ကဗျာဝကမ်းခြေ
ကဗျာဝကမ်းခြေ သည် မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့၊ ကဗျာဝကျေးရွာတွင် တည်ရှိသည့် ပင်လယ်ကမ်းခြေ တစ်ခု ဖြစ်သည်။[၁] ရေးမြို့နှင့် မိုင် ၂၀ အကွာတွင် တည်ရှိပြီး ကမ်းခြေသို့ ကားဖြင့် ၄၅ မိနစ်ခန့် သွားရောက်နိုင်သည်။ ကမ်းခြေသို့ နေ့စဉ် လာရောက်လည်ပတ်သူများရှိပြီး ရုံးပိတ်ရက်များနှင့် အခါကြီးရက်ကြီးများတွင် ၅၀ဝ၀ ကျော်ခန့် လာရောက်လည်ပတ်ကြသည်။[၂] ကမ်းခြေအလျားမှာ ကဗျာဝကျေးရွာအနီးမှ တောင်ဘက် မန်ကျည်းချောင်းဝထိ အရှည် ၈မိုင်ခန့်ရှိသည်။[၃]
ရေးမြို့နှင့် မဝေးသော်လည်း ယခင်က နယ်မြေလုံခြုံမှု မရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေး မကောင်းခြင်းတို့ကြောင့် အပန်းဖြေသူ နည်းပါးခဲ့သည်။[၄] ကဗျာဝကမ်းခြေဟိုတယ်နှင့် ပင်လယ်ကမ်းခြေ ခရီးသွားလုပ်ငန်းစီမံကိန်း ဖော်ဆောင်ရန် ၂ဝ၁၄ ခုနှစ် စက်တင်ဘာလက မွန်ပြည်နယ် လွှတ်တော်၌ အဆိုပြုတင်သွင်းခဲ့ကာ ၂ဝ၁၅ ခုနှစ် မတ်လတွင် စီမံကိန်းကို စတင်အကောင်အထည်ဖော်ခဲ့သည်။[၅]
ထိန်းသိမ်းစောင့်ရှောက်မှု
ပြင်ဆင်ရန်ကမ်းခြေအား စနစ်တကျ ကြီးကြပ်ဆောင်ရွက်နိုင်ရန်အတွက် ကဗျာဝကမ်းခြေ သဘာဝဝန်းကျင် သန့်ရှင်းရေးနှင့် ထိန်းသိမ်းရေးကော်မတီကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ဖွဲ့စည်းခဲ့သည်။ ယင်းကော်မတီတွင် ရေးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ၅ ဦးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ နာယကအဖြစ်ပါဝင်ပြီး ဥက္ကဋ္ဌအဖြစ် ခေါဇာမြို့အုပ်ချုပ်ရေးမှူးက ဆောင်ရွက်ပြီး ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအဖွဲ့အစည်းများအပါအဝင် စုစုပေါင်း ၂၂ ဦးဖြင့် ဖွဲ့စည်းထားသည်။[၂]
ခရီးသွားလုပ်ငန်း စီမံကိန်း
ပြင်ဆင်ရန်ကဗျာဝကမ်းခြေ ဟိုတယ်နှင့် ပင်လယ်ကမ်းခြေ ခရီးသွားလုပ်ငန်း စီမံကိန်းကို Aurun Company Limited က ၂ဝ၁၅ ခုနှစ် မတ်လတွင် စတင်ဆောင်ရွက်ခဲ့သည်။[၅] စီမံကိန်းအရ ကဗျာဝကမ်းခြေကို နိုင်ငံတကာအဆင့်မီ ကမ်းခြေအဖြစ် မြှင့်တင်ပြီး ကမ်းခြေ၌ စားသောက်ဆိုင်များ၊ ဟိုတယ်ဇုန်များ၊ အပန်းဖြေစခန်းများ၊ သယံဇာတနှင့် ဘူမိဗေဒပြတိုက်၊ Speed Boat များဖြင့် အပန်းဖြေနိုင်ရန်နှင့် ခရီးသွားဧည့်သည်များ လေ့လာနိုင်ရန် မွန်စာပေနှင့် ယဉ်ကျေးမှုပြတိုက်တို့ ပါဝင်မည်ဖြစ်သည်။[၅]
စီမံကိန်းကြောင့် ကဗျာဝကျေးရွာရှိ အချက်အချာကျသည့် နေရာများတွင် အိမ်ခြံမြေဈေးများ အဆ ၅၀ ခန့် မြင့်တက်သွားခဲ့သည်။[၃]
ကိုးကား
ပြင်ဆင်ရန်- ↑ ကျော်ဆုမွန် (၃ မတ် ၂၀၁၇)။ ကဗျာဝကမ်းခြေ သွားကြမယ်။ ဧရာဝတီ။ ၇ စက်တင်ဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ ကဗျာဝကမ်းခြေ သဘာဝပတ်ဝန်းကျင်သန့်ရှင်းရေးနှင့်ထိန်းသိမ်းရေးကော်မတီဖွဲ့စည်း။ မွန်သတင်းအေဂျင်စီ (၂ ဒီဇင်ဘာ ၂၀၁၇)။ ၇ စက်တင်ဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး။
- ↑ ၃.၀ ၃.၁ ကဗျာဝကမ်းခြေ အပန်းဖြေစခန်း စီမံကိန်းကြောင့် အိမ်ခြံမြေ အဆ ၅၀ ကျော်တက်။ မွန်သတင်းအေဂျင်စီ (၃၀ မတ် ၂၀၁၅)။ ၇ စက်တင်ဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး။
- ↑ မေဇင်ဝင်း (၆ ဇန်နဝါရီ ၂၀၁၇)။ ရေးမြို့၏ သမီးပျို (သို့မဟုတ်) ကဗျာဝကမ်းခြေ။ ပေါ်ပြူလာ။ 24 March 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၇ စက်တင်ဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး။
- ↑ ၅.၀ ၅.၁ ၅.၂ မီးမီးမြင့်သူ (၁၃ စက်တင်ဘာ ၂၀၁၆)။ ကဗျာဝကမ်းခြေ ဟိုတယ်နှင့် ပင်လယ်ကမ်းခြေ ခရီးသွားလုပ်ငန်း စီမံကိန်းကို အောက်တိုဘာလတွင် ပြန်လည်စတင်မည်။ မြန်မာတိုင်း(မ်)။ 23 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၇ စက်တင်ဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး။