၂၀၂၂ အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ
၂၀၂၂ အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 2022 ASEAN University Games) သည် ထိုင်းနိုင်ငံ၊ အူဘွန်ရချာဌာနီမြို့ (Ubon Ratchathani)တွင် ကျင်းပခဲ့သည့် အကြိမ် (၂၀) မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲဖြစ်သည်။[၁] ၂၀၂၂ခုနှစ် ဇူလိုင်လ (၂၆) ရက်နေ့မှ ဩဂုတ်လ (၆)အထိ ကျင်းပမည်ဖြစ်သည်။ မူလက ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာ (၁၃)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပရန် လျာထားခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုကြောင့် ပြိုင်ပွဲကို ၂၀၂၁ခုနှစ် ဇွန်လ (၁၈) ရက်မှ (၂၇)ရက်အထိလည်းကောင်း၊ ၂၀၂၂ခုနှစ် ဇွန်လ (၂၂)ရက်နေ့မှ (၃၀)ရက်နေ့အထိလည်းကောင်း ပြောင်းလဲကျင်းပရန် စီစဉ်ခဲ့ကြသည်။[၂] နောက်ဆုံးတွင်မှ ၂၀၂၂ခုနှစ် ဇူလိုင်လတွင်ကျင်းပရန် အတည်ပြုခဲ့ကြသည်။
ကျင်းပရာမြို့ | အူဘွန်ရချာဌာနီမြို့ | ||
---|---|---|---|
ပါဝင်သော နိုင်ငံများ | ၁၁ | ||
ကစားပွဲအမျိုးအစား | ၂၃၆ (၂၃မျိုး) | ||
ဖွင့်ပွဲအခမ်းအနား | ၂၆ ဇူလိုင် | ||
ပိတ်ပွဲအခမ်းအနား | ၆ ဩဂုတ် | ||
Torch Lighter | | ||
အခမ်းအနားကျင်းပရာ အားကစားကွင်း | Ubon Ratchathani Rajabhat တက္ကသိုလ် | ||
|
လက်ခံကျင်းပခြင်း
ပြင်ဆင်ရန်ထိုင်းနိုင်ငံသည် အကြိမ် (၂၀)မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကို ၂၀၂၀ပြည့်နှစ်တွင် လက်ခံကျင်းပခွင့် ရရှိခဲ့သည်။ သို့ရာတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုကြောင့် ၂၀၂၁ခုနှစ်သို့ ပြောင်းလဲကျင်းပရန် စီစဉ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် ၂၀၂၂ခုနှစ်တွင်မှ လက်ခံကျင်းပမည်ဖြစ်သည်။ နောက်ဆုံးကျင်းပခဲ့သည့် ၂၀၁၈ နေပြည်တော်ပွဲတော် ကျင်းပအပြီး လေးနှစ်အကြာမှသာ လက်ခံကျင်းပနိုင်ခြင်းဖြစ်သည်။[၃]
အားကစားကွင်းများ
ပြင်ဆင်ရန်၂၀၂၂အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲကို နေရာ (၁၃)နေရာ၌ ကျင်းပခဲ့သည်။[၄]
အားကစားကွင်း | အားကစားနည်း |
---|---|
Ubon Rachathani Rajabhat တက္ကသိုလ် | ဖွင့်ပွဲ၊ ပိတ်ပွဲ |
Ban Yang Noi Campus | ရေကူး၊ ကရာတေး၊ ပြေးခုန်ပစ်၊ ဘော်လီဘော၊ တောင်တက်၊ တိုက်ကွမ်ဒို |
Badminton Stadium, UBRU Main Campus | ကြက်တောင် |
Faculty of Nursing, UBRU Main Campus | စားပွဲတင်တင်းနစ် |
UBRU Main Campus UMT Stadium |
ဘောလုံး |
Main Stadium, Provincial Administrative Organization (PAO) | မြားပစ် |
Sisaket City | တင်းနစ်၊ လှေလှော် |
Sunee Tower | ဓားသိုင်း၊ ပန်ကြပ်ဆီလတ်၊ ဝူရှူး |
Faculty of Public Health, UBRU Main Campus | စစ်တုရင် |
Boxing Gym, UBRU Main Campus | မွေထိုင်း |
Indoor Stadium, UBRU Main Campus | ဖူဆယ် |
Petanque Suannok, UBRU Main Campus | ပီတန်း |
Gymnasium, UBRU Main Campus | ဘတ်စကက်ဘော |
Faculty of Computer Science, UBRU Main Campus | အီလက်ထရောနစ်အားကစား |
Stadium, UBRU Main Campus | ကမ်းခြေဘောလီဘော |
Benjamamaharaj School | ပိုက်ကျော်ခြင်း |
ပွဲများနှင့်အားကစား
ပြင်ဆင်ရန်ပါဝင်သောအားကစားနည်းများ
ပြင်ဆင်ရန်အားကစားနည်း ၂၃မျိုး လက်ခံကျင်းပခဲ့သည်။
- မြားပစ်
- ပြေးခုန်ပစ်
- ကြက်တောင်
- ဘက်စကတ်ဘော
- စစ်တုရင်
- အီလက်ထရောနစ်အားကစား
- ဓားသိုင်း
- ဘောလုံး
- ဘောလုံး
- ဖူဆယ်
- ကရာတေးဒို
- မွေထိုင်း
- ပန်ကြပ်ဆီလတ်
- ပီတန်း
- လှေလှော်
- ပိုက်ကျော်ခြင်း/ခြင်းလုံး
- တောင်တက်
- ရေကူး
- စားပွဲတင်တင်းနစ်
- တိုက်ကွမ်ဒို
- တင်းနစ်
- ဘော်လီဘော
- ကမ်းခြေ
- ရုံတွင်း
- ဝူရှုး
ပါဝင်သောနိုင်ငံများ
ပြင်ဆင်ရန်- ဘရူနိုင်း
- ကမ္ဘောဒီးယား
- အင်ဒိုနီးရှား
- လာအို
- မလေးရှား
- မြန်မာ
- ဖိလစ်ပိုင်
- စင်ကာပူ
- ထိုင်း (အိမ်ရှင်)
- အရှေ့တီမော
- ဗီယက်နမ်
ဆုတံဆိပ်ဇယား
ပြင်ဆင်ရန်- Key
* အိမ်ရှင်နိုင်ငံ
အဆင့် | NPC | ရွှေ | ငွေ | ကြေး | စုစုပေါင်း |
---|---|---|---|---|---|
၁ | ထိုင်း* | ၁၀၉ | ၆၁ | ၄၂ | ၂၁၂ |
၂ | မလေးရှား | ၄၉ | ၈၃ | ၅၀ | ၁၈၂ |
၃ | အင်ဒိုနီးရှား | ၄၃ | ၃၈ | ၃၈ | ၁၁၃ |
၄ | ဗီယက်နမ် | ၁၃ | ၆ | ၉ | ၂၈ |
၅ | စင်ကာပူ | ၈ | ၁၉ | ၂၆ | ၅၃ |
၆ | လာအို | ၅ | ၈ | ၂၀ | ၃၃ |
၇ | ဖိလစ်ပိုင် | ၅ | ၄ | ၄ | ၁၃ |
၈ | ကမ္ဘောဒီးယား | ၂ | ၇ | ၈ | ၁၇ |
၉ | မြန်မာ | ၂ | ၂ | ၂ | ၆ |
၁၀ | အရှေ့တီမော | ၀ | ၁ | ၃ | ၄ |
၁၁ | ဘရူနိုင်း | ၀ | ၀ | ၀ | ၀ |
Total (၁၁သင်း) | ၂၃၆ | ၂၂၉ | ၂၀၂ | ၆၆၇ |
ရင်းမြစ်:[၅]
ကိုးကား
ပြင်ဆင်ရန်- ↑ အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲအောင်နိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ။
- ↑ အာဆီယံတက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်းငါးမျိုး ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထား။
- ↑ ၂၀၂၂ အာဆီယံတက္ကသိုလ် အားကစားပြိုင်ပွဲ ကျင်းပမည့်ရက် ထုတ်ပြန်။ 6 December 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 June 2022 တွင် ပြန်စစ်ပြီး။
- ↑ Venues။ 21 September 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ Report။ 21 September 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 September 2022 တွင် ပြန်စစ်ပြီး။