ဆွမ်ပရာဘွမ်မြို့
ဆွမ်ပရာဘွမ်မြို့သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြောက်ဘက် ချင်းတွင်းမြစ်ဖျားနှင့် မလိခမြစ်တို့ အကြားတွင် တည်ရှိသည်။ မြစ်ကြီးနားမှ မြောက်ဘက် မိုင် ၈ဝ ခန့်ကွာဝေးသည်။ အင်္ဂလိပ်အစိုးရလက်ထက်တွင် လွတ်လပ်ရေးကိုခုံမင်သော တောင်ပေါ်ကချင်လူမျိုးများက မကြာခဏ ဆူပူထကြွလေ့ရှိသဖြင့် နယ်ခြားတပ်ခွဲတစ်ခုထား၍၊ နယ်ခြားဝန်ထောက်တစ်ဦး အုပ်ချုပ်ခဲ့သော စစ်ဖက်မြို့ဖြစ်သည်။ အလွန်အေးချမ်းသည့်အပြင် သစ်တောကြီးများ ရှိခြင်းကြောင့် အဖျား အနာ ထူထပ်သည်။ စစ်တပ်မှတစ်ပါး ကချင်လူမျိုးများသာ နေထိုင်သောမြို့ ဖြစ်လေသည်။[၂]
ဆွမ်ပရာဘွမ်မြို့ | |
---|---|
မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 26°33′0″N 97°34′0″E / 26.55000°N 97.56667°Eကိုဩဒိနိတ်: 26°33′0″N 97°34′0″E / 26.55000°N 97.56667°E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ကချင်ပြည်နယ် |
ခရိုင် | ပူတာအိုခရိုင် |
မြို့နယ် | ဆွမ်ပရာဘွမ်မြို့နယ် |
လူဦးရေ (၂၀၁၄) | ၁,၁၃၇[၁] |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
သမိုင်းကြောင်း
ပြင်ဆင်ရန်ဆွမ်ပရာဘွမ် မှာ ကချင်ဘာသာအရ ဆွမ်ပရာ = မြက်ရှည်ပင်၊ ဘွမ် = တောင် ဖြစ်၍ မြက်ရှည်ပင် ပေါက်ရာတောင် ဟု အဓိပ္ပာယ်ရသည်။[၃] ဆွမ်ပရာဘွမ်ဟု သတ်မှတ်ခြင်း မပြုခင်က ကချင်မျိုးနွယ်စု မရူ(လော်ဝေါ်)၊ ရဝမ်နှင့် ခန္တီးရှမ်း မျိုးနွယ်စုများ နေထိုင်ကြပြီး လူမျိုးစု အလိုက် ဒူဝါ ဆလန်ဝါ ဦးဆောင်သော ကျွန်ပိုင်ရှင် ပဒေသရာဇ်စနစ်ဖြင့် စီမံအုပ်ချုပ်ခဲ့သည်။ ၁၉၀၅-ခုနှစ်တွင် အင်္ဂလိပ်တို့စတင်ဝင်ရောက်လာပြီး ၁၉၁၃-ခုနှစ်တွင် အခြေချ နေထိုင်ခဲ့ကြသည်။ ယခင်က လဇကျေးရွာနှင့် ဝါစပ်ခူးရွာအနီး တောင်ထိပ်တွင် ရွာတည်၍ နေခဲ့ကြသော်လည်း လေဒဏ် မခံနိုင်၍ ၁၉၆၂-ခုနှစ်တွင် ယခုလက်ရှိနေရာ အနိမ့်ပိုင်းသို့ ပြောင်းရွေ့ အခြေချ နေထိုင်ခဲ့ကြသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၀။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
- ↑ ဒေါ်ခင်သိန်း(မြန်မာစာပါမောက္ခ) မြစ်ကြီးနားတက္ကသိုလ်။ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အမည်များ လေ့လာချက်။