ဂျာမနီနိုင်ငံ

အလယ်ဥရောပနိုင်ငံ
(ဂျာမနီ မှ ပြန်ညွှန်းထားသည်)
၁၉၄၉ မှ ၁၉၉၀ ကာလမှနိုင်ငံ အတွက် အနောက်ဂျာမနီနိုင်ငံ ကို ကြည့်ပါ။

ကိုဩဒိနိတ်: 51°N 9°E / 51°N 9°E / 51; 9


ဂျာမနီနိုင်ငံသည် ဥရောပတိုက်အလယ်ပိုင်းတွင် ရှိသောနိုင်ငံတခုဖြစ်ပြီး အကျယ်အဝန်းအားဖြင့် ၃၅၇၀၂၁ စတုရန်း ကီလိုမီတာရှိသည်။ အိမ်နီးချင်းနိုင်ငံပေါင်း ကိုးနိုင်ငံရှိပြီး ၎င်းတို့မှာ ဩစတြီးယားဘယ်လ်ဂျီယမ်နိုင်ငံချက်သမ္မတနိုင်ငံဒိန်းမတ်ပြင်သစ်လူဇင်ဘတ်နိုင်ငံနယ်သာလန်ပိုလန် နှင့် ဆွစ်ဇာလန်နိုင်ငံ တို့ဖြစ်ကြသည်။ ပြည်နယ်ပေါင်း ၁၆ ခုဖြင့်ဖွဲ့စည်းထားသော ပြည်ထောင်စုနိုင်ငံဖြစ်၍ မြို့တော်မှာ ဘာလင် ဖြစ်သည်။ မိုးလေဝသအခြေအနေမှာ မကြာခဏပြောင်းလဲလေ့ရှိပြီး အဓိကအားဖြင့် အနောက်လေများတိုက်ခိုက်သည့် မျှတသော သမုဒ္ဒရာပိုင်း ရာသီဥတုဖြစ်သည်။

ဖက်ဒရယ်သမ္မတ ဂျာမနီနိုင်ငံတော်
Federal Republic of Germany

Bundesrepublik Deutschland  (ဂျာမန်)
နိုင်ငံတော် သီချင်း: ဂျာမနီနိုင်ငံ သီချင်း
Deutschlandlied[မှတ်စု ၁]
"Song of Germany"
 ဂျာမနီနိုင်ငံ၏ တည်နေရာ  (အစိမ်းရင့်)

– ဥရောပတိုက်အတွင်း  (အစိမ်းနု နှင့် မီးခိုးရောင်)
– ဥရောပသမဂ္ဂတွင်  (အစိမ်းနု)

မြို့တော်
နှင့် အကြီးဆုံးမြို့
ဘာလင်[မှတ်စု ၂]
52°31′N 13°23′E / 52.517°N 13.383°E / 52.517; 13.383
ရုံးသုံး ဘာသာစကားများဂျာမန်[မှတ်စု ၃]
Demonymဂျာမန်
အစိုးရဖက်ဒရယ်ပါလီမန်သမ္မတနိုင်ငံ
ဖရန့် ဝေါ်တာ စတိုင်းမိုင်ယာ
အိုလက်ဖ် ရှို့လ်စ်
ဥပဒေပြုလွှတ်တော်ဖက်ဒရယ်လွှတ်တော်ဖက်ဒရယ်ကောင်စီ[မှတ်စု ၄]
ဧရိယာ
• စုစုပေါင်း
၃၅၇,၀၂၂ km2 (၁၃၇,၈၄၇ sq mi)[၄] (အဆင့်: 63rd)
• ရေထု (%)
1.27 (2015)[၅]
လူဦးရေ
• 2022 ခန့်မှန်း
Neutral increase 83,695,430[၆] (အဆင့် - 19th)
• သိပ်သည်းမှု
၂၃၂/km2 (၆၀၀.၉/sq mi) (အဆင့် - 58th)
GDP (PPP)2022 ခန့်မှန်း
• စုစုပေါင်း
Increase $5.317 ထရီလီယံ[၇] (အဆင့် - 5th)
• Per capita
Increase $63,835[၇] (အဆင့် - 18th)
GDP (nominal)2022 ခန့်မှန်း
• စုစုပေါင်း
Increase $4.031 ထရီလီယံ[၇] (အဆင့် - 4th)
• Per capita
Increase $48,398[၇] (အဆင့် - 20th)
Gini (2020)Negative increase 30.5[၈]
အလယ်
HDI (2021)Decrease 0.942[၉]
အလွန်မြင့် · 9th
ငွေကြေးယူရို () (EUR)
အချိန်ဇုန်CET (UTC+1)
• နွေရာသီ (DST)
CEST (UTC+2)
ယာဉ်ကြောစနစ်လက်ယာ
တယ်လီဖုန်းကုဒ်+49
Internet TLD.de

၁၉၄၉ ခုနှစ်မှစ၍ ဒီမိုကရက်တစ် ပါလီမန်ပြည်ထောင်စု ဒီမိုကရေစီ နိုင်ငံဖြစ်သည်။ ပြည်နယ်တစ်ခုစီတွင် ကိုယ်ပိုင်ဖွဲ့စည်းပုံ၊ပါလီမန်နှင့် အစိုးရအဖွဲ့တို့ရှိသည်။ ပြည်ထောင်စု အစိုးရက နိုင်ငံတော်၏ အမြင့်ဆုံးအာဏာကို ကိုင်တွယ်ကျင့်သုံးသည့် ဘွန်းဒတ်စ်ရတ်ခေါ် ပြည်သူ့လွှတ်တော်မှ တဆင့်ပြည်နယ်များသည် ပြည်ထောင်စုအဆင့်တွင်ကိုယ်စားပြုပြီး ပြည်ထောင်စုဥပဒေပြုအဖွဲ့တွင်ပါဝင်သည်။ ပါတီစုံစနစ် နိုင်ငံရေးဖြစ်ပြီး ပါတီတိုင်းတွင်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲမှုတွင်ပါဝင်ခွင့်ရှိသည်။

အဓိကနေထိုင်သောလူမျိုးများမှာ ဂျာမန်လူမျိုးများဖြစ်ကြသည်။ ရုံးသုံးဘာသာစကား အဖြစ်ဂျာမန်ဘာသာစကားကို အသုံးပြုသည်။ ဥရောပသမဂ္ဂ ဝင်နိုင်ငံများတွင်လည်း မကြာခဏသုံးနှုန်းပြောဆိုသော ဘာသာစကားဖြစ်သည်။ လက်ရှိလူဦးရေမှာ ၈၂.၃ သန်းနေထိုင်ပြီး တစ်စတုရန်းကီလိုမီတာတွင် ပျဉ်းမျှလူဦးရေ ၂၃၁ ဦးနေထိုင်သောကြောင့် ဥရောပနိုင်ငံများတွင် လူဦးရေ သိပ်သည်းမှုအများဆုံးနိုင်ငံလည်းဖြစ်သည်။ အမျိုးသားများ၏ ပျဉ်းမျှသက်တမ်းမှာ ၇၆ နှစ်ဖြစ်ပြီး၊ အမျိုးသမီးများမှာ ၈၁ နှစ်ဖြစ်သည်။ ခရစ်ယာန်ဘာသာဝင် ၅၃ သန်းနီးပါးရှိ၍ မွတ်စလင် ၃.၃ သန်း၊ ဗုဒ္ဓဘာသာ ဝင်၂၃၀၀၀၀၊ ဂျူးဘာသာဝင် ၁၀၀၀၀၀ နှင့် ဟိန္ဒူ ဘာသာဝင် ၉၀၀၀၀ အသီးသီးနေထိုင်ကြသည်။ လူဦးရေ၏ ၈၈% မှာမြို့ကြီးများနှင့် ယင်းတို့၏ တိုးချဲ့ဧရိယာများတွင် နေထိုင်ကြသည်။

ဂျာမနီသည် လက်ရှိ ဥရောပသမဂ္ဂတွင် စီးပွားရေးအင်အားအကြီးမားဆုံးဖြစ်ပြီး၊ ကမ္ဘာပေါ်တွင် စီးပွားရေးအရ တတိယအင်အား အကြီးမားဆုံးနိုင်ငံဖြစ်သည်။ စုစုပေါင်းပြည်တွင်း အသားတင်ထုတ်လုပ်မူ့တန်ဖိုးမှာ ၂၀၀၄ ခုနှစ်စာရင်းအရ ၂၂၁၆ ဘီလျံ ရှိသည်။ ကမ္ဘာ့ ထိပ်တန်းကုန်တင်ပို့ရောင်းချသည့် နိုင်ငံဖြစ်ပြီး ပြည်ပတင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးစုစုပေါင်းမှာ ၂၀၀၇ ခုနှစ်တွင်ယူရို ၉၆၉ ဘီလျံထိရှိလာခဲ့သည်။ အဓိက ကုန်သွယ်ဘက်နိုင်ငံများမှာ ပြင်သစ်အမေရိကန်ဗြိတိန် နှင့် အီတလီနိုင်ငံတို့ ဖြစ်ကြသည်။ အဓိကစီးပွားရေး ကဏ္ဍများမှာ မော်တော်ကားထုတ်လုပ်ခြင်း၊ စက်မှု လုပ်ငန်း၊ လျှပ်စစ်နှင့် စံညွှန်းကိုက်အင်ဂျင်နီယာလုပ်ငန်း၊ ဓာတုပစ္စည်းများ၊ ပတ်ဝန်းကျင်ဆိုင်ရာနည်းပညာ၊ မျက်မှန်ပစ္စည်းများ၊ ဆေးကုသမှုနည်းပညာ၊ ဇီဝနည်းပညာနှင့် မျိုးရိုးဗီဇသုတေသနပညာ၊ နာနိုနည်းပညာ၊ လေကြောင်းနှင့် အာကာသပညာထောက်ပံ့ရေးလုပ်ငန်းများ စသည်တို့ဖြစ်ကြသည်။

ဝေါဟာရရင်းမြစ် ပြင်ဆင်ရန်

သမိုင်း ပြင်ဆင်ရန်

အရှေ့ဖရန်စီယာနိုင်ငံနှင့် ရောမသာသနာစောင့်အင်ပါယာ ပြင်ဆင်ရန်

အရှေ့ဖရန်စီယာနိုင်ငံ ၈၄၃ ခုနှစ် ရှာလမိန်းဘုရင်ကြီးသည် ကာရိုလင်ဂျန်အင်ပါယာကို ၈၀၀ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ၈၄၃ခုနှစ်တွင် နိုင်ငံ၂ခြမ်းကွဲသွားပြီး အရှေ့ဖက်ခြမ်းသည် အရှေ့ဖရန်စီယာအမည်ဖြင့် အနောက်ဖက်ရိုင်းမြစ်မှသည် အရှေ့ဖက် အယ်ဘေးမြစ်အထိ၊ မြောက်ဖက် မြောက်ပင်လယ်မှသည်တောင်ဖက် အဲလ်ပ်တောင်တန်းများအထိကျယ်ပြန့်သည်။ ထိုမှသည် ရောမသာသနာစောင့်အင်ပါယာသည် ထွက်ပေါ်လာခြင်းဖြစ်သည်။ ၉၉၆ခုနှစ်တွင် ဂရီဂိုရီ-၅ သည် ပထမဆုံးဂျာမန်လူမျိုးပုပ်ရဟန်းမင်းကြီးဖြစ်လာသည်။ ရောမသာသနာစောင့်အင်ပါယာသည် အီတလီမြောက်ပိုင်းဒေသများကို သိမ်းယူခဲ့သည်။


Under the Hohenstaufen emperors (1138–1254), German princes encouraged German settlement to the south and east (Ostsiedlung). Members of the Hanseatic League, mostly north German towns, prospered in the expansion of trade.[30] The population declined starting with the Great Famine in 1315, followed by the Black Death of 1348–50.[31] The Golden Bull issued in 1356 provided the constitutional structure of the Empire and codified the election of the emperor by seven prince-electors.[32]


မာတင်လူသာ(၁၄၈၃-၁၅၄၆) ပရိုတက်စတင့်ဂိုဏ်းကိုထူထောင်ခြင်း ပြင်ဆင်ရန်

လည်ပတ်ပုံနှိပ်စက်ကို ဂူတင်ဘတ်ကစတင်တီထွင်ပြီးနောက်တွင် ၁၅၁၇ တွင် မာတင်လူသာက ပရိုတက်စတင့်အကြောင်းကိုမိတ်ဆက်ခဲ့ပြီး နောက် နှစ်၃၀ကြာ ဘာသာရေးစစ်ပွဲဖြစ်ပွားခဲ့ကာ ဂျာမန်နယ်များတွင်ဆိုးရွားစွာထိခိုက်ပျက်စီးခဲ့ပြီး လူပေါင်းများစွာသေဆုံးခဲ့ကြသဖြင့် လူဦးရေလျော့ပါးခဲ့သည်။ ဝက်စ်ဖေးလီးယားစာချုပ်ဖြင့်စစ်ပြေငြိမ်းခဲ့သည်။


ဂျာမနီနိုင်ငံသည် ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်တို့ကို မီးမွှေးခဲ့သော ဥရောပအလယ်ပိုင်းနိုင်ငံတခု ဖြစ်၏။ အနောက်ဘက်တွင် ပြင်သစ်၊ ဘယ်လဂျီယမ်နှင့် ဟော်လန်နိုင်ငံ၊ အရှေ့ဘက်တွင် ပိုလန်နှင့် ချက်ကိုစလိုဗက်ကီးယားနိုင်ငံများ၊ မြောက်ဘက်တွင် ဒိန်းမတ်နိုင်ငံ၊ မြောက်ပင်လယ်နှင့် ဘောလတစ်ပင်လယ်တို့ ဝန်းရံလျက်ရှိသည်။ ဂျာမနီနိုင်ငံ၏ နယ်နိမိတ်မှာ ၂၀ ရာစုနှစ်အတွင်း စစ်မက်ဖြစ်ပွားမှုများကြောင့် ကြိမ်ဖန်များစွာ ပြောင်းလဲခဲ့ရလေသည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် နိုက်ဆဲနှင့်အိုဒါမြစ်များ အရှေ့ဘက်ရှိ ဂျာမန်နယ်များကို ပိုလန်နိုင်ငံသို့လည်းကောင်း၊ ကေးနစ္စဗတ်မြို့တော် (ယခုအခေါ် လီနင်ဂရက်မြို့) အပါအဝင် အရှေ့ပရပ်ရှားပြည်နယ်၏ မြောက်ဘက်ပိုင်းကို ရုရှနိုင်ငံသို့လည်းကောင်း ပေးလိုက်ရသဖြင့် ယခုအခါ နိုက်ဆဲနှင့် အိုဒါမြစ်များမှာ ဂျာမနီနိုင်ငံ၏အရှေ့ဘက် နယ်နိမိတ် ဖြစ်နေလေပြီ။ သို့သော် အိုဒါမြစ်ဝရှိ ရှတက်တင်မြို့ကိုမူ နယ်နိမိတ်အတွင်း မသွင်းခဲ့ချေ။ တဖန် ဒုတိယကမ္ဘာစစ်အပြီး၌ ဂျာမနီနိုင်ငံ၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၁၃၈၀၈၀ ဖြစ်သည်။ ၁၉၄၉ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် အင်္ဂလိပ်၊ အမေရိကန်နှင့် ပြင်သစ်တို့က မိမိတို့ သိမ်းပိုက်ထားသော ဂျာမန်နယ်များကို စုပေါင်း၍ ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံခေါ် အနောက်ဂျာမနီနိုင်ငံအဖြစ် ကြေညာသောအခါ ရုရှားတို့ကလည်း ထိုနှစ် အောက်တိုဘာလ (၇) ရက်နေ့မတိုင်မီ မိမိတို့ သိမ်းပိုက်ထားသော ဂျာမန်နယ်များကို ဒီမိုကရက်တစ်သမ္မတဂျာမန်နိုင်ငံခေါ် အရှေ့ဂျာမနီနိုင်ငံအဖြစ် ​​ကြေညာလိုက်သည်။ အနောက်ဂျာမနီ၌ ဘာဗေးရီးယား၊ ဘားဒင်ဗာတင်ဗတ်၊ ဘရီမင်၊ ဟမ်းဘတ်၊ ဟက်ဆီ၊ ဆက်ဆိုနီအောက်ပိုင်း၊ ရိုင်းလန်း၊ ဝက်စဖေးလီးယားရှလဲဇွစ်ဟိုလစတိုင်နယ်များ ပါဝင်၍ အရှေ့ဂျာမနီ၌ ဗရန်ဒင်ဗတ်၊ မက္ကလင်ဗတ်၊ ဆက်ဆိုနီ၊ ဆက်ဆိုနီအန်ဟော့၊ သူရင်ဂျီးယားနယ်များ ပါဝင်ကြသည်။ အနောက်နှင့် အရှေ့ဂျာမနီနိုင်ငံများ၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၉၆၇၀၀ နှင့် ၄၁၃၈၀ အသီးသီးတို့ ဖြစ်ကြလေသည်။ ဂျာမန်လူမျိုးများသည် ရုရှားနိုင်ငံတောင်ပိုင်း မြက်ခင်းပြင်ဒေသတွင် နေထိုင်ခဲ့ကြသူတို့၏ အဆက်အနွယ်များ ဖြစ်ဟန်တူသည်။ ဘီစီ ၁၁၃ ခုနှစ်လောက်က ဥရောပတခွင်တွင်

ဂျာမန်မျိုးနွယ်များသည် ရောမအင်ပါရာအင်အားနည်းလာချိန်တွင် အရှေ့ဘက်မှဝင်ရောက်လာကြသည်။ ‌ရောမအင်ပါယာသည်အင်အားနည်းပါးနေပြီဖြစ်ရာ ဝင်ရောက်လာသော ဂျာမန်များကိုတွန်းလှန်နိုင်ခြင်းမရှိတော့ပေ။ သို့ဖြင့်ဂျာမန်နယ်များပေါ်ပေါက်လာပြီး မြို့ပြနိုင်ငံများထူထောင်ကြသည်။ အလယ်ခေတ်တွင်ပရပ်ရှားနယ်များဟုအမည်တွင်သည်။ နပိုလီယန်ကျဆုံးပြီးနောက်ပိုင်းတွင် ဗီယင်နာစာချုပ်အရ ဂျာမန်စကားပြောပြည်နယ် ၃၃နယ်စုပေါင်း၍ ဩစတြီးယား အင်ပါယာ ဂျာမန်ကွန်ဖယ်ဒရေးရှင်းနိုင်ငံကိုတည်ထောင်ကြသည်။ ကွန်ဖယ်ဒရေးရှင်းအတွင်းရှိ ဩစတြီးယားအင်ပါယာနှင့် အင်အားကြီးထွားလာသည့်ပရပ်ရှားတို့အကြားအားပြိုင်မှုပိုမိုပြင်းထန်လာပြီးနောက် ၁၈၆၆တွင် ဩစတြီးယား-ပရပ်ရှားစစ်ပွဲဖြစ်ပွားခဲ့သည်။ ဆက်ဆွန်နီ၊ ဘာဘေးရီးယားစသည့် တောင်ပိုင်းဂျာမန်နယ်များကဩစတြီးယားဖက်မှပါဝင်တိုက်ခိုက်ကြပြီး မြောက်ပိုင်းဂျာမန်နယ်များက ပရပ်ရှားဖက်မှ ပါဝင်တိုက်ခိုက်ကြသည်။ ပရပ်ရှားအနိုင်ရပြီးနောက် ဂျာမန်ကွန်ဖယ်ဒရေးရှင်းကိုဖျက်သိမ်းလိုက်ပြီး ဩစတြီးယားကိုလည်း ဂျာမန်အရေးကိစ္စများမှ ဖယ်ထုတ်ကာ မြောက်ပိုင်းဂျာမန်ကွန်ဖယ်ဒရေးရှင်းနိုင်ငံကိုတည်ထောင်သည်။ စက်မှုလုပ်ငန်းများလည်းဖွံ့ဖြိုးလာသည်။ ၁၈၇၀တွင် ပြင်သစ်-ပရပ်ရှားစစ်ပွဲတွင် ပြင်သစ်ကိုအနိုင်ရသည်။ ပထမကိုင်ဇာဘုရင်သည် နန်းရင်းဝန် ဘစ္စမတ်၏အကူအညီဖြင့် ကျန်ဂျာမန်နယ်များကို စုစည်းပြီးနောက် ဂျာမန်အင်ပါယာအဖြစ်ထူထောင်လိုက်သည်။ နိုင်ငံစည်းလုံးရေးရပြီးနောက်ဂျာမန်အင်ပါယာ၏စက်မှု လက်မှုလုပ်ငန်းသည်တစ်ဟုန်ထိုး တိုးတက်ကြီးပွားလာခဲ့သည်။ ဂျာမန်အင်ပါယာ၏အင်အားသည် ဒုတိယကိုင်ဇာဘုရင်လက်ထက်တွင် ပိုမိုအင်အားကြီးမားလာပြီး ပတ်ဝန်းကျင်နိုင်ငံများအားမထေမဲ့မြင်ပြုလာသဖြင့် အင်္ဂလိပ်၊ ပြင်သစ်တို့နှင့်မသင့်မသင့်ဖြစ်လာသည်။ ထွန်းကားလာသော စက်မှုလုပ်ငန်းများအတွက် ကမ္ဘာ့ဈေးကွက်ရှာဖွေရာ ဈေးကွက်ကိုယခင်ကတည်းကအုပ်စီးထားသော အင်္ဂလိပ်၊ ပြင်သစ်ကထိတ်လန့်လာကြသည်။ ပထမကမ္ဘာစစ်တွင် ဂျာမနီသည် ကျန် ဂျာမန်ပြည်နယ်များကိုစည်းရုံးပြီး လိုက်သည်။ နယ်များပိုမိုစည်းလုံးမိလာကြသည်။ ဩစတြီးယားဟန်ဂေရီ၊ တူရကီတို့နှင့်မဟာမိတ်ဖွဲ့ပြီး အင်္ဂလိပ်၊ ပြင်သစ်၊ ရုရှားတို့နှင့်စစ်ပြိုင်ရာ ရှုံးနိမ့်သဖြင့် အမျိုးမျိုးဖိနှိပ်ခံရသည်။ စစ်ပြီးခေတ်တွင်ဝိုင်မာသမ္မတနိုင်ငံဟုအမည်တွင်သည်။ ထို့နောက်ဟစ်တလာတက်လာပြီး စစ်ရေးအားထုတ်ကြိုပမ်းလာကာ ပတ်ဝန်းကျင်နိုင်ငံများအားတိုက်ခိုက်သိမ်းယူသဖြင့် ဒုတိယကမ္ဘာစစ်ဖြစ်ပွားသည်။ ဒုတိယကမ္ဘာစစ်တွင် ဂျာမနီ၊ အီတလီ၊ ဂျပန်တို့ကတစ်ဖက်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှားနှင့်အမေရိကန်တို့ကတစ်ဖက် တိုက်ခိုက်ကြရာ ဂျာမန်တို့ရှုံးနိမ့်သည်။ စစ်ပြီးခေတ်တွင် ဂျာမနီအား အရင်းရှင်နိုင်ငံများကတစ်ခြမ်း၊ ကွန်မြူနစ်နိုင်ငံများကတစ်ခြမ်းသိမ်းပိုက်လိုက်ကြပြီး အရှေ့ဂျာမနီနှင့်အနောက်ဂျာမနီဟူ၍ပေါ်ပေါက်လာကာ စစ်အေးတိုက်ပွဲဆင်နွဲကြသည်။ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် အရှေ့ဂျာမနီမှာ သီးခြားရပ်တည်နိုင်ခြင်းမရှိတော့ပဲ ဂျာမနီနှစ်နိုင်ငံပေါင်းစည်းလိုက်ကြသည်။

ပထဝီဝင် ပြင်ဆင်ရန်

ဂျာမနီသည် ဥရောပတွင် သတ္တမမြောက်အကြီးဆုံးနိုင်ငံဖြစ်သည်။ [111] မြောက်ဖက်တွင် ဒိန်းမတ်၊ အရှေ့ဖက်တွင် ပိုလန်နှင့် ချက်သမ္မတနိုင်ငံ၊ အရှေ့တောင်ဖက်တွင် ဩစတြီးယား၊ တောင်-အနောက်တောင်ဖက်တွင် ဆွစ်ဇာလန်၊ အနောက်ဖက်တွင် ပြင်သစ် လူဇင်ဘတ် ဘယ်လ်ဂျီယန်၊ အနောက်မြောက်ဖက်တွင် နယ်သာလန် တို့ တည်ရှိသည်။ ဂျာမနီ ကို မြောက်ပိုင်းပင်လယ် (the North Sea) နှင့် မြောက်-အရှေ့မြောက်ဖက်တွင် ဘောလ်တစ်ပင်လယ် တို့ ကလည်း ဝိုင်းရံလျက်ရှိသည်။ ဂျာမနီနိုင်ငံ အကျယ်အဝန်းမှာ ကုန်းမြေအကျယ်အဝန်း ၃၄၈,၆၇၂ စတုရန်းကီလိုမီတာ (၁၃၄,၆၂၃ စတုရန်းမိုင်) နှင့် ရေပြင်အကျယ်အဝန်း ၈,၃၅၀ စတုရန်းကီလိုမီတာ (၃,၂၂၄ စတုရန်းမိုင် ) ပေါင်း ၃၅၇,၀၂၂ စတုရန်းကီလိုမီတာ (၁၃၇,၈၄၇ စတုရန်းမိုင်) ရှိသည်။

မြေမျက်နှာပြင်အမြင့်ပေမှာ နိုင်ငံ့တောင်ပိုင်း အဲ့လ်ပ်စ် တောင်တန်းများ (အမြင့်ဆုံးအမှတ် မှာ ၂,၉၆၃ မီတာ သို့မဟုတ် ၉,၇၂၁ ပေ အမြင့်ရှိသည့် ဇက်စ်ပစ်ဇ်တောင်ထိပ် the Zugspitze) မှသည် အနောက်မြောက်ပိုင်း မြောက်ပိုင်းပင်လယ် (the North Sea သို့မဟုတ် Nordsee) နှင့် အရှေ့မြောက်ပိုင်း ဘောလ်တစ်ပင်လယ် (the Baltic Sea သို့မဟုတ် Ostsee) ကမ်းခြေ အထိ ရှိသည်။ ဂျာမနီနိုင်ငံအလယ်ပိုင်း သစ်တောဖုံးလွှမ်းကုန်းမြင့်များနှင့် ဂျာမနီမြောက်ပိုင်း မြေနိမ့်ပိုင်း (အနိမ့်ဆုံးနေရာ ဖြစ်သော နုအန်ဒေါ့ဖ်-ဆက်ရှ်ဆန်ဘန်ဒေး နှင့် ဝိုင်းလ်စတာမာ့စ်ချ် မြူနီစီပယ်နယ်မြေ (the municipality Neuendorf-Sachsenbande, Wilstermarsch) တို့တွင် ပင်လယ်မျက်နှာပြင်အောက် ၃.၅၄ မီတာ သို့မဟုတ် ၁၁.၆ ပောရှိ ) ကို အဓိကမြစ်ကြီးများဖြစ်သော ရိုင်း (the Rhine)၊ ဒါနူဘီ (Danube) နှင့် အယ်လ်ဘေး (Elbe) တို့က ဖြတ်သန်းစီးဆင်းလျက်ရှိကြသည်။ အဓိက ကျသော သဘာဝသယံဇာတအရင်းအမြစ်များမှာ သံရိုင်း၊ ကျောက်မီးသွေး၊ ပိုတက်ရှ် potash၊ သစ်၊ လစ်ဂ်နိုက် lignite ၊ ယူရေနီယံ ၊ ကြေးနီ၊ သဘာဝဓာတ်ငွေ့၊ ဆား နှင့် နစ်ကယ် တို့ဖြစ်ကြသည်။ [111]

ရာသီဥတု ပြင်ဆင်ရန်

ဂျာမနီ နေရာအများစုမှာ သမပိုင်းရာသီဥတုဖြစ်ပြီး မြောက်ပိုင်းတွင် သမုဒ္ဒရာမိုင်းရာသီဥတုနှင့် အရှေ့နှင့် အရှေ့တောင်ပိုင်းတွင် continental ရာသီဥတု ဖြစ်သည်။ ဆောင်းရာသီများမှာ အေးမြပြီး တောင်ပိုင်းအဲ့လ်ပ်စ် တောင်တန်းများတွင် အလွန်အေး ကာ အများအားဖြင့် အုံ့ဆိုင်းပြီး မိုး နှင့် နှင်းကျဆင်းမှုမှာ အကန့်အသတ်ရှိသည်။ နွေရာသီများမှာ ပူပြင်းခြောက်သွေ့ သောပုံစံမှသည် အေးပြီး မိုးများသော ရာသီဥတုပုံစံအထိရှိကြသည်။ နိုင်ငံမြောက်ပိုင်းတွင် အနောက်လေတိုက်ခတ်မှုက မြောက်ပိုင်းပင်လယ်မှ ရေငွေ့များသယ်ဆောင်လာပြီး ရာသီဥတုကို မျှတစေကာ မိုးပိုစေသည်။ တောင်ပိုင်းဒေသများတွင်မူ အပူချိန်များမှာ ပိုမိုပြင်းထန်သည်။[113]

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ မှ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ အတွင်း ဂျာမနီ၏ လစဉ်ပျမ်းမျှအပူချိန်များမှာ အနိမ့်ဆုံး ၂၀၂၀ ခုနှစ် ဇန္နဝါရီလတွင် ၃.၃ °C (၃၇.၉ °F) မှ အမြင့်ဆုံး ၂၀၁၉ ခုနှစ် ဇွန်လတွင် ၁၉.၈ °C (၆၇.၆ °F) အတွင်းရှိသည်။[114] လစဉ်ပျမ်းမျှမိုးရေချိန်မှာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ နှင့် ဧပြီလတွင် တစ်စတုရန်းမီတာတွင် ၃၀ လီတာ မှ ၂၀၂၀ ဖေဖော်ဝါရီလတွင် ၁၂၅ လီတာ အထိရှိသည်။ [115] လစဉ်ပျမ်းမျှနေရောင်ခြည်ရရှိမှုမှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ၄၅ နာရီ မှ ၂၀၁၉ ဇွန်လတွင် နာရီ ၃၀၀ အထိရှိသည်။[116]


ဇီဝမျိုးစုံမျိုးကွဲ ပြင်ဆင်ရန်

Biodiversity

Berchtesgaden National Park The territory of Germany can be divided into five terrestrial ecoregions: Atlantic mixed forests, Baltic mixed forests, Central European mixed forests, Western European broadleaf forests, and Alps conifer and mixed forests.[117] As of 2016 51% of Germany's land area is devoted to agriculture, while 30% is forested and 14% is covered by settlements or infrastructure.[118]

Plants and animals include those generally common to Central Europe. According to the National Forest Inventory, beeches, oaks, and other deciduous trees constitute just over 40% of the forests; roughly 60% are conifers, particularly spruce and pine.[119] There are many species of ferns, flowers, fungi, and mosses. Wild animals include roe deer, wild boar, mouflon (a subspecies of wild sheep), fox, badger, hare, and small numbers of the Eurasian beaver.[120] The blue cornflower was once a German national symbol.[121]

The 16 national parks in Germany include the Jasmund National Park, the Vorpommern Lagoon Area National Park, the Müritz National Park, the Wadden Sea National Parks, the Harz National Park, the Hainich National Park, the Black Forest National Park, the Saxon Switzerland National Park, the Bavarian Forest National Park and the Berchtesgaden National Park.[122] In addition, there are 17 Biosphere Reserves,[123] and 105 nature parks.[124] More than 400 zoos and animal parks operate in Germany.[125] The Berlin Zoo, which opened in 1844, is the oldest in Germany, and claims the most comprehensive collection of species in the world.[126]

နိုင်ငံရေး ပြင်ဆင်ရန်

စီးပွားရေး ပြင်ဆင်ရန်

အခြေခံအဆောက်အဦ ပြင်ဆင်ရန်

ခရီးသွားလုပ်ငန်း ပြင်ဆင်ရန်

လူမှုအခြေပြ ပြင်ဆင်ရန်

ဘာသာရေး ပြင်ဆင်ရန်

ဘာသာစကား ပြင်ဆင်ရန်

ဂျာမန်ဘာသာစကားနှင့်ဂျာမနီနိုင်ငံတွင်အသုံးပြုသောဘာသာစကားများ ဂျာမန်စကား သည် ဂျာမနီနိုင်ငံတွင်ရုံးသုံးစကားဖြစ်ပြီး အဓိကအသုံးပြုသော ဘာသာစကားလည်းဖြစ်သည်။ ဥရောမသမ္မဂ္ဂတွင်အသုံးပြုသည့် ဘာသာစကား ၂၄မျိုးအနက်တစ်ခုဖြစ်သည်။ ဥရောပသမ္မဂ္ဂတွင် များစွာအသုံးပြုသည့် ဘာသာစကားလည်းဖြစ်သည်။ ဂျာမန်စကားပြောဆိုသူ သန်း၁၀၀ ကျော်ရှိသည်။


ဂျာမနီနိုင်ငံတွင် သုံးစွဲသည့် လူနည်းစုဘာသာစကားများမှာ ဒိန်းမတ်မြေပြန့်ဂျာမန်ဆွာဘီယန်၊ မြောက်ပိုင်းဖရီရှန် သာသာစကားတို့ဖြစ်ကြသည်။ အခြားသုံးစွဲသည့် နိုင်ငံခြားသာသာစကားများမှာ တူရကီ၊ အာရေဘစ်၊ ကာဒစ်ရှ် ပိုလစ်၊ ဂရိ၊ ဆာဘို-ခရိုအေးရှန်း၊ ဘူလ်ဂေးရီယန်းနှင့် ရုရှားစသည့် အခြားဘော်လကန်ဒေသဘာသာစကားများဖြစ်ကြသည်။ ဂျာမန်တို့သည် ဘာသာစကား၂မျိုးတတ်ကျွမ်းကြပြီး ၂၇% သည် နိုင်ငံခြားသာသာစကားတစ်မျိုးမျိုပြောဆိုနိုင်ကြသည်။

ပညာရေး ပြင်ဆင်ရန်

ကျန်းမာရေးစောင့်ရှောက်မှု ပြင်ဆင်ရန်

ယဉ်ကျေးမှု ပြင်ဆင်ရန်

ဂီတ ပြင်ဆင်ရန်

အနုပပညာ ပြင်ဆင်ရန်

စာပေနှင့် ဒဿန ပြင်ဆင်ရန်

သတင်းမီဒီယာ ပြင်ဆင်ရန်

အစားအစာ ပြင်ဆင်ရန်

အားကစား ပြင်ဆင်ရန်

မှတ်စု ပြင်ဆင်ရန်

  1. 1952 မှ 1990 ခုနှစ်အတွင်း "Deutschlandlied" တစ်ခုလုံးသည် နိုင်ငံတော်သီချင်းဖြစ်ခဲ့သော်လည်း တရားဝင်အချိန်များတွင် တတိယအပိုဒ်ကိုသာ သီဆိုခဲ့သည်။ ၁၉၉၁ ခုနှစ်မှစ၍ တတိယအပိုဒ်တစ်ခုတည်းကို နိုင်ငံတော်သီချင်းအဖြစ် သတ်မှတ်ခဲ့သည်။[၁]
  2. ဘာလင်မြို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရရုံးစိုက်ရာ မြို့တော်ဖြစ်သော်လည်း ယခင်ဂျာမနီဖက်ဒရယ်သမ္မတနိုင်ငံ၏ ယာယီမြို့တော်ဟောင်း ဘွန်းမြို့ကို "ဖက်ဒရယ်မြို့" (Bundesstadt) အဖြစ် သတ်မှတ်ထား၍ ဝန်ကြီးဌာနခြောက်ခု ရုံးစိုက်သည်။[၂]
  3. ဒန်းနိသျှဘာသာစကားအနိမ့်ဂျာမန်ဘာသာစကားဆောဘီယန် ဘာသာစကားများရိုမာနီဘာသာစကားနှင့် ဖရီဆီးယန်း ဘာသာစကားများကို ဒေသဆိုင်ရာသို့မဟုတ် လူနည်းစုဘာသာစကားများအတွက် ဥရောပပဋိညာဉ်က အသိအမှတ်ပြုသည်။[၃]
  4. ဂျာမန်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖက်ဒရယ်လွှတ်တော် နှင့် ဖက်ဒရယ်ကောင်စီတို့ကို သီးခြားဥပဒေပြု အဖွဲ့အစည်းနှစ်ခုအဖြစ် သတ်မှတ်သည်။ ထို့ကြောင့် ဂျာမနီနိုင်ငံသည် လွှတ်တော်နှစ်ရပ်ပေါင်းစနစ်ကို မကျင့်သုံးဘဲ သီးခြားလွှတ်တော် တစ်ရပ်စီသာရှိသည်။

ကိုးကား ပြင်ဆင်ရန်

  1. Repräsentation und Integration (in de)။ Bundespräsidialamt။ 7 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 March 2016 တွင် ပြန်စစ်ပြီး။
  2. The German Federal Government (23 January 2018)။ 30 April 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  3. Gesley၊ Jenny (26 September 2018)။ The Protection of Minority and Regional Languages in Germany။ Library of Congress။ 25 May 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  4. Germany။ CIA။ 9 January 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 March 2020 တွင် ပြန်စစ်ပြီး။
  5. Surface water and surface water change။ Organisation for Economic Co-operation and Development (OECD)။ 24 March 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 October 2020 တွင် ပြန်စစ်ပြီး။
  6. Bevölkerung nach Geschlecht und Staatsangehörigkeit။ 23 August 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 August 2022 တွင် ပြန်စစ်ပြီး။
  7. ၇.၀ ၇.၁ ၇.၂ ၇.၃ World Economic Outlook database: October 2022International Monetary Fund (October 2022)။ 12 October 2022 တွင် ပြန်စစ်ပြီး။
  8. Gini coefficient of equivalised disposable incomeEurostat။ 9 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 June 2022 တွင် ပြန်စစ်ပြီး။
  9. Human Development Report 2021/2022United Nations Development Programme (8 September 2022)။ 8 September 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။