၂၀၂၁ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ

၂၀၂၁ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့တွင် ကျင်းပ​ခဲ့သော ၃၁ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ၂၀၂၂ခုနှစ် ​မေလ (၁၂)ရက်​နေ့မှ (၂၃)ရက်​နေ့အထိ ကျင်းပခဲ့ကာ အားကစားနည်း​ပေါင်း (၄၀) ပါဝင်သည်။ ၂၀၂၀ နွေရာသီ အိုလံပစ်ပြိုင်ပွဲ ကဲ့သို့ပင် ၂၀၂၁ အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲအား ၂၀၂၂ခုနှစ်တွင် ​ပြောင်း၍ ကျင်းပ​သော်လည်း ၂၀၂၁ ​ခေါင်းစဉ်​အောက်မှပင် ကျင်းပခဲ့သည်။

၂၀၂၁ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
XXXI Southeast Asian Games
ကျင်းပရာမြို့ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့
ဆောင်ပုဒ်"For a Stronger Southeast Asia" (ဗီယက်နမ်: Vì một Đông Nam Á mạnh mẽ hơn)[]
ပါဝင်သော နိုင်ငံများ၁၁
ပါဝင်ဆင်နွဲသော အားကစားသမားများ၅,၄၆၇
ကစားပွဲအမျိုးအစား၅၂၆ (၄၀)
ဖွင့်ပွဲအခမ်းအနား၁၂ ​မေ ၂၀၂၂
ပိတ်ပွဲအခမ်းအနား၂၃ ​မေ ၂၀၂၂
တရားဝင်ဖွင့်လှစ်ပေးခဲ့သူငုယင်စွမ်းဖု
ဗီယက်နမ်နိုင်ငံ၏ သမ္မတ
အဓိကအားကစားကွင်းမိုင်ဒင်း အမျိုးသားအားကစားကွင်း
၂၀၁၉ ၂၀၂၃  >

နိုင်ငံ၁၁နိုင်ငံမှ အားကစားသမားပေါင်း (၅,၄၆၇) ခန့်က အားကစားနည်း (၄၀)မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို မိုင်ဒင်း အမျိုးသားအားကစားကွင်းတွင် ကျင်းပခဲ့သည်။ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှားတို့က ပထမ၊ဒုတိယနှင့် တတိယ ရရှိခဲ့သည်။

မူလက ၂၀၂၁ ခုနှစ် နိုဝင်ဘာ (၂၁)ရက်​နေ့မှ ဒီဇင်ဘာ (၂)ရက်​နေ့အထိ ကျင်းပရန် စီစဉ်ထားခဲ့သည်။၂၀၂၁ခုနှစ် ဇွန်လ ၉ရက်​နေ့တွင် ကျင်းပသော အစည်းအဝေး၌ အိမ်ရှင်ဗီယက်နမ်က ပြိုင်ပွဲကို ၂၀၂၂ခုနှစ် ဇွန်လ[]သို့ ပြောင်းရွှေ့ရန် အဆိုတင်သွင်းခဲ့သည်။ အကြောင်းပြချက်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှူပြန်လည်မြင့်တက်လာ၍ဟု ဆိုသည်။ သို့ရာတွင်ဆီးဂိမ်းဖက်ဒရေးရှင်းအဖွဲ့ဝင် ၁၁နိုင်ငံမှ ၈နိုင်ငံကမူ ယင်းအဆိုကို ကန့်ကွက်ခဲ့သည်။[]သို့သော် ပြိုင်ပွဲကျင်းပမည့်ရက်ကို ၂၀၂၂ခုနှစ် ဇူလိုင်လသို့ ရွှေ့ဆိုင်းခဲ့ပြီး ​နောက်ပိုင်းတွင် ​မေလ၌ကျင်းပရန် အတည်ပြုခဲ့သည်။[]

