၂၀၁၈ အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ

၂၀၁၈ ခုနှစ် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ (အင်္ဂလိပ်: 2018 ASEAN University Games) (တရားဝင်အမည်; ၁၉ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲ)သည် အာဆီယံတက္ကသိုလ်များအကြား ကျင်းပသည့် ၁၉ ကြိမ်မြောက် တက္ကသိုလ်များအားကစားပွဲတော် ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ပထမဆုံး လက်ခံကျင်းပခြင်းလည်း ဖြစ်သည်။

၁၉ ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ
ဆောင်ပုဒ်Youth and Friendship
မြန်မာ: လူငယ်နှင့်ချစ်ကြည်ရေး
ပါဝင်သော နိုင်ငံများ-
ပါဝင်ဆင်နွဲသော အားကစားသမားများ၂၀၇၈
ကစားပွဲအမျိုးအစားအားကစား ၁၇မျိုး (ပွဲစဉ် ၂၀၁)
ဖွင့်ပွဲအခမ်းအနား၁၀ ဒီဇင်ဘာ ၂၀၁၈
ပိတ်ပွဲအခမ်းအနား၁၉ ဒီဇင်ဘာ ၂၀၁၈
တရားဝင်ဖွင့်လှစ်ပေးခဲ့သူဦးမြင့်​ဆွေ
ဒုတိယသမ္မတ
တရားဝင်ပိတ်သိမ်းပေးခဲ့သူဦးမြင့်​ဆွေ
ဒုတိယသမ္မတ
Athlete's Oathစန္ဒီဦး
Torch Lighter​ဝေလင်း​အောင်
အခမ်းအနားကျင်းပရာ အားကစားကွင်းဝဏ္ဏသိဒ္ဓိ မိုးလုံလေလုံအားကစားရုံ-ဘီ
ဝက်ဘ်ဆိုဒ်2018 ASEAN University Games
၂၀၁၆ ၂၀၂၂  >

လက်ခံကျင်းပခြင်း ပြင်ဆင်ရန်

ဒုတိယသမ္မတ ဦးမြင့်ဆွေ နာယကအဖြစ် ပါဝင်သော ၁၉ ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ ဦးစီးကော်မတီကို ဖွဲ့စည်းခဲ့သည်။

အားကစားကွင်းများ ပြင်ဆင်ရန်

ဇမ္ဗူသီရိမြို့နယ်ရှိ ဇမ္ဗူသီရိ အားကစားရုံစုတွင် အားကစားပြိုင်ပွဲများကျင်းပခဲ့ပြီး အနီးရှိအားကစားရွာများတွင် အားကစားသမားများ ထားရှိသည်။

မြို့ နေရာ အားကစားနည်း
နေပြည်တော် ဝဏ္ဏသိဒ္ဓိ မိုးလုံ​လေလုံ အားကစားရုံ-ဘီ ဖွင့်ပွဲ၊ပိတ်ပွဲ
ဝဏ္ဏသိဒ္ဓိ ရေကူးအားကစားရုံ ရေကူး
ဝဏ္ဏသိဒ္ဓိ မြားပစ်ကွင်း မြားပစ်
ဝဏ္ဏသိဒ္ဓိ ပီတန်းအားကစားကွင်း ပီတန်း
ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ပြေးခုန်ပစ်၊​​ဘောလုံး
ဝဏ္ဏသိဒ္ဓိ မိုးလုံလေလုံအားကစားရုံ -အေ ကြက်တောင်၊ဘက်စကတ်ဘော
ဝဏ္ဏသိဒ္ဓိ မိုးလုံလေလုံအားကစားရုံ- စီ ဝူရှုး၊ကရာတေးဒို၊တင်းနစ်၊ဗိုဗီနမ်
ဝဏ္ဏသိဒ္ဓိ မိုးလုံလေလုံ ဖူဆယ်အားကစားကွင်း ပိုက်ကျော်ခြင်း၊ခြင်းလုံး
ဝဏ္ဏသိဒ္ဓိ မိုးလုံလေလုံအားကစားရုံ-ဘီ ဘော်လီဘော
ဝဏ္ဏသိဒ္ဓိ အားကစားကွင်း လေ့ကျင့်ရေးကွင်း အမှတ်(၃) ဘောလုံး
ဝဏ္ဏသိဒ္ဓိ မိုးလုံလေလုံ လက်ဝှေ့အားကစားရုံ စားပွဲတင်တင်းနစ်
မြို့တော်ဂေါက် ကလပ် ဂေါက်သီးရိုက်ပြိုင်ပွဲ
ငလိုက်ဆည် လှေလှော်
ဝဏ္ဏသိဒ္ဓိ မိုးလုံလေလုံ ဘီလိယက်နှင့်စနူကာအားကစားရုံ စစ်တုရင်
 
မိုးလုံလေလုံအားကစားရုံ
 
 
နေပြည်တော်
ကျင်းပရာမြို့

အထိမ်းအမှတ်များ ပြင်ဆင်ရန်

ဆောင်ပုဒ် ပြင်ဆင်ရန်

ဆောင်ပုဒ်အနေဖြင့် "လူငယ်နှင့်ချစ်ကြည်ရေး" ဖြစ်သည်။ ကျောင်းသားလူငယ်များအနေဖြင့် နိုင်ငံ၏ ပုံရိပ်အတွက် အောင်နိုင်ရေးကို အဓိကမထားဘဲ သန့်သန့်ရှင်းရှင်းဖြင့် ယှဉ်ပြိုင်သွားရန် ဖော်ညွှန်းထားခြင်း ဖြစ်သည်။

အထိမ်းအမှတ်တံဆိပ် ပြင်ဆင်ရန်

အထိမ်းအမှတ်တံဆိပ်တွင် နိုင်ငံ​တော်အလံတွင်ပါဝင်​သော အ​ရောင်​လေးမျိုးကိုသုံးထားသည်။ အဝါ​ရောင်သည် ယုံကြည်ခြင်း၊တည်ငြိမ်​အေးချမ်းခြင်း၊ဉာဏွပညာကြီးခြင်းကို ကိုယ်စားပြုသည်။ အဝါ​ရောင်​နေမင်းမှ အဝါ​ရောင်​ ​ရောင်စဉ်တန်း၁၁ခုမှာ အ​ရှေ့​တောင်အာရှနိုင်ငံ၁၁နိုင်ငံကို ကိုယ်စားပြုသည်။ အစိမ်း​ရောင်သည် ငြိမ်းချမ်းခြင်း၊သဟဇာတဖြစ်ခြင်းနှင့် ညီညွတ်ခြင်းကို​ဖော်ပြသည်။ ထို့အပြင် မြန်မာပြည်၏​တောင်တန်းနှင့်သစ်​တောများကိုလည်း ကိုယ်စားပြုသည်။ အနီ​​ရောင်သည် ရဲရင့်ခြင်း၊သစ္စာရှိခြင်းကို ဆိုလိုသည်။ ထို့အပြင် လက်ရှိမြန်မာပြည်၏ အနာဂတ် ဖက်ဒရယ်ပြည်​ထောင်စုကြီးဆီသို့ တ​ရွေ့​ရွေ့သွား​နေခြင်းကိုပါ​ဖော်ပြသည်။​လေ့ကျင့်ခန်းပြုလုပ်​နေ​သော အားကစားသမားသဖွယ်ပုံ​ဖော်ထား​သော အဖြူ​ရောင်ကြယ်မှာ အားကစားပြိုင်ပွဲကို ကိုယ်စားပြုသည်။ ပြည်​ထောင်စုလွှတ်​တော် အ​ဆောက်အဦးမှာ ၂၀၁၈ခုနှစ်ပွဲ​တော်ကို လက်ခံကျင်းပ​နေ​သော ​နေပြည်​တော်မြို့အတွက်ဖြစ်သည်။[၁]

လာဘ်ကောင် ပြင်ဆင်ရန်

 
လာဘ်ကောင်

လာဘ်ကောင်အနေဖြင့် ဧရာဝတီလင်းပိုင်ကို အသုံးပြုထားသည်။ ဧရာဝတီလင်းပိုင်မှာ အာဆီယံဒေသ၏ အမှတ်လက္ခဏာလဲ ဖြစ်သည်။ ဧရာဝတီလင်းပိုင်မှာ ကမ္ဘာပေါ်တွင် ဧရာဝတီမြစ်မဲခေါင်မြစ်နှင့် မဟာခမ်မြစ် (အင်ဒိုနီးရှား) တို့တွင်သာ ရှိသည်။ ကမ္ဘာပေါ်ရှိ တိရစ္ဆာန်များတွင် အသိဉာဏ်အရှိဆုံးဖြစ်သည်။ သူတို့သည် နှစ်လိုဖွယ်ပုံစံ၊ သွက်လက်၊ ဉာဏ်ကောင်း၊ ရင်နှီးခင်မင်တတ်ပြီး ကူညီမှုများ ပေးတတ်၍ ဤလာဘ်ကောင်ကို အသုံးပြုခြင်းမှာ ကျောင်းသားလူငယ်များ၏ အရည်အချင်းကို ထင်ဟပ်စေသည်။ ဧရာဝတီလင်းပိုင်သည် မြန်မာနိုင်ငံအတွက် ကောင်းမွန်သော လက်ဆောင်တစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ငါးဖမ်းသမားများကို ငါးဖမ်းရာတွင် ကူညီပေးခြင်း၊ နိုင်ငံခြားသားများကို ဆွဲဆောင်ကာ နိုင်ငံ၏ နိုင်ငံခြားဝင်ငွေကို တစ်နေရာမှ ရှာဖွေပေးနေသည်။ ယခုအခါဧရာဝတီလင်းပိုင်များ ရှားပါးလာပြီဖြစ်၍ မြန်မာနိုင်ငံအနေဖြင့် သူတို့အား ထိန်းသိမ်းမြတ်နိုးစောင့်ရှောက်ရန် အသိပေးလို၍လည်း ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

