၂၀၁၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
၂၀၁၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် ဖိလစ်ပိုင်နိုင်ငံ၌ ၂၀၁၉ခုနှစ် နိုဝင်ဘာ ၃၀ရက်မှ ဒီဇင်ဘာ ၁၁ရက်အထိကျင်းပသော အကြိမ် (၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံသည် ၁၉၈၁၊ ၁၉၉၁၊ ၂၀၀၅ပွဲတော်များကို အိမ်ရှင်အဖြစ် ၃ကြိမ်ကျင်းပခဲ့ပြီး ၂၀၁၉ခုနှစ်တွင် စတုတ္ထအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ သမ္မတ ဒူတာတေးမှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။
ကျင်းပရာမြို့ | နယူးကလပ်မြို့ | ||
---|---|---|---|
ဆောင်ပုဒ် | "We Win As One"[၁] (Filipino: Mananalo Tayo Bilang Isa) | ||
ပါဝင်သော နိုင်ငံများ | ၁၁ | ||
ပါဝင်ဆင်နွဲသော အားကစားသမားများ | ၅၆၃၀ | ||
ကစားပွဲအမျိုးအစား | ၅၃၀ | ||
ဖွင့်ပွဲအခမ်းအနား | ၃၀ နိုဝင်ဘာ | ||
ပိတ်ပွဲအခမ်းအနား | ၁၁ ဒီဇင်ဘာ | ||
တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | ရော်ဒရီဂို ဒူတာတေး | ||
Athlete's Oath | Francesca Altomonte | ||
Judge's Oath | Daren Vitug | ||
Torch Lighter |
| ||
အဓိကအားကစားကွင်း | ဖိလစ်ပိုင် ပွဲခန်းမ(ဖွင့်ပွဲ) နယူးကလတ်စီးတီး ပြေးခုန်ပစ်အားကစားကွင်း (ပိတ်ပွဲ) | ||
ဝက်ဘ်ဆိုဒ် | 2019 Southeast Asian Games | ||
|
နိုင်ငံ၁၁နိုင်ငံမှ အားကစားသမားပေါင်း ၅၆၃၀ခန့်က အားကစားနည်း ၅၆မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို ဖိလစ်ပိုင်ပွဲခန်းမတွင် ကျင်းပခဲ့သည်။ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်းတို့က ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။
လက်ခံကျင်းပခြင်း
ပြင်ဆင်ရန်အိမ်ရှင်ရွေးချယ်ခြင်း
ပြင်ဆင်ရန်ဘရူနိုင်း
ပြင်ဆင်ရန်၂၀၁၂ ဇူလိုင် ၁၈ တွင် ဘရူနိုင်းနိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကိုလက်ခံကျင်းပရန် ရွေးချယ်ခဲ့သည်။ ဘရူနိုင်းသည် ၁၉၉၉ ခုနှစ်တွင် တစ်ကြိမ်မျှသာ လက်ခံခဲ့ဖူးသည်။၂၀၁၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို လက်ခံကျင်းပရန် ဆန္ဒရှိခဲ့၍ နိုင်ငံ၏ အားကစားအဆင့်အတန်းကို မြှင့်တင်ကာ အားကစားရုံသစ်များ ဆောက်လုပ်ရန် အစီအစဉ်ဆွဲခဲ့သော်လည်း ၂၀၁၅ခုနှစ် ဇွန် ၄ ရက်နေ့ အစည်းအဝေးတွင် နုတ်ထွက်ခဲ့သည်။
ဘရူနိုင်းနုတ်ထွက်ပြီးနောက် ဖိလစ်ပိုင်မှလက်ခံခဲ့သည်။ သို့သော် မာဝီကျွန်းပြဿနာများကြောင့် ၂၀၁၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ စတင်ကာနီးတွင် နုတ်ထွက်ခဲ့ရာ ထိုင်းနိုင်ငံမှ လက်ခံကျင်းပရန် စိတ်ဝင်စားခဲ့သည်။ သို့သော် ဩဂုတ်၂၀၁၇ တွင် ဖိလစ်ပိုင်မှ ၂၀၁၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို လက်ခံကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ဖိလစ်ပိုင်
