ကင်မလင်းချောင်း
ကင်မလင်းချောင်းကျေးရွာသည် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် တည်ရှိပြီး လှော်ကားနှင့် မှော်ဘီကို ဆက်သွယ်ထားသည့် အမှတ် (၄) လမ်းမကြီး၏ နံဘေးတွင် တည်ရှိသည်။ ကင်မလင်းချောင်းကျေးရွာ၏ အနီးတစ်ဝိုက်တွင် သဲဖြူရွာ၊ ဘူတာစုရွာ၊ သာယာကုန်းကျေးရွာနှင့် သရက်ကုန်းကျေးရွာတို့ တည်ရှိသည်။ ကင်မလင်းချောင်းကျေးရွာတွင် စကောကရင်တိုင်းရင်းသားအများစု နေထိုင်ကြပြီး ဗုဒ္ဓဘာသာ၊ နှစ်ခြင်းခရစ်ယာန်နှင့် ရိုမန်ကတ်သလစ်ဘာသာဝင်များ နေထိုင်ကြသည်။ ကင်မလင်းချောင်းကျေးရွာတွင် အင်္ဂလိပ်ခေတ်က အင်္ဂလိပ်စစ်တပ်၌ စစ်မှုထမ်းခဲ့ပြီး လက်ရှိအချိန်အထိ အငြိမ်းစားစစ်မှုထမ်းလစာရရှိနေသော ကော်ပိုရယ်ဘအေး (ခေါ်) ဘိုးစဲဖော နေထိုင်သည်။ ရွာသူရွာသားများအများစုသည် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးကြပြီး ခြံစိုက်သူများ၊ စက်ရုံဆင်းသူများနှင့် မွေးမြူရေးလုပ်သူများလည်း ရှိသည်။
ကင်မလင်းချောင်း | |
---|---|
ကင်မလင်းချောင်း တည်နေရာ၊ မြန်မာ။ | |
ကိုဩဒိနိတ်: 17°02′58″N 96°04′22″E / 17.04936°N 96.07272°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | ရန်ကုန်တိုင်းဒေသကြီး |
ခရိုင် | ရန်ကုန်မြောက်ပိုင်းခရိုင် |
မြို့နယ် | မှော်ဘီမြို့နယ် |
ကျေးရွာအုပ်စု | Yin Taik Pin[၁] |
ကိုးကား
ပြင်ဆင်ရန်- ↑ GAD, Feb 2011.
ဤ ရန်ကုန်တိုင်းဒေသကြီး ပထဝီဝင်တည်နေရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |