၈ ဇန်နဝါရီ
နေ့စွဲ
ဇန်နဝါရီလ၊ (၈)ရက်နေ့ သည် ဂရီဂေါရီးယန်းပြက္ခဒိန်အရ တစ်နှစ်တာ၏ (၈)ရက်မြောက် နေ့ရက် ဖြစ်သည်။ ယင်းတစ်နှစ်တာ ကုန်ဆုံးရန် ရက်ပေါင်း (၃၅၇) ရက် (ရက်ထပ်နှစ်ဖြစ်လျှင် (၃၅၈) ရက်) ကျန်သေးသည်။
ဖြစ်စဉ်များ
ပြင်ဆင်ရန်- ၁၈၁၅ – ၁၈၁၂ စစ်ပွဲ: နယူးအော်လန်းတိုက်ပွဲတွင် ဗြိတိသျှတပ်များကို အင်ဒရူး ဂျက်ဆန် ဦးဆောင်သော အမေရိကန်တပ်များက အောင်နိုင်ခဲ့သည်။
- ၁၈၆၃ – အမေရိကန် ပြည်တွင်းစစ်: ဒုတိယ စပရင်းဖီးတိုက်ပွဲ
- ၁၈၆၇ – ဝါရှင်တန်ဒီစီတွင် အာဖရိကန် အမေရိကန် အမျိုးသားများ မဲပေးခွင့်ကို ပေးအပ်ခဲ့သည်။
- ၁၉၃၈ – မြန်မာနိုင်ငံတွင်မှာ ၁၃၀၀ ပြည့် အရေးတော်ပုံ စတင်ခဲ့သည်။
- ၁၉၆၃ – အမေရိကန်ပြည်ထောင်စုတွင် ပထမဆုံးအကြိမ်အဖြစ် လီယိုနာဒိုဒါဗင်ချီ၏ မိုနာလီဆာ ပန်းချီကားကို ဝါရှင်တန်ဒီစီရှိ အမျိုးသားအနုပညာပြခန်းတွင် ပြသခဲ့သည်။
မွေးဖွားသူများ
ပြင်ဆင်ရန်- ၁၉၂၃ – ဂျိုးဆက် ဝေဇမ်ဘောင်း၊ ဂျာမန်-အမေရိကန် ကွန်ပျူတာသိပ္ပံ ပညာရှင်နှင့် စာရေးဆရာ (၂၀၀၈ ကွယ်လွန်)
- ၁၉၃၅ – ပရက်စလေ၊ အမေရိကန် အဆိုတော်၊ ဂစ်တာသမားနှင့် သရုပ်ဆောင် (၁၉၇၇ ကွယ်လွန်)
- ၁၉၄၂ – စတီဖင်ဟော့ကင်း၊ အင်္ဂလိပ်လူမျိုး ရူပဗေဒပညာရှင်နှင့် စာရေးဆရာ
- ၁၉၈၃ – ကင်ဂျုံအွန်၊ မြောက်ကိုရီးယား စစ်သားနှင့် နိုင်ငံရေးသမား၊ တတိယမြောက် မြောက်ကိုရီးယား ခေါင်းဆောင်
ကွယ်လွန်သူများ
ပြင်ဆင်ရန်- ၁၃၃၇ – ဂျော်တို၊ အီတလီလူမျိုး ပန်းချီဆရာ၊ ဗိသုကာပညာရှင် (၁၂၆၆ မွေး)
- ၁၆၄၂ – ဂယ်လီလီယို၊ အီတလီလူမျိုး နက္ခတ္တဗေဒ ပညာရှင်နှင့် ရူပဗေဒပညာရှင် (၁၅၆၄ မွေး)
- ၁၉၄၁ – ရောဘတ် ဗေဒင်-ပိုရယ်၊ အင်္ဂလိပ် ဒုတိယဗိုလ်ချုပ်ကြီး (၁၈၅၇ မွေး)
- ၁၉၇၆ – ချူအင်လိုင်း၊ တရုတ်လူမျိုး နိုင်ငံရေးသမား၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဝန်ကြီးချုပ် (၁၈၉၈ မွေး)