ဥမာပုပ္ဖိယ၊ ဆတ္တဝဂ်
အရှင်ဥမာပုပ္ဖိယထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]
ဘဝဇာတ်ကြောင်း
ပြင်ဆင်ရန်သိဒ္ဓတ္ထမြတ်စွာဘုရားလက်ထက်
ပြင်ဆင်ရန်သိဒ္ဓတ္ထမြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်ပြီးသောအခါတွင် ဖြစ်၏။ ထိုအချိန်တွင် ပုထိုးပူဇော်ပွဲအား ကြီးကျယ်စွယ် ကျင်းပလျက် ရှိ၏။ ထိုအခါ အရှင်ဥမာပုပ္ဖိယထေရ် သည် အောင်မဲညိုပန်းကို ယူ၍ ပုထိုးတော်တွင် တင်လှူကာ ပူဇော်ခဲ့၏။[၁]
အကျိုးခံစားရခြင်း
ပြင်ဆင်ရန်ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်တွင် အောင်မဲညိုပန်း လှူခဲ့သည့် အချိန်မှစကာ အပါယ်လေးဘုံ သို့ မကျရောက်ခဲ့ရပေ။ ဤဘဒ္ဒကမ္ဘာမှ ကိုးခုမြောက် ကမ္ဘာထက်တွင် “သောမဒေဝ” အမည်ဖြင့် စကြဝတေးမင်း ရှစ်ဆယ့်ငါးကြိမ် ဖြစ်ခဲ့၏။[၁]
ဂေါတမမြတ်စွာဘုရားထက်ထက်
ပြင်ဆင်ရန်နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ဥမာပုပ္ဖိယထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]