ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်

မြိတ်မြို့အ​ခြေစိုက် တပ်မ​တော်တိုင်းစစ်ဌာနချုပ်
(ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် မှ ပြန်ညွှန်းထားသည်)

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် (အတိုကောက် ကရခ) သည် မြိတ်မြို့ အခြေစိုက် တိုင်းစစ်ဌာနချုပ်တစ်ခု ဖြစ်သည်။ အဓိက တာဝန်မှာ တနင်္သာရီတိုင်းဒေသကြီး၊ ၎င်း၏ကမ်းရိုးတန်းဒေသနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။လက်ရှိ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ်စိုးမင်းဖြစ်သည်။

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်
ကရခ
ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တံဆိပ်
နိုင်ငံ မြန်မာ
တပ်မတော်
အမျိုးအစား
 တပ်မတော် (ကြည်း)
တပ်
အမျိုးအစား
တိုင်းစစ်ဌာနချုပ်
အခန်းကဏ္ဍနယ်မြေဒေသ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေး၊ နယ်မြေအတွင်းရှိ တပ်အားလုံး၏ ဦး/ရေး/ထောက်ဆိုင်ရာကိစ္စရပ်များ စီမံပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း
အမည်ပြောင်ဆိုမာလီ
အုပ်ချုပ်သူများ
တိုင်းမှူးဗိုလ်မှူးချုပ် စိုးမင်း
ဒုတိယတိုင်းမှူးဗိုလ်မှူးကြီး အောင်မျိုးထွန်း
အဆောင်အယောင်များ
အလံတော်

သမိုင်း ပြင်ဆင်ရန်

၁၉၉၆ ခုနှစ် မတ်လ ၃ ရက် တွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် အဖြစ် စတင်ဖွဲ့စည်း သည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရန်

စစ်ဗျူဟာများ ပြင်ဆင်ရန်

တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များ ပြင်ဆင်ရန်

အမှတ်(၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ပြင်ဆင်ရန်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အမှတ်(၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်

အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ပြင်ဆင်ရန်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်

အမှတ်(၂၀)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ပြင်ဆင်ရန်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အမှတ်(၂၀)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများ ပြင်ဆင်ရန်

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၏တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သူများမှာအောက်ပါအတိုင်း ဖြစ်သည် -

  1. ဗိုလ်ချုပ် သီဟသူရစစ်မောင်
  2. ဗိုလ်ချုပ် အေးကြွေ
  3. ဗိုလ်ချုပ် သာအေး
  4. ဗိုလ်ချုပ် အုန်းမြင့်
  5. ဗိုလ်ချုပ် မောင်မောင်ဆွေ
  6. ဗိုလ်ချုပ် ခင်ဇော်ဦး
  7. ဗိုလ်ချုပ် ခင်မောင်ဌေး
  8. ဗိုလ်ချုပ် မောင်မောင်စိုး
  9. ဗိုလ်ချုပ် လင်းအောင် (စစ်တက္ကသိုလ်အပတ်စဉ်-၂၇)
  10. ဗိုလ်ချုပ် ဝင်းမင်းထွန်း
  11. ဗိုလ်ချုပ် သောင်းထိုက်ရွှေ
  12. ဗိုလ်ချုပ် စောသန်းလှိုင် [၁]
  13. ဗိုလ်မှူးချုပ် ကျော်စွာဦး [၂]
  14. ဗိုလ်ချုပ် စိုးမင်း (ယခင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး)(မတ် ၂၀၂၄-လက်ရှိ) [၃]

ကိုးကား ပြင်ဆင်ရန်

  1. ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ်၊ တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်CINCDS Myanmar (၃၁ ဇူလိုင် ၂၀၂၃)။ ၂၄ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၏ (၂၈) နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပMOI Myanmar (၄ မတ် ၂၀၂၄)။ ၂၄ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. စစ်တိုင်းမှူးအချို့ အပြောင်းအလဲလုပ်The Irrawaddy (၂၃ မတ် ၂၀၂၄)။ 24 March 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၄ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။

နောက်ထပ်ကြည့်ရန် ပြင်ဆင်ရန်

ဥကရစ်ထတိုက်ပွဲ