ကိုဆိုဗိုနိုင်ငံ

ဥရောပအရှေ့တောင်ပိုင်းရှိ အသိအမှတ်ပြုခံရမှု နည်းပါးသောနိုင်ငံ
(ကိုဆိုဗိုဒေသ မှ ပြန်ညွှန်းထားသည်)

ကိုဩဒိနိတ်: 42°35′N 21°00′E / 42.583°N 21.000°E / 42.583; 21.000


ကိုဆိုဗိုသမ္မတနိုင်ငံသည် ဥရောပအရှေ့တောင်ပိုင်းရှိသော အသိအမှတ်ပြုခံရမှုနည်းပါးသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ရှေးယခင်က ဒါဒန်နီယန် တိုင်းပြည် ရှိခဲ့ပြီး ရောမတိုင်း၏ ဒါဒန်နီယာ နယ် အဖြစ်လည်း ရှိခဲ့သည်။ အလယ်ခေတ် တလျှောက်တွင် ဆားဘီးယားနိုင်ငံ ၏ တစိတ်တဒေသ ဖြစ်ခဲ့သည်မှာ ၁၅ ရာစုတွင် အော့တမန် အင်ပိုင်ယာမှ သိမ်းယူခဲ့သည် အထိပင် ဖြစ်သည်။ ပထမ ဘော်လ်ကန် စစ်ပွဲ အပြီးတွင် ဆားဘီးယားတိုင်းပြည် အတွင်းသို့ ထည့်သွင်းခဲ့သည်။ ယူဂိုဆလားဗီးယားနိုင်ငံ ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ယူဂိုဆလားဗီးယား သမ္မတနိုင်ငံ အတွင်း ကိုဆိုဗိုနှင့် မက်တိုဟီဂျာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အဖြစ် ပြဋ္ဌာန်းခဲ့သည်။ ကိုဆိုဗို ဒေသအတွင်း ကိုဆိုဘို အယ်လ်ဘေးနီးယားလူမျိုး နှင့် ဆာ့ဘ်လူမျိုးတို့၏ ကာလရှည်ကြာ ပဋိပက္ခကြောင့် ကိုဆိုဗိုသည် လူမျိုးရေး အရ ကွဲပြားနေခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ကိုဆိုဗို စစ်ပွဲ ဖြစ်ပွားခဲ့သည်။ ယူဂိုဆလားဗီးယား ဖက်ဒရယ် သမ္မတ နိုင်ငံမှ ကိုဆိုဗို ဒေသ အပေါ် အချုပ်အခြာ အာဏာ စွန့်လွှတ်ခဲ့ပြီး နောက်ဆုံး ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေခြင်း အားဖြင့် ကိုဆိုဗို စစ်ပွဲ ပြီးဆုံးခဲ့သည်။

ကိုဆိုဗိုသမ္မတနိုင်ငံ
Republic of Kosovo

ကိုဆိုဗို၏ အလံတော်
အလံတော်
ကိုဆိုဗို၏ Emblem
Emblem
နိုင်ငံတော် သီချင်း: ကိုဆိုဗိုသမ္မတနိုင်ငံ၏ နိုင်ငံတော်သီချင်း
Himni i Republikës së Kosovës
"Anthem of the Republic of Kosovo"
Location in Europe
Location in Europe
လက်ရှိအခြေအနေအငြင်းပွား
  • ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံအနက် ၉၇ နိုင်ငံမှ အသိအမှတ်ပြု[၁]
  • ဆားဘီးယားနိုင်ငံမှ မိမိ၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ်ခံယူထား (ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၂၄၄ အရ)
မြို့တော်
နှင့် အကြီးဆုံးမြို့
ပရီစတင်းနား
42°40′N 21°10′E / 42.667°N 21.167°E / 42.667; 21.167
ရုံးသုံး ဘာသာစကားများ
ဒေသိယဘာသာစကား
လူမျိုးစု (၂၀၁၉)
ကိုးကွယ်မှု
  • ၉၇.၄% အစ္စလာမ်
  • ၁.၆% ခရစ်ယာန်
  • ၀.၁% ဘာသာမဲ့
  • ၀.၁% အခြား
  • ၀.၆% မဖော်ပြ
Demonym
  • Kosovar, Kosovan
အစိုးရတစ်ပြည်ထောင် ပါလီမန်သမ္မတနိုင်ငံ
ဗျိုဆာ အိုစ်မာနီ
အဲလ်ဘင် ကာတီ
• လွှတ်တော်ဥက္ကဋ္ဌ
ဂလောက် ကွန်ယူဖ်ကာ
ဥပဒေပြုလွှတ်တော်လွှတ်တော်
တည်ထောင်
၁၈၇၇
၃၁ ဇန်နဝါရီ ၁၉၄၆
၂ ဇူလိုင် ၁၉၉၀
၉ ဇွန် ၁၉၉၉
၁၀ ဇွန် ၁၉၉၉
၁၇ ဖေဖော်ဝါရီ ၂၀၀၈
• ဦးဆောင်ပေးသည့်အဖွဲ့၏ အုပ်ချုပ်မှုပြီးဆုံးခြင်း
၁၀ စက်တင်ဘာ ၂၀၂၂
၁၉ ဧပြီ ၂၀၁၃
ဧရိယာ
• စုစုပေါင်း
၁၀,၈၈၇ km2 (၄,၂၀၃ sq mi)
• ရေထု (%)
၁.၀[၃]
လူဦးရေ
• ၂၀၂၁ ခန့်မှန်း
Neutral increase ၁,၉၃၅,၂၅၉[၄] (အဆင့် - ၁၅၂)
• သိပ်သည်းမှု
၁၅၉/km2 (၄၁၁.၈/sq mi)
GDP (PPP)၂၀၂၀ ခန့်မှန်း
• စုစုပေါင်း
Increase $၂၃.၅၂၄ ဘီလီယံ[၅]
• Per capita
Increase $၁၃,၀၁၇[၅]
GDP (nominal)၂၀၂၀ ခန့်မှန်း
• စုစုပေါင်း
Increase $၈.၄၀၂ ဘီလီယံ[၅]
• Per capita
Increase $၄,၆၄၉[၅]
Gini (၂၀၁၇)Negative increase ၂၉.၀[၆]
နိမ့် · ၁၂၁
HDI (၂၀၁၆)Increase ၀.၇၄၂[၇]
မြင့်
ငွေကြေးယူရို (€) (EUR)
အချိန်ဇုန်ဗဟိုဥရောပဒေသ စံတော်ချိန် (UTC+1)
ရက်စွဲပုံစံdd.mm.yyyy
ယာဉ်ကြောစနစ်ညာ
တယ်လီဖုန်းကုဒ်+383
ISO 3166 ကုဒ်XK
Internet TLD.xk (အဆိုပြု)

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၂၄၄ အရ ကိုဆိုဗိုဒေသ အုပ်ချုပ်ရေးအား ၁၉၉၉ ခုနှစ်တွင် ကုလသမဂ္ဂသို့ လွှဲပြောင်းပေးခဲ့သည်။ နိုင်ငံတချို့က အသိအမှတ်ပြုသော ကိုဆိုဗိုသမ္မတနိုင်ငံသည် လွတ်လပ်သော နိုင်ငံအဖြစ် ၂၀၀၈ ခုနှစ်တွင် ကြေညာခဲ့ပြီး ၎င်းပိုင်ဆိုင်သော နယ်မြေအတော်များများပေါ်တွင် ချုပ်ထိန်းထားခဲ့သည်။ သို့သော်လည်း မြောက်ကိုဆိုဗိုဒေသကိုမူ ဆားဘီးယားသမ္မတနိုင်ငံ၏ လက်အောက်ခံများက ချုပ်ထိန်းထားခဲ့သည်။ ဆားဘီးယားနိုင်ငံမှ ကိုဆိုဗိုနိုင်ငံ၏ တစ်ဖက်သတ်ခွဲထွက်မှုကို လက်မခံဘဲ ကိုဆိုဗိုဒေသကို ဆားဘီးယားသမ္မတနိုင်ငံ အတွင်းမှ ကုလသမဂ္ဂ အုပ်ချုပ်သည့်နယ်မြေတစ်ခုအဖြစ်သာ အသိအမှတ်ပြုထားခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. "Israel's ties with Kosovo: What new opportunities await?"၊ 1 February 2021။ 
  2. Municipal language compliance in Kosovo။ OSCE Minsk Group။ 5 March 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 February 2021 တွင် ပြန်စစ်ပြီး။ “Turkish language is currently official in Prizren and Mamuşa/Mamushë/Mamuša municipalities. In 2007 and 2008, the municipalities of Gjilan/Gnjilane, southern Mitrovicë/Mitrovica, Prishtinë/Priština and Vushtrri/Vučitrn also recognized Turkish as a language in official use.”
  3. Water percentage in Kosovo (Facts about Kosovo; 2011 Agriculture Statistics)။ Kosovo Agency of Statistics, KAS။ 29 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  4. Kosovo - The World Factbook (4 November 2021)။ 4 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 January 2021 တွင် ပြန်စစ်ပြီး။
  5. ၅.၀ ၅.၁ ၅.၂ ၅.၃ World Economic Outlook Database, October 2019International Monetary Fund။ 8 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 September 2020 တွင် ပြန်စစ်ပြီး။
  6. GINI index (World Bank estimate)–KosovoWorld Bank။ 24 January 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 September 2020 တွင် ပြန်စစ်ပြီး။
  7. Kosovo Human Development Report 2016United Nations Development Programme (UNDP) (19 October 2016)။ 14 July 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 September 2020 တွင် ပြန်စစ်ပြီး။