ဥကရစ်ထတိုက်ပွဲသည်မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား စခန်းသိမ်းတိုက်ပွဲတစ်ခုဖြစ်သည်။ ဥကရစ်ထကုန်းပေါ်ရှိ မြန်မာ့တပ်မတော်ပိုင် ဥကရစ်ထစခန်းအား KNU KNLA KNDO PDFများက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။[၁] မြန်မာ့တပ်မတော်မှလေကြောင်းနှင့် လက်နက်ကြီးပစ်ကူအမြောက်အများ ရယူခဲ့သည်။[၂] ထိုတိုက်ပွဲကာလအတွင်း မြန်မာ့တပ်မတော် (လေ) ပိုင် မစ်(ဂ်)-၂၉သည် အိမ်နီးချင်းထိုင်းနိုင်ငံထဲသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ဖြတ်ကျော်ခဲ့သည်။[၃] ထို့အပြင်နှစ်ဖက်တိုက်ပွဲကာလအတွင် လက်နက်ကြီးကျည် အချို့သည် အိမ်နီးချင်းထိုင်းနိုင်ငံအတွင်းသို့ကျရောက်ပေါက်ကွဲခဲ့သည်။