ကချင်ဒီမိုကရက်တစ်ပါတီ
ကချင်ဒီမိုကရက်တစ်ပါတီ (မြန်မာ: Kachin Democratic Party; အတိုကောက် KDP) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။ ၂၀၁၃ တွင် ပါတီမှတ်ပုံတင်ခဲ့ပြီး ၂၀၁၄ ဇန်နဝါရီ၌ ပါတီတည်ထောင်ခွင့်မှတ်ပုံတင်ရရှိသည်။[၁] ပါတီဝင်အရေအတွက်မှာ ၁,၀၀၀ ခန့်ရှိပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် မြစ်ကြီးနား၊ ဗန်းမော်၊ ဆွမ်ပရာဘွမ်၊ ပူတာအို၊ ဝိုင်းမော် စသည့် ကချင်ပြည်နယ်ရှိ မြို့နယ် ၁၃ မြို့နယ် မဲဆန္ဒနယ်များတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။[၂]
ကချင်ဒီမိုကရက်တစ်ပါတီ | |
---|---|
အင်္ဂလိပ် အမည် | Kachin Democratic Party |
နာယက | ဦးဂွမ်ဂေါင်အောင်ခမ်း |
ဆောင်ပုဒ် | လွတ်လပ်မှုရရှိစေဖို့ KDP ကို မဲပေးစို့ |
တည်ထောင်ခြင်း | ဇန်နဝါရီ ၁၃၊ ၂၀၁၄[၁] |
ဖျက်သိမ်းခြင်း | ၇ ဇွန် ၂၀၁၉ |
ဆက်ခံ | ကချင်ပြည်နယ်ပြည်သူ့ပါတီ |
ဌာနချုပ် | မြေနီကုန်း (မြောက်) ရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ |
အဖွဲ့ဝင် | ၁,၀၀၀[၁] |
နိုင်ငံရေး သဘောတရား | ဖက်ဒရယ်ပြည်ထောင်စုစနစ် |
အရောင် | အပြာ၊ အစိမ်း၊ အနီ |
ပါတီအလံ | |
မြန်မာနိုင်ငံ၏ နိုင်ငံရေး နိုင်ငံရေးပါတီများ |
ဖျက်သိမ်းခြင်း
ပြင်ဆင်ရန်၂၀၁၉ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ကချင်ပြည်နယ်ပြည်သူ့ပါတီကို စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ ကချင်ပြည်နယ်၊ ကချင်ဒီမိုကရက်တစ်ပါတီနှင့် ကချင်ပြည်နယ်ဒီမိုကရေစီပါတီတို့ ပူးပေါင်း၍ ပါတီတစ်ခုတည်းအဖြစ် ဖွဲ့စည်းခဲ့သည့်အတွက် ကချင်ဒီမိုကရက်တစ်ပါတီကို ပါတီမှတ်ပုံတင် ဖျက်သိမ်းခဲ့သည်။[၃]
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ ၁.၂ ကချင်ဒီမိုကရက်တစ်ပါတီ။ Vote4Myanmar။ 18 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၃ နိုဝင်ဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။
- ↑ ကချင်ဒီမိုကရက်တစ်ပါတီ။ ၇ ရက်သတင်းဂျာနယ် (၂၉ ဩဂုတ် ၂၀၁၅)။ 25 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၃ နိုဝင်ဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းခြင်း။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (၁၀ ဇွန် ၂၀၁၉)။ 25 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၅ ဩဂုတ် ၂၀၂၀ တွင် ပြန်စစ်ပြီး။