အ.ထ.က (ခွဲ) မင်းဂံ
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
အခြေခံပညာ အထက်တန်းကျောင်းခွဲ မင်းဂံသည် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် မင်းဂံရွာတွင် တည်ရှိသည်။ မင်းဂံရွာကို မင်းဂံရွာဟူ၍လည်းကောင်း မင်းကန်ရွာဟူ၍လည်းကောင်း ရေးထုံးနှစ်မျိုးလုံးကို သုံးပြီး ရေးလေ့ရှိသည်။ ထို့ကြောင့် အထက(ခွဲ) မင်းဂံ နှင့် အထက (ခွဲ)မင်းကန်မှာ အတူတူပင်ဖြစ်သည်။
အ.ထ.က. (ခွဲ) မင်းဂံ | |
---|---|
တည်နေရာ | |
ပုသိမ်ကြီးမြို့နယ်, မန္တလေးတိုင်းဒေသကြီး မြန်မာနိုင်ငံ | |
ကိုဩဒိနိတ် | 22°07′N 96°19′E / 22.117°N 96.317°E |
မင်းဂံရွာ၏ မြောက်ဘက်နှင့် အရှေ့မြောက်ရှိ ဘုတ်ရွာ၊ သက္ကယ်ကျင်းရွာ၊ ဘိုင်ပင်ရွာ၊ အရှေ့ဘက်ရှိ တောစုရွာ၊ ထုံးဖိုရွာနှင့် ပိန္နဲရိုးရွာ၊ တောင်ဘက်ရှိ ဆင်ပွတ်ကြီးရွာ၊ အနောက်ဘက်ရှိ ဇီးတောရွာ၊ အင်္ကျယ်ရွာနှင့် အိမ်ရှေ့မင်းထန်းတောဟုလူသိများသော ထန်းဥယျာဉ်(ထန်းတော)တောင်ရွာနှင့်ထန်းဥယျာဉ်(ထန်းတော)မြောက်ရွာ၊ အနောက်မြောက်ဘက်ရှိ ကန်ပြင်ရွာနှင့် ရုံးပင်ရွာများမှ ကျောင်းသားကျောင်းသူများသည် မူလတန်းအဆင့်ကို ထိုရွာများရှိမူလတန်းကျောင်းများမှ အာင်မြင်သည်နှင့်တစ်ပြိုင်နက် အလယ်တန်းအဆင့်ကို အထက(ခွဲ)မင်းဂံတွင် ဆက်လက်သင်ယူကြသည်။