ဧရာဝတီတံတား (မလွန်) သည် မကွေးတိုင်းဒေသကြီးမကွေးမြို့နယ် ရွာသစ်ကျေးရွာနှင့် စစ်တိုးပင်ကျေးရွာအနီး မိကျောင်းရဲဘက်ကမ်းနှင့် မလွန်ဘက်ကမ်းတို့ကို ဆက်သွယ် တည်ဆောက်ထားသော ဧရာဝတီမြစ်ကူးတံတား တစ်ခုဖြစ်သည်။ ယင်းတံတားကြီးကို ၂ဝဝ၉ ခုနှစ် နိုဝင်ဘာလမှ စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ဧရာဝတီတံတား (မလွန်) သည် အစိုးရသစ်လက်ထက်တွင် ဖွင့်လှစ်ခဲ့သော ပေ ၁၈ဝ အထက် ၂၆ စင်းမြောက် တံတားဖြစ်သည်။ ယခုတံတားတွင် ပါရှိသော ရထားလမ်းမှာ မလွန်နှင့် ရွာတောကြီးဘူတာကို ဆက်သွယ်ဖောက်လုပ်ထားခြင်း ဖြစ်ပြီး ပုသိမ်ကလေးလမ်းနှင့် ရန်ကုန်-ပုဂံ-မန္တလေး ရထားလမ်းတို့ကို ဆက်စပ်နိုင်ရန်ဖောက် လုပ်ပေးထားခြင်းဖြစ်သည်။ ဤတံတားကြီးသည် ဧရာဝတီမြစ်အရှေ့ဘက်ရှိ ရန်ကုန်-ပြည်-မကွေး ပြည်ထောင်စုလမ်းမကြီးနှင့် မြစ်အနောက် ဘက်ရှိ စစ္စနိုး-ကန်တုတ်လမ်း၊ ပုသိမ်-မုံရွာ ပြည်ထောင်စုလမ်းမကြီးတို့ကို ဆက်သွယ်ပေးထားသည့် တံတားကြီးဖြစ်သည့် အပြင် မလွန်-မင်းလှ ကားလမ်းမှ တစ်ဆင့် စစ်တွေ၊ ကျောက်ဖြူစသော ရေနက်ဆိပ်ကမ်းမြို့များ၊ အထက်မြန်မာပြည်မြို့များ၊ ပုသိမ်-မုံရွာ လမ်းမကြီး၊ မုံရွာ-ဂန့်ဂေါ-ကလေး-ကလေးဝ-ကျီးကုန်း-တမူးလမ်းများကို ဆက်သွယ်ပေးထားပြီး ပြည်ပနိုင်ငံများနှင့်ပါ ကူးလူးဆက်သွယ်နိုင်ရန် တည်ဆောက်ထားခြင်း ဖြစ်သည်။[၁]

ဧရာဝတီတံတား (မလွန်)
သယ်ဆောင်မှုရထားလမ်း၊ ကားလမ်းနှင့် လူသွားလမ်း
ဖြတ်သန်းမှုဧရာဝတီမြစ်
တည်နေရာမလွန်၊ မင်းလှမြို့နယ်
အမည်ဧရာဝတီတံတား (မလွန်)
ပြုပြင်ထိန်းသိမ်းသူပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း
အချက်အလက်များ
တံတားဒီဇိုင်းတံတား အောက်ထည် သံကူကွန်ကရစ်၊ တံတား အပေါ်ထည် ပင်မတံတား သံမဏိသံပေါင်၊ ချဉ်းကပ်တံတား (ကားလမ်းနှင့် ရထားလမ်း)မှာ သံကူ ကွန်ကရစ်
အသုံးပြုပစ္စည်းသံမဏိ၊ ကွန်ကရစ်
စုစုပေါင်းအရှည်ပင်မတံတားအရှည် ၃၂၁၅ ပေ
အကျယ်ယာဉ်သွားလမ်း ၂၈ ပေ၊ လူသွားလမ်း တစ်ဖက်လျှင် ၃ ပေ၊ ရထားလမ်း ၁၄ ပေ
ခံနိုင်ဝန်အားယာဉ်တစ်စီးချင်း ခွင့်ပြုတန်ချိန် ၆၀
သမိုင်းကြောင်း
ဆောက်လုပ်သူပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း
သံမဏိထုတ်လုပ်သူမြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းပိုင် သံမဏိစက်ရုံ
စတင်ဆောက်လုပ်ချိန်၂၂ နိုဝင်ဘာ ၂၀၀၉
ဖွင့်လှစ်သည့်နေ့၁၁ မေ ၂၀၁၃

တံတားအချက်အလက်များ ပြင်ဆင်ရန်

ဧရာဝတီတံတား(မလွန်)၏ သံမဏိသံပေါင်ပင်မ တံတားအရှည်မှာ ၃၂၁၅ ပေ၊ ချဉ်းကပ်တံတား အပါအဝင် ရထားလမ်း ၇၁၅၄ ပေနှင့် ကားလမ်း အရှည်ပေါင်း ၅၈၃၉ ပေ ဖြစ်သည်။ ဧရာဝတီတံတား (မလွန်) တွင် ယာဉ်သွားလမ်း အကျယ် ၂၈ ပေ၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် သုံးပေစီ၊ ရထားလမ်းအကျယ် ၁၄ ပေ ပါရှိပြီး တံတားခံနိုင်ဝန်အနေဖြင့် ယာဉ်တစ်စီးချင်း ခွင့်ပြုတန် ၆ဝ၊ ရေလမ်းကင်းလွတ်နယ် အကျယ်ပေ ၃၂ဝ နှင့် အမြင့် ၅၇ ပေ တို့ဖြစ်သည်။ ထူးခြားချက်မှာ အသုံးပြုခဲ့သည့် သံမဏိသံပေါင်များသည်ပြည်ပမှ ဝယ်ယူခြင်းမဟုတ်ဘဲ ပြည်တွင်းရှိ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းပိုင် စက်ရုံမှ ထုတ်လုပ်ပေးခဲ့ခြင်းဖြစ်ပြီး တံတားကြီး တစ်စင်းလုံးကို ပြည်တွင်းထုတ်ပစ္စည်းများဖြင့် တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း ဧရာဝတီတံတား(မလွန်) ဖွင့်ပွဲအခမ်းအနားတွင် အမှာစကားပြောကြား။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ နိုင်ငံတော် သမ္မတရုံး (11 May 2013)။ 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 August 2021 တွင် ပြန်စစ်ပြီး။