးနေချိန် ၁၉၃၉ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့တွင် အမေရိကန်သမ္မတ ဖရင်ကလင်ဒီ ရုစဗဲ့ဆီသို့ အဏုမြူဗုံးနှင့် ပတ်သက်၍ သတိပေးစာ ရေးသားခဲ့သည်။ သူ၏ စာကြောင့် သမ္မတ ရုစဗဲ့သည် မန်ဟက်တန် စီမံကိန်းကို ရေးဆွဲပြီး အဏုမြူဗုံး ထုတ်လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းအဏုမြူဗုံး (သို့) အက်တမ်ဗုံးကို ထုတ်လုပ်နည်းသည် အိုင်းစတိုင်း၏ ကမ္ဘာကျော် ညီမျှခြင်းဖြစ်သည့် E=mc2 ဆိုသည့် ဒြပ်ထုစွမ်းအင် တူညီခြင်း နိယာမတရားပင်ဖြစ်သည်။

သူသည် စစ်ကြီးပြီးသည့်နောက်တွင် အဏုမြူစွမ်းအင်ကို ကောင်းသည့်ဘက်တွင် အသုံးချရန် တိုက်တွန်းခဲ့လေသည်။ ထို့နောက် သူ၏ ပေါင်းစပ်စက်ကွင်း သီအိုရီကို တင်ပြခဲ့သည်။ ထိုသီအိုရီသည် ရှင်းလင်းလွယ်ကူမှု မရှိသည့်အတွက် လူအများ နားမလည်ခဲ့ချေ။ ထို သီအိုရီကို ပို၍ ရှင်းလင်းလွယ်ကူအောင် ထပ်မံရှင်းမပြနိုင်ခင် ၁၉၅၅ ခုနှစ်၊ ဧပြီလ ၁၈ ရက်၊တနလ်ာနေ့ မနက် ၁ နာရီ ၂၅ မိနစ်တွင် အိုင်းစတိုင်းသည် ပရင်စတန် ဆေးရုံကြီးပေါ်မှာ သေဆုံးသွားခဲ့လေသည်။

  1. ၁.၀ ၁.၁ ၁.၂ "Albert Einstein. 1879–1955" (1 November 1955). Biographical Memoirs of Fellows of the Royal Society 1: 37–67. doi:10.1098/rsbm.1955.0005. 
  2. Heilbron၊ John L., ed. (2003)။ The Oxford Companion to the History of Modern Science။ Oxford University Press။ p. 233။ ISBN 978-0-19-974376-6
  3. Pais (1982), p. 301.
  4. Wells၊ John (3 April 2008)။ Longman Pronunciation Dictionary (3rd ed.)။ Pearson Longman။ ISBN 978-1-4058-8118-0
  5. Albert Einstein – BiographyNobel Foundation။ 6 March 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 March 2007 တွင် ပြန်စစ်ပြီး။
  6. "Einstein and his love of music" (PDF)၊ Physics World၊ January 2005။ 
  7. Fujia Yang; Joseph H. Hamilton (2010)။ Modern Atomic and Nuclear Physics။ World Scientific။ ISBN 978-981-4277-16-7
  8. "The relative beauty of the violin"၊ The Independent၊ 28 January 2011။ 25 December 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 21 November 2015။ 
  9. Bloom၊ Howard (2012)။ The God Problem: How a Godless Cosmos Creates (illustrated ed.)။ Prometheus Books။ p. 294။ ISBN 978-1-61614-552-1။ 11 May 2021 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 8 August 2020 တွင် ပြန်စစ်ပြီး Bloom၊ Howard (30 August 2012)။ Extract of page 294ISBN 978-1-61614-552-1။ 11 May 2021 တွင် မူရင်းမှ မော်ကွန်းတင်ပြီး 8 August 2020 တွင် ပြန်စစ်ပြီး
  10. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named FVfDU

ပြင်ပလင့်များ

ပြင်ဆင်ရန်

အခြားကြည့်ရန်

ပြင်ဆင်ရန်