ကလေးခရိုင် သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အနောက်ဘက်အကျဆုံး ခရိုင်တစ်ခု ဖြစ်သည်။ မြို့နယ်သုံးခုပါဝင်ကာ ခရိုင်ရုံးစိုက်ရာမြို့မှာ ကလေးမြို့ ဖြစ်သည်။ ကလေးခရိုင်တွင်းရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၅၀၈,၀၁၅ ယောက်[] ဖြစ်သည်။

ကလေးခရိုင်
ကလေးမြို့ ရှုခင်း
ကလေးမြို့ ရှုခင်း
စစ်ကိုင်းတိုင်းအတွင်းတည်​နေရာ
စစ်ကိုင်းတိုင်းအတွင်းတည်​နေရာ
ကလေးခရိုင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကလေးခရိုင်
ကလေးခရိုင်
စစ်ကိုင်းတိုင်းအတွင်းတည်​နေရာ
ကိုဩဒိနိတ်: 23°11′N 94°04′E / 23.183°N 94.067°E / 23.183; 94.067ကိုဩဒိနိတ်: 23°11′N 94°04′E / 23.183°N 94.067°E / 23.183; 94.067
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး စစ်ကိုင်း
မြို့နယ်ပေါင်း
မြို့တော်ကလေးမြို့
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

မြို့နယ်များ

ပြင်ဆင်ရန်
 
ကလေးခရိုင်မြို့နယ်များ
  ကလေးမြို့နယ်
  ကလေးဝမြို့နယ်
  မင်းကင်းမြို့နယ်

ကလေးခရိုင်တွင် ပါဝင်သည့် မြို့နယ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

ထိစပ်လျက်ရှိသော နယ်နမိတ်များ

ပြင်ဆင်ရန်

ကလေးခရိုင်၏ အနောက်ဘက်တွင် ဖလမ်းခရိုင် (ချင်းပြည်နယ်)၊ မြောက်ဘက်တွင် မော်လိုက်ခရိုင်၊ အရှေ့ဘက်တွင် ရွှေဘိုခရိုင်၊ တောင်ဘက်တွင် မုံရွာခရိုင်နှင့် ဂန့်ဂေါခရိုင် (မကွေးတိုင်းဒေသကြီး) တို့နှင့် အသီးသီး ထိစပ်လျက်ရှိသည်။

ကိုးကွယ်မှု

ပြင်ဆင်ရန်

ကလေးခရိုင်တွင် ဗုဒ္ဓဘာသာ နှင့် ခရစ်ယာန် ဘာသာ ကိုးကွယ်မှုတို့ရှိသည်။ မြန်မာနိုင်ငံရှိ ခရစ်ယာန်ဘာသာကိုးကွယ်သူ အများအပြား နေထိုင်ရာ နေရာများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ မီဇိုးလူမျိုးများ၏ မြို့တော်ဟု ခေါ်ဆိုကြသည့် တာဟန်းရပ်ကွက် (ကလေးမြို့)တွင် နေထိုင်သူ ၉၉% ခန့်မှာ ခရစ်ယာန်ဘာသာကိုးကွယ်သူများ ဖြစ်ကြသည်။ တာဟန်းတွင် ခရစ်ယာန်ဘုရားကျောင်းပေါင်း ၅၀ ကျော် တည်ရှိသည်။

  1. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၂၄၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးFebruary 26, 2015 တွင် ပြန်စစ်ပြီး