ကင်မွန်းစခန်း ကျေးရွာ သည် မြန်မာနိုင်ငံ၏ တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်သော ကျိုက်ထီးရိုးဘုရား တည်ရှိရာ ကျိုက်ထီးရိုးတောင်ခြေတွင် တည်ရှိပြီး ကျိုက်ထိုမြို့နယ် အပိုင် ကျေးရွာအုပ်စုများမှ ကျေးရွာတစ်ရွာ ဖြစ်သည်။

ကင်မွန်းချောင်း
ကင်မွန်းစခန်း
ကင်မွန်းချောင်း သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကင်မွန်းချောင်း
ကင်မွန်းချောင်း
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 17°24′04″N 97°04′45″E / 17.4011993408203°N 97.0790786743164°E / 17.4011993408203; 97.0790786743164ကိုဩဒိနိတ်: 17°24′04″N 97°04′45″E / 17.4011993408203°N 97.0790786743164°E / 17.4011993408203; 97.0790786743164
နိုင်ငံ မြန်မာ
ပြည်နယ်မွန်ပြည်နယ်
ခရိုင်သထုံခရိုင်
မြို့နယ်ကျိုက်ထိုမြို့နယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

ကင်မွန်းစခန်းကျေးရွာအား ကင်မွန်းချောင်းကျေးရွာ သို့ ကင်မွန်းစခန်း ကျေးရွာဟုလည်း ခေါ်သည်။ ကျေးရွာတွင်း ဖြတ် စီးနေသော ကင်မွန်းချောင်းငယ်လေးကို အစွဲပြုပြီး ကင်မွန်းချောင်းကျေးရွာဟု အမည်တွင်သည်။

တည်နေရာ အကျယ်အဝန်း ပြင်ဆင်ရန်

ကင်မွန်းချောင်းကျေးရွာ သည် ကျိုက်ထိုမြို့မှ (၉)မိုင်အကွာ တွင် တည်ရှိပြီး ကင်မွန်းချောင်းကျေးရွာ အုပ်စုဟု ဖွဲ့စည်းထားသည်။ အကျယ်အဝန်းအားဖြင့် ၁၂.၇၄၆ စတုရန်းမိုင် (၃၃.၀၁ စတုရန်း ကီလိုမီတာ) ရှိသည်။

  • အရှေ့ဘက် - ပီတိကျေးရွာ၊ မာလာဖူးကျေးရွာ
  • အနောက်ဘက် -ကျောင်းရွာကျေးရွာ၊ ကွင်းကလေးကျေးရွာ
  • တောင်ဘက်- ငှက်ပျောတောကျေးရွာ ၊ ကျွန်းတော ကျေးရွာ
  • မြောက်ဘက် - ကဒိုင်ဒွတ် ကျေးရွာ၊ ရွှေကျင်မြို့နယ် တို့ တည်ရှိသည်။

ကင်မွန်းချောင်းကျေးရွာသည်

  • ဇရပ်ကွင်း (၁) ရပ်ကွက်
  • ဇရပ်ကွင်း (၂) ရပ်ကွက်
  • ရောင်ခြည်ဦးရပ်ကွက်
  • အလယ်စု ရပ်ကွက်
  • ကျောင်းစုပိုင်း ရပ်ကွက် စသည့် (၅)ရပ်ကွက်နှင့်ဖွဲ့စည်းထားပြီး အုပ်ချုပ်မှုအရ ကျိုက်ထီးရိုး ရင်ပြင်တော် ၊ တကေးချောင်းဖျား ကျေးရွာများအား ပေါင်းစုလျက် ကင်မွန်းချောင်းကျေးရွာအုပ်စုအဖြစ် စီမံအုပ်ချုပ်လျက်ရှိသည်။

လူမူရေး ပြင်ဆင်ရန်

လူများစုမှာ ဗုဒ္ဓဘာသာ ကိုးကွယ်ကြပြီး ဘုန်းတော်ကြီးကျောင်းပေါင်း (၃၂)ကျောင်းရှိသည်။

