၂၀၁၁ မုံရွာရေကြီးမှု
ရေကြီးမှုဖြစ်စဉ်
ပြင်ဆင်ရန်ဘင်္ဂလားပင်လယ်အော်မှ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့သော မုန်တိုင်းငယ်၏ အရှိန်ကြောင့် အောက်တိုဘာလ၊ (၂၀) ရက်နေ့တွင် မုံရွာမြို့နယ်အတွင်း ရေကြီးမှု ဖြစ်ပွားခဲ့၍ မြို့နယ်တွင်း သွားလာရေးခက်ခဲပြီး တောင်သူများနှင့် ခြံစိုက်ပျိုးရေးသမားများ ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်။
ထိခိုက်ပျက်စီးမှု
ပြင်ဆင်ရန်မိုးညှင်းသမ္ဗုဒ္ဒေစေတီ ရှေ့ လမ်းမပေါ်တွင် ထနောင်းပင်ကြီး တစ်ပင်လဲကျခဲ့ပြီး လမ်းပိတ်ဆို့မှုများလည်း ဖြစ်ပေါ်ခဲ့သည်။ ဤရေကြီးမှုကြောင့် ကျောက္ကာ၊ ထန်းဇလုတ်ချောင်း ရေကြောင်း ကျသောဒေသများ ပိုမိုထိခိုက်သည်။ အထူးသဖြင့် မုံရွာ-မန္တလေးကားလမ်းအနီးရှိ ထနောင်းတော နှင့် မအူရွာတို့၏ အဓိကစိုက်ခင်းများ ရေမြုပ်ကုန်သည်။ ရေကြီးမှုကြောင့် ကြက်သွန်၊ ကွမ်းခြံ၊ ပန်းမုန်လာ၊ ခရမ်းချဉ်၊ ဝါ၊ ပဲစင်းငုံ စိုက်ခင်းများ ရေမြုပ်ပျက်စီးကုန်သည်။ [၁]
ဆက်စပ်ကြည့်ရှုရန်
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်