ပွဲများနှင့်အားကစား ပြင်ဆင်ရန်

ဖွင့်ပွဲအခမ်းအနား ပြင်ဆင်ရန်

၂၀၁၈ခုနှစ် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၀ရက်​နေ့က ဇမ္ဗူသီရိ အားကစားကွန်းပလတ်ရှိ ဝဏ္ဏသိဒ္ဓိ မိုးလုံ​လေလုံအားကစားရုံ-ဘီ၌ ကျင်းပခဲ့သည်။ အခမ်းအနားကို ည​နေ၄နာရီ၁၀မိနစ်ခန့်က စတင်ကျင်းပခဲ့ပြီး အနုပညာရှင်များက ​တေးသီချင်းများဖြင့် ​​ဖျော်​ဖြေခဲ့ကြသည်။ ည​နေ၅နာရီအချိန်တွင် နိုင်ငံ​တော် ဒုတိယသမ္မတ ဦးမြင့်​ဆွေ​ရောက်ရှိလာသည်။ ထို့​နောက် အခမ်းအနားကို ထီးသရုပ်ပြကွက်ဖြင့် အမှတ်စဉ်​ရေတွက်ကာ စတင်ခဲ့သည်။ အခမ်းအနားစတင်ပြီး​နောက် "ဒါမြန်မာ"အစီအစဉ်ကို တင်ဆက်ခဲ့သည်။ ထို့​နောက် မြန်မာနိုင်ငံ​တော်အလံ၊ အာဆီယံတက္ကသိုလ်များအားကစား​ကောင်စီအလံနှင့် ၁၉ကြိမ်​မြောက်အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲ-မြန်မာအလံများ ချီတက်ဝင်​ရောက်လာခဲ့ပြီး​နောက် ပြိုင်ပွဲဝင် ၁၁နိုင်ငံမှ အားကစားအဖွဲ့အသီးသီးတို့ဝင်​ရောက်လာခဲ့သည်။ အားကစားသမားများအားလုံး ​နေရာယူအပြီးတွင် မြန်မာနိုင်ငံအလံကို ဦးစွာ လွှင့်တင်ခဲ့ပြီး​ အာဆီယံတက္ကသိုလ်များအားကစား​ကောင်စီအလံနှင့် ၁၉ကြိမ်​မြောက်အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲ-မြန်မာအလံများကို တစ်ပြိုင်နက်လွှင့်တင်ခဲ့သည်။ ထို့​နောက် ပြည်​ထောင်စုဝန်ကြီးဒေါက်တာမြင့်​ထွေးမှ ပွဲ​တော်ကျင်းပ​ရေးဆိုင်ရာများကို ရှင်းလင်းတင်ပြခဲ့သည်။​နောက်တွင် အာဆီယံတက္ကသိုလ်များအားကစား​ကောင်စီ အ​ထွေ​ထွေအတွင်း​ရေးမှူးမှ ​ကျေးဇူးတင်စကား ​ပြောကြားခဲ့သည်။ တစ်ဆက်တည်းတွင် ဒုတိယသမ္မတမှ အဖွင့်မိန့်ခွန်း​ပြောကြားကာ အားကစားပွဲ​တော်ကို ဖွင့်လှစ်​ပေးခဲ့သည်။

ထို့​နောက် ဝူရှူးအားကစားသမား မစန္ဓီဦးမှ အားကစားသမားများကိုယ်စား၊ ကရာ​တေးဒိုင်လူကြီး မိုင်အိုလီဗီယာ ယင်းဝါ​ထောင်းလွယ်မှ ဒိုင်လူကြီးများကိုယ်စား အားကစား အဓိဋ္ဌာန်ရွတ်ဆိုခဲ့သည်။ဤအစီအစဉ်အပြီးတွင် မီးထွန်းညှိတိုင်ကို လက်ဆင့်ကမ်းသယ်​ဆောင်ကာ ထို့​နောက် ပင်မမီးထွန်းညှိတိုင်ကို မီးကူး၍ထွန်းညှိခဲ့သည်။ ထို့​နောက်တွင် အားကစားသမားများ ပြန်လည်ထွက်ခွာခဲ့သည်။

ထိုအစီအစဉ်များအပြီးတွင် အမျိုးသားယဉ်​ကျေးမှုနှင့်အနုပညာတက္ကသိုလ် ရန်ကုန်နှင့် မန္တ​လေးမှ ​ကျောင်းသား​ကျောင်းသူများမှ "မင်္ဂလာပါ ​အေယူဂျီ"၊ "မြင်းခင်း​တော်"၊ "လှပဆန်းမြိုင် နှစ်ပွင့်တစ်ခိုင်"၊ "​​သွေးချင်းတို့ရဲ့​မြေ"၊ "ချစ်ကြည်ရင်းနှိး အားသစ်ခရီး" အစီအစဉ်များဖြင့် ​ဖျော်​ဖြေတင်ဆက်ခဲ့ကြသည်။ ထို့​နောက် ဒုတိယသမ္မတဦးမြင့်​ဆွေပြန်လည်ထွက်ခွာသွားပြီး အခမ်းအနားကို ​အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။[၂]

ပိတ်ပွဲအခမ်းအနား ပြင်ဆင်ရန်

၂၀၁၈ခုနှစ် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ၏ ပိတ်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၉ရက်နေ့က ဇမ္ဗူသီရိ အားကစားရုံစု ဝဏ္ဏသိဒ္ဓိ မိုးလုံလေလုံအားကစားရုံ-ဘီ၌ ကျင်းပခဲ့သည်။ အခမ်းအနားကို ညနေ၄နာရီ၁၀မိနစ်ခန့်က စတင်ကျင်းပခဲ့ပြီး အနုပညာရှင်များက တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြသည်။ ညနေ၅နာရီအချိန်တွင် နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေရောက်ရှိလာသည်။

ပထမဆုံးတွင် "မင်္ဂလာပါအာဆီယံ"၊ "မြန်မာ့အလှ အကရေလျဉ်"၊ "တို့အာဆီယံ" စသည့်ဖျော်ဖြေရေးအစီအစဉ်များဖြင့် တင်ဆက်ခဲ့သည်။

ထို့နောက် အလံကိုင်တပ်ဖွဲ့၊ ဘင်ခရာတပ်ဖွဲ့နှင့် အားကစားသမားများ ကွင်းအတွင်း နေရာယူကြပြီး ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာမျိုးသိမ်းကြီးက အခမ်းအနားဆိုင်ရာများကို တင်ပြခဲ့သည်။ ထို့နောက် အရှေ့တောင်အာရှတက္ကသိုလ်များအားကစားကောင်စီ ဥက္ကဋ္ဌက အမှာစကားပြောကြားပြီးနောက် ပြိုင်ပွဲကျင်းပရေးနာယက ဒုတိယသမ္မတ ဦးမြင့်ဆွေက အားကစားပြိုင်ပွဲကို ပိတ်သိမ်းကြောင်း ကြေညာခဲ့သည်။ နောက်ပိုင်းတွင် အာဆီယံတက္ကသိုလ်များအားကစားကောင်စီအလံကို အလံတိုင်ထိပ်မှ လျှော့ချကာ AUSCဥက္ကဋ္ဌထံသို့ လွှဲပြောင်းပေးခဲ့သည်။ ထို့နောက် အားကစားသမားများ ပြန်လည်ထွက်ခွာခဲ့သည်။ နောက်ပိုင်းတွင် ပြန်ဆုံမယ် အစီအစဉ်ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး ဒုတိယသမ္မတပြန်လည်ထွက်ခွာကာ အခမ်းအနားပြီးဆုံးခဲ့သည်။[၃]

ပါဝင်သောအားကစားနည်းများ ပြင်ဆင်ရန်

အားကစားနည်း ၁၇မျိုး လက်ခံကျင်းပမည်ဖြစ်သည်။[၄]

  •   မြှားပစ်
  •   ပြေးခုန်ပစ်
  •   ကြက်တောင်
  •   ဘက်စကတ်ဘော
  •   စစ်တုရင်
  •   ဘောလုံး
  •   ဂေါက်သီးရိုက်
  •   ကရာတေးဒို
  •   ပီတန်း
  •   လှေလှော်
  •   ပိုက်ကျော်ခြင်း/ခြင်းလုံး
  •  ရေကူး
  •   စားပွဲတင်တင်းနစ်
  •  တင်းနစ်
  •   ဘော်လီဘော
  •   ဗိုဗီနမ်
  •   ဝူရှုး

ပြက္ခဒိန် ပြင်ဆင်ရန်

OC ဖွင့်ပွဲအခမ်းအနား MM မန်နေဂျာများ အကြိုတွေ့ဆုံခြင်း ပြိုင်ပွဲယှဉ်ပြိုင်ရက် CC ပိတ်ပွဲအခမ်းအနား
ဒီဇင်ဘာ
သောကြာ

စနေ

တနဂ်နွေ
၁၀
တနင်္လာ
၁၁
အင်္ဂါ
၁၂
ဗုဒ္ဓဟူး
၁၃
ကြာ/တေး
၁၄
သောကြာ
၁၅
စနေ
၁၆
တနင်္ဂနွေ
၁၇
တနင်္လာ
၁၈
အင်္ဂါ
၁၉
ဗုဒ္ဓဟူး
၂၀
ကြာ/တေး
ပွဲစဉ်များ
Ceremonies အားကစားရွာဖွင့်ပွဲ OC CC အားကစားရွာပိတ်ပွဲ
  မြားပစ် MM
 ပြေးခုန်ပစ် MM
  ကြက်တောင်ရိုက် MM
  ဘက်စကတ်ဘော MM
  စစ်တုရင် MM
  ဘောလုံး MM
  ဂေါက်သီးရိုက် MM
  ကရာတေး MM
  ပီတန်း MM
  လှေလှော် MM
  ပိုက်ကျော်ခြင်း MM
(ခြင်းလုံး) December 8 - 11
 ရေကူး MM
  စားပွဲတင်တင်းနစ် MM
 တင်းနစ် MM
  ဘော်လီဘော MM
  ဗိုဗီနမ် MM
  ဝူရှုး MM
နေ့စဉ်ဆုတံဆိပ်ရရှိမှု
ထပ်တိုးဆုတံဆိပ် - - - - - - - - - - - - - -
ဒီဇင်ဘာ
သောကြာ

စနေ

တနင်္ဂနွေ
၁၀
တနင်္လာ
၁၁
အင်္ဂါ
၁၂
ဗုဒ္ဓဟူး
၁၃
ကြာ/တေး
၁၄
သောကြာ
၁၅
စနေ
၁၆
တနင်္ဂနွေ
၁၇
တနင်္လာ
၁၈
အင်္ဂါ
၁၉
ဗုဒ္ဓဟူး
၂၀
ကြာ/တေး
စုစုပေါင်းပွဲစဉ်

ဆုတံဆိပ်ဇယား ပြင်ဆင်ရန်

Key

  *   အိမ်ရှင်နိုင်ငံ

၂၀၁၈ အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲ ဆုတံဆိပ်ဇယား
 အဆင့်  NPC ရွှေ ငွေ ကြေး စုစုပေါင်း
  ထိုင်း ၆၂ ၅၂ ၃၈ ၁၅၂
  အင်ဒိုနီးရှား ၄၄ ၃၉ ၃၀ ၁၁၃
  မလေးရှား ၃၇ ၄၃ ၄၉ ၁၂၃
  မြန်မာ* ၂၄ ၂၆ ၂၉ ၇၉
  ဗီယက်နမ် ၁၆ ၃၁
  လာအို ၁၁ ၂၇
  စင်ကာပူ ၁၂ ၁၈ ၃၅
  ကမ္ဘောဒီးယား ၁၀ ၁၂ ၂၇
  အရှေ့တီမော
၁၀   ဖိလစ်ပိုင်
၁၁   ဘရူနိုင်း
Total (11 NPCs) ၂၀၃ ၂၀၀ ၁၉၃ ၅၉၆

ကိုးကား ပြင်ဆင်ရန်

  1. emblem။ 2 September 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 August 2018 တွင် ပြန်စစ်ပြီး။
  2. You must specify title = and url = when using {{cite web}}.။
  3. 19th ASEAN University Games conclude successfully
  4. Schedule & Results။ 12 August 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 August 2018 တွင် ပြန်စစ်ပြီး။