ပြင်ဆင်ရန်ဘရူနိုင်းနုတ်ထွက်သွားပြီးနောက် ထိုင်းနှင့်အပြိုင် ဖိလစ်ပိုင်မှ စိတ်ဝင်စားခဲ့သည်။ ၂၀၂၁ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲလက်ခံကျင်းပမည့် ဗီယက်နမ်ကို ၂၀၁၉ ခုနှစ်သို့ ပြောင်းလဲအိမ်ရှင်ပြုလုပ်ခွင့်ကိုပေးခဲ့သော်လည်း ငြင်းဆိုခဲ့သည်။ ဖိလစ်ပိုင်ကို ၂၀၁၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ကျင်းပစေခဲ့သည်။ သို့သော် ၂၁ ဇူလိုင် ၂၀၁၇ခုနှစ်တွင် မာဝီကျွန်းပြဿနာများကြောင့် အိမ်ရှင်အဖြစ်မှ နုတ်ထွက်ကြောင်း ပြောကြားခဲ့ပြီး ၂၀၁၉ပွဲတော်အား ထိုင်းနိုင်ငံမှ လက်ခံကျင်းပရန် စိတ်ဝင်စားခဲ့သည်။ သို့သော် ထိုနှစ် ဩဂုတ်လတွင် ဖိလစ်ပိုင်မှ ၂၀၁၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို လက်ခံကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့ပြန်သည်။၂၀၁၉ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မြို့တော် မနီလာမြို့နှင့်အတူ ဒါဗိုမြို့တို့တွင် အဓိက ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲအချို့ကို စီဘူး၊ အဲဗေမြို့များတွင် ကျင်းပသွားရန် စီစဉ်ထားရှိခဲ့သည်။ သို့သော် နောက်ဆုံးတွင် နယူးကလတ်မြို့တွင် အများစုကျင်းပရန် စီစဉ်ခဲ့ကြသည်။
အလံလွှဲပြောင်းရယူခြင်း
ပြင်ဆင်ရန်၂၀၁၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ပိတ်ပွဲတွင် အရှေ့တောင်အာရှ အားကစားအဖွဲ့ချုပ်အလံကို ဖိလစ်ပိုင်အိုလံပစ်ကော်မတီဥက္ကဋ္ဌနှင့် နိုင်ငံခြားရေးဝန်ကြီးတို့မှ ရယူခဲ့သည်။ ယခင်ပိတ်ပွဲများတွင် နောက်လက်ခံကျင်းပမည့်နိုင်ငံမှ ဖျော်ဖြေရေးနေရာတွင် ထိုနိုင်ငံ၏ယဉ်ကျေးမှုကို ထင်ဟပ်စေသောဖျော်ဖြေမှုများတင်ဆက်ခဲ့သော်လည်း ဖိလစ်ပိုင်နိုင်ငံကမူ ဗီဒီယိုသာပြသနိုင်ခဲ့သည်။
ကြိုတင်ပြင်ဆင်မှု
ပြင်ဆင်ရန်ဖိလစ်ပိုင်နိုင်ငံ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပရေး ကော်မတီကို ၂၀၀၅ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့်မတူညီစေဘဲ ဖွဲ့စည်းခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးဟောင်း အလန် ပီတာ ကာတေနို မှာ ၂၀၁၉ ခုနှစ် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီ၏ ဥက္ကဋ္ဌတာဝန်ကို တာဝန်ယူဆောင်ရွက်မည် ဖြစ်သည်။[၂]
ပြိင်ပွဲမကျင်းပမီ ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ၃ ကြိမ်ကျင်းပမည် ဖြစ်ပြီး ပထမ အစည်းအဝေးကို ၂၀၁၈ ခုနှစ် မေလ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တို့တွင် ရှန်ဂရီလာဟိုတယ်တွင် ကျင်းပခဲ့သည်။ ဒုတိယအကြိမ် အစည်းအဝေးကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလထဲတွင် ကျင်းပမည် ဖြစ်သည်။
အားကစားကွင်းများ
ပြင်ဆင်ရန်၂၀၁၉အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် အဓိကနေရာ လေးနေရာအဖြစ် ကလက်၊ ဆူးဘစ်၊ မက်ထရို မနီလာနှင့် အခါးနေရာများဖြစ်သည်။[၃]အဓိက လက်ခံကျင်းပရာနေရာအဖြစ် ကလက်မြို့သစ်ကို အသုံးပြုမည်ဖြစ်သည်။ ဒုတိယအနေဖြင့် ဆူးဘစ်ကို အသုံးပြုမည်ဖြစ်သည်။
Cluster | City/Municipality | Venue | Event(s) |
---|---|---|---|
Competition proper | |||
ကလက် | Mabalacat | Clark International Sports Complex | Baseball, Softball[၄] |
Capas | National Athletics Stadium | Athletics | |
New Clark City Aquatic Center | Aquatics | ||
to be announced | Shooting, Archery, Martial arts sports | ||
ဆူးဘစ် | Subic | to be announced | Triathlon, Duathlon, Sailing, Sepak takraw[၅] |
Manila | Makati | Makati Square | Billiards, Snooker |
Manila Polo Club | Equestrian, Polo, Squash[၆] | ||
Mandaluyong | Starmall EDSA-Shaw | Bowling | |
Manila | Rizal Memorial Stadium | Football[၅] | |
Pasay | Cuneta Astrodome | Basketball[၅] | |
Mall of Asia Arena | Basketball[၅] | ||
SMX Convention Center | Boxing, Gymnastics,[၅] Muay[၇] | ||
Quezon City | Smart Araneta Coliseum | Volleyball[၈] | |
Non-competition proper | |||
Bulacan | Bocaue | Philippine Arena | Opening ceremony |
Clark | Capas | National Athletics Stadium | Closing ceremony |
ပြိုင်ပွဲအထိမ်းအမှတ်များ
ပြင်ဆင်ရန်အထိမ်းအမှတ်တံဆိပ်
ပြင်ဆင်ရန်၂၀၁၉အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်၏ အမှတ်တံဆိပ်မှ ကွင်း၁၁ကွင်းကို ဖိလစ်ပိုင်နိုင်ငံ၏ မြေပုံအတိုင်း ချိတ်ဆက်ဖန်တီးထားသည်။ ထိုကွင်းများကို အနီရောင်၊ အစိမ်းရောင်၊ အဝါရောင်နှင့် အပြာရောင်တို့ ခြယ်ထားသည်။
လာဘ်ကောင်
ပြင်ဆင်ရန်၂၀၁၉အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ လာဘ်ကောင်မှာ ပါမီ(Pami)ဟုအမည်ပေးထားကာ မိသားစုဟု အဓိပ္ပာယ်ရသော ဖိလစ်ပိုင်စကား pamilyaမှ ဆင်းသက်လာသည်။
ပွဲများနှင့် အားကစား
ပြင်ဆင်ရန်ဖွင့်ပွဲအခမ်းအနား
ပြင်ဆင်ရန်၂၀၁၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၃၀ရက်နေ့ ည ၆နာရီအချိန်တွင် ဖိလစ်ပိုင်အယ်ရီနာတွင် ကျင်းပခဲ့သည်။ အားကစားပြိုင်ပွဲကို သမ္မတ ရော်ဒရီဂို ဒူတာတေး မှ ဖွင့်လှစ်ပေးခဲ့သည်။
ပိတ်ပွဲအခမ်းအနား
ပြင်ဆင်ရန်၂၀၁၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၉ခုနှစ် ဒီဇင်ဘာလ ၁၁ရက်နေ့ တွင် နယူးကလပ် ပြေးခုန်ပစ် အားကစားကွင်းတွင် ကျင်းပခဲ့သည်။
ပါဝင်သည့်နိုင်ငံများ
ပြင်ဆင်ရန်- ဘရူနိုင်း (၂၅၇)
- ကမ္ဘောဒီးယား (၅၁၀)
- အင်ဒိုနီးရှား (၈၃၇)
- လာအို (၄၁၉)
- မလေးရှား (၇၇၃)
- မြန်မာ (၉၅၂)
- ဖိလစ်ပိုင် (၁၁၁၅)
- စင်ကာပူ (၆၆၆)
- ထိုင်း (၉၈၀)
- အရှေ့တီမော (၄၈)
- ဗီယက်နမ် (၈၅၆)
အားကစားနည်းများ
ပြင်ဆင်ရန်- မြားပစ်
- အားနစ်
- ပြေးခုန်ပစ်
- ကြက်တောင်ရိုက်
- ဘေ့စ်ဘော
- ဘတ်စကက်ဘော
- ၅×၅ ဘတ်စကက်ဘော
- ၃×၃ ဘတ်စကက်ဘော
- ဘီလိယက်နှင့် စနူကာ
- လက်ဝှေ့
- ဘိုလင်း
- ကနူး/ကယက်/ရိုးရာလှေ
- ကနူးလှေ၊ ကယက်
- ရိုးရာလှေ
- စစ်တုရင်
- စက်ဘီးစီး
- BMX
- Mountain
- Road
- Dancesport
- ဒိုင်ဗင်
- ၂မျိုးဆင့်အားကစား
- အီလက်ထရောနစ်အားကစားနည်း
- ဓားသိုင်း
- Floorball
- ဘောလုံး
- ဂေါက်သီးရိုက်
- ကျွမ်းဘား
- Artistic
- Aerobic
- Rhythmic
- Beach Handball
- ရေခဲပြင်ဟော်ကီ
- ရေခဲပြင်စကိတ်
- Figure skating
- Short track speed skating
- ရုံတွင်းဟော်ကီ
- ဂျူဒို
- ဂျူဂျစ်ဆု
- ကရာတေး
- Kick Boxing
- ကူရက်ရှ်
- Lawn Bowls/ပီတန်း
- Lawn Bowls
- ပီတန်း
- မွေထိုင်း
- ခေတ်သစ် ၅မျိုးဆင့်အားကစားနည်း
- Netball
- Obstacle Racing
- ပန်ကြပ်ဆီလပ်
- ပိုလို
- လှေလှော်
- ရက်ဘီ
- ရွက်လှေ
- Sambo
- ပိုက်ကျော်ခြင်း
- သေနတ်ပစ်
- Skateboarding
- Soft Tennis
- Softball
- စကွက်ရှ်
- Surfing
- ရေကူး
- စားပွဲတင်တင်းနစ်
- တိုက်ကွမ်ဒို
- တင်းနစ်
- ၃မျိုးဆင့် အားကစား
- ရေအောက်ဟော်ကီ
- ဘော်လီဘော
- ရေလွှာလှိုင်းစီး
- ဝါတာပိုလို
- အလေးမ
- နပန်း
- ဝူရှုး
ဆုတံဆိပ်ဇယား
ပြင်ဆင်ရန်- Key
* အိမ်ရှင်
အဆင့် | NOC | ရွှေ | ငွေ | ကြေး | စုစုပေါင်း |
---|---|---|---|---|---|
၁ | ဖိလစ်ပိုင်* | ၁၄၉ | ၁၁၇ | ၁၂၁ | ၃၈၇ |
၂ | ဗီယက်နမ် | ၉၈ | ၈၅ | ၁၀၅ | ၂၈၈ |
၃ | ထိုင်း | ၉၂ | ၁၀၃ | ၁၂၃ | ၃၁၈ |
၄ | အင်ဒိုနီးရှား | ၇၂ | ၈၄ | ၁၁၁ | ၂၆၇ |
၅ | မလေးရှား | ၅၆ | ၅၇ | ၇၁ | ၁၈၄ |
၆ | စင်ကာပူ | ၅၃ | ၄၆ | ၆၈ | ၁၆၇ |
၇ | မြန်မာ | ၄ | ၁၈ | ၅၁ | ၇၃ |
၈ | ကမ္ဘောဒီးယား | ၄ | ၆ | ၃၆ | ၄၆ |
၉ | ဘရူနိုင်း | ၂ | ၅ | ၆ | ၁၃ |
၁၀ | လာအို | ၁ | ၅ | ၂၉ | ၃၅ |
၁၁ | အရှေ့တီမော | ၀ | ၁ | ၅ | ၆ |
စုစုပေါင်း (11 NOCs) | ၅၃၁ | ၅၂၇ | ၇၂၆ | ၁၇၈၄ |
ကိုးကား
ပြင်ဆင်ရန်- ↑ "Cayetano on 2019 SEA Games logo: It stands out"၊ The Philippine Star၊ 30 August 2018။
- ↑ Cordero၊ Abac (10 October 2017)။ Cayetano to call shots for 2019 SEAG။ 22 March 2018 တွင် ပြန်စစ်ပြီး။
- ↑ Venues။ Philippine SEA Games Committee Executive Offce။ 29 November 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ ကိုးကား အမှား - Invalid
<ref>
tag; no text was provided for refs namedrplrsnowball
- ↑ ၅.၀ ၅.၁ ၅.၂ ၅.၃ ၅.၄ "SEA Games basketball at Big Dome, volleyball at MOA; PH Arena eyed for opening ceremony"၊ Sports Interactive Network Philippines၊ 17 May 2018။ 19 May 2018 တွင် ပြန်စစ်ပြီး။
- ↑ https://www.philstar.com/sports/2018/05/19/1816698/metro-manila-venues-hold-top-seag-events
- ↑ ကိုးကား အမှား - Invalid
<ref>
tag; no text was provided for refs namedabs30
- ↑ "Volleyball gets Manila venues for 2019 SEA Games"၊ Philippine Daily Inquirer၊ 17 May 2018။ 19 May 2018 တွင် ပြန်စစ်ပြီး။
ယခင်က ၂၀၁၇ ကွာလာလမ်ပူ၊ မလေးရှားနိုင်ငံ |
၃၀ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ၂၀၁၉ နယူးကလက်၊ ဖိလစ်ပိုင်နိုင်ငံ |
ဆက်ခံသူ ၂၀၂၁ ဟနွိုင်း, ဗီယက်နမ်နိုင်ငံ |