လက်ခံကျင်းပခြင်း

ပြင်ဆင်ရန်

မြို့များရွေးချယ်ခြင်း

ပြင်ဆင်ရန်

ဟနွိုင်းနှင့် ဟိုချီမင်းမြို့တို့ကို လက်ရှိတွင် ရွေးချယ်ထားသည်။ အစပိုင်းတွင် ဟိုချီမင်းကို ရွေးရန် အားသာနေသော်လည်း ​နောက်ပိုင်းတွင် ဟနွိုင်းရှိ အားကစားရုံများကြောင့် ၎င်းကိုရွေးရန် အားသာခဲ့သည်။၂၀၁၈ခုနှစ် ဇူလိုင် ၉ရက်နေ့တွင် ဗီယက်နမ်အစိုးရက ဟနွိုင်းမြို့ကို ၂၀၂၁ဆီးဂိမ်းနှင့် ၁၁ကြိမ်မြောက်အာဆီယံပါရာဂိမ်းအတွက် အိမ်ရှင်မြို့အဖြစ် ရွေးချယ်ခဲ့သည်။

ဟနွိုင်း

ပြင်ဆင်ရန်

ဟနွိုင်းမြို့မှ အားကစား၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနသို့ တင်ပြချက်အရ အမေရိကန်ဒေါ်လာ ၇၇ သန်းသုံးရန် စီစဉ်ထားသည်။ ၄.၃ သန်းကို စပွန်ဆာများမှ ပြန်လည်ရရန် မျှော်လင့်ထားသည်။

 
မိုင်ဒင်းအမျိုးသားအားကစားကွင်း

ဟိုချီမင်း

ပြင်ဆင်ရန်

၂၀၁၇ ဒီဇင်ဘာတွင် ဟိုချီမင်းမြို့တော် စည်ပင်အဖွဲ့မှ ၎င်းတို့၏ အိမ်ရှင်အဆိုပြုလွှာကို တင်သွင်းခဲ့သည်။ အမေရိကန်ဒေါ်လာ သန်း ၃၃၀ အနက်မှ ၂၉၀ ကို ကွင်းများအဆင့်မြှင့်တင်ရန်နှင့် ကျန် ၄၀ ကို စီစဉ်ဆောင်ရွက်ရန် အသုံးပြုမည် ဖြစ်သည်။

ကြိုတင်ပြင်ဆင်မှုများ

ပြင်ဆင်ရန်

ဗီယက်နမ်နိုင်ငံ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပရေးကော်မတီ (SEAGOC)ကို ၂၀၂၀ပြည့်နှစ် ဧပြီလတွင် ဖွဲ့စည်းခဲ့သည်။COVID 19ရောဂါကြောင့် ပြိုင်ပွဲအတွက် ခွင့်ပြုထားသည့် ဘဏ္ဍငွေအချို့ ဖြတ်တောက်ခံခဲ့ရသည်။ ပြိုင်ပွဲအတွက် အမေရိကန်ဒေါ်လာ ၆၉.၃သန်း သုံးစွဲရန် လျာထားပြီး ၄၂.၃သန်းကို ပြိုင်ပွဲကျင်းပရေးအတွက်သုံးရန်ဖြစ်ပြီး ၂၅.၉သန်းကို အားကစားကွင်းများပြုပြင်ရန် သုံးမည်ဖြစ်သည်။ ပြိုင်ပွဲအတွက် အားကစားကွင်းများစွာ ထပ်မံတည်​ဆောက်မည်မဟုတ်ဘဲ ရှိရင်းစွဲများကိုသာ ပြန်လည်ပြုပြင်မည်ဖြစ်သည်။

ပြိုင်ပွဲရွှေ့ဆိုင်းခြင်း

ပြင်ဆင်ရန်

၂၀၂၀ပြည့်နှစ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားခဲ့ပြီးနောက် ကမ္ဘာအနှံ့ အားကစားပြိုင်ပွဲများ ဖျက်သိမ်းခဲ့ရသည်။၂၀၁၉ နယူးကလပ်ပွဲတော်အပြီး ကျင်းပမည့် ၂၀၂၀အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကိုလည်း ဖျက်သိမ်းခဲ့ကြသည်။ ဗီယက်နမ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါသည် ၂၀၂၁ဟနွိုင်းပွဲတော်ကျင်းပရန် ၆လခန့်အလိုတွင် ပြန်လည်မြင့်တက်လာခဲ့သဖြင့် ၂၀၂၁ခုနှစ် ဇွန်လဆန်းကကျင်းပသော အစည်းအဝေးတွင် ဗီယက်နမ်နိုင်ငံ အိုလံပစ်ကော်မတီက အားကစားပွဲရွှေ့ဆိုင်းရေးအဆိုကို တင်သွင်းခဲ့သည်။မြန်မာနှင့် အိမ်ရှင်ဗီယက်နမ်တို့က ၎င်းအဆိုကို ထောက်ခံကြပြီး လာအိုနိုင်ငံက ကြားနေကာ ဘရူနိုင်းကမ္ဘောဒီးယားအင်ဒိုနီးရှားမလေးရှားထိုင်းနိုင်ငံဖိလစ်ပိုင်စင်ကာပူနှင့် အရှေ့တီမော နိုင်ငံတို့က ကန့်ကွက်ခဲ့ကြသည်။[]ဗီယက်နမ်နိုင်ငံသည် ၂၀၂၁ခုနှစ် ဇွန်လ ၁၀ရက်နေ့အထိ ရောဂါပိုးတွေ့ရှိသူ ၉၇၀၀ကျော်ရှိကာ ကုသနေဆဲလူနာ ၅၀၀၀ကျော်ရှိနေသည်။ အခြားကန့်ကွက်သည့် မြန်မာနိုင်ငံကမူ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေးအခြေအနေရှုပ်ထွေးနေသည့် နိုင်ငံဖြစ်သည်။၂၀၂၁ခုနှစ် ဇွန်လအကုန်ပိုင်းတွင် ဗီယက်နမ်အိုလံပစ်ကော်မတီက အခြားအိုလံပစ်ကော်မတီ (၁၀)ခုသို့ အားကစားပွဲကို ရွှေ့ဆိုင်းကြောင်း အကြောင်းကြားစာ ပေးပို့ခဲ့သည်။[]

အထိမ်းအမှတ်များ

ပြင်ဆင်ရန်

အထိမ်းအမှတ်တံဆိပ်

ပြင်ဆင်ရန်

၂၀၂၁ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ ချိုးငှက်နှင့် လူ၏လက်ကို အင်္ဂလိပ်အက္ခရာ ဗွီ (V) ပုံစံပုံဖော်ထားပြီး အောင်မြင်ခြင်း (Victory)နှင့် ဗီယက်နမ် (Vietnam)ကို ကိုယ်စားပြုသည်။ ကွင်း၁၁ကွင်းမှာ SEAGFနိုင်ငံ ၁၁နိုင်ငံကို ကိုယ်စားပြုသည်။

လာဘ်ကောင်

ပြင်ဆင်ရန်

၂၀၂၁ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ လာဘ်ကောင်မှာ Saolaခေါ် ရှားပါးနို့တိုက်သတ္တဝါဖြစ်သည်။၎င်းကို ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းတွင် တွေ့ရသည်။ဤလာဘ်ကောင်ပုံမှာ အခြားသော လာဘ်ကောင်ပုံစံ (၅၅၇) ခုကို အနိုင်ရရှိခဲ့ပြီး တရားဝင်အထိမ်းအမှတ်လာဘ်ကောင်ဖြစ်လာခဲ့သည်။

ဆောင်ပုဒ်

ပြင်ဆင်ရန်

၂၀၂၁ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဆောင်ပုဒ်မှာ For a Stronger South East Asia ဖြစ်သည်။ဤဆောင်ပုဒ်မှာ ၂၀၂၀ပြည့်နှစ်တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်သော ဗီယက်နမ်နိုင်ငံ၏ မျှော်လင့်ချက်ကို ကိုယ်စားပြုသည်။ ဒေသတွင်း၏ ပိုမိုအားကောင်းစွာ တိုးတက်လာမှုနှင့် ကိုရိုနာဗိုင်းရပ်စ်ကို အောင်နိုင်စွာ တိုက်ထုတ်နိုင်ခြင်းကို ညွှန်းဆိုသည်။

ပွဲများနှင့်အားကစား

ပြင်ဆင်ရန်

ပါဝင်သည့်နိုင်ငံများ

ပြင်ဆင်ရန်

အရှေ့တောင်အာရှအားကစားပြိုင်ပွဲအဖွဲ့ဝင် ၁၁ နိုင်ငံပါဝင်ယှဉ်ပြိုင်ခဲ့သည်။

အားကစားနည်း

ပြင်ဆင်ရန်

အိုလံပစ်အားကစားနည်းများ အများစုပါဝင်မည့် အားကစားနည်းပေါင်း ၄၀ မျိုး ပါဝင်မည်ဖြစ်သည်။[][][]

  • ​ရေပိုင်းဆိုင်ရာအားကစားနည်းများ
    •  ဒိုင်ဗင်
    •  ​ရေကူး
    •  Finswimming
  •  မြားပစ်
  •  ​ပြေးခုန်ပစ်
  •  ကြက်​တောင်ရိုက်
  • ဘတ်စကက်ဘော
    •  ဘတ်စကက်ဘော ၅×၅
    •  ဘတ်စကက်ဘော ၃×၃
  •  ဘီလိယက်နှင့် စနူကာ
  •  ကိုယ်ကာယအလှပြ
  •  ဘိုလင်း
  •  လက်​ဝှေ့
  •  ကနူး​လှေ
  •  စစ်တုရင်
  • စက်ဘီးစီး
    •  Mountain Bike
    •  Road
  •  Dancesport
  •  အီလက်ထ​ရောနစ်အားကစား
  •  ဓားသိုင်း
  • ​ဘောလုံး
    •  ကမ်း​ခြေ​ဘောလုံး
    •  ​ဘောလုံး
    •  ဖူဆယ်
  •  ​ဂေါက်သီးရိုက်
  • ကျွမ်းဘား
    •  ​Artistic
    •  ​Rhythmic
    •  ​Aerobic
  •  ​Handball
  •  ​ဂျူဒို
  •  ​ဂျူဂျစ်ဆု
  •  ​ကရာ​တေး
  •  ​Kickboxing
  •  ​ကူရတ်ရှ်
  •  ​​မွေထိုင်း
  •  ပန်ကြပ်ဆီလပ်
  •  ပီတန်း
  •  ​လှေ​လှော်
  •  ပိုက်​ကျော်ခြင်း
  •  ​သေနတ်ပစ်
  •  စားပွဲတင်တင်းနစ်
  •  တိုက်ကွမ်ဒို
  •  တင်းနစ်
  •  ၃မျိုးဆင့် အားကစား
  • ​ဘော်လီ​ဘော
    •  ကမ်း​ခြေ
    •  ရုံတွင်း
  •  ဗိုဗီနမ်
  •   အ​လေးမ
  •  နပန်း
  •  ဝူရှုး

ဆုတံဆိပ်ဇယား

ပြင်ဆင်ရန်
Key

  *   အိမ်ရှင်

၂၀၂၁ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဆုတံဆိပ်ဇယား
 အဆင့်  NOC ရွှေ ငွေ ကြေး စုစုပေါင်း
  ဗီယက်နမ်* ၂၀၅ ၁၂၅ ၁၁၆ ၄၄၆
  ထိုင်း ၉၂ ၁၀၃ ၁၃၆ ၃၃၁
  အင်ဒိုနီးရှား ၆၉ ၉၁ ၈၁ ၂၄၁
  ဖိလစ်ပိုင် ၅၂ ၇၀ ၁၀၄ ၂၂၆
  စင်ကာပူ ၄၇ ၄၆ ၇၃ ၁၆၆
  မလေးရှား ၃၉ ၄၅ ၉၀ ၁၇၄
  မြန်မာ ၁၈ ၃၅ ၆၂
  ကမ္ဘောဒီးယား ၁၃ ၄၁ ၆၃
  လာအို ၃၃ ၄၂
၁၀   ဘရူနိုင်း
၁၁   အရှေ့တီမော
စုစုပေါင်း (11 NOCs) ၅၂၅ ၅၂၂ ၇၁၂ ၁၇၅၉
  1. Sao la là linh vật SEA Games 2021 (in vi)။
  2. "Vietnam to postpone SEA Games until next year: state media"။ Archived from the original on 10 June 2021။ 
  3. ၃.၀ ၃.၁ "Vietnam's proposal to postpone SEA Games opposed by most member states: Malaysian Olympic council"။ Archived from the original on 10 June 2021။ 
  4. ၄.၀ ၄.၁ "SEA Games 2021 is Postponed Till Next Year"။ 21 June 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 24 June 2021။ 
  5. Vietnam to add four sports for 2021 SEA Games (in en) (၂၀ ​အောက်တိုဘာ ၂၀၂၀)။ 14 June 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  6. Việt Nam chỉ tổ chức tối đa 40 môn tại SEA Games 31 (in vi) (၃ ဇူလိုင် ၂၀၂၀)။
  7. SEA Games 31 có thêm 4 môn thi đấu (in vi)။