IUCN အနီရောင်စာရင်း

ဇီဝမျိုးစိတ်များအပေါ် ကမ္ဘာလုံးဆိုင်ရာထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အမျိုးအစားခွဲခြား
(The IUCN Red List of Threatened Species မှ ပြန်ညွှန်းထားသည်)


နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အသင်းမှ ပြုစုသည့် ခြိမ်းခြောက်ခံနေရသော မျိုးစိတ်များဆိုင်ရာ အနီရောင်စာရင်း (အင်္ဂလိပ်: IUCN Red List) ဆိုသည်မှာ ဇီဝမျိုးစိတ်များအတွက် ကမ္ဘာလုံးဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ရေး လိုအပ်နေမှုကို အဆင့်အတန်း သတ်မှတ်ပေးထားသည့် ဖော်ပြချက်များဖြင့် ပြုစုထားသော ကမ္ဘာ့အပြီးပြည့်စုံဆုံး စာရင်းတစ်ခုဖြစ်သည်။ ဤအဖွဲ့အစည်းအား IUCN မှ ၁၉၆၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။[၁]

ခြိမ်းခြောက်ခံနေရသောမျိုးစိတ်များဆိုင်ရာ
IUCN အနီရောင်စာရင်း
IUCN Red List

IUCN အနီရောင်စာရင်း၏ လိုဂိုအမှတ်တံဆိပ်
ဖွဲ့စည်းခြင်း၁၉၆၄ ခုနှစ်
ဌာနချုပ်ယူနိုက်တက်ကင်းဒမ်း
ဝန်ဆောင်မှုဒေသ
နိုင်ငံတကာ
ရုံးသုံးဘာသာစကား
အင်္ဂလိပ်
မိခင်အဖွဲ့အစည်း
နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အသင်း (IUCN)
နှီးနွယ်အဖွဲ့အစည်း
ဝက်ဘ်ဆိုဒ်iucnredlist.org

၎င်းစာရင်းသည် မျိုးစိတ်နှင့် မျိုးစိတ်ခွဲ ထောင်ပေါင်းများစွာ၏ မျိုးသုဉ်းအန္တရာယ်ကျရောက်နိုင်မှုအား တိကျသော စံသတ်မှတ်ချက်များကို အသုံးပြုကာ တွက်ချက်ထားခြင်းလည်း ဖြစ်သည်။ ဤစာရင်းရှိ အဆင့်အတန်း သတ်မှတ်မှုများသည် မျိုးစိတ်အားလုံးအတွက်ရော ကမ္ဘာ့ဒေသအသီးသီးနှင့်ပါ သက်ဆိုင်သည်။ IUCN အနီရောင်စာရင်းသည် ခိုင်မာသော သိပ္ပံနည်းကျလေ့လာဆန်းစစ်မှုကို အခြေခံထားသည့်အတွက်ကြောင့် ဇီဝမျိုးကွဲများ၏ အခြေအနေအတွက် မူဘောင်အဝင်ဆုံး လမ်းညွှန်အဖြစ် ကမ္ဘာတဝှမ်း အသိအမှတ်ပြုခြင်း ခံထားရပါသည်။

ဒေသအသီးသီးမှ မိမိ၏ဒေသန္တရဆိုင်ရာ အနီရောင်စာရင်းများကိုမူ သက်ဆိုင်ရာ ဒေသအလိုက် အာဏာပိုင်အဖွဲ့အစည်းများနှင့် စီမံခန့်ခွဲရေး အစိတ်အပိုင်းများမှ မူဝါဒချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းသာဖြစ်သည်။

