ကျော်ဇောဦး
ဦးကျော်ဇောဦးသည် ရခိုင့်ဦးဆောင်ပါတီ၏ ဒု-ဥက္ကဋ္ဌဖြစ်သည်။[၁]
ဦးကျော်ဇောဦး | |
---|---|
ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁ ဖေဖော်ဝါရီ ၂၀၁၆ | |
မဲဆန္ဒနယ် | စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) |
ကိုယ်ရေး အချက်အလက်များ | |
နိုင်ငံရေးပါတီ | ရခိုင့်ဦးဆောင်ပါတီ (၂၀၁၈ – လက်ရှိ) တစ်သီးပုဂ္ဂလ (၂၀၁၇ – ၂၀၁၈) |
အလုပ်အကိုင် | နိုင်ငံရေးသမား |
ကိုးကွယ်သည့်ဘာသာ | ထေရဝါဒ ဗုဒ္ဓဘာသာ |
ဦးကျော်ဇာဦးသည် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် စစ်တွေမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မှ တစ်ဦးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။ ရွေးကောက်ခံခဲ့ရပြီးနောက် ရခိုင်အမျိုးသားပါတီသို့ ဝင်ရောက်ခဲ့ကာ ပါတီအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။[၂]
၂၀၁၇ ခုနှစ်တွင် ရခိုင်အမျိုးသားပါတီမှ နုတ်ထွက်ခဲ့ပြီး[၃] ၂၀၂၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် ဒေါက်တာအေးမောင်နှင့်အတူ ရခိုင့်ဦးဆောင်ပါတီကို ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် တည်ထောင်ခဲ့သည်။[၄][၅]
ဦးကျော်ဇောဦးသည် ရခိုင်ပြည်နယ် လွှတ်တော်တွင် နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် အထူးကိစ္စရပ်များကြားနာစုံစမ်းရေးအဖွဲ့တွင် အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများအရေးလေ့လာရေးကော်မတီတွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း ဆောင်ရွက်လျက်ရှိသည်။[၆]
ကိုးကား
ပြင်ဆင်ရန်- ↑ "AA ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်း ပြန်သုံးသပ်ပေးရန် ရခိုင့်ဦးဆောင်ပါတီ ဆောင်းဆို"၊ the Voice Myanmar၊ March 3, 2020။ 24 December 2020 တွင် ပြန်စစ်ပြီး။ Archived from the original on 21 February 2021။
- ↑ “အဖ ရခိုင်ပါတီ” အမည်ဖြင့် ပါတီတည်ထောင်ခွင့် လျှောက်ထား (in en)။ The Voice။ 21 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 December 2020 တွင် ပြန်စစ်ပြီး။
- ↑ ရခိုင်ပြည်နယ် လွှတ်တော်အမတ်တစ်ဦး ANP ပါတီမှ ထပ်မံနုတ်ထွက်ပြန် (in en)။ 7Day Daily (4 ဒီဇင်ဘာ 2017)။ ၂၄ ဒီဇင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ ထွန်းခိုင် (နိရဉ္စရာ) (၁၆ စက်တင်ဘာ ၂၀၂၀)။ ရခိုင့်ဦးဆောင်ပါတီ (AFP) ကို ၇ ရက်အတွင်းကန့်ကွက်နိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင် ကြေညာ။ BNI Multimedia Group။ ၂၈ အောက်တိုဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
- ↑ မောင်ကံ (၁၂ အောက်တိုဘာ ၂၀၁၈)။ ဒေါက်တာအေးမောင် ဦးဆောင်သော ပါတီ ရခိုင့်ဦးဆောင်ပါတီအမည်ဖြင့် တည်ထောင်ခွင့်ရ။ 7 Day News။ 31 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၈ အောက်တိုဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယအကြိမ် ကော်မတီဖွဲ့စည်းမှု – ရခိုင်ပြည်နယ် လွတ်တော်။ ရခိုင်ပြည်နယ် လွှတ်တော်။ ၂၄ ဒီဇင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
ပြင်ပလင့်ခ်များ
ပြင်ဆင်ရန်
ဤ မြန်မာလူပုဂ္ဂိုလ် အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |