မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။


Miss Intercontinental Myanmar သည် Miss Intercontinentalပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန် မြန်မာကိုယ်စားပြု ရွေးချယ်ပေးသောအလှမယ်ပြိုင်ပွဲ ဖြစ်သည်။

Miss Intercontinental Myanmar
ဆောင်ပုဒ်တိုက်ကြီးအားလုံး၏ အလှဆုံးအမျိုးသမီး
ဖွဲ့စည်းခြင်း၂၀၂၃
အမျိုးအစားအလှမယ်ပြိုင်ပွဲ
ဌာနချုပ်ရန်ကုန်
တည်နေရာ
ရုံးသုံးဘာသာစကား
မြန်မာဘာသာ
အရေးကြီးပုဂ္ဂိုလ်များ

(ဥက္ကဋ္ဌ)
မိခင်အဖွဲ့အစည်း
For You Entertainment

သမိုင်း ပြင်ဆင်ရန်

Miss Intercontinentalပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာကိုယ်စားပြု အလှမယ်များကို ၂၀၁၄ တွင် စတင်စေလွှတ်ခဲ့သည်။ ၂၀၁၄ မှ ၂၀၁၇ ထိ မြန်မာကိုယ်စားပြုများကို ရွှေမြေမြန်မာအလှမယ် (Miss Golden Land Myanmar)ပြိုင်ပွဲမှ စေလွှတ်ခဲ့သည်။ ၂၀၁၄ တွင် အိန်ဂျယ်လမုန် မှပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်၍ ဆန်ကာတင် ၁၆ ဦးစာရင်းသို့ ပါဝင်ခဲ့သည်။ ၂၀၁၆ တွင် နီနီနိုင်ဝင်း မှဝင်ရောက်ယှဉ်ပြိုင်ကာ Miss Popularityဆုကို ရရှိခဲ့သည်။ ၂၀၁၅ နှင် ၂၀၁၇ တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း နေရာမရရှိပေ။ ထို့နောက် ၂၀၁၈ မှ ၂၀၂၁ ထိ မြန်မာကိုယ်စားပြုများကို မယ်စကြဝဠာ မြန်မာပြိုင်ပွဲမှ စေလွှတ်ခဲ့သည်။ ၂၀၁၈ တွင် နန်းမွှေးဖောင်းလုံမှ သွားရောက်ယှဉ်ပြိုင်ကာ ဆန်ကာတင် ၂၀ ဦးသို့ ဝင်ရောက်ခဲ့သည်။ ၂၀၁၉ တွင် သွားရောက်ယှဉ်ပြိုင်သော်လည်း နေရာမရရှိပေ။ ၂၀၂၁ တွင် မေသဇင်ဦး သွားရောက်ယှဉ်မည်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိပါ။

၂၀၂၃ တွင် For You Entertainment အဖွဲအစည်းမှ Miss Intercontinental Myanmar ပြိုင်ပွဲကိုကျင်းပကာ အနိုင်ရရှိသူအား Miss Intercontinental 2023 ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်စေခဲ့သည်။ သို့သော် Miss Intercontinental Myanmar 2023 Winner၊၊ Ms. Anna La သည် အသက်အရွယ် အပိုင်းအခြားအရ နိုင်ငံသားမှတ်ပုံတင် အခက်အခဲ များနှင့် Visa အခက်အခဲများရှိသောကြောင့် အီဂျစ် နိုင်ငံတွင် ကျင်းပပြုလုပ်မည့် Miss Intercontinental 2023 ပြိုင်ပွဲကြီးအား 1st Runner Up၊ နန်းစမ်ဖောင်း မှ ကိုယ်စားသွားရောက်ယှဉ်ပြိုင်ခဲ့သည်။

အနိုင်ရရှိသူ ပြင်ဆင်ရန်

ခုနှစ် အနိုင်ရရှိသူ မြို့နယ် ပြိုင်ပွဲကျင်းပရာနေရာ ပြိုင်ပွဲဝင် Ref.
၂၀၂၃ Anna La   ရန်ကုန် Chartrium ဟိုတယ်၊ ရန်ကုန် ၂၀

Runner-Up ရရှိသူများ ပြင်ဆင်ရန်

ခုနှစ် 1st Runner-Up 2nd Runner-Up 3rd Runner-Up 4th Runner-Up
၂၀၂၃ နန်းစမ်ဖောင်း
  ပင်လောင်း
သစ္စာရဲရဲနီ
  ရန်ကုန်
ပန်ဒရာ
  ရပ်စောက်
ချစ်ပန်းအိမ်
  နေပြည်တော်

Miss Intercontinental ပြင်ဆင်ရန်

ခုနှစ် ကိုယ်စားပြုသူ၏ အမည် မြို့/ခရိုင် ခေါင်းစဉ် နေရာရှိမှု အထူးဆုများ
  ၂၀၂၃ နန်းစမ်ဖောင်း   ပင်လောင်း Miss Intercontinental Myanmar 2023
(1st runner-up)
Anna La   ရန်ကုန် Miss Intercontinental Myanmar 2023 ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိ
  ၂၀၂၁ မေသဇင်ဦး   မြစ်ကြီးနား မယ်စကြဝဠာ မြန်မာ ၂၀၂၀
(2nd Runner-up)
ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိ
  ၂၀၁၉ ထက်သီရိဇော်   မန္တလေး မယ်စကြဝဠာ မြန်မာ ၂၀၁၉
(2nd Runner-up)
နေရာမရရှိ
  ၂၀၁၈ နန်းမွှေဖောင်းလုံ   တာချီလိတ် မယ်စကြဝဠာ မြန်မာ ၂၀၂၀
(2nd Runner-up)
ဆန်ကာတင် ၂၀ဦး
  ၂၀၁၇ ခိုင်မီမီလင်း   မကွေးတိုင်း Miss Intercontinental Myanmar 2017 နေရာမရရှိ
  ၂၀၁၆ နီနီနိုင်ဝင်း   မကွေးတိုင်း Miss Intercontinental Myanmar 2016 နေရာမရရှိ
  ၂၀၁၅ W May Shin Sein   မြစ်ကြီးနား Miss Intercontinental Myanmar 2015 နေရာမရရှိ
  ၂၀၁၄ အိမ်ဂျယ်လမုန်   မန္တလေး Miss Intercontinental Myanmar 2014 ဆန်ကာတင် ၁၆ဦး

ကိုးကား ပြင်ဆင်ရန်