၂၀၀၆ ဖီဖာ ကမ္ဘာ့ဖလား သည် လေးနှစ်တစ်ကြိမ် ကျင်းပသော ပြိုင်ပွဲဖြစ်၍ ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အကြိမ်အားဖြင့် (၁၈) ကြိမ်မြောက်ဖြစ်သည်။ ၂၀၀၆ ဇွန် ၉ မှ ဇူလိုင် ၉ အထိ ဂျာမနီနိုင်ငံတွင် လက်ခံကျင်းပခဲ့သည်။ ဂျာမနီသည် အိမ်ရှင်အဖြစ်ကျင်းပခွင့်ကို ၂၀၀၀ ဇူလိုင် တွင် ရရှိခဲ့သည်။ ၂၀၀၃ မှစတင်ခဲ့သော အရည်အချင်းစစ်ဆေးခြင်း လုပ်ငန်းစဉ် (ခြေစစ်ပွဲ) ၌ လူအများဆုံးနေထိုင်သော တိုက်ကြီး ခြောက်တိုက်မှ အမျိုးသား ဘောလုံးအသင်း (၁၉၈) ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ထိုအဆင့်များမှ အိမ်ရှင်အသင်းနှင့်အတူ (၃၁)သင်း ခြေစစ်ပွဲအောင်မြင်ခဲ့သည်။ ဂျာမနီနိုင်ငံအတွက် ဒုတိယမြောက် လက်ခံကျင်းပသည်ဖြစ်ပြီး နိုင်ငံပြန်လည်ပေါင်းစည်းပြီးနောက် ပထမဆုံးအဖြစ် ကျင်းပသော ပြိုင်ပွဲလည်းဖြစ်ကာ ယခင်က ၁၉၇၄ တွင် အနောက်ဂျာမနီ အနေဖြင့် ကျင်းပခဲ့သည်။ လက်ရှိပြိုင်ပွဲသည် ဥရောပတွင် ဒဿမအကြိမ်မြောက် ကျင်းပသော ပြိုင်ပွဲဖြစ်၏။

၂၀၀၆ ဖီဖာ ကမ္ဘာ့ဖလား
FIFA Fußball-Weltmeisterschaft
Deutschland 2006
ဖိုင်:2006 FIFA World Cup.svg
The official emblem
Eine Zeit, um Freunde zu finden
(မိတ်ဆွေဖွဲ့ရန် ခါတော်မှန်)
ပြိုင်ပွဲဆိုင်ရာ အချက်အလက်များ
အိမ်ရှင်နိုင်ငံဂျာမနီ
ကျင်းပသည့်နေ့၉ ဇွန် – ၉ ဇူလိုင်
ယှဉ်ပြိုင်သည့်အသင်း၃၂ (အဖွဲ့ချုပ် ၆ ခုမှ)
အားကစားကွင်း၁၂ (အိမ်ရှင်မြို့ ၁၂ မြို့တွင်)
နောက်ဆုံး ရပ်တည်မှုများ
ချန်ပီယံ အီတလီ (4th title)
ဒုတိယ ပြင်သစ်
တတိယ ဂျာမနီ
စတုတ္ထ ပေါ်တူဂီ
ပြိုင်ပွဲဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ
ပွဲစဉ်၆၄
ဂိုးအရေအတွက်၁၄၇ (တစ်ပွဲလျှင် ၂.၃ ဂိုးနှုန်း)
ပရိသတ်ဦးရေ၃၃၅၉၄၃၉ (တစ်ပွဲလျှင် ၅၂၄၉၁ ဦးနှုန်း)
ဂိုးအများဆုံး
သွင်းသူ
ဂျာမနီနိုင်ငံ Miroslav Klose
(၅ ဂိုး)
အကောင်းဆုံး
အားကစားသမား
ပြင်သစ်နိုင်ငံ ဇီနဒင် ဇီဒန်း
အကောင်းဆုံး
လူငယ်ကစားသမား
ဂျာမနီနိုင်ငံ Lukas Podolski
အကောင်းဆုံး
ဂိုးသမား
အီတလီနိုင်ငံ ဂျန်လူဝီးဂျီ ဘက်ဖွန်
အသန့်ရှင်းဆုံးဆု ဘရာဇီး
 စပိန်
← 2002
2010 →

ပြိုင်ပွဲတွင် အီတလီ အမျိုးသား ဘောလုံးအသင်းက အနိုင်ရရှိခဲ့သောကြောင့် ၎င်းတို့၏ စတုတ္ထမြောက် ကမ္ဘာ့ဖလားဆုကို ရရှိခဲ့သည်။ နောက်ဆုံးဗိုလ်လုပွဲတွင် ပြင်သစ်အသင်းနှင့် ယှဉ်ပြိုင်ကစားရပြီး အချိန်ပိုအထိ ၁-၁ ဖြင့် သရေရလဒ် ထွက်ပေါ်ခဲ့၍ ပင်နယ်တီအဆုံးအဖြတ်တွင် ၅-၃ ဖြင့် အနိုင်ရရှိခဲ့သည်။ ဂျာမနီအသင်းသည် ၃-၁ ဖြင့် ပေါ်တူဂီအသင်းကို အနျုင်ရ၍ တတိယနေရာ ရခဲ့သည်။ အန်ဂိုလာ၊ ဂါနာ၊ အိုင်းဗာရီ ကို့စ်၊ ထရစ်နစ်ဒက်နှင့် တာဘေးဂို၊ တိုးဂိုအသင်းများသာ် ပထမဆုံးအကြိမ်ဖြင့် ပြိုင်ပွဲတွင် ပါဝင်ခဲ့ကြသည်။ ဆားဗီးယားနှင့် မောန်တစ်နီးဂရို တို့က ထိုနာမည်ဖြင့် ပါဝင်ခဲ့သည့် ပြိုင်ပွဲလည်းဖြစ်သည်။ ယခင်က ၁၉၉၈ ကမ္ဘာ့ဖလား၌ ယူဂိုဆလားဗီးယား အမည်ဖြင့် ပါဝင်ခဲ့ဖူးသည်။ ၂၀၀၆ မေလနှောင်းပိုင်း၌ ပြိုင်ပွဲမစမီ မောန်တစ်နီးဂရိုက လွတ်လပ်သော နိုင်ငံပြုရန် ဆန္ဒခံယူပွဲကျင်းပ ဆောင်ရွက်ခဲ့ကာ ထိုစဉ်ကရှိနေသော လျော့တိလျော့ရဲဖြစ်နေသည့် မဟာမိတ်ဆက်ဆံရေး(နိုင်ငံ) ကို ဖျက်သိမ်းခဲ့သည်။ ဆားဗီးယားကခည်း ထိုဆန္ဒမဲပေးခြင်းရလဒ်ကို ဇွန်အစောပိုင်းတွင် သဘောတူညီခဲ့သည်။ အချိန်မရတော့သည့်အတွက် ဖီဖာက ဆားဗီးယားနှင့် မောန်တစ်နီးဂရိုကို တစ်နိုင်ငံအသင်းအနေဖြင့် ပါဝင်ကစားစေခဲ့သည်။

၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲသည် ရုပ်သံသမိုင်းတွင် လူအများဆုံး ကြည့်ရှုသောပြိုင်ပွဲများအနက်က တစ်ခုဖြစ်ကာ ပြိုင်ပွဲစဉ်တစ်လျှောက် ကြည့်ရှုခြင်း အကြိမ်အရေအတွက် ခန့်မှန်း သန်း နှစ်သောင်း ခြောက်ထောင်ကျော် (26.29 billion) ဟူ၍ သတင်းရယူစူဆောင်နိုင်ခဲ့သည်။ နောင်ဆုံး ဗိုလ်လုပွဲသည် ခန့်မှန်း ဦးရေ (၇၁၅.၁) သန်းကြည့်ရှုခဲ့ကြသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. World Cup and Television။ FIFA (2006)။ 14 June 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 June 2007 တွင် ပြန်စစ်ပြီး။