ကန်ပြောင်ရွာ၊ ကဝမြို့နယ်
ကန်ပြောင်ရွာ သည် မြန်မာနိုင်ငံ၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရှိ ရွာတစ်ရွာ ဖြစ်သည်။ [၁]ကန်ပြောင်ကျေးရွာသည် မဂ္ဂဘင်းကျေးရွာအုပ်စုဝင် အိမ်ခြေ ၆၀ခန့်ရှိသော ရွယ်ငယ်လေးတစ်ရွာဖြစ်သည်။ကန်ပြောင်ကျေးရွာတွင် အ.မ.က မူလွန်အစိုးရကျောင်းနှင့် ဓမ္မိကာရာမဘုန်းတော်ကြီးကျောင်းတို့သည် ထင်ရှားသည်။စိုက်ပျိုးရေးလုပ်ကိုင်သော ရွာငယ်တရွာဖြစ်သည်။အခြေခံလူတန်းစား အများဆုံးနေထိုင်သည်။မြောက်ဘက် ၃မိုင်ခန့်အကွာတွင် သက္ကလမြို့နှင့် တောင်ဘက် ၇မိုင်ခန့်အကွာတွင် ရန်ကုန်တိုင်း ခရမ်းမြို့တို့ တည်ရှိသည်။ရွာ၏အနောက်ဘက် ၂ မိုင်ဝန်းကျင်ခန့်တွင် ပဲခူး-သနပ်ပင်-ခရမ်း-သုံးခွ-သန်လျင် ကားလမ်းမကြီးတည်ရှိသည်။ကျေးရွာချင်းဆက်လမ်းနှင့် လျှပ်စစ်မီးအား ကိုယ်ထူကိုယ်ထစနစ်ဖြင့် 2022 ခုနှစ်တွင် မေလ ၂၇ရက်နေ့တွင် အကောင်အထည်ဖော်နိုင်ခဲ့သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ www.openstreetmap.org
ဤ ပဲခူးတိုင်းဒေသကြီး တည်နေရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |