ကုသိုလ်ဇောစောရခြင်း
ဤအကြောင်းတရားတို့ကြောင့် ကုသိုလ်ဇော စောရခြင်း ဖြစ်ပေသည်။[၁][၂]
ကုသိုလ်ကို ပြုခြင်း၌ အမြဲသတ်မှတ်ထားခြင်း
ပြင်ဆင်ရန်နိယမိတ— ငါသည် ကုသိုလ်ကိုသာ ပြုထိုက်၏ဟု ကုသိုလ်ကို ပြုလုပ်ခြင်း၌ စိတ်ကို အမြဲသတ်မှတ်ထား၏၊ ဒါန သီလ ဘာဝနာ စသော ကောင်းမှုကုသိုလ်ကို ပြုခြင်း၌ အမြဲသတ်မှတ်ထားအပ်သော စိတ်၏ စွမ်းအင် ကြောင့်လည်းကောင်း,[၂]
ကုသိုလ်ကိုပြုခြင်း၌ ညွတ်ကိုင်းရှိုင်းထားသော စိတ်
ပြင်ဆင်ရန်ပရိဏာမိတ— အကုသိုလ်ဖြစ်ခြင်းမှ စိတ်ကို ဆုတ်နစ်စေ၍ ကောင်းမှုကုသိုလ် ပြုခြင်း၌သာလျှင် စိတ်ဓာတ်ကို ညွတ်ကိုင်းရှိုင်းထား၏၊ ယင်းသို့ ကောင်းမှုကုသိုလ်ကိုပြုခြင်း၌ ညွတ်စေအပ်သော ညွတ်ကိုင်းရှိုင်းထားသော စိတ်၏ စွမ်းအင်ကြောင့်လည်းကောင်း,[၂]
ကုသိုလ်တရားတို့၌ အလေ့အကျက်များနေသော စိတ်
ပြင်ဆင်ရန်သမုဒါစာရ— ဒါန သီလ သမထ ဝိပဿနာ အစရှိသော ကုသိုလ်တရားတို့ကို အမြဲမပြတ် လိုက်နာပြုကျင့်လျက် စိတ်ဓာတ်ကို ကုသိုလ်တရားတို့၌သာ အဆက်မပြတ် ဆက်တိုက်ဖြစ်နေအောင် လေ့ကျင့်ထား၏၊ ကုသိုလ်တရားတို့၌ အလေ့အကျက်များနေသော စိတ်၏ စွမ်းအင်ကြောင့်လည်းကောင်း,[၂]
ယောနိသောမနသိကာရ၏ စွမ်းအင်
ပြင်ဆင်ရန်အာဘုဇိတ— ပတိရူပဒေသဝါသ = ရတနာသုံးပါး ထွန်းကားရာ သူတော်သူမြတ်တို့ရှိရာ သင့်တင့်လျောက်ပတ် ကောင်းမြတ်သော အရပ်ဒေသ၌ နေထိုင်ခြင်း,
သပ္ပုရိသူပနိဿယ = ဘုရားအစရှိသော သူတော်သူမြတ်တို့ကို မှီဝဲ ဆည်းကပ်ခြင်း,
သဒ္ဓမ္မဿဝန = သစ္စာလေးပါးနှင့် စပ်သော သူတော်ကောင်းတရားကို နာကြားခြင်း,
ပုဗ္ဗေ ကတပုညတာ = ရှေးကပြုခဲ့ဖူးသော ကောင်းမှုကုသိုလ်ထူးရှိခြင်း –– ဤသို့စသော အကြောင်းတရားတို့ကြောင့် အာရုံကို နည်းမှန် လမ်းမှန် နှလုံးသွင်းခြင်း နှလုံးသွင်းတတ်ခြင်း ယောနိသောမနသိကာရ၏ စွမ်းအင်ကြောင့်လည်းကောင်း ––[၂]
ကုသိုလ်စိတ်ဖြစ်ရသော အကြောင်းတရား (၄)ပါး
ပြင်ဆင်ရန်- “ငါ့မှာ မည်သည့် အာရုံနှင့်ပင်တွေ့တွေ့ ကုသိုလ်စိတ်သာ ဖြစ်စေရမည်”ဟု အမြဲသတ်မှတ် ဆုံးဖြတ်ထားသူ၌ ကုသိုလ်စိတ်သာ ဖြစ်၏၊
- အကုသိုလ် မဖြစ်အောင် စိတ်ကိုစောင့်စည်း၍ ကုသိုလ်ဖြစ်ဖို့ရန် စိတ်ညွတ်ထားသူ၌ ကုသိုလ်စိတ်သာ ဖြစ်၏၊
- ရှေးရှေးကပင် ကုသိုလ်စိတ်၌ အလေ့အကျက်ရနေသူမှာလည်း ကုသိုလ်စိတ်သာ ဖြစ်တတ်၏၊
- ဘယ်လုပ်ငန်းကိစ္စ၌မဆို သင့်တော်အောင် နည်းမှန်လမ်းမှန် နှလုံးသွင်းတတ်မှု အာဘုဇိတ = ယောနိသောမနသိကာရ ရှိသူမှာလည်း ကုသိုလ်စိတ်သာ ဖြစ်တတ်၏၊ ဤအကြောင်း (၄)ပါးကြောင့် သုဘနိမိတ် ဣဋ္ဌာရုံနှင့် တွေ့ကြုံရသော်လည်း လောဘစိတ် မဖြစ်ဘဲ ကုသိုလ်စိတ်သာ ဖြစ်ရပေသည် ဟူလို။