၅၅၀ ဆရာတော် ဟုလည်း သိကြသော ဦးဝါသဝ သည် မြန်မာနိုင်ငံသား အမျိုးသားရေးအစွန်းရောက် ရဟန်းနှင့် ကန့်ဘလူမြို့နယ်ရှိ ပျူစောထီးပြည်သူ့စစ်အဖွဲ့၏ ခေါင်းဆောင် ဖြစ်သည်။ ဒေသတွင်း မီဒီယာများက ဦးဝါသဝအား ဗုဒ္ဓဘာသာအကြမ်းဖက် ဟု ရည်ညွှန်းကြသည်။[][][]

ထေရုပ္ပတ္တိ

ဦးဝါသဝကို စစ်ကိုင်းတိုင်းတန့်ဆည်မြို့နယ်မူးဂွရွာတွင် မွေးဖွားသည်။[] ဦးဝါသဝသည် ကန့်ဘလူမြို့နယ်၊ မှော်တော်ရွာရှိ သာသနာ့အလင်းရောင်ကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော် ဖြစ်ပြီး[] ယခင် ဗုဒ္ဓဘာသာ အဖွဲ့အစည်းဖြစ်သည့် အမျိုးသား ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ)၏ ထင်ရှားသော ခေါင်းဆောင်ဟောင်းတစ်ဦးလည်း ဖြစ်သည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ စစ်အာဏာသိမ်းပြီးနောက်တွင် ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)အား ပြန်လည်ထိုးစစ်ဆင်ရန် ပျူစောထီးပြည်သူ့စစ်အဖွဲ့ကို ဦးဝါသဝက ထူထောင်ခဲ့သည်။ ဦးဝါသဝ၏ တိုက်တွန်းမှုဖြင့် ကန့်ဘလူမြို့နယ်တွင်းရှိ ကျေးရွာအများအပြားမှာ ပျူစောထီးရွာများ ဖြစ်လာခဲ့သည်။ အစောပိုင်းတွင် လက်လုပ်သေနတ်များဖြင့် စတင်ခဲ့သော်လည်း နောက်ပိုင်းတွင် ပျူစောထီးအဖွဲ့ဝင် ၉၀၀ ခန့်မှာ ခေတ်မီ BA-63 ခေါ် ဂျီသရီး ရိုင်ဖယ်များ၊ MA-1 ရိုင်ဖယ်များနှင့် ကာဘိုင်သေနတ်များကို ထောက်ပံ့ပေးခဲ့သည်။ တပ်မတော်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား ထောက်ခံသော ကန့်ဘလူတန့်ဆည်နှင့် ကျွန်းလှမြို့များအထိ ဦးဝါသဝက လွှမ်းမိုးနိုင်ခဲ့သည်။[] သူ၏ ကွန်ယက်ကို ချဲ့ထွင်လာခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် ပြည်သူ့စစ်အဖွဲ့ပေါင်း အနည်းဆုံး ၇၇ ဖွဲ့အထိ ရှိလာခဲ့သည်။[][][]

၂၀၂၄ ခုနှစ် ဩဂုတ်လတွင် လားရှိုးမြို့ကျပြီးနောက် ညီနောင်မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထေားသော ရှမ်းပြည်နယ်မြောက်ပိုင်းအား တပ်မတော်က ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ရန် ဦးဝါသဝက တောင်းဆိုခဲ့သည်။[] PDF ထောက်ခံသည့်ရွာများကို မြန်မာ့မြေပုံပေါ်မှ ဖယ်ရှားရန် ဦးဝါသဝက မီဒီယာအင်တာဗျူးတစ်ခုတွင် ပြောဆိုခဲ့သည်။[၁၀] ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များအား ထောက်ခံသည်ဟုဆိုကာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွာအများအပြားကို မီးရှို့ရန် ဦးဝါသဝက အမိန့်ပေးခဲ့သည်။[၁၁]

၂၀၂၄ ခုနှစ် မေလတွင် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းက ဦးဝါသဝအား အမျိုးဘာသာ၊ သသနာပြန့်ပွားရေးလုပ်ငန်းများ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ခြင်းကြောင့် "မင်္ဂလဓမ္မဇောတိကဓဇ"ဘွဲ့ကို ပေးအပ်ခဲ့သည်။[၁၂]

ကိုးကား

  1. ၁.၀ ၁.၁ "ပျူစောထီးခေါင်းဆောင် မဘသ ဆရာတော် ဦးဝါသဝ"၊ RFA 
  2. "Cannon fodder: Inside Myanmar’s Pyusawhti militias"၊ Frontier Myanmar၊ 6 December 2023။ 
  3. "ဘုန်းကြီးများ စီစဉ်သော စစ်သင်တန်းနှင့် ပျူစောထီးအဖွဲ့များ"၊ Myanmar Now၊ 30 November 2022။ 
  4. "မယ်တော်ကြီးကို ပြုစုနေရတဲ့ ဆရာတော် ဦးဝါသဝ"၊ Myanmar National Post 
  5. "လူသတ်ရန် လက်နက်ကိုင်ခိုင်းသည့် ဦးဝါသဝကို သာသနာပြန့်ပွားရေးလုပ်ငန်းများလုပ်သည်ဟုဆိုပြီး YMBAက ဘွဲ့ပေး" (in my)၊ Tachileik News Agency 
  6. "Pro-Myanmar Junta Militias, Nationalist Monks Forcibly Recruiting Villagers in Sagaing"၊ The Irrawaddy၊ November 2, 2022။ 
  7. "Nationalist Monks Recruit Pro-Myanmar Regime Militias in Sagaing"၊ The Irrawaddy၊ June 29, 2022။ 
  8. "Myanmar Regime-Backed Militia Kidnaps Nine Women in Sagaing"၊ The Irrawaddy၊ August 3, 2022။ 
  9. "ရှမ်းပြည်နယ်မြောက်ပိုင်း “မြေကျန်ရင်ရပြီ” လို့ ဦးဝါသဝ မိန့်ကြား (ရုပ်/သံ)" (in my)၊ The Irrawaddy၊ 10 August 2024။ 
  10. "PDF ထောက်ခံသည့်ရွာများကို မြန်မာ့မြေပုံမှ ဖယ်ရှားရန် ပျူစောထီးဘုန်းကြီးကြုံးဝါး"၊ Myanmar Now၊ 30 November 2022။ 
  11. "ကန့်ဘလူတွင် ပျူစောထီးခေါင်းဆောင် ဦးဝါသဝက ရွာသားများကိုခြိမ်းခြောက်၊ စစ်ကောင်စီတပ်က ရွာမီးရှို့" (in en)၊ DVB 
  12. "Young Men’s Buddhist Association gives title to monk who ‘attacks civilians’"၊ Mizzima၊ May 9, 2024။