ကျေးရွာအုပ်စုအတွင်းတွင် အထက်တန်းကျောင်း (၁)ကျောင်း (အထက ကင်မွန်းချောင်းကျောင်း) နှင့် မူလတန်းကျောင်း (၂) ကျောင်း ( အမက တ‌ကေးချောင်းဖျား၊ အမက ရင်ပြင်တော်) တို့ရှိသည်။

ကျန်းမာရေး ပြင်ဆင်ရန်

  • တိုက်နယ်ဆေးရုံ (၁)ရုံ - ကင်မွန်းချောင်းတိုက်နယ်ဆေးရုံ
  • ကျေးလက်ကျန်းမာရေးဌာန (၂)ခု -ကင်မွန်းချောင်း နှင့် ရင်ပြင်တော် ကျေးလက်ကျန်းမာရေးဌာန
  • မိခင်နှင့်ကလေး သားဖွားခန်း (၁)ခု
  • ပုဂ္ဂလိက ဆေးခန်း (၂)ခန်း

စီးပွားရေး ပြင်ဆင်ရန်

ကင်မွန်းချောင်းကျေးရွာ၏ စီးပွားရေးမှာ အနယ်နယ်အရပ်ရပ် မှ ကျိုက်ထီးရိုးဘုရားသို့ လာရောက်ဖူးမြော်ကြသည့် ဘုရားဖူးများအပေါ် တည်မှီလျက်ရှိပြီး အမှတ်တရ အထည်များ ရောင်းချခြင်းလုပ်ငန်း၊ ယိုစုံလုပ်ငန်း၊ 'ဝါး'နှင့်ပတ်သက်သော လက်မှုလုပ်ငန်း(ကျိုက်ထီးရိုးသေနတ်)၊ ရာဘာ ထုတ်လုပ်သည့်လုပ်ငန်းများ လုပ်ကိုင်ကြသည်။

ထင်ရှားမှု ပြင်ဆင်ရန်

ကင်မွန်းချောင်းကျေးရွာသည် ကျိုက်ထီးရိုး ဘုရားနှင့် ဆက်စပ်၍ ထင်ရှားသည်။ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာသော မော်တော်ယာဉ်များသည် ကင်မွန်းချောင်းကျေးရွာတွင် ရပ်နားပြီးမှ ခြေလျင်လမ်း (သို့) ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ် အသင်းမှ ပြေးဆွဲလျက်ရှိသော တောင်တက် မော်တော်ယာဉ်များ အသုံးပြုပြီး တောင်တက်ကားလမ်းမှ တဆင့် ကျိုက်ထီးရိုး ဘုရားသို့ သွားရောက်ဖူးမျော်ကြသည်။

ကင်မွန်းချောင်းကျေးရွာသည် စက်တင်ဘာလမှ ဧပြီလထိ ကျိုက်ထီးရိုးဘုရားပွဲတော်ကာလတွင် ဘုရားဖူးများ၊ ဈေးရောင်းချသူများဖြင့် စည်ကားပြီး ကျန်သောလများတွင် ဆိုင်အချို့ပိတ်သိမ်းသွားလေ့ရှိသည်။ နောက်ထပ် အသစ် ပေါ်ပေါက်လာသော အပန်းဖြေဧခန်း ဖြစ်သည့် ဆောင်လှိုင်ကြီး ရေတံခွန် သဘာဝ ရေတံခွန် စခန်းသို့လည်း ကင်မွန်းချောင်းကျေးရွာမှ တဆင့်သွားလာရပြီး ကျေးရွာအနီးရှိ ကဒက်ချောင်းမှာလည်း မိုးရာသီ ဝါဆိုလ ဝါဆိုပန်းချိုးနေ့တွင် ဒေသတွင်းရှိနေထိုင်သူများ လာရောက်လည်ပတ် ရေကူးကြသည့် ထင်ရှားသော နေရာတစ်ခု ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်