မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Landsat 9 သည် Vandenberg Space Force Base အခြေစိုက်စခန်း ရှိ အဆင့်မြင့်အာကာသလွှတ်တင်ရေး ကွင်းအမှတ် Space Launch Complex-3E တွင် Atlas V 401 လွှတ်တင်ရေးယာဉ် ပေါ်ရှိ မှ 27 စက်တင်ဘာ 27 ရက်နေ့တွင် လွှတ်တင်ခဲ့သည့် ကမ္ဘာမြေစူးစမ်းလေ့လာရေးဂြိုဟ်တု ဖြစ်သည်။ ဂြိုဟ်တု တည်ဆောက်ခြင်း၊ လွှတ်တင်ခြင်းနှင့် စမ်းသပ်ခြင်းများကို [၃] NASA က တာဝန်ယူဆောင်ရွက်ပြီး၊ ဂြိုဟ်တုကို မောင်းနှင်လုပ်ကိုင်ခြင်း၊ ဒေတာများ စီမံခန့်ခွဲခြင်းနှင့် ဖြန့်ဝေခြင်းများကို United States Geological Survey (USGS) ကဆောင်ရွက်သည်။ [၄] ၎င်းဂြိုဟ်တု သည် မြေကမ္ဘာဂြိုဟ်တု Landsat အစီအစဉ် တွင် ကိုးခုမြောက် ဂြိုဟ်တုဖြစ်သည်၊ မြေကမ္ဘာဂြိုဟ်တု အမှတ် (၆) (Landsat 6) သည် ကမ္ဘာပတ်လမ်းကြောင်းသို့ မရောက်ရှိနိုင်ခဲ့ပါ။ အရေးကြီးသည့် ဒီဇိုင်းအပိုင်းသုံးသပ်ခြင်း (Critical Design Review (CDR)) ကို 2018 ခုနှစ် ဧပြီလတွင် NASA မှ အပြီးသတ်လုပ်ဆောင်ခဲ့ပြီး Northrop Grumman Innovation Systems (NGIS) ကို ဂြိုဟ်တုကို ထုတ်လုပ်ရန်အတွက် ရှေ့ဆက်လုပ်ဆောင်ခွင့်ပြုပေးခဲ့ပါသည်။ [၅]

Landsat 9
Landsat 9 in orbit
မက်ရှင်အမျိုးအစားSatellite imagery
အော်ပရေတာNASA / USGS
COSPAR အိုင်ဒီ2021-088A
ဂြိုလ်တု ကတ်သလောက်နံပါတ်49260
ဝဒ်ဆိုဒ်Landsat 9
မက်ရှင်ကြာမြင့်ချိန်5 years (planned)
15 years - with fuel (planned)[၁]
910 days, 19 hours, 53 minutes (in progress)
အာကာသယာဉ် ဂုဏ်သတ္တိများ
အာကာသယာဉ်Landsat 9
အာကာသယာဉ် အမျိုးအစားLandsat
ဂြိုလ်တုဘပ်စ်LEOStar-3
ထုတ်လုပ်သူNorthrop Grumman Innovation Systems
ပစ်လွှတ် ထုထည်၂,၇၁၁ kg (၅,၉၇၇ lb)
ဒိုင်မင်းရှင်း၄.၆ m × ၃ m × ၃ m (၁၅.၁ ft × ၉.၈ ft × ၉.၈ ft)
ပါဝါwatts
မက်ရှင် စတင်ခြင်း
ပစ်လွှတ်နေ့27 September 2021,
18:12:00 UTC[၁][၂]
ဒုံးပျံAtlas V 401 (AV-092)
ပစ်လွှတ်နေရာVandenberg, SLC-3E
ကွန်ထရစ်တာUnited Launch Alliance
အလုပ်ဝင်January 6, 2022 [၁]
ပတ်လမ်း ပါရာမီတာများ
ရည်ညွန်းစနစ်Geocentric orbit
အုပ်စုSun-synchronous orbit
နိမ့်ဆင်းမှု98.2°
ကာလ99.0 minutes
ထပ်ဆင့် ကြားကာလ16 days
ကိရိယာများ
Operational Land Imager-2 (OLI-2)
Thermal Infrared Sensor-2 (TIRS-2)

LANDSAT 9 mission patch
Landsat program
← Landsat 8 Landsat 10

Landsat 9 ၏ ဒီဇိုင်းနှင့် တည်ဆောက်မှုကန်ထရိုက်ကို NASA မှ 2016 ခုနှစ် အောက်တိုဘာလတွင် Orbital ATK သို့ ပေးအပ်ခဲ့သည်။ ဝယ်ယူမှုကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁၂၉ ဒသမ ၉ သန်းဖြစ်ပြီး ကုမ္ပဏီနှစ်ခုကြား ငါးနှစ်စာချုပ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ Landsat 9 အတွက် ကနဦး ထောက်ပံ့ပေးသော ဘတ်ဂျက်သည် အနာဂတ် Landsat ဟာ့ဒ်ဝဲအတွက် စျေးပိုသက်သာပြီး အရွယ်အစားသေးငယ်သော အစိတ်အပိုင်းများကို သုတေသနပြုလုပ်ရန် ပါဝင်သည်။

Landsat 9 သည် ၎င်း၏ ရှေ့က Landsat 8 ၏ လုပ်ဆောင်ချက်အများအပြားကို ရယူအသုံးပြု ထားသည်။ Landsat 8 ၏ အလင်းနှင့် အပူဆိုင်ရာ အဝေးမှအာရုံခံကိရိယာများ ဖြစ်သော Operational Land Imager (OLI) နှင့် Thermal Infrared Sensor (TIRS) တို့ နှင့်ထပ်တူနီးနီးတူသည့် အစိတ်အပိုင်း များ ပါဝင်မည်ဖြစ်သည်။ ယင်းတို့ကို OLI-2 နှင့် TIRS-2 တို့အဖြစ် သတ်မှတ်ပေးထားသည်။TIRS-2 [၆] ကို အန္တရာယ်အဆင့် B အကောင်အထည်ဖော်မှု (ဦးစားပေးမှု၊ နိုင်ငံတော်အဆင့်အရေးပါမှု၊ မြင့်မားရှုပ်ထွေးမှု) သို့အဆင့် မြှင့်တင်သွားမည်ဖြစ်ပြီး OLI-2 တွင် မည်သည့်ပြောင်းလဲမှုမျှမပြုလုပ်ထားပါ။ [၇]

တစ်ခုတည်းသော ဝယ်ယူမှုအရင်းအမြစ်မှတဆင့် OLI-2 ကိရိယာကိုပံ့ပိုးပေးရန် NASA မှ Ball Aerospace & Technologies ကိုရွေးချယ်ခဲ့သည်။ OLI-2 သည် panchromatic လှိုင်းအုပ်စု အတွက် မြေပြင်နမူနာအကွာအဝေး ၁၅ မီတာ (GSD) နှင့် ကျန်ရောင်စဉ် အုပ်စုကိုးခုအတွက် မြေပြင်နမူနာအကွာအဝေး ၃၀ မီတာ (GSD) ရှိသော ဒေတာများကိုစုဆောင်းပါသည်။ [၈]

NASA သည် Goddard Space Flight Center (GSFC) သို့ TIRS-2 ကိရိယာအားတီထွင်ရန် ညွှန်ကြားတာဝန်ပေးအပ်ခဲ့သည်။ Landsat 8 ရှိ TIRS တွင် ကြုံတွေ့ရ သော အလင်းရောင် နှင့် Scene Select Mechanism (SSM) ကုဒ်ဒါစနစ် ပြဿနာများကို ဖြေရှင်းရန် ရည်ရွယ်ပြီး TIRS-2 တွင် ဒီဇိုင်းပြောင်းလဲမှုများပြုလုပ်ခဲ့သည်။ [၆] TIRS-2 ကို စမ်းသပ်ခြင်းနှင့် အကဲဖြတ်ခြင်း ပြုလုပ် ပြီး အလင်းလွင့်ပြင်းအားကို 1% သို့ လျှော့ချလိုက်ကြောင်း သရုပ်ပြခဲ့သည်။ [၉]

Landsat 9 ကို 27 စက်တင်ဘာ 2021 တွင် 18:12 UTC တွင် လွှင့်တင်ခဲ့သည်။ [၁၀] ၎င်းအချိန်သည် Landsat 7 မစ်ရှင်၏ ဒီဇိုင်းသက်တမ်းကုန်ဆုံးပြီးနောက် 4-5 နှစ်အကြာနှင့် အဆုံးစွန်သက်တမ်းဆုံး (ဆီပမာဏအရ) ကုန်ဆုံးခါနီးဖြစ်သည်။ Kennedy Space Center (KSC) မှ Launch Services Program (LSP) က Vandenberg Space Force Base မှတဆင့် လွှတ်တင်ခြင်းလုပ်ငန်းကို ထိန်းချုပ်ဆောင်ရွက်ခဲ့သည်[၁၁] ။အရီဇိုးနား ရှိ အာကာသယာဉ်တည်ဆောက်ရေးလုပ်ငန်းအပေါ် COVID-19 ကူးစက်ရောဂါ ၏ သက်ရောက်မှုကြောင့် Landsat 9 လွှတ်တင်မှုကို 2021 ခုနှစ် စက်တင်ဘာလအထိ ရွှေ့ဆိုင်းခဲ့ရသည်။ [၃]

Gallery ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ Costa၊ Jason (27 September 2021)။ Landsat 9 Continues a Legacy of 50 Years။ NASA။ 28 September 2021 တွင် ပြန်စစ်ပြီး။
  2. NASA and United Launch Alliance Update Landsat 9 Target Launch Date – Kennedy Space Center။ NASA (15 September 2021)။ 15 September 2021 တွင် ပြန်စစ်ပြီး။   ကန့်သတ်ချက်မဲ့ လူထုပိုင်ဖြစ်သော ဤအကိုးအကားမှ အကြောင်းအရာအချက်အလက်များကို ဤဆောင်းပါးတွင်ပါဝင်ဖေါ်ပြထားသည်။
  3. ၃.၀ ၃.၁ Coronavirus delays push back launch of next Landsat to September 2021။ Spaceflight Now (7 September 2020)။
  4. NASA, USGS Begin Work on Landsat 9 to Continue Land Imaging Legacy။ NASA။
  5. FY 2021 Congressional Justification: Landsat 9 – Schedule Commitments/Key Milestones။ NASA (10 February 2020)။ 17 June 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 March 2022 တွင် ပြန်စစ်ပြီး။
  6. ၆.၀ ၆.၁ "Landsat 9: status and plans" . 
  7. Landsat 9 Science Instrument Details
  8. Landsat 9 InstrumentsGoddard Space Flight Center။ NASA။
  9. "Landsat 9 Thermal Infrared Sensor 2 Preliminary Stray Light Assessment" . 
  10. LAUNCH ALERT! We are heading to the West Coast for our next launch. #AtlasV is scheduled to launch #Landsat 9 for @NASA_LSP and @NASA_Landsat next Monday from Vandenberg Space Force Base. Liftoff is 11:12 PDT (14:12 EDT; 18:12 UTC)Twitter
  11. Landsat-9: 'Satellite of record' launches to picture EarthBBC