IUCN Red List ၏ ရည်ရွယ်ချက်မှာ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အရေးပေါ်ပြဿနာများကို အများပြည်သူနှင့် မူဝါဒချမှတ်သူများထံ တင်ပြရန်နှင့် ဇီဝမျိုးစိတ်များ မျိုးသုဉ်းမှုကို လျော့ပါးစေရန် နိုင်ငံတကာအသိုင်းအဝိုင်းသို့ ကူညီမှုပေးရန်ဖြစ်သည်။ IUCN ၏ တရားဝင်ဖော်ပြထားမှုအရ အနီရောင်စာရင်း၏ ရည်မှန်းထားသောကိစ္စရပ်များမှာ ဇီဝမျိုးစိတ်များ အခြေအနေနှင့်ပတ်သက်၍ သိပ္ပံနည်းကျ သတင်းအချက်အလက်များကို ကမ္ဘာလုံးဆိုင်ရာအဆင့် သိရှိနိုင်စေရေး၊ ဇီဝမျိုးကွဲများ၏ ကျရောက်နေသော အန္တရာယ်အတိုင်းအတာနှင့် အရေးပါမှုအပေါ် အာရုံစိုက်ရန်၊ အမျိုးသားရေးနှင့် နိုင်ငံတကာ မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်များအပေါ် လွှမ်းမိုးရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ဆောင်ချက်များကို လမ်းညွှန်ပေးနိုင်ရန်နှင့် အချက်အလက်များ ပံ့ပိုးပေးရန် ဟူ၍ဖြစ်သည်။[၂]

ဇီဝမျိုးစိတ်များ၏ အခြေအနေများအပေါ် အဓိက အကဲဖြတ်မှုများတွင် BirdLife InternationalInstitute of Zoologyကမ္ဘာလုံးဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်မှု စောင့်ကြည့်လေ့လာရေး စင်တာနှင့် IUCN ဇီဝမျိုးစိတ်များရှင်သန်ရေး ကော်မရှင် (SSC) အတွင်းရှိ အထူးပြုအဖွဲ့များပါဝင်သည်။

သမိုင်း ပြင်ဆင်ရန်

အန္တရာယ်ကျရောက်နေသော မျိုးစိတ်များဆိုင်ရာ IUCN အနီရောင်စာရင်း ထုတ်ဝေခဲ့မှု သမိုင်းကြောင်း ဖြစ်သည်။

 
စာရင်းသွင်းထားသောအုပ်စုအလိုက် မျိုးစိတ်များရာခိုင်နှုန်း

  အန္တရာယ်ရှိ၊

  အန္တရာယ်ရှိနိုင်၊ (သို့)

   ၂၀၀၇ အနီရောင်စာရင်းမှ အန္တရာယ်ရှိနိုင်မှုသတ်မှတ်ချက်

၁၉၆၄ ခုနှစ်ထုတ်ဝေမှု ပြင်ဆင်ရန်

၁၉၆၄ ခုနှစ်မှ IUCN ၏ ခြိမ်းခြောက်ခံနေရသော အပင်များနှင့်သက်ဆိုင်သော အနီရောင်စာရင်းသည် ယခင်က သတ်မှတ်ထားသော အကဲဖြတ်စနစ်အဟောင်းကို အသုံးပြုခဲ့သည်။ ထို့ကြောင့် စာရင်းသွင်းထားသော အပင်များသည် လက်ရှိ Red List တွင် မပါနိုင်တော့ပါ။ IUCN သည် ကအွန်လိုင်းမှ အနီရောင်စာရင်းနှင့် ၁၉၉၇ ခုနှစ် အပင်များ အနီရောင်စာရင်းထုတ်ဝေမှုနှစ်ခုလုံးကို စစ်ဆေးကြည့်ခြင်းသာ အကောင်းဆုံးဖြစ်ကြောင်းအကြံပြုထားသည်။[၃]

၂၀၀၆ ခုနှစ်ထုတ်ဝေမှု ပြင်ဆင်ရန်

၂၀၀၆ ခုနှစ်၊ မေလ ၄ ရက်နေ့တွင် ဖြန့်ချိသော ၂၀၀၆ ခုနှစ် အနီရောင်များစာရင်း၌ တစ်ပြင်လုံးကို ထပ်ဖြည့်ပေးထားသည့် မျိုးစိတ် ၂၁၆၀ မျိုးအပါအဝင် မျိုးစိတ်အရေအတွက် စုစုပေါင်း ၄၀,၁၆၈ ကို သုံးသပ် အကဲဖြတ်ခဲ့သည်။

၂၀၀၇ ခုနှစ် ထုတ်ဝေမှု ပြင်ဆင်ရန်

နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ၂၀၀၇ ခုနှစ်၏ အနီရောင်စာရင်းကို ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ဤထုတ်ဝေမှုတွင် အီဘိုလာရောဂါကူးစက်မှုကြောင့် ဒေသရင်းတွင် မျိုးသုဉ်းမည့်အန္တရာယ်ကျရောက်လာနိုင်ချေရှိသော ဂေါ်ရီလာမျိုးစိတ် (Gorilla gorilla gorilla ) နှင့် (Gorilla gorilla diehli ) မျိုးစိတ် (၂) ခုကို မျိုးသုဉ်းရန်အန္တရာယ်ရှိအဆင့်မှ မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိအဆင့်သို့ တိုးမြှင့်သတ်မှတ်လိုက်ခဲ့သည်။

၂၀၀၈ ခုနှစ် ထုတ်ဝေမှု ပြင်ဆင်ရန်

၂၀၀၈ ခုနှစ်၏ အနီရောင်စာရင်းအား ဘာစီလိုနာမြို့တွင် ကျင်းပသော IUCN World Conservation Congress တွင် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့၌ ထုတ်ပြန်ခဲ့ပြီး "နို့တိုက်သတ္တဝါ မျိုးစိတ်များတွင် လေးဦးလျှင် တစ်ဦးနှုန်းနီးပါး မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်ရှိနေကြောင်း" အတည်ပြုခဲ့သည်။

၂၀၁၂ ခုနှစ် ထုတ်ဝေမှု ပြင်ဆင်ရန်

၂၀၁၂ ခုနှစ်၏ အနီရောင်စာရင်းအား ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် "Rio+20 Earth Summit" တွင် ထုတ်ပြန်ခဲ့ပြီး[၄] စူးစမ်းရှာဖွေမှု ပြန်လည်ပြုလုပ်ရမည့် မျိုးစိတ် (၂) ခု[၅] အပါအဝင် မျိုးစိတ်ပေါင်း ၂၀၀၀ နီးပါးကို ထပ်မှန်ဖြည့်ထည့်ခဲ့သည်။[၆]

အဆင့်အတန်း သတ်မှတ်မှုများ ပြင်ဆင်ရန်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အတန်း
ထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အတန်း
 
မျိုးသုဉ်းသည့် အဆင့်
အန္တရာယ်မြင့်မားသည့် အဆင့်
အန္တရာယ်နည်းပါးသည့် အဆင့်

အခြားသတ်မှတ်မှု အဆင့်

ဆက်စပ်​သော အကြောင်းအရာများ

 
အထက်ပါ IUCN အနီရောင်စာရင်းသတ်မှတ်ချက်နှင့်
အောက်ပါ NatureServe သတ်မှတ်ချက်အား နှိုင်းယှဉ်မှု

 

IUCN အနီရောင်စာရင်းတွင် မျိုးစိတ်များကို အုပ်စု (၉) ခုဖြင့် ခွဲခြားသတ်မှတ်ထားပါသည်။[၇] ကျဆင်းမှုနှုန်း၊ လူဦးရေ အရွယ်အစား၊ ပထဝီဝင် ဖြန့်ဖြူးမှု ဧရိယာ၊ ဦးရေ ပမာဏနှင့် ပြန့်နှံ့တွေ့ရှိရမှု စသော ကွဲပြားသည့် စံနှုန်းများဖြင့် သတ်မှတ်ထားသည်။[၈]

  1.   (Extinct)။ မျိုးသုဉ်းပျောက်ကွယ်သွားသော မျိုးစိတ်။
  2.   (Extinct in the Wild)။ သုတေသနဌာနများ၊ တိရစ္ဆာန်ဉယျာဉ်များ စသည့်နေရာများ၌ ဖမ်းဆီးမွေးမြူထားမှုသာကျန်ရှိပြီး၊ ဒေသရင်းနယ်မြေများတွင် မျိုးသုဉ်းပျောက်ကွယ်သွားသော မျိုးစိတ်။
  3.   (Critically Endangered)။ မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိသည့် မျိုးစိတ်။
  4.   (Endangered)။ မျိုးသုဉ်းရန်အန္တရာယ်ရှိသည့် မျိုးစိတ်။
  5.   (Vulnerable)။ မျိုးသုဉ်းမှုအန္တရာယ်ကျရောက်နိုင်သည့် မျိုးစိတ်။
  6.   (Near Threatened)။ မျိုးသုဉ်းရန်အန္တရာယ်ကျရောက်လုနီးပါးဖြစ်နေသည့် မျိုးစိတ်။
  7.   (Least Concern)။ မျိုးသုဉ်းမှုအန္တရာယ်ကျရောက်ခြင်းမရှိနိုင်သေးသည့် မျိုးစိတ်။
  8.   (Data Deficient)။ မျိုးသုဉ်းမှုအန္တရာယ်ကျရောက်ခြင်းသတ်မှတ်နိုင်ရန် ရရှိသောသတင်းအချက်အလက် ပြည့်စုံမှုမရှိသည့် မျိုးစိတ်။
  9.   (Not Evaluated)။ မျိုးသုဉ်းမှုအန္တရာယ်ကျရောက်ခြင်းကို တွက်ချက်မှုမပြုလုပ်ရသေးသည့် မျိုးစိတ်။

အမျိုးအစားခွဲခြားရန် စံသတ်မှတ်ထားသော ထည့်သွင်းစဉ်းစားသည့်အချက်များ ပြင်ဆင်ရန်

အထက်ပါ ထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အတန်း အမျိုးအစားခွဲခြားခြင်းအတွက် စံနှုန်းသတ်မှတ်ရာတွင် အောက်ပါအချက် (၁၂)ချက်အပေါ် မူတည်၍ သတ်မှတ်ပါသည်[၈][၉] -

  1. မျိုးစိတ်တစ်ခုလုံး၏ အရေအတွက် နှင့် ဦးရေပမာဏ။ (Criteria- A, C and D)
  2. မျိုးစိတ်ခွဲ အကောင်အရေအတွက်။ (Criteria B and C)
  3. အရွယ်ရောက်ပြီးအရေအတွက်။ (Criteria A, B, C and D)
  4. မျိုးစဉ်မျိုးဆက်။ (Criteria A, C and E)
  5. ကောင်ရေလျော့နည်းကျဆင်းမှု။ (Criteria A)
  6. ကောင်ရေဆက်တိုက်လျော့နည်းကျဆင်းမှု။ (Criteria B and C)
  7. ကြီးမားကျယ်ပြန့်စွာ အကောင်အရေအတွက် ပြောင်းလဲမှု။ (Criteria B and C)
  8. ဦးရေနည်းပါးစွာ ပြန့်ကျဲနေထိုင်မှု။ (Criteria B)
  9. ကျက်စားရာဒေသ တိုးချဲ့မှု။ (Criteria A and B)
  10. ကျက်စားရာဒေသ အကျယ်အဝန်း။ (Criteria A, B and D)
  11. တွေ့ရှိရာဒေသနှင့် တည်နေရာ။ (Criteria B and D)
  12. ကောင်ရေတွက်ချက်ဆန်းစစ်မှု။ (Criteria E)

သတ်မှတ်ချက်မူကွဲပုံစံများ (Versions) ပြင်ဆင်ရန်

 
IUCN Red List မှ သတ်မှတ်ထားသော ထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အတန်းအလိုက် မျိုးစိတ်အရေအတွက် နှိုင်းယှဉ်မှု။

၁၉၉၁ ခုနှစ်မှ စတင်ခဲ့သည့် သတ်မှတ်ချက်ပုံစံ မူကွဲများစွာ ရှိသည်- [၁၀] [၁၁]

  • မူကွဲ ၁.၀ (V 1.0) - ၁၉၉၁
  • မူကွဲ ၂.၀ (V 2.0) - ၁၉၉၂
  • မူကွဲ ၂.၁ (V 2.1) - ၁၉၉၃
  • မူကွဲ ၂.၂ (V 2.2) - ၁၉၉၄
  • မူကွဲ ၂.၃ (V 2.3) - ၁၉၉၄
  • မူကွဲ ၃.၀ (V 3.0) - ၁၉၉၉
  • မူကွဲ ၃.၁ (V 3.1) - ၂၀၀၁
  • မူကွဲ ၄.၀ (V 4.0) - ၂၀၁၅

ဝေဖန်ခံရမှုများ ပြင်ဆင်ရန်

 
၁၉၉၄ IUCN အနီရောင်စာရင်း၏ သတ်မှတ်မှု အမျိုးအစားများ ဖြစ်သည်။ ၂၀၀၁ ခုနှစ်မှစ၍ (V2.3) အား ပြန်လည် အကဲဖြတ်ခြင်း မပြုသည့် မျိုးစိတ်များအတွက်သာ အသုံးပြုသည်။

၁၉၉၇ ခုနှစ်တွင် IUCN Red List သည် ၎င်း၏ အချက်အလက်များ၏ ရင်းမြစ်များနှင့် ပတ်ဝန်းကျင်တွင် လျှို့ဝှက်မှု (သို့) စာရွက်စာတမ်းပြုစုမှု ညံ့ဖျင်းခြင်းကြောင့် ဝေဖန်ခံခဲ့ရဖူးသည်။ [၁၂] ထိုဝေဖန်မှုများသည် IUCN အား ၎င်း၏ စာရွက်စာတမ်းများနှင့် ဒေတာအရည်အသွေးကို မြှင့်တင်ရန်နှင့် အနီရောင်စာရင်းတွင် တက်ဆွန်ဆိုင်ရာ တန်းတူသုံးသပ်ချက်များ ပါဝင်လာစေရန် ကြိုးပမ်းမှုများ ဖြစ်ပေါ်စေခဲ့သည်။ စာရွက်စာတမ်း သို့မဟုတ် သတ်မှတ်ချက်များအပေါ် အခြေခံ၍ ၎င်း၏ အမျိုးအစား ခွဲခြားမှုကို ပြန်လည်သုံးသပ်ပေးရန် အသနားခံစာများ လက်ခံသည့် စာရင်းကိုလည်း ဖွင့်ပေးထားသည်။ [၁၃]

နောက်ထပ်ကြည့်ရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. Background & History။ 19 May 2021 တွင် ပြန်စစ်ပြီး။
  2. CITES (Convention on International Trade in Endangered Species of Wild Fauna and Flora), Joint Meeting of the Animals and Plants Committees, Shepherdstown (United States of America), 7–9 December 2000, retrieved 14 November 2012
  3. Frequently Asked Questions။ IUCN။ 27 June 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 October 2021 တွင် ပြန်စစ်ပြီး။
  4. Matthew Knight။ "Extinction threat 'a call to world leaders' at Rio Earth Summit"၊ edition.cnn.com၊ 19 June 2012။ 
  5. IUCN 2012 update - 4 species extinct – 2 rediscovered – Food security waningwildlifeextra.com (19 June 2012)။
  6. Jessica Phelan (19 June 2012)။ IUCN Red List update: Nearly 2,000 species addedwww.pri.org
  7. Guidelines for Using the IUCN Red List Categories and Criteria
  8. ၈.၀ ၈.၁ IUCN RED LIST CATEGORIES AND CRITERIA Version 3.1 Second edition။ 2012 International Union for Conservation of Nature and Natural Resources (2012)။
  9. CITES (ဇွန်လ ၂၀၁၂). "တောရိုင်းတိရစ္ဆာန်များ၏ ထိန်းသိမ်းကာကွယ်မှုအဆင့်အတန်းများ" (in မြန်မာဘာသာ) (PDF). CITES ကွန်ဗင်းရှင်း နှင့် လုပ်ငန်းဆောင်ရွက်မှုစနစ်များ လက်စွဲစာစောင် (၂/ ၂၀၁၂): စာ(၇~၁၀). သစ်တောဦးစီးဌာန. 
  10. 2001 Categories & Criteria (version 3.1)။ IUCN။ 27 June 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 October 2021 တွင် ပြန်စစ်ပြီး။
  11. Historical IUCN Red Data Books and Red Lists။ 27 June 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 October 2021 တွင် ပြန်စစ်ပြီး။
  12. "IUCN's credibility critically endangered" . 
  13. Information Sources & Quality။ 17 September 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 October 2021 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်များ ပြင်ဆင်ရန်